Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, October 26, 2017

FAME လုပ်ငန်းပိုင်ရှင် ဆရာ ဒေါက်တာ ခင်မောင်လွင်ကို - MLM လုပ်နေပါတယ် လို့ ဝါဒဖြန့် ကာဗာယူနေသူများ - ဆရာက MLM ကို ထောက်ခံပါတယ်လို့ ပြောနေသူများကို တွေ့ရင် ဒီ သတင်းလေး ပြပေးလိုက်ပါ ။


Image may contain: 2 people, people sitting, table and indoorFAME လုပ်ငန်းပိုင်ရှင်
ဆရာ ဒေါက်တာ ခင်မောင်လွင်ကို
- MLM လုပ်နေပါတယ် လို့ ဝါဒဖြန့် ကာဗာယူနေသူများ
- ဆရာက MLM ကို ထောက်ခံပါတယ်လို့ ပြောနေသူများကို
တွေ့ရင် ဒီ သတင်းလေး ပြပေးလိုက်ပါ ။
ကျွန်တော်တို့နဲ့ ဆရာ
မျက်နှာချင်းဆိုင်ကို ဆွေးနွေးခဲ့တာပါ ။
( အဲ့လို ဆွေးနွေးခွင့်ရပြီး
ကိစ္စ တစ်ချို့ကို ပြတ်ပြတ်သားသားသိရလို့လည်း
ဆရာ့ကို အထူးကျေးဇူးတင်မိပါတယ် )
၁။
ဆရာဟာ MLM ဆိုတဲ့ ဖြန့်ချီပုံကို လုံးဝ အားမပေးပါ ။
သူ့ ထုတ်ကုန် ပစ္စည်းတွေကို
MLM စနစ်နဲ့
လုံးဝ မဖြန့်ချီ မရောင်းချပါ ။
၂။
Healthy Shop / Health Plus ဆိုတဲ့
MLM လုပ်ငန်းက တောင်းဆိုလို့
ဆရာက သူတို့အတွက် ထုတ်ကုန် ပစ္စည်းအချို့ ကို
ထုတ်လုပ်ပေးတာပဲ ရှိပါတယ်
( ဒါဟာ ဆရာ ဒေါက်တာ ခင်မောင်လွင်က
Healthy Shop / Health Plus က ကျင့်သုံးနေတဲ့
MLM စနစ်ကို ထောက်ခံတယ်လို့ အဓိပ္ပာယ် မထွက်ပါ ။
မြင်သာအောင် ထပ် ပြောပြပါမယ် ။
အထည်ချုပ် စက်ရုံ တစ်ခုဖြစ်တဲ့ Special ကို
AA ဆိုတဲ့ အဖွဲ့အစည်းက အထည်အပ်တယ် ဆိုပါစို့ ။
Special က သူတို့ AA က အပ်တဲ့
အထည်တွေ ကို ထုတ်ပေးတယ် ။
AA ဆီက နေ အဲ့ဒီအတွက် ထုတ်လုပ်ခ ယူတယ် ။
ပြီးတာနဲ့ Special စက်ရုံဟာ
AA ရဲ့ ဈေးကွက်ထိုးဖောက်နည်း /
ရောင်းဈေးသတ်မှတ်ချက်တွေ အပေါ်မှာ
ဘာမှ ဝင် စွက်ဖက်ခွင့် မရှိတော့ပါဘူး ။
AA က သူ့ဘာသာ ကြိုက်တဲ့ ပုံစံနဲ့
ဈေးကွက် ထိုးဖောက်မှာ ဖြစ်ပြီး
သူ့ စိတ်ကြိုက် ဈေးကို သူ သတ်မှတ်မှာ ဖြစ်ပါတယ် ။ )
ဆရာတို့ FAME အနေနဲ့ အဲ့လို ထုတ်လုပ်ပေးနေတာ
ဂျပန် / ကိုရီးယား လို နိုင်ငံအတွက်တွေတောင် ရှိပါတယ် ။
၃။
နောက်ထပ် အရေးကြီး အချက် တစ်ချက်ကိုတော့
နောက် ၆ လ ကျော်မှပဲ ကျွန်တော် ထပ်ပြောပါ့မယ် ။
တော်တော် သိသာမယ့် အချက် ဖြစ်ပါတယ် ။
၎။
FAME က ထုတ်လုပ်တဲ့
