Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, October 31, 2017

ကြၽန္ေတာ္ကေတာ့ အိုင္ ဂလို bad လို႕ အသံထြက္တယ္




Unicode
 အခုနောက်ပိုင်း iglobad ( ကျွန်တော်ကတော့ အိုင် ဂလို bad လို့ အသံထွက်တယ်) လို ad ကို click လုပ်ပြီး ငွေရှာရတဲ ့ လုပ်ငန်း တွေမှာ ပိုက်ဆံထုတ်မရ ဖြစ်နေတာ ကြားမိတယ်။ အဲဒီ အထိ မအံ့ဩ မိဖူး။ အံ့ဩ မိတာက ထုတ်မရတဲ့ ပိုက်ဆံတွေက member ဝင်တွေရဲ့ "ကိုယ်ပိုင် ပိုက်ဆံ" ဖြစ်နေမှန်း သိလိုက်ရတာပဲ။ ကျွန်တော် မျက်စိ ပြူးသွားတယ်။ ad ကို member က click လုပ်ပေးမယ်၊ ကြော်ငြာ ရှင်(သို့) ကြော်ငြာ network ဆီက "အိုင် ဂလို bad" က ပိုက်ဆံရမယ် ။ အဲပိုက်ဆံကို click ပေးတဲ့ member နဲ့ iglobad တို့ ခွဲယူရမယ်။ အဲလို ဖြစ်ရမှာလေ။ member တွေက internet ဖိုးရယ် အချိန် ရယ်က လွဲလို့ ဘာဆုံးရှုံး မှုမှ မရှိသင့်ဖူးလေ။
iglobad အကြောင်း နည်းနည်း လိုက် ဖတ်ကြည့် တော့မှ iglobad က member တွေဆီက ပိုက်ဆံ အရင် တောင်းတယ်။ များများ ပိုက်ဆံထည့်ရင် ဝင်ငွေ လည်း ပိုများ မယ့် ပုံစံ ပေါ့ဗျာ။
အဲတော့ မှ သဘော ပေါက်လိုက်တယ်။ ad ကို click ရတယ် ဆိုတာ ဘာမှ မဟုတ်ဖူး။ member ဝင်တွေရေ ခင်များတို့ဖက်က တခုခု လုပ်ပေးလို့ ပိုက်ဆံ ပြန်ဝင်တယ် ဆိုတာမျိုး "အပြ" တခု ပဲ။ iglobad တကယ် လိုချင်တာက click မဟုတ်ဖူး။ member တွေဆီက " ငွေ" ပဲ။ ခင်များ တို့ကို ဒီလောက်ငွေ ထည့်၊ ဘာမှမလုပ်နဲု့၊ တစ်လ ဒီလောက် ပြန်ပေးမယ် ဆိုရင် "အလွတ်" ငွေချီးတာ ဖြစ်သွားပြီ။ အဲလို "အလွတ်" ငွေချီးတာကို လူများစု မလုပ်ဖူး။ အဲတော့ စိတ်လှည့်စား မှူအနေနဲ့ ad click တာတို့၊ share တာတို့၊ ad video ကြည့်ပေးရတာတို့၊ post တင်ပေးရတာတို့ အပိုတွေ လုပ်ခိုင်းတာပေါ့။
နောက်တစ်ခု ရှိသေးတယ်။ ad ကို click လို့ ပိုက်ဆံ ရတယ် ဆိုတာ မြန်မာ လိုနိုင်ငံ မှာမဖြစ်နိုင်ဖူးဗျ၊ ကြော်ငြာရှင် တွေက ငပိန်းတွေမဟုတ်ဖူး။ ad network တွေက click ရင် ဘယ်နိုင်ငံက click ရင်ဘယ်လောက် ဆိုပြီး ကြော်ငြာရှင် ဆီက ငွေတောင်းတာ။ မြန်မာပြည်လို conversion rate အရမ်းနည်းတဲ့ နိုင်ငံမှာ click တွေက တန်ဖိုးမဲ့တယ်။ ဒီကိစ္စ တွေသိပ် နားမလည်ရင် ဘဏ်မှာပဲ ပိုက်ဆံအပ် ကြပါဗျာ။ ကိုယ့်နိုင်ငံထဲ ပင်ပင်ပန်းပန်း ရှာရတဲ့ ကပိုက်ဆံ တွေ တခြား နိုင်ငံ လွယ်လွယ် ရောက်သွားတာ နိုင်ငံသားအားလုံး အတွက် ဆုံးရှုံးမှုပါ။ ငွေအရမ်းပေါလို့ ပိုက်ဆံတွေ ထားစရာ မရှိဖူး ရင်းနှီးမှကို ဖြစ်မယ်ဆိုရင်လည်း ဒီ group မှာ free အကြံဉာဏ် လာတောင်းပြီးမှ လုပ်ကြပါဗျာ။
------------------------------------------------------------------------------------
Zawgyi Version


