Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Sunday, October 1, 2017

Mlm logic




" MLM သမားများရဲ့ စောက်ပိန်းလောဂျစ် စုစည်းမှု့ "

@ Anti - MLM တွေသည် MLM ကို ထဲထဲဝင်ဝင် မလေ့လာဖူးပဲ … ထင်ရာလျှောက်ပြောနေတာ ဖြစ်တယ် ~~~

@ Anti - MLM တွေသည် MLM လုပ်ရင်း မအောင်မြင်ပဲ ကျရှုံးသွားသူတွေ ဖြစ်တယ် ~~~

@ Anti - MLM တွေသည် မြန်မာလူမျိုးအချင်းချင်း အောင်မြင်တာကို မနာလိုနေသူများဖြစ်တယ် ~~~

@ Anti - MLM တွေသည် MLM ဆိုသော ကွန်ယက်စီးပွါးရေးအား ပိရမစ် စီးပွါးရေးဟု ထင်နေခြင်းသာဖြစ်တယ် ~~~

@ Anti - MLM တွေသည် ထုတ်ကုန်တန်ဖိုးအားမလေ့လာပဲ မတန်တဆ ဈေးတင်ရောင်းနေသောကြောင့် သုံးစွဲသူဘက်မှ ဆုံးရှုံးနစ်နာစေသည်ဟု အထင်ရှိနေခြင်းဖြစ်တယ် ~~~

~~~~~~~~~~~~~~©©©~~~~~~~~~~~~

အဲ့တာ MLM သမားတွေ ချေပနေကျ လက်သုံးစကားတွေလေ … တခုချင်းပြန်ရှင်းပြမယ် … သေချာဖတ် စောင်ပိန်းမမတို့ စောင်ပိန်းကိုကိုတို့ရေ ~~~

ပထမ တချက်အနေနဲ့ …
Anti MLM ဆိုတိုင်း MLM စီးပွါးရေးအပေါ် ထဲထဲ ဝင်ဝင် မလေ့လာဖူးပဲ ထင်ရာပြောနေခြင်းဖြစ်တယ် ဆိုတဲ့ အပေါ်မှာ ……………… ပြောချင်တာက

MLM ကို ထဲထဲဝင်ဝင်လေ့လာဖူးတာမှ … ကိုယ်တိုင် နေပူမရှောင် မိုးရွာမရှောင် ဆေး(သူတို့ပြောတဲ့ ဖြည့်စွက်စာပေါ့) တွေ /အလှကုန်တွေ လိုက်ရောင်း… လူဆွယ် … ခဲ့ဖူးပါတယ် ~~~

မြို့ဘက်တွေမှာ လူဆွယ်ရတာ ကုန်တော့… တောတွေဘက်အထိဆင်း … ဒီကြားထဲ ကိုယ့်ထက် ဦးအောင် လူဆွယ်ထားတဲ့ ရွာရှိရင် … မန်ဘာအချင်းချင်း ထသတ်ရသေးတယ် … ဒါငါအရင်ဦးအောင် ဆွယ်တရားဟောထားတဲ့ရွာဟဲ့ … ဆိုပြီး တယောက်နဲ့ တယောက် စောင်းချိတ် ရန်ဖြစ် …  နေ့တိုင်း အိတ်တလုံးလွယ်ပြီး ဆိုက်ကယ်တစီးနဲ့ ဆီကုန်ခံလျှောက်သွား …ထုတ်ကုန်တွေလိုက်ရောင်းပြီး လူဆွယ်ရတာလေ (မသိရင် လူကုန်ကူးဖို့ နားမလည်ပါးမလည်လေးတွေ လိုက်ဂျင်းထည့်နေရသလိုပဲ)  စကားပြောမကောင်းတော့ (ကြမ်းပိုး လိပ်ဖြစ်အောင် မပြောတတ်တော့ ) သွားတိုက်ဆေးတဗူး