Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, October 3, 2017

Mlm သားကောင်


ကျွန်တော် တွေးကြည့်သလောက် ရေးထားတာပါ
ဝိုင်းဆွေးနွေးကြပါဦး. .
https://m.facebook.com/groups/521691951357295?view=permalink&id=725009754358846
MLM လုပ်ဖို့ အတွက် ဆွဲ ဆောင်ဖို့် အကောင်း ဆုံး လူ အမျိုးအစား တွေကို ကျွန်တော်တို့ တွေးကြည့်ရမယ် .

၁။
လက်ထဲမှာ အတော်အသင့် ပိုက်ဆံ ရှိနေတဲ့ လူမျိုး လူငယ်လူလတ်ပိုင်း တွေ
သူတို့က လက်ထဲမှာ ပိုက်ဆံလေးနည်းနည်းပါးပါးရှိနေတော့ပိုက်ဆံ ကို ထပ်ပွားအောင် လုပ်ဖို့တွေးမယ် မှိုင်းတိုက် တဲ့လူနဲ့တွေ့သွားရင် အဲ့မှာပဲ. သူတို့ဟာ သူတိုအိပ်မက်တွေကို တကယ် အကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းလို့ထင်သွားမယ်
အဲ့မှာ စလုပ် ဖြစ်မယ်. .
ပြသနာက ပိုက်ဆံကလက်ထဲ နည်းနည်း ပါးပါး ရှိနေတော့ Confidence က တက်နေတဲ့အချိန် ဖျောင်းဖျရ အတော်ခက်မယ့် အနေအထား. .

၂။
ကိုယ့် လက်ငုပ်လက်ရင်းမှာလည်း အရမ်းအဆင်မပြေ
နောက်အလုပ်လည်း ကူးချင် ဘာလုပ်ရမှန်းလည်းမသိ
အဲလိုအနေအထားမှာ ဆိုသိပ်စွယ်လို့ ကောင်းတာပေါ့. .
MLM သမားနဲ့တွေ့ပြီး
ဥပမာ ။ ဟာကွာ. . . မင်းငါ့ကိုတော့ မပြောဘူး
ငါဆို . .ဘယ်လို . . .
ငါ့အထက်ကလူဆို. . . ဘယ်လိုကွ
သူနဲ့လိုက်တွေ့ မင်းအဆင်ပြေသွားမှာ. .
(သေပြီသာမှတ်)

၃။
အလုပ်မလည်းမရှိ မိဘ တွေကိုလည်းလုပ်ပြချင်
မိဘတွေကလည်း အတော်အသင့် ချောင်လည်လို့ မုန့်ဖိုးလေး စို့စို့ပို့ပို့ ရနေတဲ့ အချိန်
MLN မှိုင်းနဲ့မိသွားရင် အဲ့လိုလူမျိုးလည်း သေပြန်ရော ..

၎။
နောက်တစ်ခုက ခိုကိုးရာ မယ့်နေတဲ့ ရောဂါသည်တွေ
ကျန်းမာရေးအကြောင်းနားမလည်ဘဲနဲ့ ဘာနဲ့ဆိုပျောက်တယ်
သူ့တုန်းက ဒီလိုဆို ပျောက်တယ် သောက်ကြည့်ပါလား.
ဘာညာ. .စသည်ဖြင့်ပေါ့
သက်ဆိုးသိပ်ရှည်မှာမဟုတ်ဘူး. .

၅။
နောက်တစ်ခုက ဒီအလှကုန်ပစ္စည်းတွေ
ဘယ်လိုကောင်းတာ ဈေးကွက်ထဲမှာရှာလို့ မရဘူး
ငါတောင် Member ဝင်ထားလို့ရတာ
သုံးကြည့်လိုက်. .အဆင်ပြေ ရင်ပြော. .
၃ ရက်အကြာ. .
ဟာ အသားတွေ စိုလာတယ်နော်. . အဲ့ အလှကုန်နဲ့တည့်တယ်
ငါ့ဆီမှာတော့ နည်းနေပြီ ဈေးက ဘယ်လောက်
ဒါပေမယ့် Member ဝင်ရင် ဘယ်ဈေးနဲ့ရမယ်
ပိုတန်တယ်
ငါ့အထက်လူရှိတယ် ငါပြောပေးမယ်. .
ဘာ ညာ. . .