Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, October 11, 2017

Mlm ဘက်မှ Debate အပေါ်အမြင်



DVB မှ ကြီးမှူးကျင်းပတဲ့ MLM Debate Video ကိုကြည့်လိုက်ရတယ်
ဒီဘိတ်လို့သုံးထားပေမဲ့ ဒီဘတ်မဆန်ဘူးလို့ခံစားမိတယ်
DVB ရဲ့ဘယ် Debate ပွဲကိုမှ သေသေချာချာမကြည့်ဖူးဘူး။
ဒီပွဲမှာတော့ ဒီဘိတ်လုပ်တယ် အပြန်အလှန်လို့ပြောမရဘူး
ဘက်၂ဖက်ကို Anti and MLM လို့ ခွဲယင် MLM ဘက်က လူနည်းတယ်
ဒီဗွီဘီက ကြိုတင်ဖိတ်ကြားထားသူများကြည့်ယင် Anti ဘက်ကများတယ်
ရှေ့နေကြီးဦးကျော်ငြိမ်း ၊ကိုဇင်ဇေ ကိုချမ်းငြိမ်းဝင်း တို့ရှိနေပြီး MLM ဘက်က ကိုလတ် (SuccessMore) နဲ့ မနှင်းနှင်းဇော် (Unicity) တို့ရှိတယ် ဝန်ကြီးဌာနတာဝန်ရှိသူ ဦးမင်းသိန်းဆိုတာကလည်း Anti ဘက်ကပဲ
ဒီကြားထဲ နောက်ဆုံးပိတ်ကဗျာရွတ်တာက MLM ကိုဖဲ့တဲ့ ကဗျာကြီး...
ပါဝင်ဆွေးနွေးတဲ့လူတွေပါတယ်ဆိုပေမဲ့ Anti ဘက်ကပိုများတယ်
ဒေါက်တာကျော်စွာလင်း ၊ဒေါက်တာမြတ်ဖြိုးကျော် ကိုရဲမင်းသန့်တို့က Anti ဘက်က မကျော့ကျော့ခိုင် (SuccessMore) နဲ့ မနန်းခမ်းဝါ(Unicity လို့ထင်မိ ) တို့ပဲပြောပါတယ်
DVB ဘက်က ဒီဘိတ်ပွဲကို ဘယ်လိုစီစဉ်ထားတယ်ဆိုတာ MLM တွေသေချာ မသိဘူးထင်တယ်
ဒီဗွီဘီက စီစဉ်သူ ကလည်း ပြောဆိုချိန်ကိုကန့်သတ်ခွင့်ရှိနေတယ်
Anti ဘက်က ရပ်တည်ချက်တခုတည်းပဲရှိတဲ့အတွက် ညီညွတ်ကြတယ်
တယောက်ရဲ့ ဟာကွက်တွေကို တယောက်က လိုက်ဖြည့် ကြိုကာပေမဲ့ SuccessMore နဲ့ Unicity က MLM ဘက်ဆိုပေမဲ့ သူတို့ချင်းသာ စင်ထိုးပေးယင် အချင်းချင်း သေသေကြေကြေ တိုက်ကြမဲ့သူတွေချည်းပဲ
SSM ကိုဖိတဲ့မေးခွန်းတွေမေးယင် Unicity က မကာဘူး
Unicity ကိုဦးတည်လာယင် SSM က မကာဘူး
ပြောရယင် Rhythm မမိဘူး။
ဦးကျော်ငြိမ်းက ရှေ့နေကြီးပီပီ
ဒေါသသံမပါအောင် ပြောနိုင်တယ်
``တောင်းဆိုတိုင်ကြားမေတ္တာရပ်`` စတဲ့စကားလုံးလှလှတွေ တွင်တွင်သုံးပြီး ကာကွယ်ပြောဆိုတုံ့ပြန်နိုင်တယ်။
