Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, October 2, 2017

DSA ဆိုတာ



DSA ( Direct Selling Association )  ဟာ
စားသုံးသူတွေရဲ့ အကျိုးစီးပွါးကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုလား ?
MLM industry ကို Lobby လုပ်ဖို့ အဓိက ဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခုလား ?
============================

*** ဒီကိစ္စနဲ့ ပတ်သက်လို့ သေချာ Research လုပ်ထားတဲ့ ဘယ်သူမဆို
အထောက်အထား အခိုင်အမာ အတိအကျနဲ့ လာရောက် ဆွေးနွေးနိုင်ပါတယ် ။
အထူးသဖြင့် MLM ဝါဒဖြန့်ချီရေး စာတွေ တောက်လျှောက်ရေးသားနေတဲ့
Dr.ကျော်စွာလင်းကို ဖိတ်ခေါ်ပါတယ် ။
ကျွန်တော်က အမြဲ Public Comments ဖွင့်ထားပါတယ် ။ ***
:)

DSA ( Direct Selling Association )  ဟာ တကယ်တမ်းမှာ
ဒီက MLM သမား အများစု ထင်နေသလို ( မှိုင်းတိုက်ခံထားရသလို )
စားသုံးသူတွေရဲ့ အကျိုးစီးပွါးကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့
အဖွဲ့အစည်းတစ်ခု လုံးဝမဟုတ်ပါဘူး ။

အာဏာ နဲ့ လုပ်ပိုင်ခွင့် ဘာမှ ရေရေရာရာမရှိတဲ့
MLM Lobbying Group တစ်ခုလို့ပဲ
ပညာရှင်တွေက သတ်မှတ်ထားပါတယ် ။

Dr.ကျော်စွာလင်း ဆိုတဲ့ လူ
သူ လိုရာဆွဲပြီး ဘာသာပြန်တာလောက်လေးပဲ ဖတ်မနေပဲ
ကိုယ်တိုင် သေချာ Research လုပ်ကြည်ဖို့ တိုက်တွန်းချင်ပါတယ် ။  ။

ဒါက Wikipedia က ပါ ။
ပထမဆုံး စာပိုဒ်မှာတင်
" DSA engages in public relations and lobbying efforts against regulation of the multi-level marketing industry "
ဆိုတာကြီး ပြူးနေအောင် ပါပါတယ် ။
https://en.wikipedia.org/wiki/Direct_Selling_Association

ဒါက The Verge ကပါ ။
DSA နဲ့ MLM Companies ကြီးတွေဟာ အမေရိကန်လိုနိုင်ငံမျိုးမှာတောင်
ဘယ်လို မျိုး ၊ ဘယ်လောက်ထိ ငွေကုန်ကြေးကျခံပြီး
 MLM ကို Lobbying လုပ်နေကြတယ်ဆိုတာကို လေ့လာနိုင်ပါတယ် ။

http://www.theverge.com/2014/4/8/5590550/alleged-pyramid-schemes-lobbying-ftc

==========

DSA ဟာ သူချမှတ်ထားတဲ့ Code of Ethics တွေကို
လူများစု ကြိုက်အောင် အပေါ်ယံ ပြဋ္ဌာန်းထားတာသာဖြစ်ပြီး
လက်တွေ့မှာ ဒီ Code of Ethics တွေကို လိုက်နာကျင့်သုံးခြင်း ရှိမရှိ
တကယ် လိုက်လံစစ်ဆေးလေ့မရှိသလို
Code of Ethics တွေကို ဖောက်ဖျက်နေတဲ့ MLM Companies တွေကိုလည်း
သူ့ အသင်းဝင် အဖြစ် လက်ခံထားတာအများကြီးပါ ။

US- FTC ကနေ အရေးယူလိုက်တဲ့
Vemma Nutrition Company , Fortune Hi-Tech Marketing
စတဲ့ MLM Companies တွေဟာလည်း DSA အသင်းဝင်တွေပါ ။

http://behindmlm.com/companies/legalshield-dsa-does-not-enforce-its-code-of-ethics/

As an example, the FTC filed lawsuits against Vemma Nutrition Company, a DSA member, and other companies, such as

Fortune Hi-Tech Marketing. The DSA failed to enforce its own Code of Ethics against either company.

==========

http://behindmlm.com/companies/legalshield-dsa-does-not-enforce-its-code-of-ethics/

Vemma was sued by the FTC mid last year,
with the regulator accusing it of being a $200 million dollar pyramid scheme.

