Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae
Tuesday, October 31, 2017
Zhulian လက်ကောက်
plz nt bill 3000မဲဖောက်ပေးပါမယ်
အချိန်5minလောက်ပေးပြီးကျန်းမာရေးတွက်ဖတ်ကြည့်ကြပါ
Zhulian လက်ကောက်
ယခုဆိုပစ္စည်းပြတ်သွားပါပြီ
ယခု၃ကွင်းကတော့ဦးလေးထိုင်းသွားတုန်းဝယ်ထားခဲ့တာလေးပါ
ယခင်company စျေးက130000ကျော်ပါ
ယခုပြန်ရောင်းမယ့်စျေးလေးက50000(ငါးသောင်း)
Zhulian လက်ကောက်လေးရဲ့ထူးခြားချက်လေးကိုဆက်လက်ဖတ်ကြည့်ကြပါဦးနော်
သ ဘာ ဝသံလိုက် ဖြင့် ပြု လုပ် ထားသော ကျန်း မာ ရေး အထောက် အ ကူ ပြု zhulian လက်ကောက်
ခန္ဓာ ကိုယ် ဖြစ်တည် ရာ တွင် များစွာ အထောက် အကုူ ပြုပေးကြောင်းလက် ခံရပေမည် သွေး လည် ပတ်မူ ကိုပိုမို ကောင်း စေရန်လည်းကောင်း နာကျင် ခြင်းသော် လည်း ကောင်း အနာ ဖြစ် သော်အကျက် မြန်စေပြီးအိပ်၍ မပျော် ခြင်း အရိုး နဲ့ ပတ်သက်သောရော ဂါနင့်ခေါင်းကိုက် ခြင်း နား ထင် တစ် ခြမ်းကိုက် ခြင်း ထိုသို့သော အနာ များကိုသက်သာပျောက် ကင်း၍ ကာကွယ်မူ ကိုရရှိစေပါသည် သံလိုက်သည် အနာ ရော ဂါ များ အတွက်အသုံးပြုရာမှာအထူးအဆန်းတစ်ခု မ ဟုတ်ပါရှေး ခေတ် အဆက်ဆက် လူ များ၏ လေးစားယုံကြည်မူ နင့် လက်တွေ့ အသုံးပြု ချက်များ အရသံ လိုက် က ဆွဲ အား သို့
ကျောက် သံ လိုက် ဆွဲ အား သ ဘာ ဝ များသည် ရော ဂါ ကု သ နိုင် စွမ်းရှိကြောင်းကိုလက်တွေ့အသုံးပြု ၍ ရှေး လူ များ ယုံ ကြည် ခဲ့ ကြသည်
၁၆ ရာ စု မှ စ ၍ အ မေ ရိ ကန်သမားတော်များတိကျသေ ချာ စွာ ညွန် ကြား ခဲ့သည် မှာသံ လိုက် နင့်နာ ကျင် ကို က် ခဲ သည့် ဝေ ဒနာ များကို ပျောက် ကင်း စေ ခြင်းသည် သိ သာ ထင်ရှားသောနည်းလမ်း တရပ် အဖြစ် စမ်းသက်တွေ့ရှိခဲ့ကြသည် သံ လိုက်အသုံးပြုမူကိုဂျပန်နိုင် ငံနှင့်ဥရော ပ အရှေ့ပိုင်းနိုင်ငံ များ တွင် လေ့လာဟသင် ယူ မူ နင့် လိုက် နာ ကျင့်သုံး မူ ပြု ခဲ့ သည် မှာနှစ်ပေါင်း၄၀ကျော်ရှိ ခဲ့ ပြီး အဆက် မပြတ် စမ်းသက်လေ့ လာ မူ အရ ၄င်း ကမ္ဘာ ဝင် ရိုး စွန်းသံ လိုက် ၏ အသုံး ဝင် မူ များစွာကိုအံ့သြ စရာ မရှိသိရှိ ခဲ့ရသည် လွန် ခဲ့သော ရှေး ခေတ် အဆက်ဆက်ပေါင်းများစွာ မှ ယနေ့ထိတိုင်မည်သည့် အရပ်ဒေ သမည်သည် ရာ သီ မဆို အသုံ းပြု ခဲ့သော ပုဂ္ဂိုလ် ပိုမို များ ပြား လာ ပြီး ၄င်း BIO MAGNETIC သံ လိုက် သည် လုူအများ၏ နေ့စဉ် သုံး ပစ္စ ည်းများတွင် တစ် ခု အပါ အ ဝင် အ ဖြစ် တွဲ ဖက် ကာ အသုံးပြူု ခဲ့ကြသည် ဖြစ် ၍ M belt ခါးပနါများသည် ကျန်းမာ ရေး အထောက် အကူပြုသော ကမ္ဘာ ့ ဝင်ရိုး စွန်း သ ဘာ ဝ သံ လိုက် များဖြစ် သည် အောက် ဆီ ဂျင် လည် ပတ် မူကို ပိုမို ရရှိစေ ခြင်း နစ်ခြိုက်စွာ အိပ်ပျော် စေ ခြင်းနာ ကျင် ကိုက် ခဲ မူကိုလျော့ ပါး စေ ခြင်းနင့် ကာ ကွယ် ပေးနိုင် ခြင်း အရွယ် အို မင်းမူ ကို ထိန်းသိမ်း ပေးနိုင် ခြင်း ထိ ခိုက် ဒဏ ် ရာ နင့် ခွဲ စိတ် ဒဏ် ရာ များကို အသား တက် မြန် စေ ခြင်း နင့် ပျောက် ကင်း လွယ်ကူ ခြင်း
BIO MAGNETIC အသုံး ပြုရ ခြင်း အကျိုး
အောက် ဆီ ဂျင် လည် ပတ်မူ ကို ပိုမို ရရှိစေ ခြင်း နစ် ခြိုက် စွာ အိပ် ပျော် စေ ခြင်း
နာ ကျင် ကိုက် ခဲမူ ကို လျော့ပါး စေ ခြင်းနင့် ကာ ကွယ် ပေး နိုင် ခြင်း
ထိ ခိုက် ဒဏ ရာ နင့် ခွဲစိတ်ဒဏ်ရာ များကို အသား တက်မြန်စေ ခြင်း နင့်ပျောက် ကင်း လွယ် ကူ ခြင်း
သွေး ဘည် ပတ်မူ ကို ပုံ မှန်ဖြစ်စေ ရန်ပြောင်း လဲပေး ခြင်း
အားအင် ဖြည့် ဆည်းပေး ခြင်း နင့်ကျန်းမာ ရေးကောင်း မွန် လာ ခြင်း
အသားဖောင်းပွ မူ ပျော့ တွဲမူ မဖြစ်စေရန် ထိန်းသိမ်းပေးခြင်း
စိတ်ရှုတ်ထွေးမူကိုလျော့ပါးစေခြင်း
 အသား ကျစ် လစ် စေ ခြင်း
အကျိုး များစွား ကို ရရှိ စေ မှာ ဖြစ် သည်
ZHULIAN လက်ကောက််​ များ သည် နစ်ပေါင်း ၂၀၀ အထိ အသုံး ပြု လို့ ရ ပါသည်
ဖြစ် ပြီး မှ ကာ ကွယ် တာ ထက်
မဖြစ် ခင် က ကြို တင် ကာ ကွယ် ထားတာ အကောင်း ဆုံး ပေါ့
Yangon ကပါ လာကြည့်လို့လဲရပါတယ်
အား လုံး ကျန်း မာ ပျော် ရွှ င်သော ဘ ဝ ကို ပိုင် ဆိုင် နိုင်ဟကြ ပါစေ
Zawgyi
Zhulian လက်ကောက်
