Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, October 26, 2017

ကဲ Jude Jude တို့ အဖွဲ့က ကျွန်တော်တို့ကို Report ထုမယ်တဲ့ ။ ဒီလို လူတွေကို ခင်ဗျားတို့ ဘယ်လိုများ ယုံနေကြတာလဲဗျာ



ကဲ Jude Jude တို့ အဖွဲ့က
ကျွန်တော်တို့ကို Report ထုမယ်တဲ့ ။
ဒီလို လူတွေကို ခင်ဗျားတို့ ဘယ်လိုများ
ယုံနေကြတာလဲဗျာ ကဲ Jude Jude တို့ အဖွဲ့က
ကျွန်တော်တို့ကို Report ထုမယ်တဲ့ ။
ဒီလို လူတွေကို ခင်ဗျားတို့ ဘယ်လိုများ
ယုံနေကြတာလဲဗျာ
🙄🙄🙄
Jude Jude လုပ်ငန်းစုဟာ
သာမန်ထက် အတိုးနှုန်း မြင့်မားစွာပေးပြီး
အစုစပ် ခေါ်နေတဲ့ လုပ်ငန်းတစ်ခုပါ ။
၅ သိန်းကနေ သိန်း ၄၀ အထိကို ၃၀% အတိုး
၄၁ သိန်း ကနေ ၉၉ သိန်းကို ၂၅% အတိုး
သိန်း ၁၀၀ နဲ့ အထက်ကို ၂၀% အတိုးပေးပြီး
အစုစပ် ခေါ်နေတာပါ ။
👉 ဒီ Post က MLM နဲ့ မဆိုင်ပဲ ဘာလို့ တင်တာလဲ 👈
ကျွန်တော်တို့ AntiMLM လုပ်တယ်ဆိုတာ
MLM ကြောင့် လူ အများ နစ်နာနေမှုတွေကို
ရသလောက် အတတ်နိုင်ဆုံး တားဆီး လျှော့ချနိုင်ဖို့ပါ ။
ဒီတော့ MLM မဟုတ်ပေမယ့်
တခြား အလားတူ ဆုံးရှုံးနိုင်ချေများလွန်းတဲ့ /
သံသယ ဖြစ်ဖွယ် ရှိတဲ့ လုပ်ငန်းတွေ အကြောင်းကိုလည်း
အရင်ကတည်းက
တတ်နိုင်သလောက် ဆွေးနွေးပေးခဲ့ပါတယ် ။
Gold /Forex Trading တွေက အစ
PTC / Online investment scams အပါအဝင်
Ponzi / Pyramid Schemes တွေ အပါအဝင်ပေါ့ ။
ဒါကြောင့် ဒီ လုပ်ငန်းစု အကြောင်းကိုလည်း
Post တင် ဆွေးနွေးတာ ဖြစ်ပါတယ် ။
SCL လို မျိုး
ဧရာရွှေမြေ တို့လိုမျိုး ဖြစ်သွားနိုင်ချေ ရှိတယ်လို့
ယူဆရတဲ့ လုပ်ငန်းတွေကို ဆွေးနွေးပေးနေမှာ ဖြစ်ပါတယ် ။
လုပ်ငန်း ရဲ့ တကယ့် အမြတ်ကနေ
အတိုး ပြန်ပေးနေတာ မဟုတ်ပဲ
နောက် ဝင်လာတဲ့ လူသစ်တွေရဲ့ ရင်းနှီးငွေတွေကနေ
ရှေ့လူတွေကို ဖဲ့ဖဲ့ပေးနေတဲ့ လုပ်ငန်းတွေကို
Ponzi Scheme လို့ ခေါ်ပါတယ် ။
နောက်ထပ် လူသစ်တွေ ဝင်လာနေသ၍
ဒီ လုပ်ငန်းတွေဟာ အတိုး နှုန်းကို
မှန်မှန်ပေးနိုင်ပြီး လည်ပတ်နေလေ့ရှိပါတယ် ။
ဒါပေမယ့် နောက်ထပ် လူသစ်တွေက
ရင်းနှီးငွေ ထပ်မထည့်တော့ဘူးဆိုရင်တော့
အချိန် ၆လ-၁နှစ် အတွင်းမှာတင်
အတိုးနှုန်းတွေ ပုံမှန်မပေးနိုင်တော့ပဲ
