Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Sunday, October 1, 2017

MLM ကရောင်းတဲ့ဆေးတွေဆိုတာ ဘာလည်းရှင့်



MLM ကရောင်းတဲ့ဆေးတွေဆိုတာ ဘာလည်းရှင့်
၁။ ဆရာ မင်္ဂလာပါရှင့် အခုမေးချင်တာလေးကိုတော့ ပြန်လည်ဖြေကြားပေးဖို့ အထူးမျှော်လင့်မိပါတယ်ဆရာ။ အခု ခေတ်စားနေတဲ့ နောက်ဆုံးပေါ်စီးပွားရေးလို့ဆိုတဲ့ MLM သို့ NM ခေါ် multi level တွေ multi level network merketing တွေကိုဘယ်လိုမြင်ပါသလဲရှင့်။ တံဆိပ်တွေ ဂါနိုလင်ဇီး aim star, unicity, DC, perfect, အခုတော့ အင်တာနက်ပေါ် နာမည်ကြီးတဲ့ fillymore အမျိုးသမီးဆေး Cover more အမျိုးသားဆေးတွေဖြန့်တဲ့ Successmore တွေပေါ့။ တော်တော်များများကဆေးနဲ့ အလှကုန်၊ အချို့က ရွှေ၊ လူသုံးကုန်အမျိုးမျိုး ဒီ MLM နဲ့ဖြန့်တာရှိကြတယ်ဆရာ။ ဒါတွေကို ဘယ်လိုမြင်ပါသလဲဆရာ။ ဦးစွာသိလိုပါတယ်။ FDA ကဓာတ်စာတွေဆိုပေးတယ်ဆိုတော့ ဒါတွေက SIDE EFFECT မရှိနိုင်ဘူးလား။ အဲဒီပစ္စည်းတွေက သာမန်အမျိုးအစားတူကုန်ပစ္စည်းတွေထက် ဘာလို့ထိရောက်မှု မြန်တာလဲဆရာ။ အဓိကသိချင်တာက ဒီစီးပွားရေးကို နိုင်ငံတကာမှာတော့ ဥပဒေရှိတယ် ဥပဒေနဲ့အညီ ပြုလုပ်ရတဲ့ လုပ်ငန်းပါလို့ တွင်တွင်ကျယ်ကျယ်ဆိုကြတယ် ဟုတ်ပါသလားဆရာ။ အခု မြန်မာနိုင်ငံနိုင်ငံရေး ပြောင်းလဲလာပြီမို့ အထူးစိတ်ဝင်စားပါတယ်။ ဒီလုပ်ငန်းမျိုးတွေရဲ့အလားအလာနဲ့ ဥပဒေပြဋ္ဌာန်းချက် ရှိလာနိုင်မလားဆိုတာကိုပေါ့ဆရာ။ အကောင်းနဲ့အဆိုး ဘယ်အရာပိုများနိုင်မလဲဆရာ။ လေးစားစွာဖြင့် မျော်လင့်လျက်ပါဆရာ။
၂။ ဆရာရှင့် လေးစားစွာဂါရဝပြုအပ်ပါတယ်။ သမီးနာမည် ဒေါက်တာ့ ပါဆရာ။ အခု ရန်ကုန်မြို့တဝိုက်မှာ ဘာလာလာ အကုန်ပျောက်တဲ့ MLM drugs တချို့ခေတ်စားနေပါတယ်ဆရာ။ အစားအစာဖြည့်စွက်ဆေးပုံစံနဲ့ ဝင်ရောက်ပြီး ၉၆ ပါးမက ၁ဝ၈ ပါး အကုန်ပျောက်ပါတယ်ကြေညာနေပါတယ်ရှင့်။ သမီးမှာအဖေမရှိတော့ပါဘူး။ အမေက အသက် ၆၃ နှစ်ရှိပါပြီ အဆုပ်ကင်ဆာနောက်ဆုံးအဆင့်ပါ။ မေမေအသက်ဆက်နိုင်အောင် မနည်း ကြိုးစားနေရပါတယ် ဆရာ။ အခုလဲ အိပ်ရာထဲ လဲနေပါပြီ။ မထနိုင်တော့ပါဘူး။ ပြဿနာက လူနာသတင်းလာမေးတဲ့ က အယ်ဖာဘာ ဆိုသောဆေးကို လေးလုံး အတင်းတိုက်ခဲ့ပါတယ်။ အမောမဖောက်အောင်တဲ့။ မေမေက အာဟာရချို့တဲ့တာနဲ့ သွေးအားနည်းလို့ အာဟာရအထူးကု နဲ့ပြနေရသူပါ။ မေမေ့ကိုဆေးတိုက်တော့ အိမ်မှာသမီးမရှိပါဘူး။ အခု မေမေ စကားတောင် မပြောနိုင်တော့ပါဘူး။ ရင်တုန်ပြီး မှိန်းဘဲမှိန်းနေရတယ်။ သမီးအဲဒီဆေးကို google မှာရှာလဲ မတွေ့ပါဘူးရှင့်။ MLM အမျိုးအစားဆိုတာတော့ သိထားပါတယ်။ မေမေ့ကိုဆုံးရှုံးရမှာကြောက်ပါတယ်။ အလားတူအဖြစ်တွေ အခု မြန်မာပြည်မှာ ဖြစ်နေပါတယ်။ ဆရာဝန်တွေကိုယ်တိုင်က ဆေးလိမ်ရောင်းနေပါတယ်။ လူနာတွေခမျာ အသိနည်းလို့ ကိုယ်ဘာကြောင့် ဘေးဖြစ်ရလဲဆိုတာတောင် မသိပါဘူးရှင့်။ စာရှည်သွားလို့ ခွင့်လွှတ်စေလိုပါတယ်။ အစဉ်လေးစားလျက်ပါ။
မေးတဲ့သူနှစ်ယောက်လုံးက ကျကျနနရေးမေးကြတာကို အသိအမှတ်ပြုပါတယ်။
Multi-level marketing (MLM) အဆင့်စုံဈေးကွက်ငွေရှာနည်းလို့ခေါ်သတဲ့။ ပိုက်ဆံရှာနည်းအကြီးစားနဲ့ အဆန်းအပြား ဗျူဟာတခုဖြစ်တယ်။ နိုင်ငံတိုင်းမှာရှိတယ်။ အမေရိကားမှာ မျက်စိအောက်တင်တွေ့နေရတယ်။ Amway နာမည်နဲ့ မြန်မာပြည်က အခြေချနေထိုင်သူတွေဝင်လုပ်နေကြတယ်။ အိမ်အထိလာရောင်းတယ်။ ပစ္စည်းမျိုးစုံရောင်းတယ်။ ကြော်ငြာဆေးတွေလည်းပါတယ်။ အလှကုန်တွေလည်းပါတယ်။ အကုန်ပါပဲ။ လူသစ်တွေ စုဆောင်းတယ်။ အသင်းဝင်ကြေးကောက်တယ်။ ရောင်းရတာကို ဝေပုံကျပေးတယ်။ ဒါကအခြေခံ။
အမှန်က ဖျံကျနည်းနည်းငွေရှာတယ်။ လိမ်ညာနည်းနဲ့ငွေရှာ လူစည်းရုံးတယ်။ အကြွားအဝါထူပြောတယ်။ မစားရ ဝခမန်းတွေပြောတယ်။ ကောင်းကောင်းကြော်ငြာတယ်။ မှန်ကန်တဲ့ရောင်းစရာတွေလည်းပါတော့ပါပါတယ်။
Pyramid selling ပိရမစ်ပုံစံရောင်းနည်း၊ Network marketing ကွရက်ဈေးကွက်နည်း၊ Referral marketing လွဲပေးဈေးကွက်နည်းတွေသုံးကြတယ်။ အရောင်းအိတ်စပတ်တွေကနေ သင်ပေးတယ်။ အမေရိကားမှာ ဝေဖန်ခံရမှုတွေနဲ့ တရားတဘောင် ရင်ဆိုင်ရတာတွေရှိတယ်။
Amway Corp ကို ၁၉၇၉ ကတည်းကထောင်ထားတယ်။ Price fixing ဈေးနှုန်းအသေလုပ်ခြင်းဟာ ဥပဒေနဲမညီတာ တွေ့ရတယ်။ ၂ဝဝ၈ မှာ FTC ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်ကနေ Network Marketing (MLM) ကုမ္ပဏီတွေကို တားမြစ်လိုက်တယ်။ သူတို့ပေးထားတဲ့ ကတိပျက်ကွက်တာလည်း ဥပဒေနဲ့မညီဖြစ်တာတွေ့ရှိရတယ်။
Wall Street Journal အဆိုအရ ၉-၆-၁၉၉၈ မှာအမြတ်ငွေ ဒေါ်လာ ၂့၁၅ သန်းနဲ့ ၁၆-၂-၂ဝ၁၂ မှာ ဒေါ်လာ ၈ သန်း ရှိတယ်။ ၁၅-၁ဝ-၂ဝ၁ဝ သတင်းဆောင်းပါးတပုဒ်အရ အဖွဲ့ဝင် ၃ဝ% မှာ ငွေရအောင်မလုပ်နိုင်ကြဘူး။ ကျန်သူတွေက တလမှာ ၉၃ ဒေါ်လာရကြတယ်။
