Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, October 26, 2017

လူကြီးတွေနဲ့ စကားပြောရင် တိုင်ပတ်တာ တစ်ခုရှိတယ် ။


လူကြီးတွေနဲ့ စကားပြောရင် တိုင်ပတ်တာ တစ်ခုရှိတယ် ။
" MLM ကို လိုရင်းတိုရှင်းလေး ရှင်းပြပါ " ဆိုတာပဲ ။
ကျွန်တော့် အမြင်မှာ
MLM ကိစ္စ က တကယ့် သပွတ်အူလေ !
MLM / Network Marketing ဆိုတာ ဘာလဲ ဆိုတာ ကို
၁။ MLM သမားတွေရဲ့ အမြင်
၂။ Anti-MLM တွေရဲ့ အမြင်
၃။ ကြားလူတွေ သိထားတဲ့ အမြင် မတူကြဘူး ။
ဒါပေမယ့် ဒါတွေ ကို စုံအောင် ပြောမှ မျှတရာ ကျမှာလေ ။
MLM /Network Marketing ကြောင့် နစ်နာမှုတွေ ဖြစ်တယ်ဆိုတဲ့ အခါမှာလည်း
၁။ MLM အမည်ခံပြီး MLM ရဲ့ အခြေခံ သဘောကိုတောင် မလိုက်နာ မရှင်းပြပဲ
တမင် ရည်ရွယ်ချက်ရှိရှိ ငွေလိမ်မှုတွေ ( ရွာတွေ ဘက်မှာ အဖြစ်များတယ် )
၂။ MLM သဘောကို ထိမ်ချိန် ပြောပြပြီး
လောဘဇောတက်လာအောင် လုပ် ၊
ငွေအများကြီးရင်းပြီး ရာထူးရိုက်ခိုင်းတာမျိုးတွေ
( နယ်မြို့တွေ နဲ့ MLM industry ထဲကို ရုတ်တရက် ကျွံဝင်လာတဲ့ လူလတ်တန်းစားတွေမှာ အဖြစ်များတယ် )
၃။ MLM နဲ့ ပတ်သက်လို့ သိသင့်သိထိုက်တာ တတ်သင့်တတ်ထိုက်တာတွေ
သေချာမသင်ပေးလို့ ဘာမှ မလုပ်တတ်ပဲ ဆုံးရှုံးသွားရတာတွေ
( MLM သမားတစ်ယောက် က အနည်းဆုံး လူခေါ်တာ ၊ ထုတ်ကုန်ရောင်းတာ ၊
လူဆွယ်တာ ၊ ပြန်သင်ပေးတာတွေ တော့ သိထားတတ်ထားမှရမယ် ။ )
၎။ MLM ကို သေချာသိပြီး စနစ်တကျ လုပ်ပေမယ့်
MLM စနစ်ရဲ့ နဂို အားနည်းချက်တွေကြောင့် ဖြစ်ရတဲ့ နစ်နာမှုတွေ
( ဒါမျိုးက Network Structure အပေါ်ကလူတွေ ၊ စောစောစီးစီး လူများများ ရထားပြီးသား လူတွေက မခံရဘူး ။
အောက်လူတွေ ၊ ကိုယ့်အောက်မှာ လူနည်းနည်းလောက်ပဲ ရှိတဲ့လူတွေ ခံရတာ ။
ဈေးကွက်ပြည့်တဲ့ အချိန် ၊ ပြိုင်ဘက်မွေးတာ များသွားတဲ့ အချိန် ၊
လုပ်ငန်းစရိတ်က ဝင်ငွေထက် အများကြီး ပိုနေတဲ့အခါ မျိုးတွေပေါ့ ။ )
<<< စတာတွေကို ခွဲထုတ်ပြီး သေချာ ပြောနိုင်မှ အဆင်ပြေတယ် ။
ပြီးတော့
၁။ ငွေကြေး အရ နစ်နာမှု
၂။ ကျန်းမာရေး အရ နစ်နာမှု
၃။ အချိန် နဲ့ ပညာရေး အရ နစ်နာမှု
၎။ Opportunity Cost = MLM လုပ်မယ့် အစား တခြားဟာ လုပ်လိုက်ရင် ရလာမယ့် အကျိုးခံစားခွင့်တွေ ဆုံးရှုံးတာ
၅။ လူမှုရေး နဲ့ သိက္ခာ အရ နစ်နာမှု ဆိုပြီး လည်း ခွဲပြီး ပြောလို့ ရသေးတယ် ။
- တစ်ဦးချင်း ၊ လူ တစ်စုချင်းက နေ တစ်နိုင်ငံလုံးစာ နစ်နာမှုတွေလည်း ရှိသေးတယ် ။
ဒါတွေကို ဘယ်လိုလို့ အချိန်တို အတွင်းမှာ လိုတိုရှင်းလေး ရှင်းပြလို့ ရမှာလဲ ?
လိုတိုရှင်း ပြောလိုက်ရင် စကားစတွေ အများကြီး ကျန်သွားပြီး
တစ်ဖက်ဖက်က ပြန်ထောက်မယ်ဆိုရင် ထောက်စရာတွေ ရှိနေမှာကိုး ။
MLM /Network Marketing နဲ့ ပတ်သက်ရင် လူကြီးတွေ ၊
Policy Makers တွေဘက်က စိတ်ရှည်ရှည်နဲ့ သေသေချာချာ အချိန်ပေး လေ့လာစဉ်းစားစေချင်တယ် ။
ဒီကိစ္စ က ပေါ့သေးသေး မဟုတ်ပဲ
အမေရိကန်လို နိုင်ငံမျိုးမှာတောင် FTC ( Federal Trade Commission ) ကနေ
MLM Companies တွေကို တစ်ခုပြီး တစ်ခု
တောက်လျှောက် တရားစွဲ စစ်ဆေး အရေးယူနေရတာ ကို သတိထားစေချင်တယ် ။
" MLM ကို လိုရင်းတိုရှင်းလေး ရှင်းပြပါ " ဆိုရင်
လူနည်းစုကောင်းကျိုး ရဖို့ လူများစု နစ်နာမှုတွေ ဖြစ်ပေါ်နေရတဲ့
ဆင့်ပွါး ဈေးကွက် ထိုးဖောက်ခြင်း စနစ်လို့ပဲ ပြောရမယ် ထင်တယ် ။
စာကြွင်း ။
တခြား စနစ်တွေမှာလည်း လူနည်းစုပဲ အောင်မြင်တာမလားလို့
စကားကပ်ပြောတတ်တဲ့လူတွေကို ဒီ တစ်ခု တော့ စဉ်းစားစေချင်တယ် ။
တခြား စနစ်တွေမှာလည်း လူနည်းစုပဲ အောင်မြင်တာမျိုးလည်း ရှိပေမယ့်
ဒီ လူနည်းစု အောင်မြင်ဖို့ အတွက် လူများစုက နစ်နာဆုံးရှုံးမှု ဖြစ်စရာ မလိုဘူးလေ ။
သူ့ အတိုင်းအတာနဲ့ သူ ထိုက်သင့်တဲ့ အကျိုးခံစားခွင့် ကိုယ်စီ ပြန်ရတတ်ကြတာကိုး ။
MLM မှာတော့ လူများစုက နစ်နာဆုံးရှုံးမှု ဖြစ်နေရတယ် ။
လောင်းကစား လိုပေါ့ဗျာ ။
ဒီတော့ စဉ်းစားပေါ့ ။
လေးစားလျက်
ကိုဇင်ဇေ
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