Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, October 26, 2017

J Card ဆိုတဲ့ လုပ်ငန်းလေးတစ်ခုအကြောင်းပြောပြချင်လို့  . . . J Card ဆိုတာ J Coin



J Card ဆိုတဲ့ လုပ်ငန်းလေးတစ်ခုအကြောင်းပြောပြချင်လို့  . . . J Card ဆိုတာ J Coin ကနေခွဲထွက်ထားတဲ့ လုပ်ငန်းတစ်မျိုးပါ. . .
J Card ဆိုတာ တစ်နည်းပြောရရင် အကြွေးဝယ်ကတ်လေးတစ်မျိုးပဲ အဲ့ကတ်ဝယ်ထားရင် ကတ်နဲ့ချိတ်ထားတဲ့ စားသောက်ဆိုင် စတိုးဆိုင်တွေမှာ ဈေးဝယ်လို့ ရတယ် တစ်နည်းအားဖြင့် ပိုက်ဆံကို အိတ်ထဲထည့်စရာမလိုတော့ပဲ ကတ်နဲ့ပဲ သုံးတဲ့သဘောပါ ခေတ်မီလာတယ်လို့ ပြောလို့ ရနိုင်ပါတယ် ခုပြောချင်တာက J Card မှာအလုပ်လုပ်တဲ့ ၀န်ထမ်းတွေပါ … J Card အကြောင်းသိချင်လို့  အလုပ်လျှောက်တဲ့ သဘောမျိုးနဲ့ တစ်ရက်လောက်သွားလေ့လာလိုက်ပါတယ်. . .ကောင်းကွက်တွေအများကြီးတွေ့ရသလို တစ်ချို့နေရာတွေမှာလိုအပ်ချက်လေးတွေရှိပါတယ်. . . အဓိက က အဲ့ဒီမှာအလုပ်လုပ်နေတဲ့အောက်ခြေ၀န်ထမ်းတွေပါ Marketing လို့ သူတို့ ကခေါ်တယ်. . . Marketing ရဲ့အထက်မှာ Supervisor တွေရှိတယ် သူ့ Team နဲ့သူပေါ့ ကျွန်တော့်အမြင်မှာ Team ၁၀ ခုလောက်ရှိမယ်ထင်တယ် Team တစ်ခုမှာ လူ 20ကျော်တယ် . . .နေ့ တိုင်း လူသစ်တွေထပ်ရောက်လာတယ် ဒီအလုပ်ကိုလုပ်ဖို့ ကျွန်တော်လည်းစိတ်ဝင်စားလို့ CV Form တင်ပီးအလုပ်ကိုလျှောက်ကြည့်လိုက်ပါတယ်. . . ကျွန်တော် CV Form တင်တဲ့နေ့ မှာပဲ interview တန်းဖြေရတယ် ကျွန်တော့်လိုပဲ CV Form လာတင်တဲ့သူတွေနေ့စဉ်နဲ့အမျှ အများကြီးပဲလာကြတယ်. . . ကျွန်တော် Interview ဖြေတော့ ဘာမှမမေးဘူး ဘယ်နေ့ စဆင်းနိုင်မလဲပဲမေးတယ် ကျွန်တော်က မနက်ဖန်ဆင်းမယ်ပြောလိုက်တော့ Training ၃ရက်တတ်ရမယ်တဲ့ OK ပေါ့ နောက်နေ့ ကျွန်တော် Training စဆင်းတယ် ရုံးထဲမှာ လူတွေအားကြီးပဲ ကိုယ့် Team နဲ့ ကိုယ် ပေါ့ အများစုက အလုပ်ဆိုတာကို ခုမှစလုပ်ဖူးတဲ့လူတွေချည်းပဲ ဘာလို့ အတွေ့အကြုံမရှိပဲ အခုမှအလုပ်စလုပ်တဲ့လူတွေက ဒီ Company မှာ စု နေတာလဲ ? ကျွန်တော့်အမြင်ကို တစ်ချက်ပြောကြည့်မယ်. . . J Card ဆိုတဲ့အလုပ်က အလွယ်ပြောရရင် marketing သမားတွေက Card လေးတွေကို လူတွေကိုလိုက်ရောင်းရတာပါ . . . သူတို့မှာ ပုံမှန်လစာမရှိပါဘူး. . .ဒါမဲ့အလုပ်ခေါ်တဲ့စာမှာ တစ်လကို ၂သိန်းပေးမယ်ဆိုပြီးခေါ်ထားတာပါ၊အတွေ့အကြုံမလိုဘူးလို့ လဲ ရေးထားပါတယ် . . . အဲ့တော့ ဒီအလုပ်ကို နယ်ကလူတွေက တွေ့တယ် စွန့် စားပြီးရန်ကုန်တတ်လာတယ် ပီးတော့ ဒီ Company မှာလာစုကြပါတယ်. . . ခုနပြောတဲ့အခန်းထဲကလူတွေမှာ သက်တမ်းအရင့်ဆုံး Marketing သမားရဲ့လုပ်သက်က အများဆုံးရှိ ၂လလောက်ပါပဲ . . .အလုပ်ခေါ်စာထဲမှာ ၂သိန်းပေးမယ်ဆိုပြီး တစ်ကယ့်တစ်ကယ်လုပ်တော့ Card ရောင်းနိုင်မှလစာရမယ့်အလုပ်မျိုးပါ . . .ဒီလိုအတွေ့အကြုံမရှိသေးတဲ့ Marketing ၀န်ထမ်းတွေကို Target 150 ဆိုပြီးသတ်မှတ်ပါတယ် Target ၁၅၀ ပြည့်မှ လစာ၂သိန်းရမှာပါ. . .