ယခင်company ဈေးက130000ကျော်ပါ
ယခုပြန်ရောင်းမယ့်ဈေးလေးက50000(ငါးသောင်း)
ခန္ဓာ ကိုယ် ဖြစ်တည် ရာ တွင် များစွာ အထောက် အကု ပြုပေးကြောင်းလက် ခံရပေမည် သွေး လည် ပတ်မူ ကိုပိုမို ကောင်း စေရန်လည်းကောင်း နာကျင် ခြင်းသော် လည်း ကောင်း အနာ ဖြစ် သော်အကျက် မြန်စေပြီးအိပ်၍ မပျော် ခြင်း အရိုး နဲ့ ပတ်သက်သောရော ဂါနင့်ခေါင်းကိုက် ခြင်း နား ထင် တစ် ခြမ်းကိုက် ခြင်း ထိုသို့သော အနာ များကိုသက်သာပျောက် ကင်း၍ ကာကွယ်မူ ကိုရရှိစေပါသည် သံလိုက်သည် အနာ ရော ဂါ များ အတွက်အသုံးပြုရာမှာအထူးအဆန်းတစ်ခု မ ဟုတ်ပါရှေး ခေတ် အဆက်ဆက် လူ များ၏ လေးစားယုံကြည်မူ နင့် လက်တွေ့ အသုံးပြု ချက်များ အရသံ လိုက် က ဆွဲ အား သို့
၁၆ ရာ စု မှ စ ၍ အ မေ ရိ ကန်သမားတော်များတိကျသေ ချာ စွာ ညွန် ကြား ခဲ့သည် မှာသံ လိုက် နင့်နာ ကျင် ကို က် ခဲ သည့် ဝေ ဒနာ များကို ပျောက် ကင်း စေ ခြင်းသည် သိ သာ ထင်ရှားသောနည်းလမ်း တရပ် အဖြစ် စမ်းသက်တွေ့ရှိခဲ့ကြသည် သံ လိုက်အသုံးပြုမူကိုဂျပန်နိုင် ငံနှင့်ဥရော ပ အရှေ့ပိုင်းနိုင်ငံ များ တွင် လေ့လာဟသင် ယူ မူ နင့် လိုက် နာ ကျင့်သုံး မူ ပြု ခဲ့ သည် မှာနှစ်ပေါင်း၄၀ကျော်ရှိ ခဲ့ ပြီး အဆက် မပြတ် စမ်းသက်လေ့ လာ မူ အရ ၄င်း ကမ္ဘာ ဝင် ရိုး စွန်းသံ လိုက် ၏ အသုံး ဝင် မူ များစွာကိုအံ့သြ စရာ မရှိသိရှိ ခဲ့ရသည် လွန် ခဲ့သော ရှေး ခေတ် အဆက်ဆက်ပေါင်းများစွာ မှ ယနေ့ထိတိုင်မည်သည့် အရပ်ဒေ သမည်သည် ရာ သီ မဆို အသုံးပြု ခဲ့သော ပုဂ္ဂိုလ် ပိုမို များ ပြား လာ ပြီး ၄င်း BIO MAGNETIC သံ လိုက် သည် လုအများ၏ နေ့စဉ် သုံး ပစ္စ ည်းများတွင် တစ် ခု အပါ အ ဝင် အ ဖြစ် တွဲ ဖက် ကာ အသုံးပြူု ခဲ့ကြသည် ဖြစ် ၍ M belt ခါးပနါများသည် ကျန်းမာ ရေး အထောက် အကူပြုသော ကမ္ဘာ့  ဝင်ရိုး စွန်း သ ဘာ ဝ သံ လိုက် များဖြစ် သည် အောက် ဆီ ဂျင် လည် ပတ် မူကို ပိုမို ရရှိစေ ခြင်း နစ်ခြိုက်စွာ အိပ်ပျော် စေ ခြင်းနာ ကျင် ကိုက် ခဲ မူကိုလျော့ ပါး စေ ခြင်းနင့် ကာ ကွယ် ပေးနိုင် ခြင်း အရွယ် အို မင်းမူ ကို ထိန်းသိမ်း ပေးနိုင် ခြင်း ထိ ခိုက် ဒဏ် ရာ နင့် ခွဲ စိတ် ဒဏ် ရာ များကို အသား တက် မြန် စေ ခြင်း နင့် ပျောက် ကင်း လွယ်ကူ ခြင်း
 အသား ကျစ် လစ် စေ ခြင်း
ZHULIAN လက်ကောက်​ များ သည် နစ်ပေါင်း ၂၀၀ အထိ အသုံး ပြု လို့ ရ ပါသည်
https://m.facebook.com/groups/873645512746723?view=permalink&id=1523678247743443
သိတာလေး လာပြောပြတာ
Unicode
သိတာလေး လာပြောပြတာ 😬😬😬
JJ ရဲ့ကားရေဆေးဆီဆိုင်ကို ဟိုတစ်နေ့က တောင်ဥက္ကလာဘက်ရောက်တုန်းတွေ့လိုက်တယ် 😬😬😬
အဲ့လမ်းမကြီးတစ်လျှောက် ပလက်ဖောင်းတွေပြင်နေလို့ ဆိုင်တွေပိတ်ထားရတာ တစ်လနီးပါးလောက်ရှိပီ 😬😬😬
ကိုယ့်အသိ စားသောက်ဆိုင်က ရဲစခန်းနားမှာမို့ သူတို့ဆိုင်တွေပိတ်ထားရတာကြာပီဆိုတာ သိတာ 😬😬😬
အဲ့တော့ သေချာတာကတော့ သူ့မှာ ကားရေဆေးဆီထိုးဆိုင်ကနေဝင်ငွေတွေရလာစရာအကြောင်းမရှိပု 😬😬😬
ကျန်တာတွေကတော့ အရမ်းဝင်ငွေတွေရနေရင်တော့ အပြောတတ်ပု 😬😬😬
Zawgyi
သိတာလေး လာပြောပြတာ 😬😬😬
https://m.facebook.com/groups/521691951357295?view=permalink&id=740591279467360
 Unicode
နောင်တတော့ရဘူး ဒါပေမယ့် ညံ့ဖြင်းခဲပါတယ် ရွာကို သူငယ်ချင်းတစ်ယောက်နဲ့အတူလူ၅ယောက်ပါလာတယ် စီးပွားရေးအကြောင်မိတ်ဆက်ချင်တာတဲ့ ကို့အိမ်မလာတော့ ကိုလဲ မသိ ကို့အလုပ်ကိုလုပ်နေတာပေါ့ ဒါပေမယ့် ရွာမှာက ကိုမပါပွဲမစည်လေ လာခေါ်ပါလေရော စပ်စုတက်တဲ့အကျင့်ကြောင့်ပါသွားရော ကိုရောက်မှ ပွဲစ သူတို့စီးပွားရေးကောင်းကြောင်းဟောပြော ကိုလဲမနေနိုင်ထမေး ကုန်ပစ္စည်းအကြောင်းပေါ့ သူတို့ကပြော ကုန်ပစ္စည်းကိုမိတ်ဆက်တာမဟုတ်ဘူးတဲ့ ဆင်းရဲနေတဲ့လူတွေကို ချမ်သာပါစေဆိုပြီး လာတာပါတဲ့ ဘဝင်မကျ အတွင်းကျကျသိအောင်လုပ်မှပဲ ဆိုပြီး လွတ်ထားလိုက်တယ် လိုက်လျောလိုက်တယ် ပြသနာကစရော ရွာက လူ ၈ယောက် မန်ဘာဖြစ်ရော အိုမထူးပါဘူးဆိုပြီး ကိုလဲ ၁၀၅၀၀၀ပေးပလိုက်တယ် ယောက်ဖက လဲ ဝင်ချင်တယ်ဆိုလို့ကိုပဲ ပိုက်ဆံပေးလိုက်တယ် နစ်ရက်တစ်ခေါက်လာတယ် ဟောပြောတယ် နေပြည်တော်Camp ကို ခေါ်တယ် တစ်သိန်းကျော် Hotel ကိစ္စနော်မှပြောပြမယ် camp ရောက်ပြီးမှ သိသွားပြီးလေ ဆက်ပြီးမလုပ်တော့ဘူး အဲ့ကြတော့ ဖုန်းတောင်မဆက်ကြတော့ဘူးဟ
