Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, October 3, 2017

Aimstar license



ဗီယက်နမ်နိုင်ငံတွင် Aim Star ကုမ္ပဏီ၏ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခံရ
( ၂၀၁၆ ခုနစ် ၆ လပိုင်း ၂ ရက်နေ့ -
Vietnam Economic Times မှာ တင်ထားသော သတင်း )
=========================

ဒီသတင်းလေးကို သေချာဖတ်ကြည့်ပါ ။
ဒီနိုင်ငံမှာရော ဒီလို ဖြစ်လာနိုင်သလား စဉ်းစားပါ ။
အပေါ်က လက်ဖျားငွေသီးသွားပြီးသား
 MLM သမားတွေ အတွက် ပြောနေတာ မဟုတ်ပါဘူး ။
အောက်ခြေက အခုမှ မျှော်လင့်ချက်လေးတွေနဲ့ ဆုပ်လည်စူး စားလည်းရူးဖြစ်နေကြတဲ့
ရာထူးနိမ့် အသင်းဝင်လေးတွေ အတွက် သတိပေးနေတာပါ ။
( ခင်ဗျားတို့ အောက်ခြေအသင်းဝင်တွေကို သူတို့ ဘယ်လိုပြောထားလဲတော့မသိဘူး ။ )

မလုပ်ချင်ရင် ပိုက်ဆံပြန်ထုတ်ပေးမယ်လို့လည်း ပြောထားတယ်ဆိုတော့
မနစ်နာချင်ရင် စဉ်းစားလို့ ရအောင် တင်ပေးလိုက်တာပါ ။
( ဒီ သတင်းကို ပို့ပြီး ကူညီပေးတဲ့ အကို ကိုလည်း ကျေးဇူးတင်ပါတယ် ။ )

ကိုဇင်ဇေ
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
( https://www.facebook.com/groups/myanmarmlmtruth/ )

>>>>>

ဗီယက်နမ်နိုင်ငံတွင် Aim Star ကုမ္ပဏီ၏ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခံရ
Released at: 14:33, 02/06/2016

ဗီယက်နမ်နိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ဝန်ကြီးဌာနရှိ
Vietnam Competition Authority (VCA) မှ
Multi-level Marketing ကုမ္ပဏီတစ်ခုဖြစ်သော
Aim Star Network Limited Vietnam ၏
လုပ်ငန်းလိုင်စင်အား ပိတ်သိမ်းကြောင်း ကြေငြာခဲ့သည်။

ထို့အပြင် Aim Star အနေဖြင့် အေးဂျင့်များထံမှ ရယူထားသော
Deposit များကိုလည်း ပြန်လည်ပေးအပ် ရန် ညွှန်ကြားခဲ့သည်။

ယင်းကြေညာချက်ကို မေလ (၃၀) ရက်နေ့တင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး
ကြေညာချက်ထုတ်ပြန်သည့်နေ့မှ ရက် ပေါင်းသုံးဆယ်အတွင်း
Aim Star နှင့် ဆက်သွယ်လုပ်ကိုင်သူများအနေဖြင့်
Deposit များ ပြန်လည်ရယူရန် VCA သို့ အ ကြောင်းကြားခိုင်းထားသည်။

VCA ၏ အစောပိုင်းကာလ ထုတ်ပြန်ချက်များအရ
ယင်းကုမ္ပဏီ၏ Multi-level Marketing လုပ်ငန်းဖော်ဆောင်မှုများမှာ
မှတ်ပုံတင်ကိစ္စအဆင့်ဆင့်ကို ကျော်ဖြတ်ထားခြင်းမရှိကြောင်းနှင့်
ထိုကိစ္စများကို စိစစ်အ တည်ပြုကာ
ကိုင်တွယ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဟနွိုင်းတွင် MLM ကုမ္ပဏီ ဆယ့်တစ်ခုရှိနေပြီး
မှတ်ပုံတင် ထားခြင်းမရှိသော ကုမ္ပဏီ ရှစ်ခု
(Everrichs Global Co., Trade Merro JSC,
Focus Vietnam International Trade JSC,
Amkey Vietnam New Technology and International Trade,
Lotus Vietnam Trade Development JSC,
UNION Vietnam Investment and Development JSC,
BigForest Co., နှင့် KDM Vietnam JSC) ရှိသည်။

မှတ်ပုံ တင်ထားသော ကုမ္ပဏီများမှာ Blue Ocean Global Investment,
Thien Loc Phat International Trade နှင့် Investment,
and Thien Phuong Vietnam JSC တို့ ဖြစ်ကြသည်။

=================

မူရင်း သတင်း link >>>

http://vneconomictimes.com/article/business/thai-multi-level-marketer-loses-license

Vietnam Competition Authority announces revocation of license for Aim Star Network Limited Vietnam.
 ( by Hong Nhung - Hoang Bao )

The Vietnam Competition Authority (VCA) at the Ministry of Industry and Trade has announced the termination of the license of multi-level marketing company Aim Star Network Limited Vietnam.

VCA also proposed Aim Star Network Vietnam return all deposits to agents.

For 30 days from the date of the announcement (on May 30), persons who joined Aim Star Network Vietnam have the right to notify VCA in order that it ask the company to return deposits.

VCA earlier said that some enterprises conducting multi-level marketing in certain cities and provinces have not yet completed registration procedures, and these will be identified and dealt with.

Eight of eleven unlicensed multi-level marketing companies in Hanoi are in Cau Giay district: Everrichs Global Co., Trade Merro JSC, Focus Vietnam International Trade JSC, Amkey Vietnam New Technology and International Trade, Lotus Vietnam Trade Development JSC, UNION Vietnam Investment and Development JSC, BigForest Co., and KDM Vietnam JSC.

The three others are Blue Ocean Global Investment, Thien Loc Phat International Trade and Investment, and Thien Phuong Vietnam JSC.

===========

>>>

AimStar မှ ဖြိုးကိုကို ၏ ဖြေရှင်းချက် ။
ရုံးကို AimStar ဘက်က အရင် ပိတ်လိုက်တာ ဖြစ်ပြီး
မီဒီယာတွေက ဒါကို နားလည်မှုလွဲပြီး ရေးတယ်လို့ ပြောပါတယ် ။
ဟုတ်မဟုတ်ကတော့ ဗီယက်နမ် အာဏာပိုင်တွေနဲ့
သူတို့ ဘက်က ရာထူးကြီးပိုင်းတွေပဲ သိမှာပေါ့ဗျာ ။

>>>
https://m.facebook.com/groups/521691951357295?view=permalink&id=532538980272592