Anti အချင်းချင်းက ညီတယ်။
ဒီတော့ Anti ဘက်ကသာလွန်အင်အားနဲ့ ဒီဘိတ်ပွဲ စတင်ခဲ့တယ်
ကိုလတ်ကိုကြည့်ရတာ အနည်းနဲ့အများ အရှိုက်ထိသွားပုံရတယ်
ကိုဇင်ဇေကို ဝေဖန်ရယင် ဒေါသသံပါပါနေတာ ပြိုင်ဘက်ရဲ့ ထောက်ကွက် ဆွကွက်တွေ ဖြစ်လာနိုင်တယ်
ပြိုင်ဘက်ကို အနိုင်ယူသွားဦးတော့....... အမြင်မလှဘူး ဖြစ်သွားနိုင်တယ်
နောက်တခု သိန်း ၇၀၀ကိစ္စ...။
လူတော်တော်များများက တလ သိန်း၇၀၀ တနှစ် သိန်း၈၄၀၀ လစဉ်ရနေတယ်လို့ မြင်နေကြတယ် တယောက်တည်းရတယ်လို့ထင်နေတယ်
SSM က မကျော့ကျော့လှိုင်က `` ကျွန်မတို့``လို့သုံးထားတယ်
ပြိးခဲ့တဲ့လ လို့ ကာသွားတယ်
အဲဒီတော့ သူ့အပေါ်ကော အောက်ကော ထည့်လို့ရတယ်
ကိုလတ်နဲ့ အတူတူ ဒီဘိတ်ပွဲလာတော့ ကိုလတ် ဒေါင်းလိုင်းထင်တယ်
ကိုလတ်လို Superior upline တယောက်ရဲ့အုပ်စုကို တွက်ယင်တလသိန်း ၇၀၀ ဆိုတာ လောလောဆယ် အသာလေးဖြစ်နိုင်တယ်
အဲဒီ သိန်း ၇၀၀ ကိစ္စကြီး ဖီးလ်နေမှာ စိုးတယ်
အဲဒါကြောင့် ကိုဇင်ဇေက အောင်မြင်တဲ့ လူတွေပဲမပြောဖို့ ကုမ္ပဏီမှ လူအားလုံးရဲ့ ရလဒ်ကိုပြောဖို့ ချုပ်လိုက်တယ်
Unicity ဘက်ကထိန်းပြောပေမဲ့ SSM က လွှတ်ပြောတယ်
Unicity က ယေဘုယျဆန်တဲ့ အချက်တွေပဲအဓိကပြောတယ်
ပါစင်နယ် အချက်အလက်သိပ်မထုတ်ဘူး
SSM ကျ ပုံရိပ်တက်အောင်ထင်တယ် ဝင်ငွေတွေကော အခွန်တွေပါ ထည့်ပြောတယ်
အခွန်ဆောင်တာ သိန်းသောင်းချီတယ်
အဲဒါက စဉ်းစားယင် စိတ်ဝင်စားဖို့ကောင်းတယ်
၂% နဲ့ ၅% အခွန်လို့တွက်ယင် မူရင်းငွေသိန်းပေါင်း ၅သိန်းလောက်ရှိတယ်
SSM မှာ လူတယောက် ၁သိန်းရင်းယင် လူပေါင်း ၅သိန်းရှိရမယ်
၂သိန်း ရင်းယင် လူပေါင်း ၂သိန်းခွဲလောက်ရှိရမယ်
တခုခုလွဲတယ်ဆို အခွန်တွေပိုဆောင်ပြီး ငွေဖြူ ငွေမည်းကိစ္စလား
အဲဒါတော့ သိနားလည်တဲ့လူတွေ လုပ်ဆောင်နိုင်ပါစေ။
Review ကနောက်ကျနေပါပြိ
အခုရေးတဲ့ အကောက်က low profile ဖြစ်ပါတယ်
ကျေးဇူးပါဗျာ

https://www.facebook.com/groups/myanmarmlmtruth/permalink/720578058135349/