Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, October 26, 2017

ပေါ်တင်ပဲ ပြောပါမယ် ။



ပေါ်တင်ပဲ ပြောပါမယ် ။
သိန်းသောင်းချီ လက်ခံထားပြီး
တစ်လကို ၂၀-၃၀% အတိုးပေးနေတယ်ဆိုတဲ့
Jude Jude က
👉 သူ့ အကြောင်း မကောင်းပြောရင်
👉 ရသင့်တဲ့ ငွေကို ရသင့်တဲ့ အချိန်မှာ
မရသေးကြောင်း လူသိရှင်ကြားပြောရင်
အဲ့လို ပြောတဲ့လူတွေကို ငွေထုတ်မပေးတော့ဘူးဆိုပြီး
ခြိမ်းခြောက်ထားတယ်လို့ သတင်းရပါတယ် ။

ဒါကြောင့် ကျွန်တော့် အနေနဲ့
ဘယ်သူတွေ ငွေထုတ်ခက်နေတယ်ဆိုတဲ့
သတင်းတွေရပေမယ့်
နာမည် တပ်ပြီး မတင်တာပါ ။
ဒီ AntiMLM Group ထဲက
တခြား လူတွေကိုလည်း
အဲ့လို ငွေထုတ်မရသေးသူတွေ /
အတိုး အချိန်မှီ မရသေးသူတွေကို
နာမည်တပ်ပြီး / ပုံပါပြီး မတင်ဖို့
ကြားထဲက မေတ္တာ ရပ်ခံပါရစေ ။
သူတို့ ငွေထုတ် မရတော့မှာ စိုးလို့ပါ ။
ကျွန်တော် ပြောတာကို မလိုက်နာနိုင်ရင်
ဒီ Group မှာ လာ မတင်ပါနဲ့ ။
တင်ရင်လည်း ဖျက်ပစ်ပါမယ် ။
Jude Jude ကို ကာကွယ်ပေးတာ မဟုတ်ဘူး ။
သူ့ကြောင့် ဒုက္ခရောက်မယ့်လူ အရေအတွက်
နည်းနိုင်သမျှ နည်းအောင် ပြောရတာပါ ။
#ကိုဇင်ဇေ
Admin @ AntiMLM
ဖြည့်စွက် ။
ဒီအတိုင်းဆိုရင် ပြန်မရမယ့်လူက
ကံစမ်းမဲ လိုပေါ့ဗျာ ။
ငွေ ပြန်မရသေးသူတွေကို
နာမည်တပ်ပြီး တင်လိုက်ရင်ကျတော့
သေချာပေါက်မရမယ့် လူက
သူ ဖြစ်သွားနိုင်တဲ့ အပြင်
ညှိုးခံရမယ် ။
ပိုဆိုးတာက တစ်ချို့က
အိမ်က တခြားလူတွေ မသိအောင်
ခိုးထည့်ထားမိကြတာ ။
သိသွားရင် ရှုပ်ကုန်ကြရဦးမှာ 😪
ဒါကြောင့်ပါ