Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, October 26, 2017

သိန်းသောင်းကျော် လက်ခံထားပြီး တစ်လကို ၂၀-၃၀% အတိုးပေးနေတယ်ဆိုတဲ့ လုပ်ငန်းနဲ့ ပတ်သတ်လို့ ကျွန်တော်တို့ တောက်လျှောက် အမုန်းခံပြီး သတိပေးထားတယ်နော် ။



သိန်းသောင်းကျော် လက်ခံထားပြီး
တစ်လကို ၂၀-၃၀% အတိုးပေးနေတယ်ဆိုတဲ့
လုပ်ငန်းနဲ့ ပတ်သတ်လို့
ကျွန်တော်တို့ တောက်လျှောက်
အမုန်းခံပြီး သတိပေးထားတယ်နော် ။
အခုလည်း သတင်းတွေ ထပ်ထပ်ကြားနေရတာ
စိတ် မကောင်းလို့ ထပ် သတိပေးတာ ။
Ponzi Scheme တစ်ခု ခက်ခဲလာပြီ /
ပြိုကာနီးလာပြီ ဆိုရင် ဒီ အချက်တွေ ဖြစ်လေ့ရှိတယ် ။
၁။
အရင်ကထက် ငွေ ပြန် ထုတ်ရ ခက်လာမယ် ။
ဥပမာ - အရင်က ၁ လ တစ်ခါ ထုတ်ပေးနေရာကနေ
၃ လ တစ်ခါမှ ငွေ ထုတ်ပေးတာမျိုး ဖြစ်လာမယ် ။
( အစ ကတည်းက ၃ လ တစ်ခါပဲ ထုတ်ပေးမယ် လို့
သဘောတူထားရင် တစ်မျိုးပေါ့ ။
အခုလို ရုတ်တရက် ပြောင်းလိုက်ရင်တော့
သတိထားစရာ / မသင်္ကာ စရာပါ ပဲ ။ )
၂။
ငွေ ထုတ်တဲ့ လူတွေကို
အကြောင်း အမျိုးမျိုး ပြပြီး ပြန်ထည့်ခိုင်းမယ် ။
ပြန်ထည့် / ထပ် တိုး ထည့်ခိုင်းမယ် ။
ဥပမာ - အခု ငွေ ပြန်ထုတ်ရင်
နောင် ပြန်ထည့်ပြီး အတိုးယူခွင့် မပေးတော့ဘူး ။
ဘာညာ ပြောတာမျိုးပေါ့ ။
၃။
အတိုးငွေ ပုံမှန် မရသူတွေ ကို
အတိုးမရကြောင်း လူသိထင်ရှား မပြောရဲအောင်
အမျိုးမျိုး ချုပ်ကိုင်လိမ့်မယ် ။
( သူတို့ ပြောလို့ နောက် ဝင်လာမယ့် လူသစ်တွေ က
သတိထားမိသွားရင် ထပ် ဝင်မလာတော့ပဲ နေမယ် ။
အဲ့ကျရင် အရင်ကလို နောက်လူတွေရဲ့ ငွေနဲ့
ရှေ့လူတွေကို ပြန်ပေးနေတာမျိုး လုပ်ဖို့
ပို ပို ခက်လာမှာကိုး ။ )
ဒီမှာက ဥပဒေ အရ အားနည်းချက်တွေ
လူတွေရဲ့ ဥပဒေကို သေချာ မသိ နားမလည်မှုတွေကြောင့်
ဥပဒေကို လက် တစ်လုံးခြား လုပ်ပြီး
အနိုင်ယူပြတာ / သက်သာတဲ့ အရှုံးခံပြတာတွေ
လုပ်လိုက်တာနဲ့ လူလိမ်တွေ
လွတ်လမ်းရလေ့ရှိတတ်တာပဲ ။
၎။
အသည်း အသန် ငွေရင်း အသစ်တွေ ဝင်လာအောင်
ရှာလိမ့်မယ် ။
- လူသစ်တွေ ရှာပြီး ငွေရင်းထည့်ခိုင်းတာ
- လူဟောင်းတွေကို အကြောင်း အမျိုးမျိုးပြပြီး
ငွေရင်း ထပ်ထည့်ခိုင်းတာတွေ လုပ်လိမ့်မယ် ။
( ပုံမှန် သမ္မာ အာဇီဝ စီးပွားရေးမှာ
