Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, September 25, 2017

လှိုင်းကလေးသင်



တကယ်တော့ MLM ဟာ လက်ရှိမှာ လူအများစု ဖြစ်ပျက်နေတဲ့ ခံစားချက် နဲ့ ဖြည့်တင်းဖို့လိုအပ်နေတဲ့ ကွက်လပ်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချပြီး အမြတ်ထုတ်ဖန်တီးထားတဲ့ နည်းဗျူဟာလို့ ပြောရမှာပဲ .....
နိုင်ငံခြားမှာနေတဲ့သူဆိုရင် .. ကိုယ့်နိုင်ငံကိုယ် မပြန်ချင်ဘူးလား .. ကိုယ့်မိသားစုနဲ့ အတူနေပြီး ၀င်ငွေမရချင်ဘူးလား ... ဆိုတဲ့စကားတွေ ။
အသက်အရွယ်နဲ့ ပညာအရည်အချင်းကို (လိုအပ်တာထက်ပိုပြီး)ကန့်သတ်နေတဲ့တိုင်းပြည်မှာ အသက်အရွယ်မရွေး၊ ပညာအရည်အချင်းမလိုဘဲ ကိုယ့်ကိုယ်ပိုင်အလုပ်လို လုပ်နိုင်တယ် .. ဆိုတဲ့စကားတွေ။
ကုန်ကျစားရိတ်ကြီးလွန်းပြီး ၀င်ငွေနည်းပါးလှတဲ့ အခြေခံလူတန်းစားအဖို့ တနိုင်တပိုင် ၀င်ငွေအပိုရှာနိုင်တယ် ဆိုတဲ့စကားတွေ ။
နဲ့ လူတွေရဲ့ စိတ်ကို လှည့်စားနေတာပါပဲ ။
တကယ်မရနိုင်ပေမယ့် ရတော့မလို မက်လုံးတွေပေးပြီး ကျွန်မတို့ မပေးနိုင်တဲ့ စိတ်ခွန်အားဖြည့်စကားတွေကို သူတို့ကပေးနေတာ ။
တကယ်တော့ သူတို့ကို မရမက ကျေးဇူးတင်လိုက်ချင်သေးတယ် ။
သူတို့က ကျွန်မတို့ရဲ့ အားနည်းချက်တွေကို ထုတ်နှုတ်ပြခဲ့တယ် ။
ကျွန်မတို့ရဲ့ ကွက်လပ်တွေကို ဟိုက်လိုက်လုပ်ထားတာ ။
သင်ခန်းစာယူသင့်ပါတယ် ။ ဒါကို အဖြေရှာသင့်တယ် ။
လူတွေကို ပညာပေးအစီအစဉ်တွေ၊ ဥပဒေတွေနဲ့ ထိန်းချုပ်လည်း ဒီကွက်လပ်တွေကို မဖြည့်နိုင်ရင် တရားမ၀င်နည်းနဲ့ လုပ်လို့ရမယ့် နည်းလမ်းတွေ ပေါ်လာဦးမှာပါ ။
နောက်ဆုံးကလူတွေကိုပဲ သနားတယ် ...
နိုင်ငံခြားကလူတွေကို ဆွယ်ပြီး ပြည်တွင်းကိုရောက်အောင်ပို့ .. ရန်ကုန်၊မန္တလေးရောက် .. ကျယ်ပြန့်လာ .. ဒီလူတွေက နယ်မြို့တွေဆီသွား ..မြို့ပေါ်လူတွေကနေ တောတွေထိ ဖြန့် .. အဲဒီတောရွာတွေက လူတွေကရော ဘယ်သူ့ဆီသွားပြီး ဆက်လက်ဖြန့်ဝေမှာပါလိမ့်..
သူတို့ခမျာ
လူဆွယ်ဖို့လည်း နယ်မြေကျဉ်းမြောင်းသွားတဲ့အပြင်
စားသုံးသူအနေနဲ့လည်း
ရောဂါပျောက်တယ်ဆို ရှိစုမဲ့စုကလေးထုတ်ပြီး ပျောက်လိုပျောက်ငြား အရဲစွန့် ၀ယ်သုံးကြရတဲ့ဘ၀တွေ ..
တစ်လကို သိန်းရာဂဏန်းထောင်ဂဏန်း ဆိုတဲ့ မစားရ၀ခမန်းဝင်ငွေတွေကို အိပ်မက်ထဲ ထည့်မက်.. မျှော်ရင်းနဲ့သာ ပျံလွန်တော် မူကြရတော့မယ့် ဘ၀တွေ... ကြိုးစားလေ ရမှာပေါ့ဆိုတာက သူတို့မှာ ကြိုးစားစရာနေရာနဲ့ အခွင့်အရေးက ရှိဦးမှကိုး ... ရင်းစရာနှီးစရာ ငွေက ရှိဦးမှကိုး ..
ပြီးတော့ သူတို့ခမျာ စားသုံးသူအခွင့်အရေးဆိုတာလည်း ရှိရင်တောင် တောင်းရကောင်းမှန်းသိကြတာ မဟုတ်ပါဘူး..
နောက်ဆုံးကံတရားကိုသာပုံချပြီး တရားနဲ့ဖြေတတ်ကြတဲ့ ရိုးသားသူတွေဆီက ငွေနဲ့ စည်းစိမ်ခံစားကြတာ ဇိမ်ရောကျလို့လားနော် ..
ဒီစနစ်ကြီးထဲ လည်ပတ်နေတဲ့
တည်ထောင်သူ၊ ရောင်းချသူနဲ့ စားသုံးသူ ဆိုတဲ့ လူသုံးမျိုးမှာ နောက်ဆုံးမှာ တည်ထောင်သူနဲ့ အလိုတူအလိုပါများသာ ကောင်းစားသွားတာပဲ ။
တကယ်ရောင်းချနေတဲ့ သာမန်ကိုယ်စားလှယ်တွေမှာလည်း ဖတ်သီလိုက်အောင် ကြိုးစားလိုက်ရတာ ။ မလွယ်လှပါဘူး ။
စားသုံးသူကတော့ အခံရဆုံး၊ သနားစရာအကောင်းဆုံး တွေပါလေ .. ။
ဂျင်းကောင်တွေ ....
.......................လို့တောင် မခေါ်ရက်ပါဘူးလေ ..။
=============
အားလည်းနာတယ် ခင်လည်းခင်တယ် ။ ဘယ်သူ့ကိုမှလည်း မရည်ရွယ်ပါဘူး ။ အနည်းနဲ့အများ ဒီစနစ်နဲ့ သိပ်မလွတ်ကင်းကြမှန်းသိပါတယ် ။ ဘယ်သူ့ကိုမှ မုန်းလို့ အမြင်ကပ်လို့ ပြောတာ မဟုတ်ဘူးနော် ။
ကိုယ်မကြိုက်တဲ့စနစ်တစ်ခုအကြောင်း ကိုယ့်အမြင်သက်သက်ပါ ။ ခြေလှမ်းတွေသိပ်မလွန်သေးတဲ့ သူတွေရှိရင်လည်း စဉ်းစားလို့ရအောင်ပါ။
အန်မယ် ဘလော့မယ်ဆိုရင်လည်း စိတ်မကောင်းစွာနဲ့ပဲ တာ့တာပါနော်
https://www.facebook.com/may.yarhu/posts/10209512102511778

လှိုင်းကလေးသင်