Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, October 11, 2017

ကိုရဲ ကြီး Debate မှာပြောချင်တဲ့စကား



ဒီကနေ့ ဆွေးနွေးတဲ့ အကြောင်း အရာမှာ ကျွန်တော် ခေါင်းစဉ်တွေ ပဲ ရွေးပြီး ရွတ်သွား သလို ဖြစ်သွားတယ်...😣ပြောချင်တာက ဒီလိုပါ🤔
Sales Ethic = ကျင့်ဝတ်မညီမျှစွာ ပြောဆိုရောင်းချမူ့?
ကျင့်ဝတ် မညီမျှတဲ့ အကြောင်း အရာတွေကို ထောက်ပြ ချင်ခဲ့တာပါ... အစား အသောက် အလှကုန် ဓာတ်စာ အုပ်စုတွေ မှာ မြန်မာ နိုင်ငံမှာ mlm စနစ်နဲ့ ရောင်း ချနေတဲ့ ကုန် ပစ္စည်း တော်တော် များများသည် လက်ရှိမြန်မာ နိုင်ငံကို တရားဝင် နိုင်ငံတကာ အသိ အမှတ်ပြု လတ်မှတ်ပေါင်း များစွာ ရထားတဲ့ ကမ္ဘာကျော် ကုန်ပစ္စည်းတွေမှာ ရောင်းချမည့် စားသောက်ကုန်သည် ပါဝင်မူ့ အချိုးအစား အကျိုးကျေးဇူး ပေးဝယ်ရသည့် တန်ကြေးနှင့်ညီမျှသော တန်ဘိုးကို ရစေပါတယ် ဆိုတာ မြန်မာနိုင်ငံ FDA စစ်ဆေးခံကတည်းက တင်သွင်းရပါတယ်.. ဈေးဝယ်စင်တာကြီးများနှင့် သက်ဆိုင်ရာ နေရာတော်တော်များများတွင် ကြိုက်ရောင်း ကြိုက်ဝယ်စနစ် စည်းလွတ်ဘောင်လွတ်မကြော်ငြာပဲ ပြောဆိုရောင်းချကြရပါတယ်.ဒီလိုအဆင့်ဆင့်အသိအမှတ်ပြု ကုန်ပစ္စည်းတွေထက် အဆမတန် ဈေးနူန်း မြင့်မားပြီး ပါဝင် ပစ္စည်း ထောက်ခံချက် ပျောက်ကင်း ထိမ်းချုပ် နိုင်တဲ့ လက်တွေ့ စမ်းသပ် စစ်ဆေးမူ့တွေ အချက် အလက် တစ်ခုမှ မရှိပဲ ဈေးနူန်းကြီးမြင့် နေမူ့ ပေါက်လွတ်ပဲစား ဘယ်လို ရောဂါသည် တွေ့တွေ့ ပိန်သူဝ ဝသူပိန် ဆီးချိုရှိရင် ပျောက် မရှိရင်ကာကွယ် ကင်ဆာဖြစ်ရင် ပျောက်ကင်း မရှိရင် ကာကွယ် တာဆိုပြီး လူတန်းစား အမျိုးမျိုး အလွှာ အသီးသီးကို ဘာရောဂါ ဖြစ်နေတာလဲ ဒါသောက်ပျောက်တယ် ကာကွယ်တယ် သဘောမျိုး ပြောချင်တိုင်းပြောရောင်းနေတာကို မသိသလို လွှတ်ထားပေးမူ့ ဖြစ်လာတော့မှ ဘယ်သူ့မှ တာဝန် ယူမူ့ တာဝန်ခံမူ့ မရှိ . ကိုယ့်ပစ္စည်း ရောင်းရပြီးရော ရောင်းချင် သလို ရောင်းခိုင်းနေတာတွေနဲ့ ပါတ်သက်ပြီး ဘယ်လို တာဝန်ယူ တာဝန်ခံမှာလဲ အဓိက တာဝန် အရှိဆုံးလူက ဒါတွေကို သိသိရက်နဲ့ လွှတ်ထားတာလား ? 4S44 သင်တန်းတွေမှာ ဒီ အတိုင်းပဲ ပြောပြီး လူဆွယ်ခိုင်းနေတာလား ဆိုတာ မေးချင်တာ. ကျွန်တော့ ခံယူချက်သည် ကိုယ့်အောက်ကလူ ပေါက်လွတ်ပဲစားပြောဆိုမူ့သည် ကိုယ်တိုင် တိုက်ရိုက်သက်ဆိုင်ပါတယ် ကိုယ်အထက်က အဆင့်ဆင့်တိုင်းသည်လည်း ဂုဏ်သိက္ခာမဲ့စေပါတယ်.
