Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, October 3, 2017

မနမ်းခမ်းဝါလှ ၏ Companyေပြောင်းမိန့်ခွန်း



ခေါင်းဆောင်တွေကိုယ်တိုင်ကMLM စီးပွားရေး
ကိုယ်ချမ်းသာဖို့ အောက်လူတွေကိုခေါင်းပုံဖြတ်အမြတ်ထုတ်
ဒီ compainy မကောင်းရင် နောက်တခုပြောင်း
နောက်တခုလည်းမကောင်းရင်ထက်ပြောင်း
ပြောတော့MLM စီးပွားရေးကကောင်းတယ်ဆို
ချမ်းချမ်းသာသာနေရတယ်ဆို
ခုတော့မျောက်ဖင်နီလိုဘဲ
ဟိုကိုင်းပြောင်းဒီကိုင်းပြောင်းနဲ့
နောက်ဆုံးတော့အုတ်နီခဲစာမိသေမှာဘဲ
အချိန်မတန်သေးတော့ ကိုင်းကူးအုံးပေါ့

Agel Company ကို 2009မှာ မြန်မာပြည်ကိုယူဆောင်International MLM company  စတင်တည်ထောင် ခဲ့တယ်:-) :-)
တလ ရောင်းအား သိန်း ၆ထောင် ထိ အောင်မြင်မှု တည်ဆောက် နိုင်ခဲ့သလို လစဉ် ဝင်ငွေ သိန်းရာချီ  ရရှိအောင်မြင်သူများစွာ မွေးထုတ်ပေးခဲ့ဖူးတယ်.
အကြောင်း အမျိုးမျိုး ကြောင့် Agel ရပ်ဆိုင်းခဲ့ရပေမဲ့ကျမ နဲ့ အတူ လက်တွဲသူ မှန်သမျှ  ပန်းတိုင် မပျောက်ဖို့ အကောင်ဆုံး လမ်းဆက်ဖောက်ပေးရင်း Snatur Company မှာ အောင်မြင်သူ တွေ အဖြစ် ဆက်လက် ရှင်သန်စေခဲ့တယ်....နောက်ဆုံး လက်လျော့ ရပ်တန်း ကရပ်ဖို့ဆုံးဖြတ်ချိန်မှာရရှိ လိုက်တဲ့ အသိက ရေရှည်အောင်မြင်ဖို့ဆိုရင်Company အပြည့် ရင်းနှိးမြှုပ်နှံဖို့နဲ့ လိုင်းပြိုင်ရှိ မနေဖို့ပါပဲ..အဲ့ဒိနောက်Jeunesse Global ကိုရွေးချယ်ဖို့ တော်တော်ကြီး ဆုံးဖြတ်ပြီး အချိန်လွန်မှသိလိုက်ရတာက မြန်မာနိုင် ငံဆိုတာသူတို့အတွက် စိတ်ဝင်စားစရာမကောင်းတဲ့ နိုင်ငံငယ်လေး တစ်နိုင်ငံ ဖြစ်နေတယ် ဆိုတာပါပဲ..အဲဒီ ကာလ တွေတုန်း က Agel company တုန်းကလုပ်ဖော်ကိုင်ဖက် upline လည်းဖြစ်တဲ့ MrBird နဲ့ Dr Sittawe တို့ က မြန်မာနိုင်ငံ ကို Success more Company ကို လာရောက်ရင်းနှီးမြှုပ်နှံ ဖို့ ဆွေနွေးစဉ်က စိတ်ဝင်စားမှု မရှိခဲ့ပဲ နောက်ဆုံး Innovative Global ကို International Company မို့ရွေးချယ်ဖြစ်ခဲ့တယ်..
