Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, October 31, 2017

MLM က အောင်မြင်သူကြီးတွေ



ပုဂ္ဂလိက ဘဏ်တစ်ခုမှာ အလုပ်လုပ်တုန်းက MLM Company တစ်ခုက လွှတ်လိုက်တာဆိုပြီးတော့
ဘဏ်အကောင့် လာဖွင့်ကြတဲ့ ရွာဘက်က လူတွေ တွေ့ဖူးတယ်…
ကိုယ့်နာမည်ကိုယ် လက်မှတ် ဖြောင့်အောင် မထိုးတတ်လို့ မှင်နဲ့ လက်ဗွေယူပြီး အကောင့်ဖွင့်ပေးလိုက်ရတဲ့ လူတွေဟာ MLM က အောင်မြင်သူကြီးတွေ အခေါ် နောက်ဆုံးပေါ် ခေတ်မှီ စီးပွားရေးလုပ်ငန်းကြီးကို ဦးဆောင်ပြီး နိုင်ငံတကာကို တစ်လတစ်ခါ ခရီးထွက်ကြဦးမတဲ့…
နိုင်ငံခြားမှာ ကျင်းပတဲ့ အခမ်းနားဆုံး ပါတီပွဲကြီးမှာ စင်ပေါ်တက်ပြီး သိန်းတစ်သောင်းလောက် ဆွတ်ခူးရမယ့်
သူတို့ အိပ်မက်တွေတော့ ဘာဆက်ဖြစ်တယ် မသိဘူး…
အနည်းဆုံး ငွေ လေးငါးသိန်းရင်းထားတဲ့ နောင်အနာဂတ် သူဌေးလောင်းတွေဟာ လကုန်ရက်တိုင်း ဘဏ်စာရေးကို မျက်နှာငယ်နဲ့ အကောင့်ထဲ ငွေဝင်သလား မေးရတာကတော့ လက်တွေ့ ဖြစ်လာတယ်…
ကံအကောင်းဆုံး မန်ဘာ တစ်ယောက်စ နှစ်ယောက်စဟာ Bonus ခေါ်တဲ့ ငွေလေး ငါးထောင် တစ်သောင်းလောက် အကောင့်ထဲ ဝင်လာရင် တခြားလူတွေထက် အရည်အချင်းရှိလို့ လမ်းကြောင်းမှန်ပေါ် ရောက်ခါနီးပြီလို့ ယူဆကြရတယ်…
ဝိုင်းအားကျ ကြရတယ်…
အောင်မြင်ခါနီးမှ ကပ်လွဲသွားတယ် မဖြစ်ရလေအောင်
အမှတ်တွေတက်အောင် ဆိုပြီး
ဒေါင်ဒေါင်မြည်တဲ့ တောသူတောင်သားတွေဟာ ကျန်းမာရေးကော်ဖီတို့
အဆိပ်ထုတ်တဲ့ ကပ်ခွာတို့
အူရှင်းတဲ့ ဓာတ်စာတို့ကို
ကြံဖန် ဝယ်စားရပြန်တယ်…
ပြန်ရောင်းရအောင်လည်း သူတို့ကိုယ်တိုင်က ဒီနတ်သုဒ္ဓါ ဇီဝကဓာတ်စာ စွယ်စုံ ဆေးနာမည်ကို တည့်အောင် မခေါ်တတ်ဘူး…
ဒီလိုနဲ့ အောင်မြင်မှု လမ်းကြောင်းကတော့ ဘယ်နေတယ် မသိဘူး…
မိဘလက်ငုတ် တောင်ယာအလုပ်ကတော့ မြေဂရမ်ပါ အပေါင်ဆိုင် ရောက်နေတယ်…
ပဲနှမ်းပေါ်တုန်းက ဝယ်စုထားတဲ့ ရွှေတွေအစား ခြင်ကိုက်ဖုကနေ HIV ထိ ပျောက်တဲ့ ဆေးဝါးတွေက နေရာယူလာတယ်…
ဆန်အိုးထဲမှာ ၉၆ပါး ပျောက်တဲ့ ဓာတ်စာတွေသာ ပြည့်လာတယ်…
မန်ဘာဝင်တုန်းက ပေးလိုက်တဲ့
ကားအသစ်ကျပ်ချွတ်ကြီးတွေနဲ့ လက်မကြီးတွေ ထောင်ပြီး တွဲရိုက်ထားတဲ့ အတုယူစရာ အောင်မြင်သူ Leader ကြီးတွေတော့ ဘယ်ရောက်သွားတယ် မသိဘူး…
လကုန်ရက်တိုင်း ရွာကနေ
ဘဏ်အရောက်မောင်းလာတဲ့ စူပါကပ်အနွမ်းလေးတွေကတော့ တဖြည်းဖြည်း ကျဲပါးလာတယ်…
MLM ကို မလုပ်ဖူးဘဲ ပြောတာ မဟုတ်ဘူး…
လုပ်ရင်းနဲ့ လုံးပါးပါးသွား သူတွေကို မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ…
သွားတိုက်ရုံတင်မက
ဘာနာနာ လူးရုံနဲ့ ပျောက်တဲ့ သွားတိုက်ဆေး ဆိုသဟာကြီးကို သောင်းကျော်ပေးဝယ်မယ့်အစား
ကမ္ဘာ့နံပါတ်တစ် ကိုးလ်ဂိတ်ကို တစ်ထောင်ကျော်နဲ့ဝယ်ခဲ့တဲ့ ကိုယ့်ကို သနားစရာ အသိဉာဏ်နုံနဲ့တဲ့ သတ္တဝါလို မျက်လုံးလေးစင်းပြီး ကြည့်ခဲ့တဲ့ အောင်မြင်သူလောင်းလျာကြီးတွေဟာ ခုဆို မနက်လင်းရင် သွားတိုက်စရာ မီးသွေးခဲတောင် ကျန်ပါ့မလား မပြောတတ်ဘူး…
ဆေးတစ်မျိုးတည်း သောက်ရုံနဲ့
ရင်သားကင်ဆာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရုံမက
ရင်သားတင်းရင်း မအင်္ဂါကျဉ်း
အသားအရည်စိုပြေနုဝင်းပြီး ဆံပင်ပါ မဖြူတောမယ့် ဆေးမဟာကြီးကို ဖော်စပ်ခဲ့တဲ့ ဒေါက်တာကြီးဟာ ခုဆို နိုဘယ်ဆုများ တက်ယူနေပြီလား ဆိုတာ တွေးတောရင်း …
ရွှန်းမီမီထက်
 https://www.facebook.com/shoon.htet/posts/1724201724266217