Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, October 26, 2017

ဘယ်သူ့ဆီ ငွေရင်း ထည့်ထားရမလဲ ???


မေး ။
ဘယ်သူ့ဆီ ငွေရင်း ထည့်ထားရမလဲ ???
ဖြေ။
ဒီလောက် စီးပွားရေး လုပ်ရကိုင်ရ ကျပ်နေတာ
ဘယ်သူ့ဆီမှ မထည့်နဲ့ ။ 😂

ကိုယ်တိုင် / စုပေါင်း ပြီး စီးပွားရေး မလုပ်နိုင်လို့
ငွေရင်းထည့်မယ် ဆိုလည်း
ငွေ လက်ခံမယ့်လူက
၁။ ခိုင်မာတဲ့ လုပ်ငန်းလည်ပတ်ပုံ
၂။ လက်ခံ ငွေရင်း စုစုပေါင်း
၃။ အရှုံးအမြတ် / လည်ပတ်ငွေစာရင်း
တွေကို သေချာ ပြနိုင် / စစ်ဆေးခံနိုင်မှပဲ အဆင်ပြေမယ်
( သူပေးမယ်ဆိုတဲ့ အတိုးနှုန်းကို
တကယ် ပေးနိုင် မပေးနိုင် အဲ့ဒါတွေ သိရမှ
ချင့်ချိန်လို့ ရမှာကိုး ။
ဒါတောင်မှ လုပ်ငန်းနယ်ပယ်အလိုက်
ဈေးကွက် အနေအထား ဆိုတာ
အမျိုးမျိုး ပြောင်းသွားနိုင်သေးတာ )
အခု ငွေရင်းထည့်ဖို့ ခေါ်တဲ့လူများစု လုပ်နေပုံက
၁။ ရှယ်ယာခေါ်တာ
၂။ အစုစပ်ခေါ်တာတွေ မဟုတ်ပဲ
( အဲ့ဒါတွေနဲ့ ကိုက်ညီတဲ့ ဥပဒေကို လိုက်နာပြီး
စနစ်တကျ ခေါ်နေတာ မဟုတ်ပဲ )
❗️
၃။ လုပ်ငန်းပြပြီး လူ အများဆီက ငွေချေးနေတာပဲ ။
ငွေထည့်ဝင်မယ့်သူက သူတို့ကို
ထုတ်ချေးပေးရတဲ့သဘောပဲ ။
ဒီတော့ အပေါင် ပစ္စည်းမရှိပဲ
( ယုံကြည်မှု သက်သက်နဲ့ )
ချေးပေးသင့် မသင့် ပြန်ဆုံးဖြတ်ကြပေါ့ ။ 🤔
စေတနာဖြင့်
#ကိုဇင်ဇေ
 https://web.facebook.com/zin.zae/posts/1874651775897364