Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, October 2, 2017

MLM မွှေလို့ ရီးစားတစ်ယောက်နဲ့ပြတ်ဖူးတယ်



MLM မွှေလို့ ရီးစားတစ်ယောက်နဲ့ပြတ်ဖူးတယ်

ပြတ်သွားတဲ့ရီးစားက မန်ဘာအတင်းဝင်ခိုင်းတာဗျာ ၂၀၁၂ လောက်တုန်းက MLM နာမည်တော့မေ့နေပါပြီ Excel Tower မှာသူတို့ရုံးရှိတယ် အဲ့ဒီကိုခေါ်သွား စင်ပေါ်တက်ပြောသမျှလက်ခုပ်တီး အိပ်ငိုက်ပြီးပြန်ရတာသာအဖတ်တင်တာပဲ ကျွန်တော်ကသူတို့ဆွယ်သလိုချမ်းသာချင်တဲ့ကောင်မှမဟုတ်တာ မသကာ စော်ကြည်လာမယ်ဆိုပြီးဆွဲဆောင်ရင်တောင်စိတ်ပါဦးမယ် ကျွန်တော်ကလဲ အဲ့ချိန်က အပြင်မှာကျောင်းသွားတက်ဖို့လုပ်နေတော့ အလုပ်မရှိချိန်ပေါ့ဗျာ ယောင်လည်လည်ပေါ့ မန်ဘာဝင်ဆိုလဲဝင်ပေးနိုင်တယ် ရောင်းတော့မရောင်းနိုင်ဘူး ပြောမိတာ နင့်လိုကောင်နဲ့တွဲရတာ ဘဝအာမခံချက်မရှိဘူး တိုးတက်ချင်စိတ်မရှိဘူး ဘာဘူးနဲ့ ဖြတ်သွားပါလေရော
အဲ့ဒီတစ်ယောက်ကအစက တော်တော်ရိုးတယ်ဗျ ချစ်လားမေးရင်တောင်ပြန်ဖြေရမှာရှက်နေတတ်တဲ့ မိန်းကလေး ခုတော့ တက်တူးတွေဘာတွေနဲ့ ဘန်ကောက်တွေဘာတွေသွားတာလဲတွေ့တယ် (တက်တူးနဲ့စော်လေးတွေကို အပြစ်ပြောတာမဟုတ်ဘူးနော် သူလန်းလာတာပြောပါတယ် 😬😬) ဖြတ်သာသွားတာ မန်ဘာဝင်ထားတဲ့ပိုက်ဆံကျပြန်မပေးခဲ့ဘူး ကျွန်တော့ကျ ၂ ပြားမတန်အောင်ပြောပြီး သူအခုတွဲနေတာကျတော့ သူတို့ MLM ထဲကအိမ်ထောင်ရှိတဲ့ ဘဲကြီးဗျ ဒီလောက်ရိုးတဲ့ မိန်းကလေးက ဘယ်လိုဖြစ်သွားပါလိမ့်လို့ အံ့သြရင်း သင်္ခန်းစာရတယ် MLMက လူတစ်ယောက် ချွတ်ခြုံကျအောင် လုပ်ရုံသာမက ရိုးရိုးသားသားမိန်းကလေးတွေကို ငွေနဲ့ဆွယ်ရင်း ဒီလိုဘဝရောက်အောင်လဲလုပ်တတ်ပါသေးလားလို့ သဘောပေါက်လာတယ် အဲ့ဒါကြောင့်အခု MLM မလုပ်တဲ့ မိန်းကလေးတွေပဲ လိုက်ကြိုက်တော့တယ် ဟီ 😍
https://m.facebook.com/groups/521691951357295?view=permalink&id=724299531096535