Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, October 2, 2017

ဟို Company ရော ဘယ်လိုနေမလဲ ? ဒီ Company ကရော MLM စစ်သလား ? မေးလာသူတွေ အတွက်ပါ ။



ဟို Company ရော ဘယ်လိုနေမလဲ ?
ဒီ Company ကရော MLM စစ်သလား ?
မေးလာသူတွေ အတွက်ပါ ။

❗️MLM မစစ်ရင် နစ်နာမှု ပိုများမယ် ။
❗️MLM စစ်လည်း အောက်လူ အများစု
နစ်နာနေရတာတွေ ရှိနေဦးမှာပဲ ။
( Amway နဲ့ Herbalife သာ ကြည့်လိုက်ပါလေ )

MLM System ကကို နဂို အားနည်းချက်တွေ ရှိနေတာ ။
MLM စနစ်ကကို လောဘကို အခြေတည်ထားတာ ။
အောက်လူအဆင့်ဆင့်ရဲ့ အချိန် / ငွေ / အတွေ့အကြုံ နဲ့ လုပ်အား တွေကို အပေါ်ကလူတွေက
ရေရှည် အလကား ယူနိုင်ဖို့ စီစဉ်ထားတာပါ ။

( အပြင်လုပ်ငန်းတွေမှာလည်း အဲ့လို
အဲ့လို အားယူတာမျိုး လုပ်လေ့ရှိပေမယ့်
ယူသူရော အယူခံရသူရော အဆင်ပြေဖို့လိုတယ် ။
MLM မှာက အောက်လူတွေက လုပ်ငန်းစရိတ်တောင် ကျေဖို့ အနိုင်နိုင် လုပ်နေကြရရှာတာ ။
ရေရှည် မျှော်လင့်ချက် မက်လုံးနဲ့သာ
သူတို့ တောင့်ခံနေရရှာတာ ။ )

MLM ( Multi-level Marketing ) မဟုတ်ပဲ
အလွှာလျှော့တဲ့ ( အရောင်းကို ပို ဦးစားပေးထားတဲ့ )
Direct Selling ဟာမျိုး ကျွန်တော်တို့ အားပေးတယ် ။
( ၃-၅ လွှာအောက် )

MLM နဲ့ ဆင်သလို ဖြစ်တဲ့
Affiliate Marketing လို ဟာမျိုး
ကျွန်တော် တို့ အားပေးတယ် ။
ဒီမှာ လုပ်လို့ မရသေး ပေမယ့် နိုင်ငံခြားမှာ ရှိနေရင်
အဲ့ဒါတွေ လေ့လာလို့ ပိုတောင်ကောင်းသေးတယ် ။

၁။ အကျိုးခံစားခွင့် အလွှာ များလွန်းတဲ့ ကိစ္စ

၂။ နယ်အလိုက် ကိုယ်စားလှယ်အရေအတွက်
ကန့်သတ်မထားတဲ့ ကိစ္စ

၃။ ကွန်ရက် ပြင်ပရောင်းအားထက်
အတွင်းရောင်းအားကို ဦးစားပေးနေတဲ့ ကိစ္စ

၎။ အောက်လူတွေရဲ့ အချိန် နဲ့ လုပ်အားကို
အဆင့်ပေါင်းများစွာ လိုက်ခံစားရယူနေတဲ့ ကိစ္စ

၅။ Trainings တွေ Camps တွေ
လိုအပ်တဲ့ Tools တွေ နဲ့
ဂုဏ်ပြုပွဲတွေကိုတောင်
ကိုယ်စားလှယ်တွေက အိတ်စိုက်နေရတဲ့ ကိစ္စ

၆။ ကိုယ့်ပြိုင်ဘက် ကိုယ်ပြန်မွေးသလို ဖြစ်နေစေတဲ့ ကိစ္စ

၇။ ခုခေတ်မှာ Direct Selling ရဲ့ သဘောကကို
အခုလို လူအဆင့်ပေါင်းများစွာ လုပ်စရာမလိုတော့ပဲ
အလွှာနည်းနည်းနဲ့
Online ကို အခြေပြု သွားလို့ ရနေပြီဆိုတဲ့ ကိစ္စတွေဟာ

MLM စနစ် နဲ့ အောက်ခြေက ကိုယ်စားလှယ်တွေ ကို
အဓိက ဆိုးကျိုး သက်ရောက်မှု ရှိနေစေတဲ့
အားနည်းချက်တွေပါ ။

#mlm #antimlm
#directselling

Facebook Group
👉 MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများhttps://m.facebook.com/groups/521691951357295?view=permalink&id=724580714401750