လုပ်ငန်း စတင် အခက်အခဲ ပေါ်လာလေ့ရှိပါတယ် ။
ဒီ့ထက် ပို ကြာလာရင်တော့
လုပ်ငန်း တစ်ခုလုံး ပြိုလဲပြီး
ငွေရင်း ထည့်ထားသူ အများစု
ဆုံးရှုံးမှု ကြုံရတတ်ပါတယ် ။
( လုပ်ငန်း တည်ထောင်သူနဲ့
စောစောကတည်းက ငွေ ထည့်ထားပြီး
အတိုး ပြန်ထုတ်ထားနိုင်သူတွေကတော့
အမြတ် ထွက်တာပေါ့ဗျာ )
ဒါကြောင့် Ponzi scheme တွေကို
အထူး သတိထားစေချင်ပါတယ်
🤔
အခု သတင်း ကြားနေရတာက
အလားတူ အစုစပ်ခေါ်လုပ်တဲ့
Lily Lily ဆိုတဲ့ တစ်ယောက်
အတိုးငွေ လွှဲမပေးတဲ့အပြင်
အဆက်အသွယ် လုပ်လို့တောင် မရတော့ဘူးလို့
သိရပါတယ် ။
အထူး သတိထားကြပါဗျာ 🤔
🔺ဆွေးနွေးချက်များ🔺
❗️❗️
အတိုး
ငွေကြေးဆိုင်ရာ တရားဝင်ခွင့်ပြုချက်ရမထား
မှတ်ပုံတင်မထားရင် တရားမဝင်ပါ။
ယုံကြည်မှုနဲ့လုပ်နေကြတာဖြစ်ပြီး
ကြားမှာ လူအာမခံ ပစ္စည်းအာမခံ
ပိုင်ဆိုင်မှုအာမခံ ယုံကြည်အပ်နှံစာချုပ်ကို သုံးပါတယ်။
ယုံကြည်အပ်နှံစာချုပ်နဲ့ပေးအပ်ထားရင်
ရယူပြီးပြန်မပေးသူကို အလွဲသုံးစားမှုနဲ့တရားစွဲနိုင်ပြီး
အာမခံမရပါ။ ထောင် ၇နှစ်ထိကျခံရနိုင်ပါတယ်။
အစုစပ်
လုပ်ငန်းတခုကို အချိုးကျထည့်ဝင် လုပ်ကိုင်ပြီး
အချိုးကျပိုင်ဆိုင်ပါတယ်။
အချိုးကျ အကျိုးခံစားခွင့်ရှိပါတယ်။
အစုစပ်စာချုပ် ချုပ်ဆိုထားရမှာဖြစ်ပြီး
လုပ်ငန်းကအရှုံးပြရင် လုပ်ငန်းဆိုင်ရာ ငွေကြေးသာမက
မိမိပိုင်ဆိုင်မှုကိုပါ တရားစွဲခံရနိုင်ပါတယ်။
ပေးလျော်ရန်တာဝန်ရှိပါတယ်။
အစုဝင်တစ်ဦး သေဆုံးလျှင်
အစုစပ်လုပ်ငန်းပျက်ပြယ်ပါတယ်။
ရှယ်ယာ
လုပ်ငန်းတခုကို ကုမ္မဏီအဖြစ်
အချိုးကျထည့်ဝင် လုပ်ကိုင်ပြီး အချိုးကျပိုင်ဆိုင်ပါတယ်။ အချိုးကျ အကျိုးခံစားခွင့်ရှိပါတယ်။
ကုမ္မဏီအဖြစ် တရားဝင်မှတ်ပုံတင်ထားရမှာဖြစ်ပြီး
ပုဂ္ဂလိကကုမ္မဏီနဲ့ အများပိုင်ကုမ္မဏီဆိုပြီးရှိပါတယ်။
ပေးရန်ကန့်သပ်ထားသောကုမ္မဏီ (Co.ltd) ဖြစ်ပြီး
လုပ်ငန်းကအရှုံးပြရင် ထည့်ဝင်ထားတဲ့ငွေသာ
ဆုံးရှုံးမှာဖြစ်ပြီး မိမိပိုင်ဆိုင်မှုကို တရားစွဲခွင့်မရှိပါ။
ပုဂ္ဂလိကကုမ္မဏီကို
သပ်မှတ်ရှယ်ယာရှင်များနဲ့ ဖွဲ့စည်းထားပြီး
ရှယ်ယာထုတ်ရောင်းခွင့်မရှိပါ။
ရှယ်ယာရှင်တိုးလို လျော့လိုရင်
