Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, October 3, 2017

MLM မှာ ရိုးရိုးလေး လုပ်လို့ မရဘူးလား ? ( MLM စနစ် ရဲ့ ပင်ကို အားနည်းချက် ) ==================



MLM မှာ ရိုးရိုးလေး လုပ်လို့ မရဘူးလား ?
( MLM စနစ် ရဲ့ ပင်ကို အားနည်းချက် )
======================

အမေး ။
ညီမ တွက်သလောက်က ရိုးရှင်းသားပဲအကို..
ပစ္စည်းကောင်းတယ် ညီမတို့က ရောင်းမယ်..
လူတွေက ဒီရိုးရှင်းတာကို ဘာတွေ ရှုပ်တာလည်းအကို..
အဆင့်လိုက်ပိုက်ဆံရတာတွေ အပေါ်လူကောင်းစားတာတွေ မတွက်ပဲ
ကိုယ့်အလုပ်မှန်မှန်ကန်ကန်လုပ်လို့ မရဘူးလား...

ကျွန်တော့် အဖြေ ။

၁။ ထုတ်ကုန်တကယ်ကောင်းရင် ဘာလို့ MLM နဲ့ပဲ သီးသန့် ဖြန့်နေရတာလဲလို့ တွေးကြည့်ပါလား ညီမ

၂။ ညီမ တကယ် ရောင်းလို့ အဆင်ပြေရင် ညီမအတွက် အပိုသုံးလောက်တော့ရမှာပေါ့ ။
( တကယ် သုံးမယ့်သူက ညီမ တို့ ရောင်းတဲ့ ဈေးကြီးနေတဲ့ ဟာတွေကို ပုံမှန်ဝယ်သုံးမယ်ပဲထားပါဦး )
ဒါပေမယ့် ညီမအောက်မှာ ညီမလို လိုက်ရောင်းမယ့်လူမရှိရင်
ဒီ MLM လုပ်ငန်းက အဲ့လောက်ကြီး ဝင်ငွေရမှာမဟုတ်ဘူးလေ ။
တခြား ထုတ်ကုန်တွေ ယူရောင်းရင် ပို အမြတ်မရနိုင်ဘူးလား ?

၃။ အလွှာတွေ အများကြီးကို ဆုကြေးတွေ ခွဲပေးနေရတဲ့အတွက်
- ထုတ်ကုန်တွေက မလိုအပ်ပဲ ဈေးကြီးကုန်တာ
- အောက်လူတွေက ကိုယ့်ရောင်းအားကနေရတဲ့ ဆုကြေးကို
( အပေါ်လူပေါင်းများစွာကို ခွဲပေးရတဲ့အတွက် )
ကိုယ် တကယ်ရတာက ပို နည်းမသွားနိုင်ဘူးလား ?

၎။ နောက်ဆုံး တစ်ခု အရေးအကြီးဆုံးက MLM မှာ အရောင်းကိုယ်စားလှယ်တွေကို
သာမန်စီးပွားရေးမှာလို နယ်အလိုက် သတ်သတ်မှတ်မှတ် လုပ်ပိုင်ခွင့်ပေးထားတာမျိုးမရှိဘူး ။

ဒီတော့ စဉ်းစားကြည့်ရအောင် ။
လူ ၁၀၀၀ လောက်ရှိတဲ့ ညီမ ပတ်ဝန်းကျင်မှာ ညီမ တစ်ယောက်တည်း ဒီထုတ်ကုန်တွေကို ရောင်းတယ် ။
ညီမအတွက် အဆင်ပြေတာပေါ့ ။

ဒါပေမယ့် တကယ်လို့ ညီမလိုမျိုး အရောင်းကိုယ်စားလှယ် ၁၀ ယောက်ရှိလာမယ် ။
( Company တူက ထုတ်ကုန်တူတူ ကို ဈေးနှုန်း တူတူနဲ့ပဲ ယူရောင်းတာလေ ။ )
ဒါဆို ညီမတို့ အကြမ်းဖျင်းအားဖြင့် ဈေးကွက်ကို ခွဲယူရတော့မှာပေါ့ ။
အရောင်းကိုယ်စားလှယ် ၁ယောက်အတွက်
 ဈေးကွက်က လူ တစ်ထောင် ကနေ တစ်ရာ လောက်ပဲ ရှိတော့မှာပေါ့ ။

