Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Sunday, October 1, 2017

ဆက်ရန်ရှိနေသေးတဲ့ MLM တိုက်ပွဲ




ဆက်ရန်ရှိနေသေးတဲ့ MLM တိုက်ပွဲ
===========================
အွန်လိုင်းပေါ်မှာ အချိန်အတော်အကြာအပြန်အလှန် ငြင်းခုံခဲ့ကြတဲ့ MLM ကိစ္စကို ဒီနေ့နံနက် ၁၂ နာရီမှာ DVB debate အစီစဉ်မှာ ပြောဆိုဆွေးနွေးမယ်ဆိုတာကြောင့် ကိုယ်တိုင်က စိတ်ဝင်စားတာနဲ့ ဗိုလ်တစ်ထောင်ဘုရားလမ်းက Orchid ဟိုတယ်ကို အရောက်သွားခဲ့ပါတယ်။
.
ရိုက်ကူးရေးအခန်းထဲမှာ ပရိသတ်တွေအပြည့်နဲ့ ထိုင်စရာနေရာတွေ မလောက်အောင်ကို အားပေးနေကြတာတွေ့ခဲ့ရပါတယ်။ MLM ဆိုတာ Multi Level Marketing ရဲ့ အတိုကောက်ဆိုတာကိုတော့ အတော်များများ သိရှိပြီးနေပါလိမ့်မယ်။ ဒီပွဲမှာ ဆွေးနွေးမယ့် ခုံနှစ်လုံးထက်မှာ ထိုင်နေသူတွေကတော့ MLM ကိုဆန့်ကျင်တဲ့ဘက်က ကိုဇင်ဇေလွင် နဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကျော်ငြိမ်းတို့ ဖြစ်ကြပြီး MLM ထောက်ခံသူဘက်တော်သားများကတော့ ပရိသတ်ရဲ့ ထိုင်ခုံနေရာကနေပဲ ခုခံဆွေးနွေးခဲ့ကြပါတယ်။
.
ပွဲကိုလာရောက်အားပေးသူတွေထဲမှာ MLM လုပ်ငန်းတွေမှာ ကျင်လည်လုပ်ကိုင်နေကြတဲ့ လူငယ်လူကြီးတွေ အများစုပါဝင်တာကိုလည်း သတိထားမိပါတယ်။ MLM နဲ့ပက်သက်တဲ့ အားနည်းချက်တွေကို ထောက်ပြဆွေးနွေးသွားတဲ့ ပွဲပြီးခါနီး နောက်ဆုံးအချိန်ပိုင်းမှာဆိုရင် တစ်ယောက်ပြီးမှ တစ်ယောက် အလှည့်ကျ ဝင်ရောက်ဆွေးနွေးရမယ့်အစား ဘေးမှနေ တစ်ယောက်တစ်ပေါက် ပါဝင်ဆွေးနွေးခဲ့တာကြောင့် စီစဉ်သူတွေ အတော်လေး သတိပေးပွဲထိန်းခဲ့ရတဲ့ စကားစစ်ထိုးပွဲလဲဖြစ်ပြီး DVB ဒဘိတ်ပွဲတွေမှာ ယခု MLM ပွဲက အဆူဆုံးဖြစ်ခဲ့ပါတယ်။
.
MLM အပေါ်မှာ တစ်ဖက်နဲ့တစ်ဖက် ခံယူချက်ရှုထောင့်တွေ မတူညီကြတဲ့အတွက် နောက်ဆုံးမှာ အစိုးရရဲ့ စားသောက်ကုန်၊ ဝန်ဆောင်မှု၊ တင်သွင်းမှု အစရှိတဲ့ သတ်မှတ်ချက်ဥပဒေတွေကို MLM ကုမ္ပဏီတွေအနေနဲ့ လိုက်နာနိုင်အောင် ကြိုးပမ်းဖို့နဲ့ MLM ကိုလည်း တစ်ဖက်က နားလည်လက်ခံနိုင်အောင် အပြန်လှန်ညှိနှိုင်းကြဖို့ ဆိုတာနဲ့ နိဂုံးချုပ်ခဲ့ရပါတယ်။
.
အချိန်မလောက်လို့ ပွဲပြီးသွားခဲ့ပေမယ့် တစ်ကယ်တော့ MLM ပွဲဟာ မပြီးသေးပါဘူး။ ဘယ်အချိန် ဘယ်နေရာမှာ ဖြစ်ဖြစ် ဆုံချင်ပါသေးတယ်ဆိုတဲ့ MLM အဖွဲ့ နဲ့ Anti-MLM အဖွဲ့တို့ဟာ Orchid ဟိုတယ်ရဲ့ အပြင်ဘက်မှာ ဘာတွေပြောခဲ့ကြသေးလဲဆိုတာ ဗီဒီမှာဆက်လက်ကြည့်ရှုပါ။
.
ဒါနဲ့ စကားမစပ် လူကြီးမင်းက “MLM” ဘက်ကလား..? ဒါမှမဟုတ် “Anti MLM” တစ်ယောက်လား ဆိုတာ၊ မိမိရဲ့ ယုံကြည်ချက်နဲ့ ပြောချင်တာတွေကို ကွန်မန့်မှာ ရေးခဲ့ပါဦးနော်။
https://www.facebook.com/popolaytv/videos/1630630920327284/