ကုမ္မဏီကို အသစ်ပြန်လည်ဖွဲ့စည်း မှတ်ပုံတင်ရပါမယ်။ အများပိုင်ကုမ္မဏီသာလျှင်
ရှယ်ယာထုတ်ရောင်းခွင့်ရှိပါတယ်။
ရှယ်ယာအမျိုးမျိုးရှိပါတယ်။
အကြံပြုချက်
ငွေတိုးလေး ပုံမှန်ရချင်လို့ဆိုရင် အာမခံတခုခုရယူထားပါ။
အစုစပ်ဆိုရင် ကိုယ်တိုင်ဝင်လုပ်ပါ။
ရှယ်ယာဆိုရင် အများပိုင်ကုမ္မဏီက
တရားဝင်ရောင်းတဲ့ရှယ်ယာ ဒါမှမဟုတ်
ပုဂ္ဂလိကကုမ္မဏီရဲ့ ဖွဲ့စည်းပုံမှာ
နာမည်ဝင်တဲ့ရှယ်ယာရှင်ဖြစ်ပါစေ။
(သိနားလည်သလောက်ပါ။
အမှားအယွင်းရှိပါက နားလည်ထောက်ပြပေးပါ)
Ko Tun Oo
#kotunoo
••••••••••••••
🔺Mone Thiri Zaw ဆွေးနွေးချက် 🔺
ညီမအမြင်ပြောရရင်တော့
ဒီလို % အများကြီးပေးတယ်ဆိုထဲကပေါ့နော်
ညီမ စောင့်ကြည့်တာတော့
ကြာပါပီ !!! အစကတော့
စိတ်ဝင်စားမိတယ် ကိုယ်တိုင်ကိုယ်ကျ
ထည့်မယ်ပေါ့ !!!
စဉ်းစားမိတယ် သူလုပ်ငန်း
၅ ခု ၆ ခုလုပ်တယ်ထားပါတော့
လုပ်ငန်းတစ်ခု
တစ်ရက် ၃ သိန်းစီဝင်ဦး ပါတော့
(မဖြစ်နိုင်တဲ့ အမောင့်ပါ)
ဘာလို့ဆို အပြင်လောကမှာ
နာမည်ရနတဲ့လုပ်ငန်းတစ်ခုမှမပါလို့ပါ
ထားပါတော့ (၃) သိန်းပဲ
လုပ်ငန်း ၆ ခုဆို တစ်လ ၅၄၀ ပဲ ရမယ်
ဒါတောင် အမြင့်ဆုံးအမောင့်တွက်လိုက်တာပါနော် !!!!
သူပေးရတဲ့ % နဲ့ပြန်ကြည့်ရင်
% က ရငွေထက် ပိုများတာတွေ့ရလိမ့်မယ် !!!
ထည့်ဖူးတဲ့အသိတစ်ယောက်ပြောဖူးတယ်
အခု သူမရဲ့ group ထဲမှာ
လူပေါင်း ၃၈၀ လောက်ရှိတယ်
ပြောကြတယ်
တော်တော်များ သိန်းဆယ် ရာချီ
ရင်းနှီးထားကြတယ် !!!
အစထည့်တဲ့သူတွေကတော့
အရင်းတွေကျေလောက်ပီပေါ့
နောက်ထည့်မယ့်သူတွေတွက်
စဉ်းစားပါ တွက်ချက်ပါလို့အကြံပြု
ချင်ပါတယ်ရှင့် !!!
ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ ချွေးနဲ့ရှာထား
တဲ့ပိုက်ဆံတွေကိုတော့
လောဘတစ်ခုထဲနဲ့ မကြည့်စေချင်ဘူး
အဖက်ဖက် ခိုင်လုံတဲ့ စာချုပ်
အရူံးအမြတ် ပြနိုင်လား ပေါ့
တကယ်ဆို ဒီလိုလုပ်ငန်းကြီး
လုပ်တဲ့သူတစ်ယောက်အနေနဲ့
စဉ်းစားမိတာ Bank loan ယူလို့ရရဲ့သားနဲ့
အပြင်မှာ ဒီလိုလုပ်တာကို စဉ်းစားမိတယ် !!!
ဒီလောက်တောင် ပေါက်ပေါက်ရောက်ရောက်
လုပ်နိုင်ရင်တော့
bank loan လောက်ကတော့
လုပ်နိုင်မယ်ထင်လို့ပါရှင့်
ညီမအမြင် လေးပဲဝင်ပြောကြည့်တာပါရှင့် !!!