အခု အကောင့်အပ်တာလဲ လက်မခံကြတော့ဘူးဟ
သိသလောက်ပြောခဲ့မယ်
နန်းညိုမီထွန်း
နေလထွန်း
ယဉ်ယဉ်အေး
ရှမ်းလေးနဲ့ သူ့မိဘတွေ
ကျိုက်ကသာက ကိုမြင့်ဟန်နဲ့သူ့သား ဖြိုးလေး ပြီးတော့ မျိုးလင်းဦး
Zawgyi
သိသလောက်ပြောခဲ့မယ်
နန်းညိုမီထွန်း
နေလထွန်း
ယဉ်ယဉ်အေး
https://www.facebook.com/groups/myanmarmlmtruth/permalink/740968062763015/
Unicode
 အခုနောက်ပိုင်း iglobad ( ကျွန်တော်ကတော့ အိုင် ဂလို bad လို့ အသံထွက်တယ်) လို ad ကို click လုပ်ပြီး ငွေရှာရတဲ ့ လုပ်ငန်း တွေမှာ ပိုက်ဆံထုတ်မရ ဖြစ်နေတာ ကြားမိတယ်။ အဲဒီ အထိ မအံ့ဩ မိဖူး။ အံ့ဩ မိတာက ထုတ်မရတဲ့ ပိုက်ဆံတွေက member ဝင်တွေရဲ့ "ကိုယ်ပိုင် ပိုက်ဆံ" ဖြစ်နေမှန်း သိလိုက်ရတာပဲ။ ကျွန်တော် မျက်စိ ပြူးသွားတယ်။ ad ကို member က click လုပ်ပေးမယ်၊ ကြော်ငြာ ရှင်(သို့) ကြော်ငြာ network ဆီက "အိုင် ဂလို bad" က ပိုက်ဆံရမယ် ။ အဲပိုက်ဆံကို click ပေးတဲ့ member နဲ့ iglobad တို့ ခွဲယူရမယ်။ အဲလို ဖြစ်ရမှာလေ။ member တွေက internet ဖိုးရယ် အချိန် ရယ်က လွဲလို့ ဘာဆုံးရှုံး မှုမှ မရှိသင့်ဖူးလေ။
iglobad အကြောင်း နည်းနည်း လိုက် ဖတ်ကြည့် တော့မှ iglobad က member တွေဆီက ပိုက်ဆံ အရင် တောင်းတယ်။ များများ ပိုက်ဆံထည့်ရင် ဝင်ငွေ လည်း ပိုများ မယ့် ပုံစံ ပေါ့ဗျာ။
အဲတော့ မှ သဘော ပေါက်လိုက်တယ်။ ad ကို click ရတယ် ဆိုတာ ဘာမှ မဟုတ်ဖူး။ member ဝင်တွေရေ ခင်များတို့ဖက်က တခုခု လုပ်ပေးလို့ ပိုက်ဆံ ပြန်ဝင်တယ် ဆိုတာမျိုး "အပြ" တခု ပဲ။ iglobad တကယ် လိုချင်တာက click မဟုတ်ဖူး။ member တွေဆီက " ငွေ" ပဲ။ ခင်များ တို့ကို ဒီလောက်ငွေ ထည့်၊ ဘာမှမလုပ်နဲု့၊ တစ်လ ဒီလောက် ပြန်ပေးမယ် ဆိုရင် "အလွတ်" ငွေချီးတာ ဖြစ်သွားပြီ။ အဲလို "အလွတ်" ငွေချီးတာကို လူများစု မလုပ်ဖူး။ အဲတော့ စိတ်လှည့်စား မှူအနေနဲ့ ad click တာတို့၊ share တာတို့၊ ad video ကြည့်ပေးရတာတို့၊ post တင်ပေးရတာတို့ အပိုတွေ လုပ်ခိုင်းတာပေါ့။
နောက်တစ်ခု ရှိသေးတယ်။ ad ကို click လို့ ပိုက်ဆံ ရတယ် ဆိုတာ မြန်မာ လိုနိုင်ငံ မှာမဖြစ်နိုင်ဖူးဗျ၊ ကြော်ငြာရှင် တွေက ငပိန်းတွေမဟုတ်ဖူး။ ad network တွေက click ရင် ဘယ်နိုင်ငံက click ရင်ဘယ်လောက် ဆိုပြီး ကြော်ငြာရှင် ဆီက ငွေတောင်းတာ။ မြန်မာပြည်လို conversion rate အရမ်းနည်းတဲ့ နိုင်ငံမှာ click တွေက တန်ဖိုးမဲ့တယ်။ ဒီကိစ္စ တွေသိပ် နားမလည်ရင် ဘဏ်မှာပဲ ပိုက်ဆံအပ် ကြပါဗျာ။ ကိုယ့်နိုင်ငံထဲ ပင်ပင်ပန်းပန်း ရှာရတဲ့ ကပိုက်ဆံ တွေ တခြား နိုင်ငံ လွယ်လွယ် ရောက်သွားတာ နိုင်ငံသားအားလုံး အတွက် ဆုံးရှုံးမှုပါ။ ငွေအရမ်းပေါလို့ ပိုက်ဆံတွေ ထားစရာ မရှိဖူး ရင်းနှီးမှကို ဖြစ်မယ်ဆိုရင်လည်း ဒီ group မှာ free အကြံဉာဏ် လာတောင်းပြီးမှ လုပ်ကြပါဗျာ။
------------------------------------------------------------------------------------
Zawgyi Version
 https://www.facebook.com/pages/Yangon/103729219665367?ref=gs&fref=gs&hc_location=group
 Image may contain: text
Unicode
 လူလိမ်မာများအကြောင်း
ရောင်သွေးစုံစုံ
ပုံစံအမျိုးအမျိုး
လိမ်ပြီးရင်းလိမ်
အောချရ နတ်သိကြားတောင်မတတ်နိုင်ဘူး
ပေးလိုက်အတိုး 10 20
အောချတောင်ယူရတယ်ပ
အံ့သြောလှတယ်
စေ့စေ့တွေးရေးရေးပေါ်
နိုင်ငံတာကာ forum တွေမှာ ဖတ်ကြည့်ရင်ဖြင့်
Scam မှန်တန်းပေါ်
အကြောက်အပြေ စွဲလိုက်တဲ့
အမှုကြီး ၆၆ဃ
အဲ့တာကိုလက်ကိုင်တုတ်လုပ်
ရှက်ရမ်းကာရမ်း
မင်းတို့လို့ လူ လိမ်မာတွေကြောင့်
မြန်မာပြည် ပိုနွိ့နစ်ရတယ်
ဆင်းရဲတွင်းမြန်း
Mlm Pyramid ဂိုဏ်းပေါင်းရောင်စုံပါ
နားလည်ပါ Anti တို့သတိပေး
ခင်ဗျားတို့သာ ကျိတ်မှိတ်ယုံရင်ဖြင့်
အိမ်တိုင်ပါ ချွတ်ရောင်းရမယ်