တိုင်းရင်းဆေးဝါးတွေ / ဓာတ်စာတွေထက်
MLM Companies တွေက ထုတ်လုပ်တဲ့
ဓာတ်စာဆိုတာတွေက အနည်းဆုံး ၂ဆ-၃ဆ ကနေ
၆ဆ-၈ဆ လောက် အထိ
ဈေးပိုကြီးနေတာ တွေ့ရပါလိမ့်မယ် ။
ဥပမာ အားဖြင့်
၎.၁။
SuccessMore MLM Company က ထုတ်လုပ်တဲ့
အရိုးအဆစ်များကို သန်မာအောင် ကူညီပေးတယ် လို့ ကြော်ငြာထားတဲ့
Deer ဆိုတဲ့ Nutirtional Supplement ထုတ်ကုန်ဟာ
အသင်းဝင်ဈေး ၄သောင်းခွဲ ကျော်ပြီး
လက်လီရောင်းဈေး ၆ သောင်းနီးပါးလို့ သတ်မှတ်ပေးထားတာဖြစ်ပါတယ် ။
FAME က ထုတ်လုပ်တဲ့ Osteomax ဆိုတဲ့
အရိုးသန်မာစေတဲ့ ထုတ်ကုန်ကတော့ ဆိုင်ပို့ဈေး ၄ ထောင်ကျပ်သာ ဖြစ်ပါတယ် ။
( ဆိုင် ကနေ စားသုံးသူဆီ ရောင်းတဲ့အခါမှာတော့ အဲ့ထက် နည်းနည်း ပိုပါလိမ့်မယ် ။
လွန်ရောကျွံရော ၅-၆ ထောင်ပေါ့ဗျာ ။ )
SuccessMore က Deer က ၁၅ ထုတ် ပါတဲ့ တစ်ဗူးပါ ။
တစ်ရက် ၁ ထုတ် သောက်ရင် ၁၅ ရက် ဆို ကုန်ပါပြီ ။
FAME က Osteomax ကတော့ အလုံး ၆၀ ပါ ဗူးပါ ။
၁ လ လောက် သောက်လို့ ရပါတယ် ။
ဈေးက ၁၀ ဆ လောက် ကွာနေပါတယ် ။
( အရည်အသွေး အဆပေါင်းများစွာ ကွာလို့လား ?
အကျိုးခံစားခွင့် အလွှာ / ရာခိုင်နှုန်း များလွန်းတဲ့ MLM စနစ်ကြောင့်လား ? )
-----------------
၎.၂။
အမြင်အာရုံကို ပိုမို ကောင်းမွန်စေသည့် ဖြည့်စွက်အာဟာရလို့ ကြော်ငြာထားတဲ့
SuccessMore က Target ဆိုတဲ့ ထုတ်ကုန်ဟာ
အသင်းဝင်ဈေး ၃သောင်း ၈ထောင်ကျော် ဖြစ်ပြီး
လက်လီရောင်းဈေး ၅ သောင်းလို့ သတ်မှတ်ထားပါတယ် ။ ( အလုံး ၃၀ ပါဝင်ပါတယ် )
ဒါပေမယ့် FAME က ထုတ်တဲ့ Phototec လို့ ခေါ်တဲ့
မျက်စိအားဆေးကတော့ ၅ ထောင်ကျပ်သာ ဖြစ်ပါတယ် ။
( အလုံး ၆၀ ပါဝင်ပါတယ် )
ဈေးက ၈ ဆ ကနေ ၁၀ ဆ လောက် ကွာနေပါတယ် ။
( အရည်အသွေး အဆပေါင်းများစွာ ကွာလို့လား ?
အကျိုးခံစားခွင့် အလွှာ / ရာခိုင်နှုန်း များလွန်းတဲ့ MLM စနစ်ကြောင့်လား ? )
------------
၎.၃။
Double Crane MLM Company က ထုတ်လုပ်တဲ့
Pollen ( ၁၅၀ တောင့်ပါ ) တစ်ဗူးကို
လက်လီဈေး ၅သောင်း ၈ထောင် သတ်မှတ်ထားပြီးတော့
FAME က Bee Pollen ကတော့ ( အလုံး ၆၀ ပါ )
တစ်ဗူးကို ၄ ထောင်ကျပ် ဖြစ်ပါတယ် ။
အလုံး ၁၅၀ စာတွက်ရင် ၁ သောင်းပဲ ထားပါတော့ဗျာ ။
ဈေးက ၅ ဆ ကွာပါတယ် ။
( အရည်အသွေး အဆပေါင်းများစွာ ကွာလို့လား ?