ကျေးဇူးပါ နော်
••••••••••••
🔺 Paing Min Khant ဆွေးနွေးချက် 🔺
မှန်​မမှန်​ သိချင်​ရင်​ ဒါမှမဟုတ်​ သက်​​သေပြချင်​ရင်
CPA နဲ့ Audit ဝင်​ပြီး
စာရင်းချုပ်​ကို public တင်​လိုက်​ပါ။
နှစ်​ဖက်​စလုံး ရှင်းသွားတာ​ပေါ့။
••••••••••••
🔺 Minn Thein Htun ဆွေးနွေးချက် 🔺
ကျွန်တော်မေးခွန်းလေးကို
ဘာလို့တစ်ယောက်မှမဖြေကြတာလဲဗျာ
PA လုပ်ထားတာလဲ မဟုတ်ပါဘူး
ပြသနာတွေတတ်တော့
ဒီလုပ်ငန်းကိုစိတ်ဝင်စားလို့မေးနေတာပါ
သူတို့သိပ်ချစ်ပါတယ်ဆိုတဲ့ ဂျူး ကလည်းမဖြေ
ဂျူး ကိုမထိနဲ့ဆိုတဲ့ မမများကလည်း မဖြေ...
ဒီpostကို စတင်ကတည်းကမေးနေတာ
အခုထိမဖြေကြဘူး
ဒီမှာမဖြေချင်လည်း
ဘယ် public post မှာဖြေချင်လည်း လာမေးပေးပါ့မယ့်
တစ်ယောက်လောက်တော့ဖြေပေးပါ
<<<<<<<<<<<<<<<>>>>>>>>>>>>>>>
[ငွေထည့်ဝင်ထားသူတွေအတွက် အာမခံချက် ? ?
(ဆုံးရူံးမှုရှိရင်ဘယ်လို ပြန်ဖြေရှင်းပေးမှာလဲ)
ဘယ်လိုလုပ်ငန်းတွေမှာ အစုစပ်ပါဝင်ခွင့်ရတာလဲ???
(မဂျူးရဲ့လုပ်ငန်းများစွာထဲ)
အဲ့ဒီလုပ်ငန်း တွေရဲ့ အစုစပ်ဝင်ထားသူတွေက လုပ်ငန်းတွေရဲ့ ငွေဝင်ငွေထွက်စာရင်းတွေကို စစ်ခွင့်ရှိလား? ?]
••••••••••••••
🔺 ကိုဇင်ဇေ ဆွေးနွေးချက် 🔺
Jude Jude လုပ်ငန်းစု အကြောင်း
❗️Jude Jude လုပ်ငန်း စုနဲ့ ပတ်သက်လို့
သတိထားစရာတွေ ❗️
၁။ ရှယ်ယာရှင်လိုလို / အစုစပ်လိုလို / ငွေချေးတာ လိုလို မသဲကွဲ ။
( ဝေဖန်တာတွေ များလာမှ အစုစပ်ဆိုပြီး
စကားပြောင်း သုံးလာတာ )
၂။ စဦးရင်းနှီးငွေ / လည်ပတ်ငွေ /
အရှုံးအမြတ် ရှင်းတမ်း
မထုတ်ပြန်ပေး ။
( တကယ် အစုစပ် / ရှယ်ယာရှင်တွေဆိုရင်
ဒါတွေ ပေးသိရမယ် ။
ဒါပေမယ့် တကယ်တမ်းတော့ ပေးမသိဘူးလို့
သတင်း ရပါတယ် )
၃။ စာချုပ်စာတမ်း ခိုင်မာမှု အားနည်း ။
( လက်မှတ် ကြိုထိုးထားတဲ့ /
ရှေ့နေ ရှေ့ရပ် နဲ့ စနစ်တကျ ချုပ်ဆိုတာ မဟုတ်တဲ့
ပုံစံတွေနဲ့ ငွေ လက်ခံလေ့ရှိတာ သိရ ။ )
၎။ အတိုးနှုန်း သာမန်ထက် များလွန်း ။
( တစ်လကို ၂၀-၃၀% )
၅။ ရှယ်ယာ ခေါ်တဲ့ အကြိမ်ရေ စိတ်လွန်း ။
( ၁ နှစ်အတွင်း ၃ ကြိမ်လောက်ခေါ်ခဲ့ )
လုပ်ငန်း အမျိုးအစားမတူတာ တွေ