ခွက်လက်မှာစွဲ
သတိလေးရယ်ဆင်ခြင်ပါ အသိလေးနဲ့ဆင်ခြင်
တို့မြန်ပြည် လူလိမ်ပေါဘာဘိ
စကာနဲ့သေချာစစ်
ကျန်မိတာအနှစ်ပေမို့
ရှောင်လေးဝေးဝေး
Online Pay တွေကို
မြန်မြန်သာပြေး
ဆဲရေးကာတိုင်းထွာ
မြင်မကောင်းပါဘူး
ပညာမဲ့အိုးဘောင်ဘင်ခတ်သလိုပဲ
အရှက်ကိုမရှိဘူး
အွန်းလိုင်းက ပိုက်ဆံရှာ
Risk များတာလက်ခံရမှ
ကိုဟာကိုငြိမ်ကုပ်လုပ်
Shareမခေါ်နဲ့ဗျ
ပြောတော့သာဆရာကြီး
လုပ်တော့ပြောင်ကြီး
Coin စျေးကြလို့နစ်နာကျမယ်
ရှိတာပြောင်ပြီး
Anti တွေသတိပေး
လုပ်ကောင်းတုန်း
ဟေးလားဝါး
ပြန်ကလော်တုတ်တောင်ရှိသေးကွယ်
အကုသိုလ်များ
ငွေတိုးကိစ
အပီကိုချုပ်ထား
မန့်သူ ဘန်း
လာပြောသူဘန်းတဲ့
ဘယ်လိုဘယ်လို ရိုင်းတာပါလိမ့်
ခံမနေကြနဲ့ငွေရှင်တွေ
ကြာရင်နင်တို့ မွဲ ကြတော့မယ်
ရအောင်တောင်းထား
စပ်မိလို့ စပ်လိုက်အုံးမယ်
မီးမီး နဲ့ ရဲရဲနီ
သိန်း ရ၀၀ ဆိုလား
ချပြမည်ခုထိမမြင်သေး
ရုပ်ကဖွတ်ကြား
ယောင်ယမ်းလို်ယမ်းယောင်
မိမိုးကကွယ်ရာမဲ့
မဲမဲမြင် လဲကိုသတ်တယ်
၆၆ဃ နဲ့စွဲ
Mlm Company တွေ
Anti ကြောင့်အခက်တွေ
မကြာခင် Diamond ပြုတ်ဖြစ်တော့မယ်
ဝဋ်ဆိုတာလည်တတ်ပါပေ
သူများအပူစာ
စားရက်ကြသူများသို့
Mlm ရှယ်ယာခေါ် Mining ငွေတိုးတစ်ဖုံ
မြန်မာ ပြည် လူလိမ်မာ ပေါပါလို့
မြင်ယောင်တယ် ကြိုတင်ဟောသလိုပ
မွဲမဲ့ဖြစ်ခြင်း
အရည်ချင်းကိုအားမကိုး
အဲ လို လူ လိမ် 420 တွေကိုပ
ခင်ဗျား ညဏ်မသုံးမချင်းခံရဦးမယ်
ဆယ်ကြိမ်မက ခံရဦးမယ်
ခွေးမဖြစ်မခြင်း
Anti တွေကြိုးစားလုပ်တယ်
၆၆ဃ နဲ့အစွဲခံ
အချိန်ကုန်ခံ ငွေကိုလုပ်ပျက်ခံလို့
ပင်ပန်းပေမယ့်ကိုလူမျိုးတွက်ဟု
သတိပေးတယ်အခါအခါ
ဒါတောင်ဆက်မိုက်နေရင်
မျက်ကမ်းတစ္ဆေမကြောက်
ကျုပ်တို့နေ အနေဖြင့်
လုပ်ပေးနိုင်တာ တစ်ခုပဲရှိတော့တာပ
လျှူ အမျှဝေခြင်း
ကဲ လိုက်ဆို အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ခွဲစားကြပါကုန်လော
လူလိမ်တို့ လူလိမ်တို့ လူလိမ်တို့
Anti Mlm
Aye Chan Aung
------------------------------------------------------------------------------------------
 Zawgyi
ရောင်သွေးစုံစုံ
ပုံစံအမျိုးအမျိုး
လိမ်ပြီးရင်းလိမ်
ပေးလိုက်အတိုး 10 20
အောချတောင်ယူရတယ်ပ
အံ့သြောလှတယ်
Scam မှန်တန်းပေါ်
အမှုကြီး ၆၆ဃ
ရှက်ရမ်းကာရမ်း
ဆင်းရဲတွင်းမြန်း
ခွက်လက်မှာစွဲ
စကာနဲ့သေချာစစ်
ကျန်မိတာအနှစ်ပေမို့
ရှောင်လေးဝေးဝေး
Online Pay တွေကို
မြန်မြန်သာပြေး
ဆဲရေးကာတိုင်းထွာ
မြင်မကောင်းပါဘူး
အရှက်ကိုမရှိဘူး
Risk များတာလက်ခံရမှ
Shareမခေါ်နဲ့ဗျ
ပြောတော့သာဆရာကြီး
လုပ်တော့ပြောင်ကြီး
Coin ဈေးကြလို့နစ်နာကျမယ်
ရှိတာပြောင်ပြီး
Anti တွေသတိပေး
လုပ်ကောင်းတုန်း
ဟေးလားဝါး
အကုသိုလ်များ
ငွေတိုးကိစ
အပီကိုချုပ်ထား
မန့်သူ ဘန်း
လာပြောသူဘန်းတဲ့
ရအောင်တောင်းထား
မီးမီး နဲ့ ရဲရဲနီ
သိန်း ၇၀၀ ဆိုလား
ချပြမည်ခုထိမမြင်သေး
ရုပ်ကဖွတ်ကြား
ယောင်ယမ်းလိုယမ်းယောင်
မိမိုးကကွယ်ရာမဲ့
မဲမဲမြင် လဲကိုသတ်တယ်
၆၆ဃ နဲ့စွဲ
Mlm Company တွေ
Anti ကြောင့်အခက်တွေ
ဝဋ်ဆိုတာလည်တတ်ပါပေ
သူများအပူစာ
စားရက်ကြသူများသို့
မွဲမဲ့ဖြစ်ခြင်း
ဆယ်ကြိမ်မက ခံရဦးမယ်
ခွေးမဖြစ်မခြင်း
၆၆ဃ နဲ့အစွဲခံ
သတိပေးတယ်အခါအခါ
ကျုပ်တို့နေ အနေဖြင့်
လျှူ အမျှဝေခြင်း
Anti Mlm
Aye Chan Aung
အိန္ဒိယမှ ၀ရမ်း​ပြေး ​ငွေလိမ်​ဂိုဏ်းအဖွဲ့ မြန်​မာပြည်​တွင်​ ​လာ​ရောက်​လိမ်​လည်
https://mlmaman.com/wp-content/uploads/2016/10/Onecoin-logo.jpg
Unicode
 ၀ရမ်​း​ပြေး ​ငွေလိမ်​ဂိုဏ်​းအဖွဲ့
မြန်​မာပြည်​တွင်​ ​လာ​ရောက်​လိမ်​လည်​
++++++++++++++
👇
​မြန်​မာပြည်​သူပြည်​သားများကို
​ငွေရင်​းနှီးမြှုပ်​နှံရန်​ လာ​ရောက်​ဆွယ်​​နေ​သော
OneCoin ​သည်​ ​ငွေလိမ်​ဂိုဏ်​းဖြစ်​​ကြောင်​း သတင်​းရရှိပါသည်​။
၎င်း OneCoin ​ငွေလိမ်​ဂိုဏ်​းကို
အိန္ဒိယနိုင်​ငံအစိုးရမှ ဖမ်​းဆီးအ​ရေးယူ​နေပါတယ်​။
OneCoin ​ငွေလိမ်​ဂိုဏ်​း leader အ​ယောက်​ ၃၀ခန်​့ကို ဖမ်​းဝရမ်​းထုတ်ထား​​ပြီး ၂၃ ​ယောက်​ ဖမ်​းမိထားသည်​။
.
