Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, October 3, 2017

Belair



Belair ဆိုတဲ့ MLM company တစ်ခုက 2006 လောက်တုန်းကလာဆွယ်သေးတယ်။ အနုပညာရှင်တွေပါ,ပါတာနော်...အဲ့ဒီတုန်းက။ ကိုယ့်ကိုလာဆွယ်တာလဲ အနုပညာလောကထဲကလူပဲ။ နာမည်တော့မပြောတော့ဘူး။ လေသန့်ပစ္စည်းတွေရောင်းတာနော်။.စစချင်မန်ဘာဖြစ်အောင်ထည့်ရမယ့်ကြေးက.သိန်း ၁၀၀။ သိန်း ၁၀၀ ထဲ့ပြီးရင် သူတို့ကလေသန့် ဖန်ပုလင်းလေးတွေ၊ မီးစာကျောက်တုံးလေးတွေကို တန်ဖိုးနဲ့အညီပြန်ပေးမှာတဲ့... တကယ်တော့ ပြန်ပေးတဲ့ပစ္စည်းစုစုပေါင်းမှ ၅ မျိုး ၊ ၆ မျိုးထက်မပိုဘူး။ အဲ့တုန်းက meeting ကို Summit Park View မှာလုပ်တော့ ကိုယ်တောင်ယောင်လည်လည်နဲ့ သွားနားထောင်လိုက်သေးတယ်။ တရုတ်လိုတွေအော်...စင်ပေါ်ပြေးတက်...ပြေးဆင်း...လက်ခုပ်တွေတီးနဲ့... သူ့လူနဲ့သူတော့ အရူးဘုံမြှောက်လုပ်နေတာ အဟုတ်ပဲ။ ခုနက ကိုယ့်ကိုလာဆွယ်တဲ့ အနုပညာရှင်တွေပါပါတယ်... အဲ့လိုလိုက်အော်တဲ့ထဲမှာ 😄။ Projector နဲ့ပြသွားတဲ့စက်ရုံကြီးကလဲ Pentagon လောက်နီးနီးရှိတယ် 😄😄😄 လုပ်သားပေါင်းက ဘယ်နှစ်ယောက်...နိုင်ငံပေါင်းဘယ်နှစ်နိုင်ငံကိုဖြန့်တာအောင်မြင်နေပြီ... စင်ကာပူမှာ ဒီလုပ်ငန်းကြောင့် billionaires တွေဘယ်နှစ်ယောက်.... ယိုးဒယားမှာ ဘယ်နှစ်ယောက်...ဟော! အခုမြန်မာပြည်မှာ ရှေးအထုံပါရမီကောင်းလို့ သူတို့နဲ့တွေ့ခွင့်ရတယ်ဆိုတဲ့သဘောမျိုးတွေပြောသွားတာရယ်...မြိန်ရည်ရှက်ရည်... 😄😄😄 မြန်မာကလူတွေကြိုးစားရင် Multi Trillionaires တွေတောင်ဖြစ်နိုင်သေးတယ်ဆိုတော့...ကိုယ့်မှာတော့ ငွေတွေဘဏ်မှာအပ်ရင်တောင်ဆံ့ပါ့မလားပေါ့ ...စိတ်ကူးယဉ်တာဆိုတာ။

ပြောတဲ့စကားတွေကတော့ အလန်းဗျ။
သူတို့ Belair က Aeroma Therapy ကုထုံးဖြစ်ကြောင်း... လေသန့်စင်တဲ့စနစ်မို့ လူတွေဝေဖန်တဲ့အခါ ရေသန့်ဘူးတွေစပြီးပေါ်လာတုန်းကလဲ အကောင်းမမြင်တဲ့သူတွေက ဝေဖန်ခဲ့ပေမယ့် အခုလူတိုင်းရေသန့်ဆိုတာ မဖြစ်မနေသောက်နေရပြီဖြစ်ကြောင်း...။ ကိုယ့်ဆီမှာရလာတဲ့ Opportunity တစ်ခုကို ငြင်းရင်ကိုယ့်လောက်မိုက်တဲ့လူရှိမှမဟုတ်ကြောင်း...နောင်တချိန်လုပ်ငန်းအောင်မြင်သွားမှ member ဝင်မယ်ဆိုခက်ခဲမှာမို့ အခုထဲကဝင်သင့်ကြောင်း... လောကမှာ အခွင့်အရေးကို ရပါရက်နဲ့မယူတတ်ရင် Africa ကို ဖိနပ်သွားရောင်းတဲ့ ညီကိုနှစ်ယောက်ပုံပြင်လိုဖြစ်မဲ့အကြောင်း... အစ်ကိုက ဖိနပ်ရောင်းဖို့လာတာ African တွေက ဖိနပ်စီးတာမတွေ့တော့ စိတ်ပျက်ပြီး Africa မှာ ဖိနပ်ရောင်းဖို့ မဖြစ်နိုင်ဘူးဆိုပြီး လက်လျှော့ကာပြန်သွားကြောင်း...ညီဖြစ်သူကတော့ ကုမ္ပဏီက အဖေ့ဆီကို အားရဝမ်းသာနဲ့ဖုန်းဆက်ပြီး Africa ကလူတွေကို ဖိနပ်စီးတတ်အောင် သင်ပေးလိုက်ရင် Africa ဈေးကွက်ကြီးကို ပိုင်ဆိုင်ပြီဖြစ်ကြောင်း... အခွင့်အလမ်းရတာခြင်းတူပေမယ့် ယူတတ်သူကသာ ရကြောင်း...စသည်...စသည်ဖြင့်တွေနဲ့ဆွယ်တော့တာပဲ။

ယုတ္တိမရှိတာက သိန်း (100) အရင်သွင်းပြီးသွားမှ Member တွေသီးသန့်တက်ရတဲ့ Party ရှိတယ်။ အဲ့ဒီကျမှ သူတို့ရဲ့ အလုပ်သဘောတွေ၊ စည်းကမ်းချက်တွေကို သေချာပြောပြမယ်ပေါ့။ အခု MLM တွေလိုပဲ သိန်း ၁၀၀ နဲ့ညီမျှတဲ့ပစ္စည်းတွေပေးပြီးသားဖြစ်တဲ့အတွက် ဆက်ရှာလို့ရမှာသည် ကိုယ့်အမြတ်တဲ့ 😄 ။ ကိုယ်ကအလုပ်လုပ်ချင်တာလေ... သူတို့ပစ္စည်းတွေကို သိန်း ၁၀၀ ပေးဝယ်ချင်တာမဟုတ်တာရယ်... သိန်း ၁၀၀ ပေးလိုက်ရင်တောင် ဘာမှမယ်မယ်ရရ သိခွင့်မရသေးတာရယ်... တရုတ်သီချင်းတွေအော်ဆိုပြီးလက်ခုပ်တွေတီး ခုံပေါက်နေတာတွေရယ်ကိုကြည့်ပြီး စိတ်အချဉ်ပေါက်တာနဲ့ မလုပ်ဖြစ်လိုက်တာအရမ်းမှန်သွားတယ်။ ကြုံခဲ့ဆုံခဲ့ရတဲ့ Belair အကြောင်းပေါ့...အဲ့ဒီလာဆွယ်တဲ့သူတွေအခုချိန်ထိအနုပညာလောကထဲမှာရှိနေသေးတယ် 😄။
https://m.facebook.com/groups/521691951357295?view=permalink&id=722995057893649