Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, October 26, 2017

ကျွန်မ အဖေက အဆုတ်ကင်ဆာဖစ်နေလို့် ယိုးဒယားမှာ ကုနေ၇တာ ၂နှစ်ရှိပါပီ




ကျွန်မ အဖေက အဆုတ်ကင်ဆာဖစ်နေလို့် ယိုးဒယားမှာ ကုနေ၇တာ ၂နှစ်ရှိပါပီ အ၇င်က ကင်ဆာသောက်ဆေးပါ။ အခု သောက်ဆေးနဲ မထိန်းချုပ်နိုင်လို့ ကီမိုစသွင်းနေ၇ပါပြီ။ ညီမ၀မ်းကွဲတယောက်က အောက်ကဆေး ကောင်းကြောင်း ၅ဘူးဆို ဆီးချိုသွေးချို အမြစ်ပြတ်ကြောင်း ကင်ဆာသမားဆို ဖလန်းဖလန်းနဲ အလုပ်လုပ် လျောက်သွားနိုင်ကြောင်းဒေပြောပြပါတယ်။ ညီမ၀မ်းကွဲကလည်း ခုမှ အာ့ဆေးကို စသိခါစပါ။ သူကို အာ့ဆေးအကြောင်း ပြောပြသူက အ၇င်က SSMနဲ အကြီးအကျယ် ထောသွားပီး ခေတ်မကောင်းလို့ နောက်ပိုင်းSSMကိုလည်း မလုပ်တော့ပဲ အောက်ကဆေးကိုထပ်လုပ်လာတာပါ။ ကျွန်မက MLMလားမေးတော့ မဟုတ်ပါပု အတင်းငြင်းတယ်။ ဒါပေမယ့် လေ့လာစုံစမ်း၇သလောက်ကတော့ MLMပါပဲ နားလှည့်ပါးရိုက်နေတာလို့ မြင်ပါတယ်။ ဒီထဲက အကိုတို့ အမတို့ အမြင်လေးပြောပြပါ။ ကျွန်မအဖေကိုတိုက်ဖို့ လုံးဝငြင်းဆန်ထားပါတယ်။ ခုအာ့ဆေးက တောနယ်ဖက်က အသိမကြွယ်သူဒေဆီ တော်၂ပျံနေပြီး လုပ်တဲ့သူဒေလည်း တော်၂ထောနေပါတယ်။ ကျွန်မကတော့ အယုံအကြည် လုံးဝ(လုံးဝ)မရှိပါ။

https://web.facebook.com/groups/myanmarmlmtruth/permalink/733371576855997/?comment_id=738211096372045&comment_tracking=%7B%22tn%22%3A%22R0%22%7D