⚠ အထူးသတိပြုရန်​ ⚠
သင်​့ကို ​ငွေရင်​းခိုင်​းကာ
ဆင်​့ပွားလူဆွယ်​​သော
​ငွေလိမ်​ဂိုဏ်​းများကို
အထူးသတိပြု ​ရှောင်​ရှားပါ။
.
အိန္ဒိယနိုင်​ငံတွင်​ OneCoin ​ငွေလိမ်​ဂိုဏ်​းကို ဝရမ်​းထုတ်​ဖမ်​းဆီး​သော သတင်​း
👇
http://indianexpress.com/…/onecoin-fraud-chargesheet-says-…/
.
OneCoin ​ငွေလိမ်​ဂိုဏ်​း
မြန်​မာပြည်​တွင်​ လာ​ရောက်​လိမ်​လည်​​နေပုံ
👇
https://m.facebook.com/story.php…
Paing Min Khant https://m.facebook.com/groups/521691951357295?view=permalink&id=725806024279219
 ----------------------------------------------------------
Zawgyi
++++++++++++++
👇
.
အထူးသတိပြုရန်
ဆင့်​ပွားလူဆွယ်​​သော
.
👇
.
👇
ထိုင်းက မြန်မာ အလုပ်သမားတွေကို လိမ်နေတဲ့ ဂျင်းကောင်ပါ။
ဘန်ကောက်ရောက်မြန်မာပြည်သားများအတွက် တစ်ပတ်ကိုတစ်ရက် အချိန်ပေးနိုင်ရုံနှင့် Facebook သုံးရင်းငွေရှာချင်သူတွေအတွက်
အချိန်ပိုအလုပ်စိတ်ဝင်စားသူများအွန်လှိုင်းတွင်ရှာနိုင်ပါပြီး
ဆင်းရဲခြင်းမှ လွှတ်ကင်းကြဖို့ တစ်နေ့အချိန်ပိုတွေ3နာရီမှ 4နာရီရှိ့သူအတွက်
အချိန်ပိုဝင်ငွေရှာ အွန်လိုင်းပေါ်မှာငွေရှာမယ်
ကျွန်တော်နှင့်အတူလက်တွဲကြပါစို့..
ဖုန်း ..0991270021
🙏မင်္ဂလာပါ 🙏အလုပ်စိတ်ဝင်စားသူများအတွက်ပါ
Facebook သုံးပီးပိုက်ဆံရှာနိုင်ပါပီး
အွန်လိုင်းရှော့ပင့်အလုပ်ပါတစ်နေ့တာပိုနေတဲ့အချိန်တွေကိုတန်ဖိုးရှိ့ရှိ့အသုံးချကြပါစို့
ထိုင်းနိုင်းငံမှာနေတဲ့မြန်မာနိုင်ငံသာများအတွက်
အခွင့်လမ်းကောင်းရောက်လာပါပီး
ပန်းရောင်ဘက်ကိုင်ဆောင်သူတို့အတွက်အလုပ်ခေါသည်
Bangkokမြို့အနီးတဝိုက်အလုပ်အလိုရှိသူများအတွက်
အချိန်ပိုင်းအလုပ် တစ်ရက်ကို 3နာရီ 4နာရီ လောက်အချိန်းပေနိုင်တဲ့သူများအတွက်ပါတစ်ပတ်ကို ၃၀၀၀ မှ ၅၀၀၀ အထိရနိုင်သည် ကိုကြိုးစာရင်ကြိုးစားသလောက်ရမယ်
( အလုပ်ကြိုးစားသူများအတွက် အခွင့်ရေးပါ
အသက် ၁၈ နှစ်ထက်ဖြစ်ရမည်.. လုပ်ရမဲအလုပ်က
online shoping လုပ်​ပါ internet သုံးလို့ရတဲ့ လုပ်​ပါ phoneတို့နှင့်FbနဲLineတွေနဲ့လုပ်ရမည်ထိုင်းစကားအနည်းငယ်ပြောတတ်ရမည်
စိတ်ဝင်စားရင်အောက်ပါကွန်မင့်တွင် ဖုန်းနံပါတ်ချန်ထားပါ...
ပန်းရောင်ကပ်ရှိရမယ်
စိတ်ဝင်စားရင် Phနဲ့Nameကို/Commentတွင်ထားခဲပါ..
ဒါမှမဟုတ်အောက်ပါဖုန်းအားဆတ်သွယ်မေးမြန်းနိုင်သည်။။
တိုက်ရိုက်ဆက်သွယ်ပါ 0991270021
https://www.facebook.com/groups/1224271444268055/permalink/1881417811886745/
MLM က အောင်မြင်သူကြီးတွေ
ပုဂ္ဂလိက ဘဏ်တစ်ခုမှာ အလုပ်လုပ်တုန်းက MLM Company တစ်ခုက လွှတ်လိုက်တာဆိုပြီးတော့
ဘဏ်အကောင့် လာဖွင့်ကြတဲ့ ရွာဘက်က လူတွေ တွေ့ဖူးတယ်…
ကိုယ့်နာမည်ကိုယ် လက်မှတ် ဖြောင့်အောင် မထိုးတတ်လို့ မှင်နဲ့ လက်ဗွေယူပြီး အကောင့်ဖွင့်ပေးလိုက်ရတဲ့ လူတွေဟာ MLM က အောင်မြင်သူကြီးတွေ အခေါ် နောက်ဆုံးပေါ် ခေတ်မှီ စီးပွားရေးလုပ်ငန်းကြီးကို ဦးဆောင်ပြီး နိုင်ငံတကာကို တစ်လတစ်ခါ ခရီးထွက်ကြဦးမတဲ့…
နိုင်ငံခြားမှာ ကျင်းပတဲ့ အခမ်းနားဆုံး ပါတီပွဲကြီးမှာ စင်ပေါ်တက်ပြီး သိန်းတစ်သောင်းလောက် ဆွတ်ခူးရမယ့်
သူတို့ အိပ်မက်တွေတော့ ဘာဆက်ဖြစ်တယ် မသိဘူး…
အနည်းဆုံး ငွေ လေးငါးသိန်းရင်းထားတဲ့ နောင်အနာဂတ် သူဌေးလောင်းတွေဟာ လကုန်ရက်တိုင်း ဘဏ်စာရေးကို မျက်နှာငယ်နဲ့ အကောင့်ထဲ ငွေဝင်သလား မေးရတာကတော့ လက်တွေ့ ဖြစ်လာတယ်…
ကံအကောင်းဆုံး မန်ဘာ တစ်ယောက်စ နှစ်ယောက်စဟာ Bonus ခေါ်တဲ့ ငွေလေး ငါးထောင် တစ်သောင်းလောက် အကောင့်ထဲ ဝင်လာရင် တခြားလူတွေထက် အရည်အချင်းရှိလို့ လမ်းကြောင်းမှန်ပေါ် ရောက်ခါနီးပြီလို့ ယူဆကြရတယ်…
ဝိုင်းအားကျ ကြရတယ်…
အောင်မြင်ခါနီးမှ ကပ်လွဲသွားတယ် မဖြစ်ရလေအောင်
