Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, October 26, 2017

စိတ်ချရ​တဲ့ ရှယ်​ရာ တစ်​ခု ​ခေါ်ပါရ​စေ။



စိတ်ချရ​တဲ့ ရှယ်​ရာ တစ်​ခု ​ခေါ်ပါရ​စေ။
အနည်းဆုံး ​ငွေကျပ်​ ငါး​ထောင်​(၅၀၀၀)မှ စတင်​ထည့်​သွင်းနိုင်​ပြီး အများဆုံးကို ကန့်​သတ်​ထားတဲ့အတွက်
ထည့်​ချင်​တိုင်း ထည့်​ခွင့်​မ​ပေးပါ။
(​လေးစားလို့ လှူဒါန်းမယ်​ဆို လက်​ခံ​ပေးပါမယ်​။)

📷 အချို့​သော အခြားအစုစပ်​​တွေနဲ့မတူတာက​တော့
လုပ်​ငန်းလည်​ပတ်​စီးဆင်းပုံကိုလည်း စာရင်းနဲ့တကွ
အမြဲရှင်းလင်း​ပေးပို့မှာ ဖြစ်​ပါတယ်​။
📷ရိုက်​ကူး​ရေးproduction လုပ်​ငန်းကြီးတစ်​ခု
လုပ်​ဖို့ပါ။ ကျွန်​​တော်​ဒီအလုပ်​ လုပ်​လာတာ ၁၀စုနှစ်​ တစ်​ခုနီးပါးရှိပါပြီ။ အခြားအစုစပ်​သမား​တွေ အလုပ်​ဖြစ်​​နေတာမြင်​​တော့ အားကျလို့ပါ။
📷 မိတ်​​ဆွေအ​နေနဲ့ အထူးသတိထားရမှာက​တော့
ဒါ​ငွေတိုး ယူတာမဟုတ်​တဲ့အတွက်​ အမြတ်​​ငွေရာခိုင်​နှုန်း % လစဉ်​ ပုံ​သေရမှာမဟုတ်​ပါဘူး။
အာမခံနိုင်​တာတစ်​ခုက​တော့ အရင်းပါ ကုန်​သွားနိုင်​ပါတယ်​။ (ဒီ​တော့ နိုင်​သ​လောက်​ပဲ ထည့်​ပါ။ ဒါ​ကြောင့်​ ငါး​ထောင်​က စ​ခေါ်ထားတာ။)
📷 ​ထည့်​ဝင်​​ငွေပြန်​ထုတ်​တာကိုလည်း တစ်​လကြိုတင်​ အသိ​ပေးရမှာဖြစ်​ပြီး နှစ်​စဉ်​ စက်​တင်​ဘာလမှာမှ ပြန်​ထုတ်​​ပေးမှာဖြစ်​ပါတယ်​။ (ဒါ​တောင်​ အဲ့ဒီ​နေရာမှာ အစားဝင်​ထည့်​လာမယ့်​ ပမာဏရရှိမှ ထုတ်​​ပေးမှာပါ။)
📷 အမြတ်​​ငွေမရခင်​ စပ်​ကြား ဆုံးရှုံးမှု​တွေရှိလာရင်
ငွေရင်းထိခိုက်​ခဲ့မယ်​ဆိုရင်​ ရှယ်​ရာရှင်​​တွေက ထပ်​မံ ဖြည့်​စွက်​​ပေးရပါမယ်​။ (စာရင်းရှင်းတမ်းကို ပွင့်​လင်းမြင်​သာစွာ ချပြထားမှာမို့ ကိုယ်​တိုင်​ တွက်​ချက်​ကြည့်​နိုင်​ပါတယ်​။)
📷 သတ်​မှတ်​ထားတဲ့ ရှယ်​ရာ ပြည့်​ပြီဆိုတာနဲ့ ကင်​မရာပစ္စည်းဝယ်​တာ​တွေ ရုံးခန်း၊studioငှါးတာ​တွေ ကွန်​ပျူတာဆင်​တာ ဝန်​ထမ်းခန့်​အပ်​တာ စတာ​တွေ ချက်​ချင်း အ​ကောင်​အထည်​​ဖော်​မှာပါ။
(အဲ့ဒီ နှုန်းထား​တွေ ​ဈေး​တွေကိုလည်း ချပြမှာပါ။)
📷 စီမံကိန်းအ​ကောင်​အထည်​​ဖော်​ဖို့ အချို့ဝန်​ထမ်းများကို​တော့ ယခုကတည်းက ခန့်​အပ်​ထားရပါတယ်​။
(သူတို့ရဲ့လစာ​တွေကို​တော့ ရှယ်​ရာ​တွေ ရတာနဲ့ အဲ့ထဲက ​ပေး​ချေသွားမှာပါ။)
👪 ခန့်​အပ်​ထား​သော ဝန်​ထမ်းများ 👪
ဒါရိုက်​တာ (၁ဦး) လစာ-သိန်းနှစ်​ဆယ်​ (ကျွနု​ပ်​)
အတွင်း​ရေးမှူး (၁ဦး) လစာ- ၁၀သိန်း (ကျွနု​ပ်​မိန်းမ)
ဥပ​ဒေအကြံ​ပေး (၁ဦး) လစာ-၁၀သိန်း (ကျွနု​ပ်​ဦး​လေး)
ဈေးကွက်​မန်​​နေဂျာ (၁ဦး) လစာ-၁၂သိန်း (ကျွန်ုပ်​အမ)
စာရင်းအင်းအရာရှိ (၁ဦး) လစာ-၈သိနိး (ကျွန်ုပ်​ခယ်​မ)
ရုံးအကူဝန်​ထမ်း (၁ဦး) လစာ-၃သိန်း (ကျွန်ုပ်​ညီ)
ဝန်​ထမ်းများကို ​နေစရာ ကွန်​ဒိုငှါး​ပေးဖို့ အစီအစဉ်​လည်း ရှိပါတယ်​။ ငှါးမ​ပေးနိုင်​ခင်​ ရုံးခန်းမှာပဲ ​နေကြပါမယ်​။
ရှေ့​နေငှါးထားပြီး ဖြစ်​တဲ့အတွက်​ ရိုင်းစိုင်းစွာ comment​ပေးသူများကို တရားဥပ​ဒေအရ
ဖြေရှင်းမှာ ဖြစ်​ပါတယ်​။
သတိပြုဆင်​ခြင်​ကြပါရန်​။

 https://web.facebook.com/groups/myanmarmlmtruth/permalink/737843903075431/