အခုေနာက္ပိုင္း iglobad ( ကြၽန္ေတာ္ကေတာ့ အိုင္ ဂလို bad လို႕ အသံထြက္တယ္) လို ad ကို click လုပ္ျပီး ေငြရွာရတဲ ့ လုပ္ငန္း ေတြမွာ ပိုက္ဆံထုတ္မရ ျဖစ္ေနတာ ၾကားမိတယ္။ အဲဒီ အထိ မအံ့ဩ မိဖူး။ အံ့ဩ မိတာက ထုတ္မရတဲ့ ပိုက္ဆံေတြက member ဝင္ေတြရဲ႕ "ကိုယ္ပိုင္ ပိုက္ဆံ" ျဖစ္ေနမွန္း သိလိုက္ရတာပဲ။ ကြၽန္ေတာ္ မ်က္စိ ျပဴးသြားတယ္။ ad ကို member က click လုပ္ေပးမယ္၊ ေၾကာ္ျငာ ရွင္(သို႕) ေၾကာ္ျငာ network ဆီက "အိုင္ ဂလို bad" က ပိုက္ဆံရမယ္ ။ အဲပိုက္ဆံကို click ေပးတဲ့ member နဲ႕ iglobad တို႕ ခြဲယူရမယ္။ အဲလို ျဖစ္ရမွာေလ။ member ေတြက internet ဖိုးရယ္ အခ်ိန္ ရယ္က လြဲလို႕ ဘာဆုံးရွုံး မႈမွ မရွိသင့္ဖူးေလ။
iglobad အေၾကာင္း နည္းနည္း လိုက္ ဖတ္ၾကည့္ ေတာ့မွ iglobad က member ေတြဆီက ပိုက္ဆံ အရင္ ေတာင္းတယ္။ မ်ားမ်ား ပိုက္ဆံထည္႔ရင္ ဝင္ေငြ လည္း ပိုမ်ား မယ့္ ပုံစံ ေပါ့ဗ်ာ။
အဲေတာ့ မွ သေဘာ ေပါက္လိုက္တယ္။ ad ကို click ရတယ္ ဆိုတာ ဘာမွ မဟုတ္ဖူး။ member ဝင္ေတြေရ ခင္မ်ားတို႕ဖက္က တခုခု လုပ္ေပးလို႕ ပိုက္ဆံ ျပန္ဝင္တယ္ ဆိုတာမ်ိဳး "အျပ" တခု ပဲ။ iglobad တကယ္ လိုခ်င္တာက click မဟုတ္ဖူး။ member ေတြဆီက " ေငြ" ပဲ။ ခင္မ်ား တို႕ကို ဒီေလာက္ေငြ ထည့္၊ ဘာမွမလုပ္နဲု႕၊ တစ္လ ဒီေလာက္ ျပန္ေပးမယ္ ဆိုရင္ "အလြတ္" ေငြခ်ီးတာ ျဖစ္သြားျပီ။ အဲလို "အလြတ္" ေငြခ်ီးတာကို လူမ်ားစု မလုပ္ဖူး။ အဲေတာ့ စိတ္လွည္႔စား မႉအေနနဲ႕ ad click တာတို႕၊ share တာတို႕၊ ad video ၾကည့္ေပးရတာတို႕၊ post တင္ေပးရတာတို႕ အပိုေတြ လုပ္ခိုင္းတာေပါ့။
ေနာက္တစ္ခု ရွိေသးတယ္။ ad ကို click လို႕ ပိုက္ဆံ ရတယ္ ဆိုတာ ျမန္မာ လိုႏိုင္ငံ မွာမျဖစ္ႏိုင္ဖူးဗ်၊ ေၾကာ္ျငာရွင္ ေတြက ငပိန္းေတြမဟုတ္ဖူး။ ad network ေတြက click ရင္ ဘယ္ႏိုင္ငံက click ရင္ဘယ္ေလာက္ ဆိုျပီး ေၾကာ္ျငာရွင္ ဆီက ေငြေတာင္းတာ။ ျမန္မာျပည္လို conversion rate အရမ္းနည္းတဲ့ ႏိုင္ငံမွာ click ေတြက တန္ဖိုးမဲ့တယ္။ ဒီကိစၥ ေတြသိပ္ နားမလည္ရင္ ဘဏ္မွာပဲ ပိုက္ဆံအပ္ ၾကပါဗ်ာ။ ကိုယ့္ႏိုင္ငံထဲ ပင္ပင္ပန္းပန္း ရွာရတဲ့ ကပိုက္ဆံ ေတြ တျခား ႏိုင္ငံ လြယ္လြယ္ ေရာက္သြားတာ ႏိုင္ငံသားအားလုံး အတြက္ ဆုံးရွုံးမႈပါ။ ေငြအရမ္းေပါလို႕ ပိုက္ဆံေတြ ထားစရာ မရွိဖူး ရင္းႏွီးမွကို ျဖစ္မယ္ဆိုရင္လည္း ဒီ group မွာ free အၾကံဉာဏ္ လာေတာင္းျပီးမွ လုပ္ၾကပါဗ်ာ။


 https://www.facebook.com/pages/Yangon/103729219665367?ref=gs&fref=gs&hc_location=group