Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, September 25, 2017

ပန်ဆယ်လို ရဲ့ Mlm အပေါ်အမြင်


MLMအကြောင်း ဆက်ပြောရဦးမယ်။
သိပြီးသားလူတွေအတွက် မရည်ရွယ်ပါဘူး။
မသိသေးတဲ့ မောင်လေး ညီမလေးတွေ
နယ်ဘက်က ဦးဦးတွေ ဒေါ်ဒေါ်တွေအတွက်
ရည်ရွယ်ပါတယ်။
MLMလုပ်ဖို့ လာဆွယ်တဲ့အခါ သူတို့ဟာ
MLMလို့ သိပ်ထုတ်ပြောမှာ မဟုတ်တော့ဘူး။
ဘာလို့လဲဆိုတော့ MLMနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေ အမှန်တရားဖော်ထုတ်မှုတွေကြောင့်
MLMက နာမည်ပျက်နေတဲ့အတွက် MLMပါလို့ ထုတ်ပြောကြမှာမဟုတ်ဘူး။
ပထမဆုံးပြောမှာက ပစ္စည်းဝယ်သုံးရင်းနဲ့ ပိုက်ဆံရမယ်လို့ ပြောပါလိမ့်မယ်။
သိန်းဘယ်နှရာ ရနေတဲ့လူတွေအကြောင်း ကြွားလုံးထုတ်ပါလိမ့်မယ်။
လိုက်လုပ်တာနဲ့ ချမ်းသာတော့မလို ပြောပါလိမ့်မယ်။
ပစ္စည်းဝယ်သုံးဖို့ ဈေးသက်သာအောင် memberဝင်ခိုင်းပါလိမ့်မယ်။
Member ဝင်ပြီးရင် ပစ္စည်းဝယ်ရပါမယ်။
ကိုယ့်မိတ်ဆွေတွေ memberဝင်ဖြစ် ပစ္စည်းဝယ်ဖြစ်အောင် နှစ်ယောက်လောက် ဆွယ်နိုင်ရင်
တစ်လ ဘယ်နှသိန်းဝင်မယ် ဘာညာ ပြောပါလိမ့်မယ်။
1. Member ဝင်ရမယ်
2. ပစ္စည်းဝယ်ရမယ်
3. လူရှာရမယ်
4. နောက်ပိုင်းတစ်သက်လုံး ထိုင်စားလို့ရပြီ
အဲ့လေးချက် (သို့မဟုတ်) အဲ့လေးချက်နဲ့ ပတ်သက်တဲ့စကားတွေနဲ့ လာဆွယ်ရင် စလိမ်နေပါပြီ။
လုပ်မိရင် အလိမ်ခံရပါလိမ့်မယ်။
မလုပ်ဘူးလို့သာ ငြင်းပါ။
ဪ... မေ့လို့
MLMသမားတွေက ထပ်ပြောပါလိမ့်မယ်
ကုမ္ပဏီတစ်ခုနဲ့တစ်ခု နည်းစနစ်မတူကြောင်း
မြန်မာပြည်မှာ MLMကုမ္ပဏီ အခုလေးငါးဆယ်ရှိကြောင်း
သူတို့ ကုမ္ပဏီရဲ့ နည်းစနစ်က ဘယ်လိုခိုင်မာကြောင်း
အလိမ်မဟုတ်ကြောင်း ထပ်ပြောပါလိမ့်မယ်။
မယုံပါနဲ့
အဲ့ဒါ ထပ်လိမ်တာပါ။
အကုန်လုံး နားလှည့်ပါးရိုက်တွေ အတူတူပါပဲ။
တိုတိုနဲ့လိုရင်း ပြောရရင်
လောကမှာ ဘာမှမရင်းနှီးမမြုပ်နှံ မပင်ပန်းဘဲ
အချောင်ပိုက်ဆံရမယ်ဆိုတာ တစ်ခုမှ မရှိဘူး။
အလိမ်ခံချင်ရင် လုပ်ကြပေါ့
နော့