အမှတ်တွေတက်အောင် ဆိုပြီး
ဒေါင်ဒေါင်မြည်တဲ့ တောသူတောင်သားတွေဟာ ကျန်းမာရေးကော်ဖီတို့
အဆိပ်ထုတ်တဲ့ ကပ်ခွာတို့
အူရှင်းတဲ့ ဓာတ်စာတို့ကို
ကြံဖန် ဝယ်စားရပြန်တယ်…
ပြန်ရောင်းရအောင်လည်း သူတို့ကိုယ်တိုင်က ဒီနတ်သုဒ္ဓါ ဇီဝကဓာတ်စာ စွယ်စုံ ဆေးနာမည်ကို တည့်အောင် မခေါ်တတ်ဘူး…
ဒီလိုနဲ့ အောင်မြင်မှု လမ်းကြောင်းကတော့ ဘယ်နေတယ် မသိဘူး…
မိဘလက်ငုတ် တောင်ယာအလုပ်ကတော့ မြေဂရမ်ပါ အပေါင်ဆိုင် ရောက်နေတယ်…
ပဲနှမ်းပေါ်တုန်းက ဝယ်စုထားတဲ့ ရွှေတွေအစား ခြင်ကိုက်ဖုကနေ HIV ထိ ပျောက်တဲ့ ဆေးဝါးတွေက နေရာယူလာတယ်…
ဆန်အိုးထဲမှာ ၉၆ပါး ပျောက်တဲ့ ဓာတ်စာတွေသာ ပြည့်လာတယ်…
မန်ဘာဝင်တုန်းက ပေးလိုက်တဲ့
ကားအသစ်ကျပ်ချွတ်ကြီးတွေနဲ့ လက်မကြီးတွေ ထောင်ပြီး တွဲရိုက်ထားတဲ့ အတုယူစရာ အောင်မြင်သူ Leader ကြီးတွေတော့ ဘယ်ရောက်သွားတယ် မသိဘူး…
လကုန်ရက်တိုင်း ရွာကနေ
ဘဏ်အရောက်မောင်းလာတဲ့ စူပါကပ်အနွမ်းလေးတွေကတော့ တဖြည်းဖြည်း ကျဲပါးလာတယ်…
MLM ကို မလုပ်ဖူးဘဲ ပြောတာ မဟုတ်ဘူး…
လုပ်ရင်းနဲ့ လုံးပါးပါးသွား သူတွေကို မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ…
သွားတိုက်ရုံတင်မက
ဘာနာနာ လူးရုံနဲ့ ပျောက်တဲ့ သွားတိုက်ဆေး ဆိုသဟာကြီးကို သောင်းကျော်ပေးဝယ်မယ့်အစား
ကမ္ဘာ့နံပါတ်တစ် ကိုးလ်ဂိတ်ကို တစ်ထောင်ကျော်နဲ့ဝယ်ခဲ့တဲ့ ကိုယ့်ကို သနားစရာ အသိဉာဏ်နုံနဲ့တဲ့ သတ္တဝါလို မျက်လုံးလေးစင်းပြီး ကြည့်ခဲ့တဲ့ အောင်မြင်သူလောင်းလျာကြီးတွေဟာ ခုဆို မနက်လင်းရင် သွားတိုက်စရာ မီးသွေးခဲတောင် ကျန်ပါ့မလား မပြောတတ်ဘူး…
ဆေးတစ်မျိုးတည်း သောက်ရုံနဲ့
ရင်သားကင်ဆာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရုံမက
ရင်သားတင်းရင်း မအင်္ဂါကျဉ်း
အသားအရည်စိုပြေနုဝင်းပြီး ဆံပင်ပါ မဖြူတောမယ့် ဆေးမဟာကြီးကို ဖော်စပ်ခဲ့တဲ့ ဒေါက်တာကြီးဟာ ခုဆို နိုဘယ်ဆုများ တက်ယူနေပြီလား ဆိုတာ တွေးတောရင်း …
ရွှန်းမီမီထက်
 https://www.facebook.com/shoon.htet/posts/1724201724266217
ကျ​နော်​က အလိမ်​ခံထားရတာဂို
Image may contain: drink
သူငယ်​ချင်း တစ်​​ယောက်​​ရောင်း​နေတယ်
၇၀၀၀ လို့​တော့​ပြောတယ်
ကျ​နော်​ကို လက်​​ဆောင်​​ပေးမယ်​​ပြောတာ
ဘယ်​က ထုတ်​တာလဲလို့ ​မေးလိုက်​တယ်
SSM ကတဲ့ ဒါနဲ့ SSM ကဆိုရင်​​တော့မသုံးဘူးလို့
ထပ်​​ပြောလိုက်​တယ်​ MLM က ပစ္စည်း​တွေ​ရော
လူ​တွေ​ရောကို မယုံဘူးလို့
ဘာလို့လဲဆို​တော့ ကျ​နော်​က အလိမ်​ခံထားရတာဂို😂😂😂
Jude Jude တရားစွဲပီ
ညီမအနေနဲ့ အခုလူမှုကွန်ရက်မှာဖြစ်နေတဲ့မဟုတ်မမှန်
ရေးသားဖော်ပြမှုများနှင့်လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများရဲ့ အထင်အမြင်လွဲမှားအောင် Facebook စာမျက်နှာပေါ်မှာရေးသားသည့်အကောင့်ပိုင်ရှင်များ,အကောင့်တုများနှင့်လုပ်ဖော်ကိုင်ဖက်မှလည်းလစဉ်အမြတ်ငွေရရှိပြီးဖြစ်ပါလျက်နှင့်နာမည်ပျက်စေလိုရန်group ဖွဲ့ကာနာမည်ကိုအလွဲသုံးစားမဟုတ်မမှန်ရေးသားနေသောအကောင့်ပိုင်ရှင်များအားလည်းဖော်ထုတ်အရေးယူပေးပါရန် ယနေ့ ၃၀.၁၀.၂၀၁၇ တွင် တောင်ဥက္ကလာပမြို့နယ် ရဲစခန်းတွင်
အမှုဖွင့်တိုင်ကြားခဲ့ပါတယ်
ထို့ကြောင့် ရဲတပ်ဖွဲ့မှုး ,မြို့နယ်ရဲစခန်းမှုး နှင့် ဒုရဲအုပ်အောင်သူမြင့်တို့မှ တောင်ဥက္ကလာပရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အရအမှုဖွင့်ထားပြီးကြောင်းနှင့်မှုခင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာဖော်ထုတ်ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း....
ညီမအလုပ်အကိုင်များကို အေးဆေးစွာဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးအပ်ပါတယ်
စီးပွားရေးတိုက်ခိုက်ခံရမှုများအတွက်လည်း လုပ်သင့်တာများလုပ်ဆောင်သွားမည်ဖြစ်ပါတယ် ...