ကဲ နောက်တဆင့် အရောင်းကိုယ်စားလှယ် ၁၀၀ ဖြစ်လာပြီ ဆိုရင်ရော ?
အရောင်းကိုယ်စားလှယ် ၁ယောက်အတွက်
 ဈေးကွက်က ၁၀ ယောက် လောက်ပဲ ရှိတော့မှာပေါ့ ။
ညီမတို့ တွေ အဲ့ဒီမှာ တိုင်တွေ စပတ်ပြီလေ ။ ရောင်းလို့ရော ကိုက်ပါဦးမလား ?

ဒီထက်ပိုပြီး အရောင်းကိုယ်စားလှယ်တွေ များမလာနိုင်ဘူးလား ?
( MLM မှာက ကန့်သက်ချက်မထားထားဘူးလေ )
ဒါကြောင့် သမားရိုးကျ ဖြန့်ချီရေးမှာ
တကယ်ရောင်းအားရှိတဲ့ ကိုယ်စားလှယ်တွေ အဆင်ပြေအောင်
သူ့နယ်မြေနဲ့သူ သတ်မှတ်ပေးထားရတာ ညီမ ။

MLM စနစ်မှာကိုက အားနည်းချက်တွေ ရှိတယ် ဆိုတာ ဒါမျိုးတွေကို ပြောတာပါ ။

၅။ ညီမ အရောင်းအားသန်တာ တစ်ခုတည်းနဲ့ ရိုးရိုးသားသားလုပ်ကြည့်ချင်ရင်လည်း လုပ်ကြည့်ပါ ။
အချိန်ကြာလာရင် သိသွားပါလိမ့်မယ် ။
တစ်နေ့ တစ်နေ့ ကိုယ်ပေးလိုက်ရတဲ့ အချိန်နဲ့ ၊ သွားလာ ဆက်သွယ် သင်တန်းတက်ရတဲ့
ကုန်ကျစရိတ်တွေကိုသာ မှတ်တမ်းလေး လုပ်ထားကြည့်လိုက်ပါ ။
ပြီးတော့ ကိုယ် ရောင်းအားသက်သက်နဲ့ ရလာတဲ့ ဆုကြေးနဲ့ ပြန်ချိန်ကြည့်လိုက်ရင် ညီမသဘောပေါက်သွားမှာပါ ။

MLM ( Multi-level Marketing ) or Network Marketing ဆိုတာ
တကယ်က အမည်ခံ Marketing ပါပဲ ။
တကယ် လုပ်တာက Marketing မဟုတ်ပါဘူး ။
Recruiting ( လူသစ်တွေ ဝင်လာအောင် ဆွဲဆောင်တာ ) ပါပဲ ညီမ ။
Multi-level Recruiting ပေါ့ ။

ကိုယ်တိုင်က ကိုယ့်အောက်ကို လူတွေ ဝင်လာအောင် ဆွဲဆောင်တတ်ရမယ် ။
အဲ့ဒီ ဝင်လာတဲ့လူတွေကိုလည်း နောက်ထပ်လူတွေ ဝင်လာအောင်
ဆွဲဆောင်နည်းကို လက်ဆင့်ကမ်းသင်ပေးရမယ် ။
MLM ဆိုတာ ဒီပုံစံကို အဓိကထား တည်ဆောက်ထားတာပါ ညီမ ။
အဲ့လို လူတွေပဲ သိသိသာသာ ဝင်ငွေကောင်းလေ့ရှိကြတာပါ ။

အရောင်း အားသန်ရင် MLM မလုပ်ပဲ
Direct Selling လုပ်ရင် ညီမ အတွက် ပို အဆင်ပြေမှာပါ ။
MLM နဲ့ Direct Selling မတူပါ ။
MLM သမားတွေက သူတို့ နာမည်ပျက်များလာလွန်းလို့ Direct Selling အရေခွံခြုံချင်ကြတာပါ ။
ဒါကို လည်း သတိထားစေချင်ပါတယ် ။