၂ နှစ်ဆို တဲ့ ကာလ တစ်ခု ကို ဖြတ်သန်းပြီးချိန် မှာမိမိဘက်ကြိုးစား သော်လည်းရင်းနှီးမြှုပ်နှံထားသမျှအရှုံးများစွာနဲ့ရင်ဆိုင် နေရချိန်....:-)  Success more Company က အောင်မြင်သူ Leader ပေါင်းများစွာ ကို မွေးထုတ်နိုင်ခဲ့တယ်ဆိုတာမျက်ဝ၊း ထင်ထင် မြင်တွေ့ခဲ့ရတယ်..မိမိ Downline ဖြစ်ခဲ့ဖူးသူ လူငယ်များ က တကယ့် ကို စွမ်းအင် အပြည့် ယုံကြည် မှု အပြည့်နဲ့ အရည်အချင်းရှိ တဲ့အောင်မြင်သူတွေ အဖြစ်ပြောင်းလဲနေတာ ကို အံ့သြလောက်အောင်တွေ့ခဲ့ရတယ်..Success more ဆိုတာ လူတယောက်ရဲ့ ကိုယ်ပိုင်အစွမ်းအစ ကို အချိန်တိုအတွင်းသူမတူ အောင် ပျိုးထောင်ပေးနိုင်တဲ့ နေရာတစ်ခုဆိုတာမြင်သိလာခဲ့တယ်နေရာတစ်ခု မှာ အောင်မြင်သူတွေ အများကြီး မွေးထုတ်နိုင်ဖို့ဆိုတာ မိမိ တစ်ဦးတစ်ယောက်ထဲတော်နေ တတ်နေ လို့မရပါဘူး..Team work ဆိုတာ မိမိအသင်းအဖွဲ့တစ်ခုတည်းကိုမဆိုလိုပါဘူး ..leader နဲ့ company ချိတ်ဆက်လုပ်ကိုင်နိုင်တဲ့ Team work ရှိမှသာလျင် အောင်မြင်သူများစွာ မွေးထုတ်နိုင်မှာပါ.Success more မှာ Team work ,တင်မက အင်မတန်ကောင်းမွန်တဲ့ System ကပါရောင်စုံလူတွေကို တစ်ရောင်တစ်သွေးတည်းဖြစ်အောင်မွေးထုတ်ပေးနိုင်တာပါ ဒ၊ကလည်းဘယ်Company နဲ့မှမတူတဲ့Success more ရဲ့အားသာချက်ပါပဲ..System မရှိခြင်း ကLeader တယောက်ကို တာဝန်တွေပိစေတယ် .
ဒိထက်ဆိုး တာက အသိတရား မရှိခြင်း လုပ်သင့်၏မလုပ်သင့် ၏ မသိကြခြင်းပါပဲ. ဒီနေ့ထိ လုပ်ကိုင်လာတဲ့သက်တမ်းတလျောက် ကြုံလာရတဲ့ သူတွေမှာ..မိမိပြုဖူးတဲ့ ကျေးဇူး ကို သိ တတ်သူရှိသလို..မသိတတ်သူလည်းကြုံဖူးတာပါပဲ..မသိဟန်ဆောင်ချင်သူရှိသလို..ကျေးဇူး ဆိုတာသိရက်နဲ့မျက်ကွယ်ပြုသူတွေလည်းရှိနေခြင်းပါပဲ..System ဆိုတာကို ထဲထဲ ဝင်ဝင် မသင်ယူသေးသ၍ Team work မှာဒီလို လူတွေရှိနေအုံးမှာပဲ..Success more မှာ Black Diamond ကိုလတ်..Emrald မနန်မိုင် တင်မကပါဘူး Company ရဲ့ CEO Dr Sittawe နဲ့ MD နွတ်ဖကစ်အပြင် Diamond Mr.Bird ကိုယ်တိုင်ပါ ခုလို ပင်ပန်းနေတဲ့ဒုကွတွေကနေ၇ုန်းထွက်ဖို့ အကြိမ်ပေါင်းများစွာ ကျမ ကိုတိုက်တွန်းခဲ့ကြပါတယ်..