Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, October 26, 2017

အတိုး ပေးမယ် ပြောပြီး ငွေချီး ပိုက်ဆံ လိမ်တဲ့ သူတွေ/စနစ် တွေက ဒီလို။



အတိုး ပေးမယ် ပြောပြီး ငွေချီး ပိုက်ဆံ လိမ်တဲ့ သူတွေ/စနစ် တွေက ဒီလို။
သူတို့ တွေက ချီးတဲ့/ယူတဲ့ ပိုက်ဆံ အားလုံး ကို လိမ်ဖို့ ရည်ရွယ်ချက် မရှိဖူး။
ခေတ်ဟောင်း လိမ်နည်း၊ ခေတ်သစ် လိမ်နည်း ဆိုပြီး နှစ်မျိုး ရှိတယ်။
ခေတ်ဟောင်း လိမ်နည်းက
- လူတယောက် ဆီက ပိုက်ဆံ (အလွတ်) မက်လောက်တဲ့ အတိုးနဲ့ ချီးတယ်
- ၁၀ သိန်းချီးတယ် ထားပါတော့
- အတိုး က တလ တစ်သိန်း ပေးမယ် လို့ ကတိပေးတယ်ပဲထား
- သူက ၅ လ လောက်နီးနီး တကယ် မှန်မှန် ပေးမှာပါ
- ဘာလို့ လဲ ဆိုတော့ သူ လိမ်ချင်တာက ၅ သိန်း ပတ်ဝန်းကျင် ပဲလေ
- 10 သိန်း ချီး ပြီး တစ်လချင်းဆီ အတိုးပေး နှစ်သိမ့် ထားတာပေါ့။ ချီးတဲ့ သူက ကိုယ် ပိုက်ဆံ တဝက် ကို ခွဲပြီး ပြန်ရ နေတာ မသိဖူး။ သူ့ ၁၀ သိန်း က ၁၀ သိန်း ပဲလို့ ထင်နေပြီး ရတဲ့ တသိန်း က အမြတ်လို့ ထင်နေ တတ်တယ်။

ခေတ်သစ် လိမ်နည်းက
- လူတွေ အများကြီး ဆီက ပိုက်ဆံ မက်လောက်တဲ့ အတိုးပြပြီး ပိုက်ဆံယူတယ်
- လူ အယောက် တစ်ရာ ဆီက သိန်း တသောင်း ယူတယ် ထား
- အဲလူ တွေကို သိန်း တသောင်း လောက် ကုန်တဲ့ အထိ လတိုင်း အတိုးပေးပြတယ်
- *ယူတဲ့ သူက အဲ သိန်း တသောင်း ကို လိမ်ဖို့ စိတ်ကူး မရှိဖူး*
- အတိုးရ တဲ့ သူတွေ က အတိုး အဆ က ကြီးတော့ပျော်တာပေါ့
- လူရှာရင် အတိုးအဆပို ရမယ် ဆိုပြီး ပိုက်ဆံ ထည့်မယ့် သူတွေ ရှာခိုင်းတာမျိုး၊ ကိုယ့်ရ ထားတာကို မြင်ပြီး ရှိသမျှ ထပ် ပုံအောလာအောင် တမျိုးလုပ်တယ်။
- နောက်လူ တွေက ရတဲ့ ပိုက်ဆံ နဲ့ အရင် လူတွေကို အတိုး ထပ်ပေးပြတယ်
- တချို့ ငွေ ပေးထားတာ စောပြီး ပိုက်ဆံ ထပ်မထည့်ထားတဲ့ သူတွေက အရင်း ကြေပြီး မရှုံး နိုင်းတော့ပဲ အမြတ်ထဲ ရောက်လာတယ်။ *ပိုက်ဆံ ယူထားတဲ့သူကလူ တွေ အကုန် တယောက်မကျန် လိမ်စရာ မလိုဖူး။* တချို့ကို ပေးကိုမြတ်တယ်။သူငွေ မှ မဟုတ်တာ
-ဒါပေမယ့် တယောက်ပိုက်ဆံ တစ်ယောက်ပေးနေတာ ဖြစ်တဲ့ အတွက် အဲဒီလူအားလုံး ရဲ့ အရင်း တွေ က တကယ် မရှိတော့ဖူး ပြန်လည်း မရ နိုင်တော့ဖူး။
- လိမ်တဲ့ သူက တချိန် မှာ ဆတိုး အတိုးတွေ မလည်တော့ တဲ့ အထိ ငွေအများဆုံးပေးရမယ့် အချိန် နောက်ဆုံး တလ စာ အတိုးတွေနဲ့ သိပ်မကြာခင်မှာ ဝင်ထားပြီး အရင်းမကြေ သေးသူ (အဲဒါက လူများစု) ရဲ့ လက်ကျန်ငွေတွေအားလုံးမသွားရုံပဲ။
https://web.facebook.com/groups/myanmarmlmtruth/permalink/738007829725705/