Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, September 26, 2017

ဘယ်နေ့ဘယ်ရက်မှာများပြနိုင်မလဲဒေါ်ကြော့ကြော့လှိုင်@





မ Kyawt Kyawt Hlaing ရေ
DVB - MLM Debate မှာ ပြောသွားတဲ့
ကျွန်မ တင် သိန်း ၇၀၀ ရနေတာ မဟုတ်ပဲ
အောက်က လူတွေပါ အဆင်ပြေနေပါတယ် ဆိုတာကို သက်သေပြဖို့ အတွက်
အမ Structure နဲ့ အောက်လူတွေရဲ့ Bonus History
( အောက်ဆုံး အလွှာတွေထိ ပါဖို့ အရေးကြီးပါတယ် ) ကို
ဘယ်နေ့ ဘယ်ရက် မှာများ ပြနိုင်ပါမလဲ ခင်ဗျ ???

နေရာကိုတော့ MLM တွေ ရော AntiMLM တွေရော
ဘေးကင်း ရန်ရှင်း စိတ်အေးအေးနဲ့
 ဆွေးနွေးလို့ ရတဲ့ နေရာကို
၂ ဖက် ဆွေးနွေးပြီး ရွေးပါ့မယ် ။
( စာရွက်စာတမ်းတွေ အပြင်
Structure ကို Online ကနေ ကြည့်လို့ ရတဲ့ အတွက်
ကြားနေရာ တစ်ခုကို ရွေးရင် အဆင်ပြေမှာပါ နော် )

စိတ်ပါ ဝင်စားတဲ့ မီဒီယာသမား တစ်ချို့ လည်း
လာပါလိမ့်မယ် ။

တွက်လို့ ချက်လို့ အဆင်ပြေအောင်
စာရင်းအင်း ပညာရှင်ရယ်
MLM Software တွေကို နားလည်တဲ့ IT ပညာရှင်ရယ်ပါ
ခေါ်ထားပေးပါ့မယ် ။

အမလိုပဲ ကို စိုင်းမျိုးမင်းလတ် Sai Myo Min Latt ကရော
ချပြမှာလား ခင်ဗျ ။
ကို စိုင်းမျိုးမင်းလတ် ပြောတဲ့
SuccessMore ရဲ့ ရောင်းအား
၅၀% ကျော်က ပြင်ပကို လက်လီရောင်းအားကနေ လာတယ်ဆိုတဲ့ စကားကို စိတ်လည်း ဝင်စားမိသလို
အမှန် အတိုင်း ပြောတာဆိုရင်
အရမ်းလည်း လေးစားမိမှာပါ ။

၂၀၁၆ မှာ
အမေရိကန် Federal Trade Commission ကနေ
ကမ္ဘာ့ထိပ်သီး MLM Company ကြီးဖြစ်တဲ့ Herbalife ကို
ဒဏ်ရိုက် အရေးယူပြီး Guideline ချပေးလိုက်တဲ့
၃ ပုံ ၂ ပုံ ပြင်ပ ရောင်းအား ရှိရမယ် ဆိုတဲ့ စံကို မှီဖို့
သိပ်မလိုတော့တဲ့ အတွက်
မြန်မာ နိုင်ငံက MLM Company တစ်ခု အနေနဲ့
ဂုဏ်ယူ စရာ ဖြစ်နေလို့ပါ ။

ဒီ ကိစ္စသာ အဆင်ပြေရင်
တရားဝင် Official Data တစ်ခုထွက်လာတဲ့အတွက်
မြန်မာ MLM လောကကြီး တစ်ခုလုံး အတွက်
အတော် ကောင်းသွားမှာပါ ။

အမ တကယ်ချပြဖို့ အစီအစဉ် ရှိတယ် ဆိုရင်
ပြောပါခင်ဗျ ။

တစ်ခု ကတိပေးနိုင်တာက
အမတို့ အဲ့လို ချပြလို့ ဆိုပြီး
အခွန် နဲ့ ပတ်သက်တာကို ဖိထောက်တာမျိုး
ကျွန်တော် မလုပ်ပါဘူး ။
ဘာလို့ဆို အခု ကိစ္စမှာ
ကျွန်တော်တို့ သက်သေပြစေချင်တာက
MLM စနစ်ကြောင့်
ပြည်သူ အများစု နစ်နာနေခြင်း ရှိမရှိကို ပဲ
ဦးတည် ချင်တာမို့ပါ ။

ပွဲမှာ သွေးဆူပြီး ပြောလိုက်မိတာပါ ။
တကယ် အစကနေ အဆုံးအထိ ချပြဖို့တော့
အဆင်မပြေပါဘူး ဆိုလည်း
ကျွန်တော် နားလည်ပေးနိုင်ပါတယ် ။
( အမတို့ကိုပဲ ချောင်ပိတ် မေးတယ်
ဆိုတာမျိုးမဖြစ်စေချင်လို့ပါ ။ )

Debate ကို လာဆွေးနွေးပေးတာနဲ့ တင်
ကျေးဇူး တင်မိပါတယ် ။
လွန်ခဲ့တဲ့ ၁ နှစ်က သိန်း ၅၀၀ Debate တုန်းက
ပွဲ မဖြစ်လိုက်တာ /
RFA မေးပါရစေဦး မှာ ဖိတ်ခေါ်တုန်းက
MLM ဘက်က လာဆွေးနွေးမယ့်သူ
ရှာမရခဲ့တာတွေထက် အများကြီး ပိုမို ကောင်းမွန် ပြီး
ပွင့်လင်း မြင်သာမှု ရှိသာတယ်လို့
ယူဆရတဲ့ အတွက် ကျေးဇူးတင်တာပါ ။

အမ Structure နဲ့
အောက် အကုန်လုံးရဲ့ Bonus History ကို
ချပြဖို့ အဆင်ပြေတယ် ဆိုလည်း ပြောပါခင်ဗျာ ။
နေ့ရက် နဲ့ အချိန်ကို အမတို့ အဆင်ပြေတာသာ လုပ်ပါ ။
နေရာလေးပဲ ၂ ဖက် ညှိပါမယ် ။

တခြား MLM Companies ကြီးတွေ ဖြစ်တဲ့
Unicity , Double Crane , QNet , Zhulian ,
Aimstar , Tiens , စတဲ့ Companies တွေက
ခေါင်းဆောင်တွေ အနေနဲ့လည်း
အခုလို တိတိကျကျ ချပြချင်တယ်ဆိုရင်
ပြောပါခင်ဗျာ ။
ကျွန်တော်တို့ ဒီဒေတာတွေကို အများပြည်သူ
လေ့လာနိုင်အောင် ပြန် တင်ပေးထားပါ့မယ် ။
( နာမည်မပါတဲ့ MLM Companies တွေလည်း
ချပြလို့ ရပါတယ် )

စေတနာဖြင့်
#ကိုဇင်ဇေ

#mlm #antimlm #successmore