Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, October 26, 2017

MLM လုပ်ငန်းမဟုတ်ပေမယ့် MLM လုပ်ငန်းတွေ ထက်ကို သတိထား သင့်တဲ့ လုပ်ငန်း တစ်ခု မို့လို့ ဒီ Group မှာပါ တင်ပေးတာပါ ။



MLM လုပ်ငန်းမဟုတ်ပေမယ့်
MLM လုပ်ငန်းတွေ ထက်ကို
သတိထား သင့်တဲ့ လုပ်ငန်း တစ်ခု မို့လို့
ဒီ Group မှာပါ တင်ပေးတာပါ ။
နောက်ဝင် လူတွေရဲ့ ထည့်ဝင်ငွေတွေကို
ရှေ့လူတွေကို လှည့်ပြီး ပြန်ပေးနေတဲ့
Ponzi Scheme တွေနဲ့
လုပ်ပုံ ကိုင်ပုံ ဆင်နေပါတယ် ။
သိန်းသောင်းကျော်ကို လက်ခံထားပြီး
လစဉ် ၂၀-၃၀% အတိုး ပေးနေတယ်ဆိုတာ
စဉ်းစားကြည့်ရုံနဲ့ တင်
ကြက်သီး ထ လောက် စရာပါ ။
ရေတို ငွေပေးမှန်နေတိုင်းလည်း
စိတ်ချလို့ မရပါ ။
အမေရိကန်လိုနိုင်ငံမျိုးမှာတောင်
နှစ် ၂၀ ကျော်လောက်
Ponzi Scheme လိမ်လည်မှု ပြုလုပ်သွားတဲ့
Bernard Madoff လို လူမျိုးကို
သတိရပါ ။
အခု ဒီ လုပ်ငန်းကို
သေချာပေါက် လိမ်နေတယ်လို့ စွပ်စွဲနေတာ မဟုတ်ပေမယ့်
အထူး သတိထားစေချင်ပါတယ်ဗျာ ။
လိမ်ခံရတယ်ဆိုတာ သေချာတော့မှ ပြောရင်
ဆုံးရှုံးတာက လွဲလို့
ဘာမှ မရနိုင်တော့လို့
လုပ်ငန်း လည်ပတ်ပုံကို သံသယ ရှိကတည်းက
ကြိုတင် သတိပေးရတဲ့ သဘောပါ ။
စေတနာဖြင့်
#ကိုဇင်ဇေ
#Alert