Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, October 11, 2017

MLM သမားတွေ လာရောင်းသွားတဲ့ ဟို ဓာတ်စာ သောက်ရမလား ?



MLM သမားတွေ လာရောင်းသွားတဲ့
ဟို ဓာတ်စာ သောက်ရမလား ?
ဒီ ဓာတ်စာက ဘာ ဆိုးကျိုး ရှိနိုင်လဲ ဆိုတာတွေကို
ကျွန်တော်တို့ AntiMLM Group ထဲကို တင်မကပဲ
ဆရာဝန်တွေ
ကျန်းမာရေးပညာရှင်တွေကို
သေချာ အချိန်ယူပြီး မျက်နှာချင်းဆိုင်
မေးမြန်း စုံစမ်း သင့်တယ်ဗျ ။

အဲ့လို သွားမေးတဲ့ အခါ
လာရောင်းသွားတဲ့ MLM သမားကိုပါ
လက်ဆွဲ ခေါ်သွားလိုက်လေ ။
( MLM သမားတွေဆီက ပိုက်ဆံ ယူထားတဲ့
ဆရာဝန်တွေဆီတော့ မသွားသင့်ဘူးပေါ့ဗျာ )
ပိုကောင်းတာကတော့ စ လာရောင်းကတည်းက
မင်း ပြောတာတွေ ကို သက်သေအနေနဲ့
ဗီဒီယို မှတ်တမ်း ယူထားမယ်နော်လို့ ပြောပြီး
သူက မှတ်တမ်း အယူခံရဲမှ
သူ့ စကားကို ဆက် နားထောင်ဖို့ပဲ ။
( မှတ်တမ်းယူတာ မခံရဲရင်
ဘာကြောင့်လဲ ဆိုတာ စဉ်းစားသာ ကြည့်တော့ပေါ့ဗျာ )
စေတနာဖြင့်
#ကိုဇင်ဇေ
#mlm #antimlm #health #supplements
#falseclaim
https://www.facebook.com/groups/myanmarmlmtruth/permalink/730088387184316/