အကျိုးခံစားခွင့် အလွှာ / ရာခိုင်နှုန်း များလွန်းတဲ့ MLM စနစ်ကြောင့်လား ? )
ဆက်ယှဉ်နေရင် ပြောစရာတွေ များလွန်းလို့ ဒီမှာပဲ ရပ်လိုက်ပါ့မယ် ။
ဒီလောက်ဆိုရင် FAME က ထုတ်ကုန်တွေနဲ့ ဆင်တူတဲ့
MLM Companies အများစုရဲ့ ထုတ်ကုန်တွေရဲ့
ဈေးနှုန်းကွာဟလွန်းမှုကို သတိထားမိကြမှာပါ ။
၅။
အဲ့လို ဈေးပိုကြီးနေတာက
သူတို့ MLM ထုတ်ကုန်တွေက
အဆများစွာ ပိုကောင်းလို့ပါလို့
လျှာ အရိုးမရှိတိုင်း စွတ်ပြောလာရင်
FAME ရဲ့ ထုတ်လုပ်ရေး စက်ရုံ နဲ့
Organic Farming အသုံးပြုထားတဲ့ စိုက်ကွင်းတွေ
နိုင်ငံတကာ အသိအမှတ်ပြု အနေနဲ့ ရထားပြီးသော လက်မှတ်ပေါင်းများစွာကို
အရင် လေ့လာကြည့်ပြီးမှ
ရွှီးရဲရင် ဆက်ရွှီးပါလို့
အကြံပေးလိုက်ချင်ပါတယ်ဗျာ 🙂
စေတနာဖြင့်
#ကိုဇင်ဇေ
Admin @MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
#mlm #antimlm
#fame #mlmproducts
စာကြွင်း ။
လှိုင်သာယာက FAME စက်ရုံကို
စိတ်ဝင်စားသူတိုင်း သေချာ စာရင်းပေးသွင်းပြီး
သွားရောက် လေ့လာလို့ ရပါတယ် ။
MLM Companies တွေလို
ရာထူးတစ်ခုရောက်မှ ( ငွေရင်းများ/ရောင်းအားကောင်းမှ )
လေ့လာခွင့် ရတာမျိုး မဟုတ်ပါဘူး ။
၂ နာရီလောက် သေချာ အချိန်ပေးပြီး
လိုက်လံ ရှင်းပြပေးတဲ့ အစီအစဉ်တွေရှိပါတယ် ။
ပြင်ဦးလွင်က ၄၅ ဧက ရှိတဲ့
Organic စိုက်ကွင်း အကြောင်း နဲ့
Organic Farming အကြောင်းကိုတော့
Video နဲ့ ရှင်းပြပေးပါလိမ့်မယ် ။
ပြင်ဦးလွင်ရောက်ရင်တော့ ခြံထဲကို ဝင်ကြေး ၅ ထောင်နဲ့
ဝင်ရောက်လည်ပတ်လေ့လာနိုင်ပါတယ် ။
Ecotourism သဘောမျိုး စီစဉ်ထားတာဖြစ်ပြီး
သေချာ လိုက်လံ ရှင်းပြပေးမှာပါ ။
ဒီ စာဟာ FAME ကို အတင်း ကြော်ငြာပေးနေတာမဟုတ်ပါဘူး ။
FAME နဲ့ အလားတူ Traditional Medicine / Health Supplement စတာတွေ ဖြန့်ချီရောင်းချနေတဲ့
MLM Companies တွေရဲ့ လုပ်ရပ်ကို
သိသာထင်ရှားလာအောင် နှိုင်းယှဉ်ပြပေးနေတာ သက်သက်ပါ ။
FAME ကနေ အကျိုးခံစားခွင့် တစ်ပြားတစ်ချပ်တောင်
ကျွန်တော် မယူထားသလို
Anti-MLM Campaign လှုပ်ရှားမှုကိုလည်း
ဘာ ငွေကြေး အကျိုးအမြတ်မှ မျှော်ကိုး လုပ်ဆောင်နေတာမဟုတ်ပါဘူး ။
အောက်ခြေ ကိုယ်စားလှယ် အများစုနဲ့
စားသုံးသူ အများစု နစ်နာနေရတာကို
မနေသာလို့ သာ MLM ဆန့်ကျင်ပညာပေးရေးကို လုပ်ဆောင်နေတာဖြစ်ပါတယ် ။












၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့ နေ့လည် (၁၂:၀၀) နာရီမှ (၃:၃၀) နာရီအထိ Anti-MLM Group မှ ကိုဇင်ဇေလွင် ဦးဆောင်သော အဖွဲ့ဝင် (၁၁) ဦးကို FAME Pharmaceuticals ၏ Managing Director ဒေါက်တာခင်မောင်လွင်မှ တွေ့ဆုံဆွေးနွေးခဲ့ပြီး FAME ဆေးဝါးစက်ရုံ၏ စီမံခန့်ခွဲမှုစနစ်များ၊ ဆေးဝါးနမူနာစိုက်ခင်း၊ ဆေးဝါးထုတ်လုပ်ပုံအဆင့်ဆင့်၊ အရည်အသွေး ထိန်းချုပ်ပုံ၊ ဆေးဝါးသုတေသန လုပ်ငန်းများ နှင့် FAME ဆေးခန်းသို့ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပါသည်။ ထို့နောက် ကိုဇင်ဇေလွင် မှ ဧည့်သည်တော် မှတ်တမ်းတွင် အမှတ်တရ လက်မှတ် ရေးထိုးကာ ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
ယခုလိုအချိန်ပေးပြီး လာရောက်ခဲ့သည့် Anti-MLM Group မှ ကိုဇင်ဇေလွင် ဦးဆောင်သောအဖွဲ့ကို အထူးပင် ကျေးဇူးတင် ရှိပါတယ်ရှင်။
https://web.facebook.com/zin.zae/posts/1869498879745987