မနက်ဖြန်ရုံးမှာသက်သေလုပ်ပေးနိုင်မဲ့သူများလိုအပ်ပါတယ် လာခဲ့လို့နိုင်မဲ့သူများ လာခဲ့ပေးပါရှင်ကျေးဇူးတင်ပါတယ်
 https://www.facebook.com/thet.htoo.585/posts/2048190558746808
အခြေခံလူထုအပေါ်ကြီးမားတဲ့ရိုက်ခတ်မှုရှိနေတဲ့ Multi Level Marketing #စံတော်ချိန်_သတင်းဆောင်းပါး
အခြေခံလူထုအပေါ်ကြီးမားတဲ့ရိုက်ခတ်မှုရှိနေတဲ့ Multi Level Marketing
#စံတော်ချိန်_သတင်းဆောင်းပါး
 https://www.facebook.com/groups/myanmarmlmtruth/permalink/740779256115229/
Monday, October 30, 2017
Successmore..member. ဝင်တွေ..MaRose
Successmore..member. ဝင်တွေ..MaRose မောင်ကို..သူတို့ပစ္စည်းလေးဝယ်အားပေးပါအူးဆိုလို့..သွားတိုက်ဆေး..(8000).Body Cheer.('6000)လူကိုအားနာလို့ဝယ်လိုက်ရတာ..member တော့မဝင်ပါဘူး..ပစ္စည်းသာအားနာနာနဲ့ဝယ်လိုက်တာ..ဝယ်ပြီးမှသိရတယ်...နောက်ကို..MLM..နဲ့ပြင်ပဈေးထက်..မတန်မရာ. အားမပေးကြပါနဲ့..နင်တို့..SSM..ပစ္စည်းကောင်းတယ်ဆိုနင်တို့ဘာသာသုံးကြလေ..ဘာလို့ကျန်လူတွေလိုက်ရောင်းနေတာလည်း..အရှက်မရှီတဲ့..SSM. ကဟာတွေရဲ့..
 https://www.facebook.com/photo.php?fbid=365864187190363&set=gm.739348312924990&type=3&permPage=1&ifg=1
KBZ bank က ၀န်ထမ်းဟောင်းတစ်ယောက် ပြောပြတဲ့ MLM အကြောင်း။
KBZ bank က ၀န်ထမ်းဟောင်းတစ်ယောက် ပြောပြတဲ့ MLM အကြောင်း။
MLM အကြောင်းလေး သိသမျှလေးပြောပြချင်လို့ပါ။ ကျနော်က မန်းလေးက kbz bank မှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။
ဘဏ်မှာမလုပ်ခင်ကတည်းက MLM တွေနဲ့ အများကြီးဆက်ဆံဖူးပါတယ်။
စစချင်း ၂၀၀၇လောက်က MLM ကုမ္ပဏီတစ်ခုဖြစ်တဲ့ Healthy shop မှာ member ဖစ်ခဲ့ပါတယ်။
ပစ္စည်းတွေလဲ ဝယ်ခဲ့တယ်။
သူငယ်ချင်းဆွေမျိုးတွေကိုလဲ ကိုယ်အောက်မှာ လူများအောင်ဆွဲဆောင်ခဲ့ပါတယ်။ အမှတ်တွေလဲတက်ပါတယ်။
သို့သော် အသက်က ၁၇လောက်ပဲရှိသေးတဲ့အတွက် စကားတွေရွှန်းရွှန်းဝေအောင်အမွန်းတင်ပြီး မဆွဲဆောင်နိုင်ခဲ့ပါဘူး။
ငယ်လဲငယ်သေးတော့ သေချာမလုပ်ခဲ့ဘူး ပစ္စည်းတေက ထူးခြားပြီး သုံးလို့မကောင်းတာလဲပါတယ်။
ဈေးသည်ကြီးလိုလိုက်ပြောနေရတာလဲ မလုပ်ချင်တော့တဲ့အတွက် ဖာသိဖာသာပဲ နေလိုက်ပါတယ်။
သုံးလဲမသုံးဖစ်တော့ဘူး။
သွင်းထားတဲ့ ဝင်ကြေးတွေလဲ ပလုံ ပေါ့။
နောက်တော့ shine hope ကလင်ဇီးဆေး၊ ကော်ဖီ၊ သွားတိုက်ဆေး၊ ခေါင်းလျော်ရည်၊ ဆပ်ပြာရည်၊ လုံးဝ organic ဆိုလို့ ကြိတ်မှိတ်ဝယ်သုံးခဲ့ဖူးတယ်။ သိလဲမသိသာခဲ့ဖူး။
ရောင်းသွားသူသာ မြတ်သွားခဲ့တယ်။ memberကြေးမတတ်နိုင်လို့ မဝင်ခဲ့ရဘူး။ တော်သေးတာပေါ့။ မဟုတ်ရင်ကိုယ်လဲ တအိမ်တက်ဆင်း ဈေးသဂ်ကြီးဖြစ်ဦးမှာ။
နောက် Successmore / Unicity / Aimstar /Tiens စသဖြင့်ပွထလာပြီး စိတ်ဝင်စားမှုမရှိတော့ဘူး။
KBZ bankမှာဝင်လုပ်တော့ Aimstar ကလူတွေအများကြီး acc လာဖွင့်ပါတယ်။ တယောက်တထောင်နဲ့။
အဲ့ Aimstar ကလဲ kbz saving acc ရှိရမယ်။ လဆန်းပိုင်းတိုင်းမှာ ငွေတွေအမြဲထည့်ပေးမယ်လို့ ဆွယ်ပါတယ်။
bank နဲ့ လွဲမယ်စုပြီးသားဖြစ်မယ် ဆိုပြီးဆွယ်တော့ လူတိုင်းကယုံကြတယ်။
တခါတခါလာဖွင့်ကြရင် light truckကားကြီးနဲ့ မိန်မတွေများတယ်။ အဲ့လိုရက်ဆို သိပ်စိတ်ညစ်ကြပါတယ်။
အလကားလဲဖွင့်ပေးရသေး။ ထည့်တော့တထောင်ထဲ။ အများကြီး စုမဲ့ သူလဲမဟုတ်။
လကုန်တိုင်းလဲ မဖြစ်စလောက်ပမာဏကိုထုတ်လိုက်သွင်းလိုက်နဲ့ ဝန်ထမ်းအနေနဲ့ စိတ်ထဲက ငူစူမိပါတယ်။
Aimstar ကြီးကိုလဲ အသေမုန်းတယ် သူတို့လာမှာကိုကြောက်နေတာ။
MLMဟာ ဘယ်လောက်ထိဆိုးလဲဆို လက်လုပ်လက်စားအောက်ခြေသမားတွေက ကိုယ်ဘဝရည်ရွယ်ချက်တေပျောက်ပြီး အလွယ်လမ်းကိုပဲ အကျင့်ကြီးပါသွားတော့တာ။
သိပ်ကို နှမြောစရာကောင်းတယ်။
Aimstar က memberတွေဟာ ဘယ်လောက်တောင် အလွယ်ပိုက်ဆံလိုချင်သွားလဲဆို kbz bank ကို လမ်းမလျောက်နိုင် အသက်၆၀ ၇၀လောက် စာမတတ်တဲ့အမေအိုကြီးကို
နယ်ခရီးဝေးကနေ ချီလာပြီး acc ဖွင့်ခိုင်း။
စာမတတ်တော့ လက်ပွေနိပ်ခိုင်းပြီး လူရှာ။
လူပွားအောင်လုပ်တော့တာပါပဲ။ ဒီလိုလူကိုaccဖွင့်ပေးလိုက်လို့ရပေမယ့်။