ကော်ဖီမစ်တထုတ်လောက်ပဲ ရောင်းရတဲ့ ရက်တွေမနည်းဘူး (ရတဲ့အမြတ်က ဆီဖိုးတောင်မကျေလို့ တောင်းမစားရရုံတမယ်ပဲ )… ဒါနဲ့များ လက်ရှိအလုပ်ကနေထွက်ပြီး MLM ကိုပဲ တစိုက်မက်မက်လုပ်ပါ … ၆လအတွင်း ပြောင်းလဲနိုင်ပါတယ် ဆိုတဲ့ upline အဆင့်ဆင့်ရဲ့ ဂျင်းတွေ ယုံမိလို့ကတော့ ဖာတန်းတောင် ရောက်သွားလိမ့်အုံးမယ် :3 ~~~

သူတို့ပြောတဲ့ ဒုတိယအချက်က … mlm လုပ်ရင်း မအောင်မြင်တဲ့ လူတွေက mlm ကိုစောက်ဖောင်းထုတယ်ဆိုတဲ့အချက် ………………
ကိုယ်မအောင်မြင်ခဲ့တာမဟုတ်ဘူး … ဆက်မလုပ်ခဲ့တာ … ကိုယ်တိုင်လဲ မသုံးဖူးတဲ့ ကော်ဖီမစ်တထုတ်/သွားတိုက်ဆေး တချောင်းက မြွေဆိပ်တောင်နိုင်တယ်… ၉၆ပါး အကုန်ပျောက်တယ်ဆိုပြီး လှိမ့်လုံး ညာလုံးတွေဆက်မပြောချင်တော့လို့ / စိတ်ကိုမပါတော့လို့ ဆက်မလုပ်တော့တာ … အဲ့ဒီအောင်မြင်နေတဲ့လူတွေကို မေးချင်တာက ကံငါးပါးထဲမှာ ဘယ်နှစ်ပါးလုံတုန်းဆိုတာပဲ … နေ့တိုင်းမုသားတွေပြော… မက်လုံးတွေပေး … ဟုတ်တာရော မဟုတ်တာရော လုပ်ကြံပြောဆို ဈေးရောင်းနေရတာ … ကိုယ့်ရုပ်ကိုရော မှန်ထဲပြန်ကျိမိကြရဲ့လား … တဖြည်းဖြည်း ဖိုးတွမ်တီးရုပ်ပေါက်လာနေပြီ … MLM သမားတွေကြည့်လိုက် ဖိုးတွမ်တီးရုပ်တွေ … တခြားမကြည့်နဲ့ စကားပြောရင် မျက်လုံးထဲစိုက်ကြည့်ပြီးပြော မဟုတ်တာတွေ လိမ်ပြောရလွန်းလို့ မျက်လုံးကိုက အရောင်မှိန်နေတာ တွေ့လိမ့်မယ် … ပြောချင်တာက အထက်ကလူတွေ ကောင်းစားဖို့ အောက်ဆုံးကလူတွေ ဖင်ခံပေးနေရတဲ့ အလွှာစုံ စီးပွါးရေးတခုကို ဆက်မလုပ်တော့တာသည် ကျရှုံးသွားလို့ မဟုတ်ပါဘူး … ရွံလို့ ဆက်မလုပ်တော့တာဖြစ်တဲ့အတွက် သူတို့ပြောတဲ့ ဒုတိယ လောဂျစ်သည် မမှန်ကန်ပါဘူး ~~~

တတိယအချက်အနေနဲ့
မြန်မာလူမျိုးခြင်း အောင်မြင်နေတာ မနာလိုတဲ့ သူတွေဆိုတာ ပြန်ရှင်းမယ် …
