Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, October 2, 2017

ကတိမတည်ပါလား မကြီးရယ်



DVB - MLM Debate
( 23 September 2017 ) မှာ တုန်းက
သိန်း ၇၀၀ ဝင်တဲ့ အမကြီးက
အောက်ဆုံးလူတွေ အဆင့်ထိ
အဆင်ပြေမပြေ ချပြမယ်လို့ ပြောတာက
ကျွန်တော်တို့ AntiMLM သမားတွေက
Structure မစစ်တတ်ဘူး ထင်လို့များ
ပြောချလိုက်တာလားဟင် 😁

ခုတော့ နောင်ဝင်လာမယ့် လူသစ်တွေ
စိတ်ဓာတ်ကျမှာစိုးလို့ ပြတော့ဝူးလားဟင် 😂😂😂

Debate ပြီးတော့
SuccessMore က လူတွေကို ဝါဒဖြန့်ဖို့
ဘယ်ကမှန်း မသိတဲ့ ဘက်မလိုက် CIA ဆိုပြီး
လျှောက်တင်နေတဲ့ စာတွေကို
Share နေကြတယ် ဆိုတာ ရော ဟုတ်လားဟင်
🙄🙄🙄

DVB Debate Post အောက်မှာ
အချက် ၆ ချက်ပါအောင် သွားမန့်ကြပါ
SuccessMore လုပ်ရတာ
ဝင်ငွေရတယ် / ကျေနပ်တယ် ဆိုတာ ပါအောင် ရေးပါ ဆိုပြီး
Viber Group တွေကနေ
လိုက်ပြောပြီး အုံနဲ့ ကျင်းနဲ့ Comments တွေ လာပေးပြီး
အများပြည်သူကို ထင်ယောင်ထင်မှား ဖြစ်အောင်
ထပ်လုပ်ကြသေးတယ် ဆိုတာရော ဟုတ်လားဟင် 😪
( အဲ့ ဝင်ငွေရနေပါတယ် ဆိုတဲ့ လူတွေရဲ့
အောက်ဆုံး အဆင့်ထိ အဆင်ပြေမပြေ ပြပါဆိုရင်
ဆရာကောင်း တပည့်တွေက
အမျိုးမျိုး ပတ်ရှောင်ကြပြန်တယ်လေ 😤 )

အမကြီးက ကိုလတ်တို့လို ထိပ်ပိုင်းတွေနဲ့
Structure အရ မလှမ်းမကမ်းမှာ ရှိနေတယ် ဆိုတာရော
ဟုတ်လားဟင် 🙄

အခုတော့ သတင်းစာ ရှင်းလင်းပွဲ ကို
ကိုယ့်လူ အများစုနဲ့ ထပ်လုပ်တာတောင်
ချပြလို့ အဆင်မပြေပါဘူး လို့
ပတ်ပြောသွားတယ်ဆိုတာရော ဟုတ်လားဟင် ?
( တာဝန်ရှိ လူကြီးမင်းတွေ ရှေ့ကျမှ
ပြမယ်ဆိုလား ဘာလား ?
အဲ့ဒါဆို Debate တုန်းက
ဘယ်အချိန် ဘယ်နေရာမှာ ပြပေးရမလဲ ?
ပြပေးနိုင်ပါတယ် ဆိုတာက
ဘယ်သူ့ ပါးစပ်ကြီးက ပြောသွားတာလဲ ဟင် 😪 )

၂၀၁၆-၂၀၁၇ ကာလ အခွန်ဆောင်တာကိုပဲ
ထည့်ပြောရတာက
ရှေ့နှစ်တွေတုန်းက
ရောင်းအား သိပ်မကောင်းသေးလို့ပါလို့
သတင်းစာ ရှင်းလင်းပွဲမှာ
ပြောသွားတယ် ဆိုတာရော ဟုတ်လားဟင်
😂😂😂

ရှေ့နှစ်တွေမှာ ကတည်းက မကျော့က
သိန်း ၂၀၀ လောက်ရနေပြီ ဆိုပြီး ပြောထားတဲ့
သက်သေတွေလည်း ရှိနေတော့
ရောင်းအားမကောင်းသေးပဲ ဘယ်က ရနေတာလဲ ဟင်
🙄🙄

SuccessMore Company က
၂၀၁၄ လောက်ကတည်းက
ရောက်ပြီး အတော် လှုပ်ရှားနေကြပြီ ။
( ၂၀၁၃ မေလမှာ ထိုင်းမှာ စ ဖွင့်ပြီး
၂၀၁၃ ဒီဇင်ဘာမှာ မြန်မာရုံးခွဲ စဖွင့်တယ် )
ဆိုတာရော ဟုတ်လားဟင် ???
🙄
အရင် လုပ်ခဲ့တဲ့ MLM Companies တွေ တုန်းက
ယိုးဒယား ခေါင်းဆောင် နဲ့ပဲ
ပြန် တွဲလုပ်ကြတယ် ဆိုတာရော ဟုတ်လားဟင် ???

အရင် ကိုလတ်တို့ မနန်းတို့ လုပ်ခဲ့တဲ့
Agel နဲ့ S-natur တို့မှာလည်း
Company ပါ ဖျက်လိုက်ရတဲ့ အခါ
နစ်နာသူပေါင်းများစွာ မရှိခဲ့ဘူးလားဟင် 😪😪😪
(  Agel လုပ်ခဲ့တဲ့ အောက်လူတွေကို
S-natur ကို ရသလောက် ဆွဲထည့်ပြီးမှ
S-natur ပါ ရပ်သွားတော့
သူတို့ ပို မနစ်နာခဲ့ကြဘူးလားဟင် 😪😪😪 )

လက်လီရောင်းအား ၅၀% ကျော်တယ်ဆိုတာကလည်း
သက်သေမပြနိုင်ပဲ
စကား အဖြစ် ပြောလိုက်မိတာ ဆိုတာရော
ဟုတ်လားဟင် 🙄
ကျွန်တော့်မှာတော့ အထင်ကြီးလိုက်ရတာ ။
Herbalife ကိုတောင် မှီတော့မယ် ဆိုပြီးတော့ 😪

မသိလို့ / မသေချာလို့ မေးတာပါ ။
ပြန်ဖြေနိုင်မှ ဖြေရဲမှ ဖြေပါ ။
ဖြေမှာလားဟင် 😪😪😪

အိုး 🎶🎵🎶 ဝို 🎶
ဒီ က စောင့် 🎵🎵 နေ 🎶🎶 သူ 🎶🎶🎶🎶

#mlm #antimlm #shame #debate #successmore
( ငြင်းရင် သက်သေတွေ ထပ် တင်ပေးမယ်နော် )

Debate တိုက်ရိုက်လွှင့်ခြင်း အစအဆုံး
>>>
https://www.facebook.com/groups/myanmarmlmtruth/permalink/707683766091445/
https://m.facebook.com/story.php?story_fbid=1857731640922711&id=100000576790914