Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, September 25, 2017

U Ye Htut ရဲ့  Debate အပေါ်အမြင်


ကိုဇင်ဇေရေ ခင်ဗျား ဒေါသ ထွက်သလို ကျွန်တော်လည်း နည်းနည်းလောက် ထွက်ပါရစေ။
comment ကိုပဲ copy paste ပြန်လုပ်တာပါ။
ကျွန်တော်တို့ကို အစွန်းရောက်တယ်လို့ သုံးသပ်လို့ပါ။
- - - - - - - - - - - - - - - -
တစ်ခုတော့ ပြောပါရစေ။
ကျွန်တော်က production သမားပါ။ ကိုယ်ပိုင်စက်ရုံ ၊ ကိုယ်ပိုင် Brand ရှိပါတယ်။
မထင်မှတ်ဘဲ MLM နဲ့ စတွေ့ခဲ့တာ 1999 လောက်က Shine Hope နဲ့ပါ။
အဲဒီတုန်းက ကျွန်တော် အသက် ၂၀ အရွယ်။ ဒါပေမယ့် အဲ့ဒီ အရွယ်မှာပဲ Shine Hope ဘယ်ခြေလှမ်း လှမ်းနေပြီဆိုတာ ခန့်မှန်းနိုင်ခဲ့တယ်။
ပြောဖို့မေ့လို့။ ကျွန်တော် အသက် ၇ နှစ်ကတည်းက chess ထိုးတတ်နေတာနော်။
နောက်တော့ shine hope ကို မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး ၂၀၁၂ လောက်မှာ DC က ဆြာ ဆြာမတွေ လာဆွယ်တော့မှ MLM နဲ့ တစ်ကျော့ပြန် ပြန်တွေ့ရတာ။
သူတို့ကိုလည်း အားနာလို့ နားထောင်ပေးရင်း ကျွန်တော်ထုတ်မယ့် ကုန်ပစ္စည်းမှာ သူတို့နည်းလေးတွေ ထည့်သုံးရင် ကောင်းမလားလို့ ဆင်ခြင်ဖူးတယ်။
ဒါပေမယ့် ဟိရိသြတ္တပ္ပ မဲ့တဲ့ နည်းနာတွေဆိုတော့ ကျွန်တော့် Product ရဲ့ image ပါ ကျသွားနိုင်တယ်လို့ သုံးသပ်တယ်။ MLM ကနည်းတွေသာ ကောင်းရင် ကျွန်တော်သုံးပြီးသား။
သုံးစားမရတဲ့ ပညာမဲ့နည်းတွေ ၊ ငတေမာ ကိစ္စတွေ ၊ ရေရှည်မှာ သုံးမရတာတွေ ဖြစ်လို့ အမှိုက်ပုံးထဲ ထည့်ခဲ့တာ။
အဲဒီနောက်ပိုင်း ကျွန်တော် အမြဲ နောက်နေတဲ့ ကိစ္စတစ်ခုရှိတယ်။
အဖြူကောင် ၂ ကောင် ခေါ် ၊ အချက်အခြာ ကျတဲ့နေရာ မှာ ရုံးခန်းဖွင့် ၊ လူမသိ သူမသိ အဆင့်မရှိတဲ့ ဘာညာကုန်ပစ္စည်းလေးတွေကို မိတ်ဆက် ၊ သံသရာ မကြောက်ရင် သူဌေးဖြစ်ပြီးသား လို့။
၅၀၀ ၊ ၁၀၀၀ လောက် သုံးရင် ok ပြီ။
ဘာလို့ down line မှာ ပြေးကပ်ကြမလဲ ၊ company သာထောင်လိုက် ၊ အေးဆေးပဲလို့။
အဲဒါတွေ ကျွန်တော်လုပ်တတ်တယ် ၊ လုပ်နိုင်တဲ့ အရင်းအနှီးလည်း ရှိတယ်။ ဒါပေမယ့် မလုပ်ဘူး။
လူ့ပြည် လူ့ရွာ ခဏတာ ရောက်တုန်းမှာ အကုသိုလ် အထုပ်ကြီးထမ်းပြီး ပြန်ထွက်မသွားချင်ဘူး။
ကုန်ကုန်ပြောရရင် MLM နည်းတွေကို နည်းနည်းယူပြီး အသုံးချရင် အခုလို အရောင်းအဝယ်ပါးတဲ့ မိုးတွင်းမှာတောင် ကျွန်တော့် product တွေ ရောင်းမလောက် ဖြစ်သွားမယ်။
ဒါပေမယ့် ရွံစရာ အကွက်တွေ ဖြစ်လို့ စိတ်ကူးထဲတောင် မထည့်ဘူး။
အစွန်းရောက်နေကြတာလား စဉ်းစားပေါ့ဗျာ။
(ညံ့ချက်။ ဘာမဟုတ်တဲ့ ယိုးဒယားကကောင်တွေကို အဖေတော်နေကြတယ်။ ငွေနည်းနည်းသာ သုံးလိုက်ရင် ခင်ဗျားတို့ဆရာတင်ထားတဲ့ ယိုးဒယားတွေရဲ့ အဖေ (ဝါ) အဖြူကောင် ၂ ကောင်လောက်ကို နားရင်းတီးပြီး ခေါ်ခိုင်းလို့ရတယ်ဆိုတာ မသိကြဘူးလားဟမ် )
 Ye Htut
https://www.facebook.com/groups/myanmarmlmtruth/permalink/715033498689805/