မြန်မာလူမျိုးတွေထဲမှာ mlm သမားတွေပဲ အောင်မြင်နေကြပါသလား ! ကျန်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေ အောင်မြင်သူတွေ မရှိကြတော့ဘူးလား … နှိုင်းပြရရင် mlm တွေအောင်မြင်တယ်ဆိုတာ မိတ်ကပ်ပြင်တဲ့ ခင်စန်းဝင်းလောက်တောင် လူသိများသလား ! ငမြောက်ငခြောက် အောင်မြင်မှု့လေးနဲ့ အလိမ်အညာတွေပြောနိုင်လွန်းလို့ ဖာမဖြစ်ရုံတမယ်ဝင်ငွေလေး လစဉ်ရနေတဲ့ mlm သမားတွေကို မနာလိုမယ့်အစား … တိုင်းသိပြည်သိ ခရိုနီတွေကိုပဲ မနာလိုဖြစ်တော့မပေါ့ … ခရိုနီတွေလဲ မြန်မာလူမျိုးပါပဲ … ဆိုတော့ မနာလိုဖြစ်လို့ စောက်ဖောင်းထုတယ် ပြောရအောင် ရတဲ့ လစဉ်ဝင်ငွေလေးတချက် ချပြပါလား ! သိန်း၇ရာကျော် လစဉ်ဝင်ပါတယ်ဆိုတဲ့ မမတွေကိုမေးချင်တာ အဲ့ဒီသိန်း ၇ ရာသည် တဦးတယောက်ထဲ ရတာလား down line တွေနဲ့ ဝေစားမျှစားလား ! ကုန်ဖိုးတွေကော မရှင်းပေးရဘူးတဲ့လား ! ဆိုတာလေးတွေ မရှက်တတ်ရင် ဖြေသွားလိုက်ပါအုံး … သိန်း၇ရာဆိုတာသည် ပစ္စည်းတွေ ရောင်းလို့ရတဲ့ ပိုက်ဆံကိုပြောတာပါ … အဲ့ဒီအထဲက ပစ္စည်းဖိုးအရင်းနှုတ်ရမယ် … downline တွေကို အမြတ်ခွဲပေးရမယ် … သွားခ လာခ အစည်းအဝေးတိုင်း လိုက်တတ်ခတွေ အကုန်နှုတ်လိုက် ၇သိန်းကျန်ရင် ကံကောင်း :3 … ဒါကို သိန်း၇ရာဝင်တယ်ဆိုပြီး ဖင်ထယားချင်သေးတယ် ~~~

အချုပ်ပြောရရင် …
အမြတ်ကြီးစား ခေါင်းပုံဖြတ် စီးပွါးရေးစနစ် …
မသိနားမလည်တဲ့ အခြေခံလူတန်းစားတွေကို ဂျင်းထည့်တဲ့စနစ် …
ဒါကို အခုမှပေါ်တဲ့စီးပွါးရေးစနစ်လို့ ထင်နေကြသေးတယ် …စီးပွါးရေး ဗျူဟာဆိုရင်လဲ … မတန်တဆ ဈေးတွေနဲ့ ၉၆ပါးပျောက်တယ်လို့ ကွန်ယက်ပုံစံ ဖျန့်ကျက်ပြီး လိမ်နေတာတွေဟာ ဗျူဟာသစ်တခုတော့ မဟုတ်နိုင်ပါဘူး … ဖိုးတွမ်တီး လမ်းစဉ်ဗျူဟာ တခုပဲဖြစ်မှာပါ … အလွှာဆယ်ခုလောက် ဖြန့်ကျက်ခြေကုပ်ယူနိုင်မှ ထိပ်ဆုံးအလွှာက လူအောင်မြင်ပြီး ဝင်ငွေတွေရနေတာဖြစ်ပေမယ့် … အောက်ဆုံးအလွှာက လူတယောက်အနေနဲ့တော့ အကြွေးတင်ပြီး ဘဝပါပျက်သွားနိုင်တယ် … သူများမျက်ခုံးမွှေးပေါ် လမ်းလျှောက်တဲ့ ခေါင်းပုံဖြတ် စီးပွါးရေးစနစ်ကြီးကိုတော့ ဘယ်သောအခါမှ အားမပေးနိုင်ဘူးဆိုတာပဲ ပြောချင်တယ် ~~~

လင်းမခ

https://m.facebook.com/groups/521691951357295?view=permalink&id=723131417880013