လုပ်ငန်း တစ်ခုက အခုလို အဆက်မပြတ်
ငွေရင်း အများကြီး ထပ်လိုနေတာမျိုး မရှိရဘူးလေ ။
အဲ့လို လိုနေရင် လုပ်ငန်းလည်ပတ်ပုံ /
လုပ်ငန်း စီမံချက်ကိုက မှားနေလို့ပဲ ။
လုပ်ငန်းရဲ့ ကြီးထွားနှုန်း /
ဈေးကွက် ပိုင်ဆိုင်မှုနှုန်းနဲ့
ထပ်ထည့်ခိုင်းနေတဲ့ ငွေ ပမာဏကို
ချိန်ဆကြည့်ပြီး
> လုပ်ငန်း တကယ် ချဲ့နေတာလား ?
> " ငါးကြင်းဆီ နဲ့ ငါးကြင်း
ထပ်ထပ်ကြော်ဖို့ လုပ်နေတာလား" ဆိုတာ
စဉ်းစားရမှာပေါ့ဗျာ ။
🤔
သတိထားကြပါဗျာ ။
ငွေ ထည့်ထားသူတွေ မျက်စိဒေါက်ထောက်ကြည့်ပြီး
ရသလောက် ပြန်တောင်းပါ ။
( လုပ်ငန်း စာရင်း ရှင်းတမ်း ကို ရိုးရိုးသားသား မပြနိုင်ရင် /
လုပ်ငန်းရဲ့ မှတ်ပုံတင်မှာကိုက
ကိုယ့်ကို ရှယ်ယာရှင် အနေနဲ့ မထည့်ပေးထားဘူး ဆိုရင် /
အာမခံ ပစ္စည်းလည်း ဘာမှ မရှိဘူးဆိုရင်
ဘယ်လိုများ ဆက်ယုံနေကြဦးမှာလဲဗျာ )
လူသစ်တွေကတော့ လုံးဝ လုံးဝကို
မထည့်မိပါစေနဲ့ဗျာ ။
စေတနာဖြင့်
#ကိုဇင်ဇေ
Ponzi Scheme =
👉 ဟန်ပြ စီးပွားရေး လုပ်ပြီး
👉 ရင်းနှီး မြှပ်နှံသူများကို
အတိုး များများ မက်လုံးပေးပြီး စည်းရုံး ။
👉 လက်ခံ ထားသော အရင်း ငွေများကိုသာ
အတိုး အနေနဲ့ နည်းနည်းချင်း ပြန်ဖဲ့ပေး ။
👉 စီးပွားရေး လုပ်ငန်းက ရသည့် အမြတ် နှင့်
အတိုး ပြန်ပေးနေခြင်း မဟုတ်ပဲ
နောက်ထပ် ဝင်လာသော လူသစ်များ၏ ငွေများ /
လူဟောင်းများ ထပ်ထည့်သော ငွေများဖြင့်
အတိုး / ခံစားခွင့် ပြန်ပေးသော
လိမ်ညာမှု တစ်မျိုး ဖြစ်သည် ။
👉 နောက်ဆုံးမှာ လုပ်ငန်းလည်ပတ်ပုံကို
သံသယ ဝင်သူ / မယုံကြည်သူတွေ
များလာတာနဲ့ အမျှ
လူသစ် / ငွေသစ် ထပ် တိုး မလာသည့်အခါ ...
👉 အတိုးများ မှန်မှန် မပေးနိုင်တော့ပဲ
လုပ်ငန်း တည်ထောင်သူက
အရင်းငွေများကိုပါ ယူပြီး ထွက်ပြေးခြင်း /
ငွေကြေးများကို တခြားနေရာတွင်
ရွှေ့ပြောင်းထားပြီး ထောင်ကျ ခံလိုက်ခြင်းများ
ပြုလုပ်လိုက်လေ့ရှိသည် ။
👉 ထိုအခါ စောစော ဝင်ထားသော လူနည်းစုသာ
အရင်းငွေ ပြန်ရခြင်း / အမြတ် ရခြင်းများ ရှိပြီး
နောက်မှ ဝင်မိသူပေါင်းများစွာ
ငွေကြေး ဆုံးရှုံးရလေ့ ရှိသည် ။

https://web.facebook.com/groups/myanmarmlmtruth/permalink/737667086426446/