ခုချိန်မှာ အလွန့်အလွန်အောင်ြမင်နေတဲ့ Success moreCompany မှာ ကျမ ပါဝင်ခြင်းမပါဝင်ခြင်းက Company အတွက်ဘာမှမထူးခြားပါဘူး ..သို့သော် Success more ကြီးစတင်တည်ထောင်ဖို့ အနည်းငယ်မျှအတူတကွ ကြိုးစားပူးပေါင်းပါဝင်ပေးခဲ့တဲ့ လူတယောက် အနေနဲ့ မချန်ထားခဲ့ချင်လို့ပါ ဆိုတဲ့ စေသနာက အခက်အခဲနဲ့ ရုန်းကန်နေရသူတယောက်အတွက်တော့အားဆေးပါပဲ.ကောင်းမွန်တဲ့ အခွင့်အလမ်းနဲ့မိတ်ဆက်ပေးပြီးပစ်ထားခဲ့ပေမဲ့အောင်မြင်လာချိန်မှာသူရဲ့ Matching ကိုရစေချင်လွန်းလို့ အကြိမ်ပေါင်းများစွာဇွဲမလျော့ခေါ်နေတဲ့ G1 မနန်မိုင်ရဲ့ စေသနာ ကိုယ်တိုင်အောင်မြင်နေချိန် ပေးဆပ်မှု နဲ့ပင်ပန်းနေတဲ့အမ အတွက် မချိတင်ကဲလွန်းလို့ တွေ့တိုင်းအမြဲနားချပေးတဲ့မောင်လေး Black Diamond ကိုလတ်ရဲ့စေသနာ..ကျေးဇူး  မသိတတ်သူ တစ်စုနဲ့ ကျေးဇူး သိတတ်သူတစ်စုကြား လမ်းနှစ်ခု က ကျမ အတွက် ထင်ထင်ရှားရှားပါ..မိမိ ရဲ့ ရွေူချယ် မှု က မိမိ Down line တွေရဲ့ အနာဂာတ်..မိမိ ရဲ့ ခေါင်းမာမှု နဲ့ အစွန်းရောက် ယုံကြည်မှု တွေအတွက် မိမိ မိတ်ဆွေတွေ ရဲနော့က်ထပ် အချိန်တွေ အဝ၊းမြှို မခံစေချင်တော့ပါ..အားလုံး မနက်ဖြန် ဆိုတာ ယုံကြည်ချက် ပြည့်နေစေရမယ်..အားလုံး ယုံကြည် နေတဲ့တွဲ လက်တွေ အတွက်မြဲမြဲ ခိုင်နေစေရမယ်.အားလုံး အတိတ်ဆိုတာ အတွေးလေး နဲ့တောင်လေးလံ ရင်နောက်ချန် ထားခဲ့မယ်..System ဆိုတာ ကျမတို့ကို ပုံစံ တူညီဖြစ်လာစေလိမ့်မယ်....အမြဲတမ်း ထိပ်ဆုံး ဖြစ်နေဖို့ မလိုပါဘူး ..အကောင်းဆုံး ဖြစ် နေဖို့ပဲ လိုတာပါ..ခေါင်းဆောင် ချိန်မှာ အကောင်းဆုံး ခေါင်းဆောင်ကောင်း ဖြစ်ဖို့လိုသလို နောက်လိုက် လုပ်တော့မယ်ဆိုရင်လည်း အကောင်းဆုံး နောက်လိုက် ဖြစ် ဖို့လိုပါတယ်.ဒီနေ့ ကစ ကျမ နဲ့ အတူ လက်တွဲ ကြမဲ့ ကျမ လုပ်ဖော်ကိုင်ဖက်များကို မေးချင်ပါတယ်Success more မှာ အကောင်းဆုံးသင်ယူပြီး တစ်နှစ်အတွင်း Diamond ဖြစ်အောင်ကြိုးစားမယ် ..Success more က တကယ်ပဲ သင့်ဘဝ ကို ပြောင်းလဲပေးနိုင်တဲ့ နေရာတစ်ခုလို့ ကျမနဲ့ထပ်တူ အကြွင်းမဲ့ ယုံကြည်တယ်ဆိုရင် အောက်မှာ
# Yes .I can do it..#ဆိုတဲ့ Comment လေး ရေးခဲ့ပါ:-) :-) :-) :-)
https://m.facebook.com/groups/521691951357295?view=permalink&id=582530778606745