*** MLM နဲ့ Direct Selling ဘာကွာလဲ ***

လိုရင်းကို ခြုံ့ပြောရရင် MLM မှာက ညီမ ရောင်းရလို့ရတဲ့ ဆုကြေးကို
ညီမ အပေါ်မှာရှိနေတဲ့ Uplines အဆင့်ဆင့်ကို ခွဲပေးရမယ် ။
ဥပမာ Company က ညီမတို့ကို ၄၀% ပေးမယ်လို့ သတ်မှတ်ထားတယ်ဆိုပါစို့ ။

၈ လွှာလောက်ရှိတဲ့ MLM မှာ ညီမက အောက်ဆုံးလူ အနေနဲ့ရောင်းရရင်
ဟိုး ထိပ်ဆုံး ၄ လွှာလောက်က ၃% စီ ရသွားမယ် ဆိုပါစို့ ။  
( ၄ လွှာဆိုတော့ ၁၂ % )
နောက်ထပ် အလယ် ၃ လွှာလောက်က ၅% ရသွားမယ် ဆိုပါစို့ ။
( ၃ လွှာဆိုတော့ ၁၅ % )
ဒါဆို အောက်ဆုံးအလွှာကနေ ရောင်းရတဲ့ ညီမကို က ပေးနိုင်တာ
၁၃% ပဲ ရှိတော့မှာပေါ့ ။
( ၄၀% ထဲက အပေါ်ကို ခွဲပေးထားတဲ့ ၂၇% နှုတ်ပေးရမှာကိုး )

Direct Selling မှာက ညီမရောင်းရလို့ရတဲ့ ဆုကြေးဟာ ညီမနဲ့ပဲ ဆိုင်တယ် ။
Company က ညီမတို့ကို ၄၀% ပေးမယ်လို့ သတ်မှတ်ထားရင်
ညီမ ရောင်းလိုက်တဲ့ ထုတ်ကုန်အပေါ်မှာ ညီမ ၄၀% လုံး အပြည့်ရနိုင်တယ် ညီမ ။
( ဒါတောင် သွားခ လာခတော့ နှုတ်ရဦးမှာပေါ့ ။ )

MLM မှာ ဘယ် Bonus Plan/Marketing Plan/Compensation Plan ပဲ သုံးသုံး
ဒီပြဿနာ က ရှိနေတာပဲ ညီမ ။
ဒါက MLM စနစ် ရဲ့ ပင်ကို အားနည်းချက်ပဲ ။
MLM Companies တိုင်းမှာ မတူညီတဲ့ Plan တွေ သုံးလည်း
( Unilevel , Binary , Matrix , Hybrid , etc ... )
အဲ့လိုမျိုး အောက်လူတွေ နစ်နာတာမျိုး ရှိနေဦးမှာပဲ ။

ဒီတော့ အကိုတို့ ပြောတဲ့ အောက်လူတွေ အရမ်းနစ်နာတယ်ဆိုတာ
MLM ကို ပြောနေတာ ။
Direct Selling ကို ပြောတာမဟုတ်ဘူးဆိုတာ ညီမ ရှင်းမယ်ထင်ပါတယ် ။
အလုပ်လုပ်ချင်စိတ်ရှိတာ ကောင်းပါတယ် ။
ဒါပေမယ့် မလုပ်ခင် အဘက်ဘက်က နားလည်သဘောပေါက်အောင် သေချာစဉ်းစားပါ ညီမရေ ။

" ပန်းတိုင်တွေ့၍ တွေ့သောပန်းတိုင် အရောက်လှမ်းနိုင်ပါစေ "

စေတနာဖြင့်
ကိုဇင်ဇေ
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ

https://www.facebook.com/groups/myanmarmlmtruth/
https://m.facebook.com/groups/521691951357295?view=permalink&id=722793491247139