Word-of-mouth marketing ပါးစပ်နဲ့ဈေးကွက်ရှာနည်း၊ Interactive distribution အပြန်အလှန်ပြောဆို ဈေးကွက်ရှာနည်းနဲ့ Relationship marketing အမျိုးစပ်ဈေးကွက်ရှာနည်းလို့ခေါ်လာတယ်။ ဒါပေမယ့် Direct Selling Association (DSA) ခေါ် လောဘီအုပ်စုရဲ့ ၁၉၉ဝ မှာ အစီရင်ခံစာထွက်တယ်။ ၂၅% MLM သုံးကြပြီး ၁၉၉၉ မှာ ၇၇့၃%ထိတိုးများလာတယ်။ ၂ဝဝ၉ ခုမှာ ၉၄့၂% ထိရောက်လာတယ်။ Avon, Electrolux, Tupperware နဲ့ Kirby ကုမ္ပဏီတွေလည်းပါတယ်။
လေ့လာဆန်းစစ်မှုအရ MLMs တွေထဲက အသင်းဝင်တွေ 99.9% လောက်ဟာ အရှုံးပေါ်ကြတယ်။ အဲတော့ တဦးချင်းက အရှုံးနည်းပြီး အမြတ်ပေါ်အောင်နည်းလမ်းတွေ ရှာကြံလုပ်ကြပြန်တယ်။ စီးပွါးရေလုပ်နည်းကို ဝေဖန်ခံရတော့ ဒီနည်းအရ ရောင်းတာတွေကို အားလုံးခြုံပြီး အထင်သေးခံရတယ်။ စစ်မှန်တဲ့အရည်အသွေးရှိတဲ့ ရောင်းကုန်တွေလည်းပါနေတယ်။ ခြုံငုံပြောရတာ အနှောင့်အသွားမလွတ်ပါ။ ဆောရီး။ အဲတာက ကောင်းရောင်းကောင်းဝယ်သမားတွေနဲ့ ကုန်ပစ္စည်းအစစ်တွေအတွက်ပါ။
တတိယဆောရီးကတော့ စားသုံးသူတွေအတွက်ပါ။ ကျွန်တော်တို့တတွေ စီးပွါးရေးလုပ်နေသူတွေရဲ့ နည်းနာသစ်တွေ၊ လှည့်ကွက်ဆန်းတွေနဲ့ နေရာတိုင်းမှာရင်ဆိုင်နေကြရပါတယ်။ ကြော်ငြာဆေးမျိုးစုံကိုတော့ မမေးကြလွန်းလို့ ရေးထားတာတွေ မနည်းပါ။ သတိထားကြပါခင်ဗျား။
အခုထပ်တင်တော့ ထပ်ဖြည့်ပါရစေ။ RFA ဆွေးနွေးခန်းမှာ သောတရှင်တဦးက ဝင်ဆွေးနွေးတာတခုကြားရတယ်။ ဆီးချိုပျောက်ဆေးရောင်းတာနဲ့ သူတို့ကုမ္ပဏီကို WHO ကအသိအမှတ်ပြုစာရထားကြောင်း။ အဲတာတော့ဗျာ့။
FDA အသိအမှတ်ပြုတယ်ဆိုတာ မကြာခဏရေးပါတယ်။ Supplementary food and vitamins ဖြည့်စွက်စာ (ဓါတ်စာ) လို့ ရောင်းကုန်ကိုနာမည်တပ်ရင် FDA အသိအမှတ်ပြုချက်မလိုပါ။ FDA ကအသိအမှတ်ပြုတယ်ဆိုတာလည်း ဒီဆေးဟာ လူတွေကိုအန္တရာယ်မပေးတာကို ခွင့်ပြုချက်ပေးတာဖြစ်တယ်။ ပျောက်တဲ့ဆေးလို့ ထောက်ခံပေးတာမဟုတ်ပါ။ အဲတာကြောင့် လူတွေစားတာသောက်တာမှန်သမျှအကုန် FDA လျှောက်ပါ။ ခွင့်ပြုချက်ရပါမယ်။
ရောဂါဝေဒနာရှိသူတွေ ဈေးသယ်စကားကို နားထောင်မလား၊ ကြော်ငြာစာကို အားကိုးမလား၊ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ပြောတာကို လိုက်နာမလား။ သဘောပါ။ ဆရာဝန်တွေမှာ အာဏာမရှိပါ။ ဈေးကွက်စကား နားမလည်ပါ။
1. The 10 Big Lies of Multi-Level Marketing http://www.pyramidschemealert.org and http://www.falseprofits.com
2. Multi-level-marketing မာလ်တီလယ်ဗယ် တံလျှပ် http://doctortintswe.blogspot.com/…/multi-level-marketing.h…
ဒေါက်တာတင့်ဆွေ
၁-၁ဝ-၂ဝ၁၆
https://www.facebook.com/groups/mlmDiscussion/permalink/1788611098050387/
၁-၁ဝ-၂ဝ၁၇