Fortune Hi-Tech Marketing was shut down by the FTC in 2013,
again for being a pyramid scheme.

==========

အမေရိကန် FTC ကနေပြီးတော့ pyramid scheme လို့ယူဆပြီး ပိတ်လိုက်တဲ့
" Equinox International " ဟာလည်း DSA အသင်းဝင်ပါ ။

http://www.falseprofits.com/files/f028b29c1a5eade6c3c7409079dbb2b2-4.html

The largest MLM ever prosecuted and successfully shut down as a pyramid scheme by the Federal Trade Commission,
Equinox International, was also a DSA member.

ပါကစ္စတန် မှာ အဖမ်းခံရတဲ့ TIENS  ဟာလည်း DSA အသင်းဝင်ပါပဲ ။
( Video link >>> https://www.youtube.com/watch?v=TWRUoULCGHk )

ဒီ MLM Companies တွေကို အရေးယူဖို့ ၊
အသိပေးတားမြစ်ဖို့ DSA က ဘာမှ မလုပ်ခဲ့ပါ ။
လုပ်သွားတာက US - FTC ( Federal Trade Comission ) ပါပဲ ။

===============

မြန်မာနိုင်ငံ ရဲ့ ထိပ်သီး MLM Lobbyist တစ်ယောက် ဖြစ်တဲ့
Dr.ကျော်စွာလင်း ရဲ့
လိုရာဆွဲ ကောက်ချက်တစ်ခုကို ပြောပါဦးမယ် ။

AVON ကို DSA က ထုတ်လုပ်တယ်လို့ သူက ဆိုပါတယ် ။
တကယ်ကမ်းက AVON က DSA ကနေ ထွက်သွားတာပါ ။

AVON ဟာ 2013 မှာ တစ် လုံးမှာရှိတဲ့
ဝင်ငွေအများဆုံးရတဲ့ အလှကုန် Companies စာရင်းမှာ
နံပါတ် ၅ ချိတ်ပါတယ် ။
( Source : https://en.wikipedia.org/wiki/Category:Cosmetics_companies )
( MLM/Direct Selling Companies တွေထဲမှာတင် မဟုတ်ဘူးနော် ။
Beauty/Cosmetics Companies အားလုံးထဲမှာပြောတာ  ။ )

1886 မှာ စတည်ထောင်ခဲ့တာဆိုတော့
Company သက်တမ်းကလည်း နှစ်ပေါင်း ၁၀၀ ကျော်နေပါပြီ ။

DSA ကို စတည်ထောင်တဲ့ စဦး အသင်းဝင်
Companies ၁၀ ခု မှာ ၁ ခု ဖြစ်ခဲ့တာပါ ။

နောက်ပိုင်းမှာ DSA ဟာ Direct Selling Industry ကို
ကိုယ်စားပြုပြီး လုပ်နေတာမဟုတ်ပဲ
MLM industry ကို ကိုယ်စားပြုပြီး လုပ်နေလို့
AVON က ထွက်သွားတာပါ ။

( *** Direct Selling စစ်စစ် နဲ့ MLM ( Multi-level Marketing ) မတူပါဘူး ။
ဒါကို MLM သမားတွေက တူသယောင် ရောချပြီး
သူတို့ MLM industry နာမည် ပျက် သက်သာအောင် လုပ်လေ့ရှိပါတယ် ။ *** )

ဒီတော့ ဒီလို Company ကြီးက ဘာလို့ USA က နေ ထွက်သွားရတာလဲ ?
ဆိုတာ လေ့လာကြည့်သင့်ပါတယ် ။

( Source :
http://www.cbsnews.com/news/whats-behind-avons-surprising-decision-to-quit-trade-group/
AVON' official open letter > media.avoncompany.com/download/Open_Letter_to_Direct_Selling_Companies.pdf )

• We believe the association’s agenda in the U.S. is overly focused
on the issues of a few specific brands rather than industry-wide challenges.

US - DSA ဟာ industry တစ်ခုလုံး ရဲ့ စိန်ခေါ်မှုတွေကို အာရုံမစိုက်ပဲ
Brands/Companies အချို့ကိုသာ အလွန်အာရုံစိုက်ပြီး လုပ်ဆောင်နေတယ်လို့
AVON က ယူဆပါတယ် ။

• We believe that the U.S. DSA Code of Ethics requires
updating to better reflect the current state of the industry in the U.S.

