Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, September 25, 2017

ရေသန့်စက် MLM လိမ်ခံလိုက်ရတဲ့နစ်နာသူတစ်ဦး


ကျွန်တော်ကိုတိုင် ဂျင်းအကြီးကြီးမိဘူးတယ်ဗျ MlM company တခုဘဲ( နာမည်သိချင်ရင်ပြောပြပါမယ်နောက်) ရေသန့်စက်တလုံးဝယ်လိုက်တယ် ၁၃သိန်းလာသေချာမမှတ်မိဘူး ရေသန့်စက်က သံလိုက်အားနဲ့ရေသန့်တယ်ဆိုလားသေချာမမှတ်မိတော့ဘူး အဲ့ company ကတော့ထုံးစံအတိုင်းအပြောကောင်းတာကို ကိုယ်ကလဲ ၁၉ နှစ်သားဆိုတော့သိပ်မစဉ်းစားနိုင်ဘူး သူတို့ပြောစကားထဲမြောသွားတယ် အတွေးထဲမှာတော့ဗျာ ရေသန့်စက်ဝယ်ပြိး ရေသန့်ဘူး20literဘူးကြီးတွေရောင်းမယ်ပေါ့အမှတ်လဲတက်တယ် နေတိုင်းလဲဝင်ငွေရမယ်ဆိုပြိးလုပ်လိုက်တာ အပြင်မှာ ၁သိန်း၅သောင်းလောက်ဘဲတန်တဲ့ရေသန်စက်ကို ၁၃သိန်းလောက်ပေးပြိးဝယ်ရတယ် ဗျာ ပြိးတော့ရေသန့်ရောင်းရင် သူတို့Company ကအစစအရာရာတာဝန်ယူတယ်လဲပြောသေးတယ် တကယ်တန်း FDAက သောက်သုံးရန်မသင့်သော ရေသန့်ဘူးတံဆိပ်များဆိုပြီးကြေညာလိုက်တာကိုယ်ဝယ်ထားတဲ့ရေသန့်စက်Company နာမည်ပါလာတော့ အတိုဆုံးပြောရင် အရင်းပြုတ်တယ်ပေါ့ အဲ့ရေကလဲဘယ်လောက်ကောင်းလဲဆို စသောက်တဲ့သူမှုးတယ်ဗျ ( အရက်သောက်တဲ့သူတွေတော့အဆင်ပြေတယ်) ပြိးတော့ကိုယ်ရေသန့်ကိုစမ်းသပ်တဲ့အနေနဲ့ တခြားရေသန့်ဘူးရယ် ကိုယ့်ရေသန့်ဘူးရယ် နှစ်ဘူးကိုသွားလေရာယူသွားတယ် တွေ့တဲ့သူငယ်ချင်းကိုရေးတိုက်တယ် နှစ်ဘူးကိုယှဉ်ပြိးသောက်ခိုင်းတာနော် ကြာတော့သူငယ်ချင်းတွေကကျွန်တေိာ့ကိုမြင်ရင်ကြောက်တဲ့အဆင့်ရောက်လားတယ်( တကယ်နော်အပိုပြောတာမဟုတ်ဘူး)အဲ့လိုပါဘဲ MlM ကြောင့်လူငယ်တယောက်ရဲ့တက်ကြွနေတဲ့စီးပွားရေးခြေလှမ်းတွေကို ဖြတ်ရိုက်တာခံလိုက်ရဘူးတယ်ဗျ ( အရေးသားမပြေပြစ်ရင်ခွင့်လွှတ်ကြပါဗျ)
https://www.facebook.com/groups/myanmarmlmtruth/permalink/713518432174645/
Rock Ro