Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, October 26, 2017

ကိုယ့်ရဲ့ လစာ ဝင်ငွေကို ကိုယ်တိုင်လေကြွားပြီးပြောတတ်တဲ့ လူတန်းစား ၂မျိုးပဲရှိတယ်...


Image may contain: 1 person, text
ကိုယ့်ရဲ့ လစာ ဝင်ငွေကို ကိုယ်တိုင်လေကြွားပြီးပြောတတ်တဲ့ လူတန်းစား ၂မျိုးပဲရှိတယ်...
၁။ MLM မှာ ထိပ်ပိုင်းနေရာယူထားသူ တစ်ချို့ နဲ့
၂။ ကြပ်မပြည့် ဘဝင်လေ ဟပ်နေတဲ့သူ တွေပါ...
တကယ်တန်းပြောရရင် အဲ့ဒီ၂မျိုးလုံးက တူတူပါပဲ...လူ့ကျင့်ဝတ်အရ ကိုယ့်ရဲ့ လစာ ဝင်ငွေကို အများရှေ့မှာ ကိုယ်တိုင် ထုတ်ဖော်ဖို့မပြောနဲ့ လူတစ်ယောက်ရဲ့ လစာနဲ့ ဝင်ငွေကို မေးရင်တောင် မယဉ်ကျေးတဲ့အပြုအမူလို့ယူဆလို့ရပါတယ်...
MLM သမားတွေရဲ့ လက်ဆယ်ချောင်းမပြည့်တဲ့ သိန်းရာနဲ့ထောင်နဲ့ချီရနေတဲ့ ကိစ္စတွေကို ဘယ်သူမှငြင်းချက်ထုတ်နေတာမဟုတ်ပါဘူး...သူတို့ လက်တစ်ဆုပ်စာလေး အဲ့ဝင်ငွေရဖို့ အတွက် အောက်ခြေက သိန်းနဲ့ချီတဲ့လူတွေ ကို လောဘမှိုင်းတိုက် လစာမပေးပဲ အရောင်းဝန်ထမ်းအဖြစ်စေခိုင်း လုပ်အားရောငွေပါ ဆုံးရှုံးနေတဲ့ လူတန်းစားတွေအများကြီးပါ....
တကယ်တန်းအောင်မြင်မှုအစစ်အမှန်ရတဲ့လူမျိုးတွေဆို ကိုယ်တိုင်တောင် လူအများရှေ့မှာ ဘယ်လောက်ရနေပါပြီဆိုပြီး အရှက်မဲ့စွာထုတ်ကြွားစရာမလိုပါဘူး။ အစဉ်အလာကြီးမားတဲ့ Forbes လိုမဂ္ဂဇင်းမျိုးက တရားဝင်ဖော်ပြပါတယ်...သိသလောက်တော့ Forbes Asia မှာMLM ကြောင့် ဝင် ငွေကောင်းနေတဲ့သူတွေရဲ့နံမည် တစ်ယောက်မှမပါသေးပါဘူး...
MLM လုပ်ပြီဆိုရင်ဖြင့် ခင်ဗျားတို့ရဲ့ သိက္ခာ ဟာ လမ်းဘေးသူတောင်းစားလောက်တောင်မရှိဘူးဆိုတာ ပတ်ဝန်းကျင်ကလူအားလုံးက လက်ခံထားတဲ့အမှန်တရားပါ...ပြည့်တန်ဆာတောင်မှ ခန္တာကိုယ်နဲ့ရင်းပြီးငွေရှာတယ် ဘယ်သူ့မှ ဒုက္ခမပေးဘူး ခင်ဗျားတို့ထက်သမာအာဇီဝပိုကျတယ်...မြန်မာပြည်သူအားလုံးရဲ့ ရွံရှာတဲ့လူတန်းစားဟာ ခင်ဗျားတို့ MLMဖြစ်နေပြီဆိုတာ အပြင်ကလူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ကြဦး....