လက်ရှိ US မှာရှိတဲ့ အခြေအနေပေါ်မူတည်ပြီး
DSA အနေနဲ့ Code of Ethics တွေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့
AVON က ယူဆပါတယ် ။

ရှင်းရှင်း ပြောရရင်တော့
DSA က ချမှတ်ထားတဲ့ Code of Ethics တွေဟာ
စားသုံးသူတွေကို တကယ်ကာကွယ်ပေးနိုင်စွမ်းမရှိဘူး ။

အသင်းဝင် Companies တွေကိုလည်း Code of Ethics တွေကို တကယ်လိုက်နာမှုရှိမရှိ မစမ်းစစ်ပဲ
လုပ်ချင်ရာလုပ်နေလို့ သူတို့ပါရောပြီး သိက္ခာကျမှာစိုးလို့
AVON က ကြေငြာချက်ထုတ်ပြီး ထွက်သွားတာပါ ။

AVON ဟာ တွေ MLM / Direct Selling Companies အားလုံးထဲမှာ
နာမည်ပျက် အနည်းဆုံးလို့ ပြောလို့ရတဲ့
ထိပ်သီး Company  ကြီးစာရင်းထဲမှာ ပါပါတယ် ။

သူတို့ ( AVON က ) ထုတ်ပြန်တဲ့ ကြေငြာချက်မှာ
ဒီ အချက် ၃ ချက် ပါပါတယ် ။

1. The Avon business model does not rely on nor
does it encourage sales of inventory, training or business support materials between Representatives.
The core of our business model is Representatives selling our products to an end consumer.

AVON ရဲ့ စီးပွါးရေး ပုံစံဟာ ကိုယ်စားလှယ်တွေကို ထုတ်ကုန်အမြောက်အများရောင်းချခြင်း ၊
သင်ကြားရေးနဲ့ ၊ စီးပွါးလုပ်ငန်းအထောက်အကူပြု ပစ္စည်းတွေ
 ရောင်းချခြင်း အပေါ်မှာ
မှီခိုထားတာ မဟုတ်ဘူး ။ ဒါတွေလုပ်ဖို့လည်း အားမပေးဘူး ။
AVON ရဲ့ စီးပွါးရေး ပုံစံမှာ ကိုယ်စားလှယ်များအနေနဲ့
တကယ့် စားသုံးသူကို ထုတ်ကုန် ရောင်းချခြင်းကသာ အဓိက ဖြစ်တယ် ။
( အခု ဒီမှာ ရှိနေတဲ့ AimStar , Successmore , Unicity ,
Q-Net စတဲ့ MLM Companies တွေမှာ
Trainings တွေကို ပိုက်ဆံအမြောက်အများယူပြီး လုပ်နေကြတာ ၊
Companies ရဲ့ ထုတ်ကုန်ကို
" အပြင်ကို ရောင်းစရာမလိုဘူး ။
ကိုယ့်ဘာသာကိုယ်ပဲ သုံးကြ " ဆိုပြီး
ဝါဒမှိုင်း တိုက်ထားတာတွေနဲ့ ယှဉ်ကြည့်ပါ ။  ။ )

2. Avon has reasonable return policies.
Representatives are not left holding excess inventory.

AVON  မှာ သင့်တင့်မျှတတဲ့
( ထုတ်ကုန် ပြန်အပ်ရင် ) ငွေပြန်အမ်းပေးတဲ့မူဝါဒတွေရှိတယ် ။
ကိုယ်စားလှယ်တွေကို  ထုတ်ကုန်တွေ ပိုလျှံ ဝယ်ထားမိတာမျိုး အဖြစ်မခံဘူး ။
( ဒီမှာ ရှိတဲ့ MLM Companies တွေဟာ
ဒီ စည်းမျဉ်းကို လူကြားကောင်းအောင် စာရွက်ထဲ ထည့်ရေးထားတာပဲရှိတယ် ။
တကယ်တမ်းမှာ ကိုယ်စားလှယ်က မလုပ်ချင်တော့လို့ ထုတ်ကုန်ပြန်အပ်ရင် ငွေပြန်အမ်းဖို့ သေချာလုပ်ပေးလေ့မရှိကြဘူး ။ )

3. Avon limits earnings to three generations.
We do not promise commissions on infinite sales.
Rather, we primarily promote and incentivize Representatives
based on their sales to Customers.