ခုမြင်နေရတာက ၀န်ထမ်းတွေက ရုံးထဲမှာ စကားတွေပြောပြီး Fb သုံးနေတာပဲတွေ့နေရတယ်. . .သူတို့ ဈေးဘယ်လိုရောင်းမှာလဲ? လစာရော?. . . Supervisor တစ်ယောက်ရဲ့ Target က ၁၂၀၀ ပါ . . . supervisor က interview ပီး Training စဆင်းတဲ့ ၀န်ထမ်းအသစ်ကိုပြောနေကျစကားရှိပါတယ် . . .အဲဒါက ဒီက၀န်ထမ်းဆိုရင် ဒီ Card ကိုသုံးကြည့်ရမယ် . . .ပီးရင် မိသားစုဝင်တွေကိုသုံးခိုင်းရမယ်. . . အနီးစပ်ဆုံး ပြောရရင် ၀န်ထမ်းက Card ကိုဝယ်ရမှာပါ . . .သူ Card ကို Supervisor ဆီကပဲဝယ်ရမှာပါ. . . အဲ့တော့ Supervisor က Card ရောင်းထွက်သွားလိမ့်မယ်. ...သူရောင်းတာ သူ့ ဝန်ထမ်းကိုရောင်းတာပါ အပြင်လူမဟုတ်သေးဘူး. . .တော်တော်များများတွေ့နေရတာက interview တဲ့လူတော်တော်များများကိုသူတို့ အလုပ်ခန့် ပါတယ်. . .ခန့် ပြီးတာနဲ့သူတို့ Card ရောင်းရတော့မယ်လေ. . . Card ရောင်းရရင် Supervisor က target ထိမယ် ၀န်ထမ်းအသစ်ကတော့ card ကိုဘယ်လိုရောင်းရမလဲဆိုတာနဲ့ တိုင်ပတ်နေပါလိမ့်မယ်. . . Card မရောင်းရတဲ့အခါ လစာမရတဲ့အခါ Marketing ဆိုတဲ့ ၀န်ထမ်းတွေက အလုပ်ကနေ ထွက်မှာပါပဲ . . .နေ့ တိုင်းရုံးကိုလာ fb ထိုင်သုံးနေရုံနဲ့လစာမရပါဘူး. . .ဈေးရောင်းရပါမယ် သူတို့ ဘယ်လိုစရောင်းမလဲ? သူတို့ တော့မသိဘူး သေချာတာက Supervisor ကတော့ လေကြီးလေကျယ်တွေလွှတ်ပြီး ကတ်ကိုဘယ်လိုရောင်းမယ် အရင်ဆုံး ကတ်ကို ၀ယ်သုံးရမယ်ဆိုတဲ့ စကားကိုပြောပါလိမ့်မယ်. . . ၀န်ထမ်းတွေလစာမရခဲ့ရင်တောင် supervisor တွေက ၀န်ထမ်းအသစ်တွေကို ကတ်တွေရောင်းနေရမှာပါ. . . မရောင်းရလို့ ဝန်ထမ်းတွေထွက်သွားလည်းသူတို့က နေ့ စဉ်နဲ့အမျှ interview တွေခေါ်နေတာပါ . . .၀န်ထမ်းသစ်တွေခန့်နေတာပါ . . . လေကြီးလေကျယ်တွေနဲ့ ၀န်ထမ်းသစ်တွေကိုပြောပါလိမ့်မယ်. . . ( အဲ့ဒီ Supervisor ကိုမေးချင်တာက Company ဘယ်နှစ်ခုကိုဝင်ထွက်ပြီး market ဆင်းဖူးလဲလို့ )
ကျွန်တော်မနေ့ က ရောက်သွားတော့ ရုံးခန်းကြီးကဆူညံပြီးတစ်နေကုန် ၀န်ထမ်းတွေထိုင်နေတာပဲ မြင်ရပါတယ်… ကျွန်တော်သိထားတဲ့ company တစ်ခုဆိုတာက Account Department , Sale Department, marketing Department, HR Department, Admin Department စတဲ့ အဖွဲ့ကြီးတွေနဲ့လည်ပတ်နေတာမျိုးပါ.. . ကျွန်တော်ရောက်သွားတော့ reception တစ်ခုနဲ့ hall ခန်းထဲမှာဆူညံနေတဲ့လူအုပ်ကိုပဲမြင်ရပါတယ်. . . ကျွန်တော်စိတ်မကောင်းဖြစ်တာတစ်ခုက ဒီအလုပ်ကို လစာ၂သိန်းရမယ်ဆိုပြီး မျှော်လင့်ချက်နဲ့နယ်က စွန့် စားပြီး တတ်လာတဲ့သူတွေ Card မရောင်းရတော့ အလုပ်ထွက်မယ်ဆိုတာတွေကြားခဲ့ရပါတယ် . . . အဲဒါကြောင့် MLM Company တွေကို ရှောင်ကြပါ . . . သေချာတဲ့ လစာတစ်ခုရမယ့်အလုပ်မျိုးကိုပဲ လုပ်စေချင်ပါတယ် ဖတ်ပေးတဲ့အတွက်ကျေးဇူးပါ ဖောင်းမထုပါနဲ့
အမှန်တရားတစ်ခုကိုပြောပြတာ. . .
#Waiyanpaing
https://web.facebook.com/groups/myanmarmlmtruth/permalink/668803943312761/