MLM LAW...?
ဆင့်ပွားကွန်ယက်ရောင်းချနည်းနဲ့ ပါတ်သက်ပြီး ဥပဒေ မထွက်သေး မရှိသေးတာကို အခွင့်ကောင်းယူပြီး လုပ်ချင် သလို လုပ်နေတာတွေက မည်သူ့ မှာ တာဝန်ရှိပါ သလဲ..? ကိုယ့်လူမျိုး အချင်းချင်း ဂျင်းထည့်နေတာတွေကို အရသာခံပြီး ကိုယ့်တစ်ယောက် ကောင်းစားဖို့ အတွက် တစ်ဘို့ တည်းထားတဲ့ လူ့ အတ္တသမားတွေ အတွက် ဥပဒေ ထွက်မှ လိုက်နာမယ် ဆိုတဲ့ အချက်မှာ အားနည်းချက်ကို အခွင့် ကောင်းယူပြီး လိမ်လည်လှည့်ဖြားပြီး လက်တလုံးခြား လုပ်နေခြင်းသည် တစ်ဘက်နိုင်ငံက ပျော်ပျော်ကြီး လစဉ် ဒေါ်လာ သန်းပေါင်း များစွာ နစ်နာရောက်ရှိ သွားနေမူ့ တွေနိုင်ငံ့ ဘဏ္ဍာငွေ ယုတ်လျှောနေမူ့တွေကို ဘယ်သူသေသေ ငတေမာ ပြီးရော လုပ်နေတဲ့ လူ့တစ်ဘို့တည်းသမားတွေရယ် စဉ်းစားပေးကြဖို့ အပိုင်းရယ်....
Anti-mlm လုပ်နေတဲ့ လူ 95% သည် ဆင့်ပွား စနစ်ကို လုံးဝ မလုပ်ဘူးပဲ အချိန်ကုန်ခံ ဆန့်ကျင်ပြီး နေတယ်ဆိုတဲ့ အမြင်မှာ..?
မူးယစ်ဆေးဝါး တိုက်ဖျက်နေတဲ့ တော်တော် များများသည် မူးယစ်ဆေး သုံးစွဲပြီးမှ ဒီ အဖွဲ့ထဲ ဝင်လုပ်သူတွေ မဟုတ်ဘူးဆိုတာ ထမင်းစားကြီးတဲ့ လူတိုင်း နားလည်ပါတယ်...
အိမ်ရှင်မ ကျောင်းသား/သူ တွေ အတွက် အလုပ် အကိုင် အခွင့် အလမ်းတွေ ပေးထားတယ် မင်းတို့ Anti-mlm သမားတွေက ဘယ်လိုတွေ လုပ်ပေးနိုင်လဲ..?
လုပ်ပေးနိုင်ပါတယ် အများစု နစ်နာနေတာထက်စာရင် ကိုယ်ပိုင် ငွေကြေးဖြင့် ကိုယ်ပိုင် အချိန် အကုန်ခံ မိတ်ဆွေပျက်ပြီး ပိုက်ဘောမိ မလိုအပ်ပဲ မတန်တဆ ဈေးကြီးပေးဝယ် သုံးနေရတာထက် စာရင် ပုံမှန် သုံးနေကျတွေ သုံးပြီး မိမိ မိသားစုရဲ့ ငွေကို ထိမ်းသိမ်းထားတာက ပိုပြီး သင့်တော် ကောင်းမွန်မယ်လို့ မြင်မိပါတယ် ... လို့ ပြောချင်တာ... သို့ Successmore.
https://www.facebook.com/groups/myanmarmlmtruth/permalink/709514249241730/