ငွေထုတ်တဲ့အခါတိုင်းအဖွားလဲကိုယ်တိုင်လာထုတ်တဲ့အခါပင်ပန်းမယ်။
လက်ဗွေနဲ့ဖွင့်ထားတာဆိုတော့ ဘဏ်ဘက်ကကြည့်ရင်လဲ securityအနေနဲ့ လုံခြုံမှုမရှိကြောင်းရှင်းပြတာကို
Aimstar member ဝင်သားဟာ သူ့ရဲ့ကွန်ယက် Line အောက်မှာ လူများဖို့ လူပွားဖို့ပဲလောဘတက်နေတော့ အမေ့ကို acc ဖွင့်လို့ရကိုရမယ်နည်းလမ်းနဲ့သာ ဖွင့်ပေးပါဗျာလို့ကို
အတင်းပြောပါတော့တယ်။
အရမ်းပြောနေတော့ သဘောကောင်းတဲ့ မန်နေဂျာအမကလဲ customer ပဲဆိုပြီး ခွင့်ပြုပေးလိုက်ပါတယ်။ တခါတခါ လကုန်ခါနီး Aimstarကလူတွေရဲ့
memberငွေတွေ လွဲလာတဲ့အခါ စာရင်သွင်းရင် စိတ်အညစ်ရဆုံးပါ။
ကိုယ်သွင်းရလို့စိတ်ညစ်တာလဲပါသလို ဒီလို လူတွေကိုလိမ်ညာစားတေတဲ့ Aimstarရဲ့လွဲငွေတွေက ပိုလို့စိတ်ညစ်စရာပါ။
ငွေလွှဲပေးတဲ့ ပမာဏက
၃၄၅.၇၅ ကျပ်၊ ၁၀၉၅ကျပ်၊ ၄၅၆.၇၈ ကျပ်၊ ၂၀၇၅ကျပ်၊ ဒီလိုပမာဏလေးတွေက ၅၀%လောက်ပါပါတယ်။ နဲနဲရာထူးကြီတဲ့ ၁၀% လောက်က
၅၀၇၈ကျပ်၊ ၇၈၀၉ ကျပ်။ ၁၀၈၅ ကျပ်။
ပိုကြီးရင် နှစ်သောင်း၊ သုံးသောင်းရကြတယ်။
မြင်ဖူးသမျှအများဆုံးငွေဟာ ၈သောင်း ၁သိန်းပဲ။
တလတလသူတို့အမှတ်တက်လာခဲ့လဲ အပေါ်ကလူများတဲ့သူတေသာ သိသိသာသာတိုးပါတယ်။
အောက်လူတွေဟာ ၃လတခါသာ ၇ထောင် တသောင်း ၂သောင်းထုတ်နိုင်ပါတယ်။
အလွန်ဆုံးထုတ်နိုင်တာ မန်နေဂျာအဆင့် ၁၀ သိန်းလာထုတ်တာပဲမြင်ဖူးပါတယ်။ ၀.၀၀၀၁%ပါပဲ။
ကိုယ်သူငယ်ချင်းတွေ လုပ်နေရင်လဲ တခါ နခါ သုံးခါ နားကိုမခံနိုင်လောက်တော့လို့ အဲ့လူဆိုရှောင် ပြေး ပုန်းရတော့တာပါပဲ။
Shine hopeနဲ့ Aimstarကအဆိုးဆုံးပါ။
ဆု
(သူပြောပြထားတွေကို နည်းနည်းပြန်ပြင်ပြီး တင်ပေးလိုက်ပါတယ်)
 https://www.facebook.com/groups/myanmarmlmtruth/permalink/524103394449484/
Ko lat ရေ လူမဆွယ်ဘူးနော်
No automatic alt text available.
Image may contain: 1 person, smiling, text
Ko lat ရေ လူမဆွယ်ဘူးနော်😅😅😅😅😅
တွေ့ကရာနေရာ ဒီလိုပို့စ်က
Successmore က ပဲ ။
စီးပွားရေးနဲ့ လူလိမ်ဂိုင်း နဲ့ တူမှမတူတာ။
Group ၁ ခုခုမှာ လူ၁ယောက်က အရင်းနှီးရှိတယ် ဘာလုပ်ရမလဲလို့မေးလားရင် ပျားအုံသလိုပဲ ဝိုင်းပြီးကိုလိုက်ကျတာ။
အစားအစာရောင်းရမယပြောလို့ wall ထဲဝင်ကြည့်တာ
သောက်ကျိုးနဲ စာစက်မိုးဖြစ်နေတယ်
Thursday, October 26, 2017
MLM လုပ်ငန်းမဟုတ်ပေမယ့် MLM လုပ်ငန်းတွေ ထက်ကို သတိထား သင့်တဲ့ လုပ်ငန်း တစ်ခု မို့လို့ ဒီ Group မှာပါ တင်ပေးတာပါ ။
MLM လုပ်ငန်းမဟုတ်ပေမယ့်
MLM လုပ်ငန်းတွေ ထက်ကို
သတိထား သင့်တဲ့ လုပ်ငန်း တစ်ခု မို့လို့
ဒီ Group မှာပါ တင်ပေးတာပါ ။
နောက်ဝင် လူတွေရဲ့ ထည့်ဝင်ငွေတွေကို
ရှေ့လူတွေကို လှည့်ပြီး ပြန်ပေးနေတဲ့
Ponzi Scheme တွေနဲ့
လုပ်ပုံ ကိုင်ပုံ ဆင်နေပါတယ် ။
သိန်းသောင်းကျော်ကို လက်ခံထားပြီး
လစဉ် ၂၀-၃၀% အတိုး ပေးနေတယ်ဆိုတာ
စဉ်းစားကြည့်ရုံနဲ့ တင်
ကြက်သီး ထ လောက် စရာပါ ။
ရေတို ငွေပေးမှန်နေတိုင်းလည်း
စိတ်ချလို့ မရပါ ။
အမေရိကန်လိုနိုင်ငံမျိုးမှာတောင်
နှစ် ၂၀ ကျော်လောက်
Ponzi Scheme လိမ်လည်မှု ပြုလုပ်သွားတဲ့
Bernard Madoff လို လူမျိုးကို
သတိရပါ ။
အခု ဒီ လုပ်ငန်းကို
သေချာပေါက် လိမ်နေတယ်လို့ စွပ်စွဲနေတာ မဟုတ်ပေမယ့်
အထူး သတိထားစေချင်ပါတယ်ဗျာ ။
လိမ်ခံရတယ်ဆိုတာ သေချာတော့မှ ပြောရင်
ဆုံးရှုံးတာက လွဲလို့
ဘာမှ မရနိုင်တော့လို့
လုပ်ငန်း လည်ပတ်ပုံကို သံသယ ရှိကတည်းက
ကြိုတင် သတိပေးရတဲ့ သဘောပါ ။
စေတနာဖြင့်
#ကိုဇင်ဇေ
#Alert
ညီ Awba Return ရေ ဒီလို လုပ်ပါလား ညီ ?
ညီ Awba Return ရေ
ဒီလို လုပ်ပါလား ညီ ?
ပြင်ပက ကျွမ်းကျင်
စာရင်းစစ် တစ်ယောက် ကို ဝင်ပြီး
မင်းတို့ မ Jude Jude ရဲ့
လုပ်ငန်းတွေကို အစအဆုံး
ဝင်စစ်ခိုင်းမယ် ။
အဲ့လို စစ်လိုက်လို့
သူ့ လုပ်ငန်းတွေကနေ ထွက်လာတဲ့
အသားတင် အမြတ် သီးသန့်ကတင်
မင်းတို့ ငွေရင်းထားသူ အားလုံးရဲ့
ငွေရင်း စုစုပေါင်းကို
၂၀-၃၀% ပေးနေရတဲ့
အတိုးကို ကာမိနေတယ်ဆိုရင်
အကို့ဘက်က
သိန်း ၅၀ လျော်ပေးမယ် ။
အစစ် ခံရဲ လား မေးကြည့်စမ်းပါ
🙂
 https://web.facebook.com/groups/myanmarmlmtruth/permalink/702692453257243/?_rdc=1&_rdr