ချဲ့ထွင်တာ မြန်လွန်း ။
( တခြား လုပ်ငန်းရှင်တွေ
လုပ်ငန်း တစ်ခုချင်းကို
အောင်မြင်အောင်တောင် သေချာ လုပ်နေရတာ )
ရင်းနှီးငွေ ဘယ်လောက်ထိပဲ လက်ခံမယ်ဆိုတာ
ကြိုတင်သေချာမကြေငြာပဲ ငွေ လက်ခံခြင်း ။
( တကယ်တမ်းက ဘယ် ပမာဏ အထိပဲ
လက်ခံမယ်ဆိုတာ ရှိကို ရှိရမှာပါ ။ )
( အရေးအကြီးဆုံး အချက်က
အတိုးနှုန်း များများပေးနိုင်ဖို့
အရောင်းအဝယ်ကောင်း
လုပ်ငန်းအောင်မြင်ဖို့လိုတယ် ။
ဒါပေမယ့် ဈေးကွက်မှာ
သူ့လုပ်ငန်းတွေဟာ သိသိသာသာ ရေပန်းစားတာ / အောင်မြင်တာမျိုး မတွေ့ရဘူး ။ )
၆။ ဝေဖန်ထောက်ပြမှုကို
ကာယကံရှင် ကိုယ်တိုင်
သေချာ ချက်ကျလက်ကျ
ဖြေရှင်းတာနည်းပြီး
ငွေရင်းထည့်ထားတယ်ဆိုတဲ့
လူတွေက ကြားဝင် ဖြေရှင်းလွန်းတယ် ။
ဖြေရှင်းတဲ့ ဘက်မှာ
အကောင့် အစစ်တွေရော
အတုတွေရောပါတယ် ။
တခြား Group တွေမှာဆို
ထောက်ပြဝေဖန်တဲ့လူနည်းစုကို
သူတို့ဘက်က အကောင့်ပေါင်းများစွာနဲ့
တိုက်ခိုက်လေ့ရှိတယ် ။
ဒီ Post ကတော့ AntiMLM group ထဲမှာမို့လို့ AntiMLM တွေရဲ့ စည်းလုံးအားကြောင့်
ကောင်းကောင်း ပြန် ထိမ်းနိုင်ခဲ့တယ် ။
နောက်ဆုံး ဆွေးနွေးမှုများစွာ ရှိပြီးတဲ့
Post ပါ ဖျက်သွားတယ် ။
၇။ Public မှာ ဖြေရှင်းဖို့ မကြိုးစားပဲ
ရုံးလာခဲ့ပါလား ဆိုတဲ့ MLM သမားတွေ ပုံစံချိုးတယ် ။
ဒါနဲ့ ကျွန်တော် ( ကိုဇင်ဇေ )
ကိုယ်တိုင် ရုံးလာခဲ့မယ် ။
မီဒီယာသမားတွေ နဲ့
ဥပဒေ ကျွမ်းကျင်ပညာရှင်
တစ်ယောက်ခေါ်လာမယ် ။
Facebook Live video လွှင့်ပြီး
မေးမယ် ဆိုတော့
ဘာမှ ပြန်မပြောတော့ဘူး ။
အပြင်က Professional Auditors တွေနဲ့ Audit ဝင်ခိုင်းပြီး မှန်ကန်ရင်
ရှယ်ယာ အမြောက်အများ ဝင်ပါ့မယ် ဆိုတဲ့ ကိုရဲမျိုးသန့် ရဲ့ စကားကိုလည်း
ဘာမှ ပြန်မဖြေရှင်းသွားဘူး ။
ကဲ ကျွန်တော်တို့ တာဝန်တော့
ကျေသင့်သလောက် ကျေပြီ
ထင်ပါတယ် ။
ကျန်တာတော့ မိတ်ဆွေတို့
သဘောပါပဲဗျာ ။
စိတ်အေးအေးထား ။
လောဘရှေ့မဆောင်ပဲ
နားလည် တတ်ကျွမ်းသူတွေနဲ့
ထပ်တိုင်ပင်ပြီး
ငွေ ထည့်သင့်မသင့် စဉ်းစားကြပေါ့
🙂🙂🙂
https://web.facebook.com/zin.zae/posts/1837519582943917?_rdc=1&_rdr