AVON ဟာ မျိုးဆက် ၃ ဆက် ( အဆင့် ၃ ဆင့် ) စာကိုပဲ ဆုကြေး ချီးမြှင့်တယ် ။
ဝင်ငွေကို အဆင့် ၃ ဆင့် စာ အထိပဲ ကန့်သတ်ထားတယ် ။
အဆုံးအစမဲ့ ရောင်းအားရှိမယ် ( ဝင်ငွေရမယ်ဆိုတာမျိုး ) ကတိမပေးဘူး ။
အဲ့လို လုပ်မယ့်အစား ကိုယ်စားလှယ်တွေကို စားသုံးသူတွေထံ ရောင်းချတဲ့ရောင်းအားအပေါ်မှာ
မူတည်ပြီးပဲ အကျိုးခံစားခွင့်တွေပေးတယ် ။

( ဒါ တကယ် အရေးကြီးတဲ့ အချက်ပါ ။
MLM Companies  တွေလို တောပြောတောင်ပြော မက်လုံးမပေးဘူး ။
အဆုံးအစမဲ့ ဝင်ငွေမျိုးရမယ်လို့ လျှောက်မရွှီးဘူး ။
အဆင့် ၃ ဆင့် စာကိုပဲ ဆုကြေး ပေးတာဖြစ်တဲ့ အတွက်
အဆင့် အများကြီးကို ဆုကြေးလိုက်ပေးတဲ့ MLM Companies  တွေလိုမျိုး
ထုတ်ကုန်တွေဟာ အလွန်အမင်း ကို ဈေးကြီးနေတာမျိုး မရှိပဲ
အရည်အသွေးနဲ့ ထိုက်တန်တဲ့ ဈေးနှုန်းမှာ ထိန်းထားနိုင်တယ် ။ )

ဒီလို အချက်တွေကိုသာ လိုက်နာကြမယ်ဆိုရင်
ကျွန်တော်တို့ Anti-MLM လုပ်နေစရာ ဘာအကြောင်းမှမရှိပါ ။
MLM industry ကြောင့် အခုလိုမျိုး လူအများ နစ်နာနေတာတွေလည်း မရှိနိုင်ပါ ။

===========

ဒီလောက်ဆိုရင်တော့ AVON လို Company ကြီးဟာ
ဘာလို့ DSA ကနေ ထွက်သွားလဲ ?
DSA ရဲ့ သရုပ်မှန်က ဘာလဲဆိုတာ နားလည်လောက်မယ်လို့ မျှော်လင့်ပါတယ် ။

ဒါတွေကို Dr.ကျော်စွာလင်းဆိုသူက မသိလို့ပဲလား ?
သိလျက်နဲ့ သက်သက်မှိုင်းတိုက်ပြီး DSA ကို Role တင် ၊
MLM ကို Lobby လုပ်တာလားဆိုတာ သူ့ဘာသာ သူပဲ သိပါလိမ့်မယ် ။

==========

တကယ်တမ်းတော့ DSA ဟာ
MLM သမား / MLM Companies  အများစု လုပ်နေသလိုပဲ
အပြောကောင်းပေမယ့်
လက်တွေ့ မှာ ကိုယ်ကျိုးပဲ ကြည့်တဲ့ အဖွဲ့အစည်းတစ်ခုပါပဲ ။

ဒီတော့ ခင်ဗျားဟာ ကျင့်ဝတ်နဲ့ ညီတဲ့ ၊ သိက္ခာရှိတဲ့
Professional Direct Seller တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်
DSA ကို မျှော်နေလည်း အလကားပါ လို့ ပြောလိုက်ပါရစေ ။

ဒီကိစ္စနဲ့ ပတ်သက်လို့ သေချာ Research လုပ်ထားတဲ့ ဘယ်သူမဆို
အထောက်အထား အခိုင်အမာ အတိအကျနဲ့ လာရောက် ဆွေးနွေးနိုင်ပါတယ် ။
အထူးသဖြင့် MLM ဝါဒဖြန့်ချီရေး စာတွေ တောက်လျှောက်ရေးသားနေတဲ့
Dr.ကျော်စွာလင်းကို ဖိတ်ခေါ်ပါတယ် ။
ကျွန်တော်က အမြဲ Public Comments ဖွင့်ထားပါတယ် ။
:)

လေးစားလျက်
ကိုဇင်ဇေ
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ

( Facebook group >>>
 https://www.facebook.com/groups/myanmarmlmtruth/ )
https://m.facebook.com/story.php?story_fbid=1414120331950513&id=100000576790914