Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, October 11, 2017

Success more ဆိုတဲ့ MLM ကုမ္ပဏီက ထုတ်ကုန်တွေကို လေ့လာကြည့်ကြရအောင်



Success more ဆိုတဲ့ MLM ကုမ္ပဏီက ထုတ်ကုန်တွေကို လေ့လာကြည့်ကြရအောင်
ပထမဆုံး ထုတ်ကုန်ကတော့ Fillymor လို့ခေါ်တဲ့ ပစ္စည်းပါပဲ။သူတို့ အပြောအရ ပါဝင်တဲ့ပစ္စည်းတွေက လင်ဇီး၊ ဂျင်ဆင်းအဖို၊ အမ၊ငရုတ်သီးမှုံ့၊ ဂျင်း၊ နေကြာပန်း၊ ကြာပန်းတို့ဖြစ်ပါတယ်။ အဲ့ဒီ ပစ္စည်းဟာ ဘာလို့ ခေါင်းစဉ်တပ်လို့မရပါဘူး။ အကြောင်းက မြန်မာနိုင်ငံ FDA မှာတင်ထားတုန်းက ဖြည့်စွက်အာဟာရပါ။ဒါပေမယ့် ကြော်ငြာတော့ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ ကာကွယ်ဆေးပါတဲ့။ ဒါဟာ လိမ်လည်မှုပါ။
ကမ္ဘာပေါ်မှာ မည်သည့် ဆေးပညာရှင်၊ ဆေးပညာအဖွဲ့အစည်းကမှ ကင်ဆာရောဂါ ကာကွယ်နိုင်တဲ့ ဆေးကို ရှာမတွေ့သေးပါဘူး။ ဆေးတစ်မျိုးထုတ်တယ်ဆိုရင် ပထမဆုံး ပါဝင်တဲ့ပစ္စည်းတွေကို စစ်ဆေးရပါတယ်။ အန္တရာယ်မရှိဘူးဆိုတာ သေချာမှ တိရိစ္ဆာန်တွေကို အကြိမ်ပေါင်းများစွာစမ်းသပ်ပါတယ်။ ပြီးမှ Clinical Trial လို့ခေါ်တဲ့ တကယ့်ဝေဒနာရှင်တွေကို သဘောတူညီချက်နဲ့ အကြိမ်ပေါင်းများစွာစမ်းသပ်ပြီးမှ ဘာကာကွယ်ဆေး၊ ဘာရောဂါပျောက်ဆေးဆိုတာ သေသေချာချာ သတ်မှတ် ကြေငြာ ရောင်းချပါတယ်။
ဒီ Fillymor, Covermor ကင်ဆာ ပျောက်တယ်လို့ ကြော်ငြာထားတဲ့ ဆေးတွေကို ဘယ် စမ်းသပ်ခန်းကမှ ရောဂါပျောက်ကြောင်း မစမ်းသပ်ထားသလို၊ ဘယ် ဆေးပညာအဖွဲ့အစည်းကမှလဲ ဝေဒနာရှင်တွေကို စမ်းသပ်ထားခြင်းမရှိပါဘူး။ အဲ့ဒါကြောင့် ဒီပစ္စည်းဟာ ဖြည့်စွက်စာ လို့ ဥပဒေဘောင်ဝင်အောင် တင်သွင်းပြီး ဆေးအဖြစ် လိမ်ရောင်းနေတဲ့ အရာတွေဖြစ်ပါတယ်။
တကယ်လို့များ ရောဂါကာကွယ်ကြောင်း (Reputable Clinical Trial, Lab Result) နိုင်ငံတကာက လေးစားရတဲ့ စမ်းသပ်ချက်၊ ဝေဒနာရှင် မှတ်တမ်း တွေ ပြနိုင်မယ်ဆိုရင် ကျနော့်ကိုဆက်သွယ်ပါ။ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ဆု အဖြစ် ဒေါ်လာတစ်ေသာင်း ဆု ချပါမယ်။ ပြီးရင် သားအိမ်ခေါင်း ကင်ဆာနဲ့ ရင်သား ကင်ဆာ ကာကွယ်ဆေးကို ကျနော်ကိုယ်တိုင် အနောက်နိုင်ငံမှာ မှတ်ပုံတင်ပြီး ရောင်းချပါမယ်။ လာခဲ့ပါ။ အဲ့ဒီအတိုင်းမှန်ခဲ့ရင် ၃ လအတွင်း ဒေါ်လာ ဘီလီယံ ချီပြီးချမ်းသာရစေမယ်လို့ အာမခံပါတယ်။
(Successmore ကုမ္ပဏီမှာ ဒေါ်လာ ၁သိန်းနဲ့ ရှယ်ယာဝင်၊ မန်ဘာဝင်ပါမယ်။ ဒီပစ္စည်းကို ဖော်စပ်တီထွင်တဲ့သူနေရာမှာ ကျနော့်နာမည်ကို ထည့်ခွင့်ပြုပါ။ Nobel Prize in Physiology ကို ပူးတွဲရမှာကြောင့်ဖြစ်ပါတယ်။)
ဒါကတော့ အဆိုးရွားဆုံး အလိမ်အညာထုတ်ကုန်ဖြစ်ပါတယ်။ တခြား Phytovy တို့ Nutriga တို့ဟာလည်း ဥပဒေလက်တလုံးခြား ဆေးအတုတွေဖြစ်ပါတယ်။
ပြီးနောက်မှာတော့ ပုံမှန် ထုတ်ကုန်တွေကို လေ့လာကြည့်ပါမယ်။ ကျနော် ရွေးထုတ်ထားတဲ့ ကုန်ပစ္စည်းတွေကတော့ ကိုယ်တိုက်ဆပ်ပြာရည်၊ ဘော်ဒီလိုးရှင်း၊ ချွေးနံ့ပျောက်ဆေး၊ အ၀တ်လျှော်ဆပ်ပြာရည်တို့ဖြစ်ပါတယ်။
ကိုယ်တိုက်ဆပ်ပြာရည် ( စင်္ကာပူဒေါ်လာ)
Successmore - Dewy Shower Gel(၁၄ ဒေါ်လာ)
စင်္ကာပူ ဆိုင်မှာ Neutrogena ကထုတ်တဲ့ ဆပ်ပြာရည် ( ၁၀ ဒေါ်လာ)
ဘော်ဒီလိုးရှင်း (စက်ာပူဒေါ်လာ)
Successmore - Ease Bodylotion (၁၄ ဒေါ်လာ) ၁၀၉၀၀ ကျပ်)
Nivea in Singapore ( ၁၀ ဒေါ်လာ)
ချွေးနံ့ပျောက်ဆေး
Successmore - (၆.၆ ဒေါ်လာ)(၄၇၀၀ကျပ်)
Nivea in Singapore (၄.၂၅ ဒေါ်လာ)
အ၀တ်လျှော်ဆပ်ပြာရည်
Successmore - (၁၄ ဒေါ်လာ) (၁၀၉၀၀ ကျပ်)
Singapore Top Detergent (၇.၅ ဒေါ်လာ)
ကဲ ဒါတွေကိုသာ ဥပမာကြည့်ပါ။ Nivea ဆိုတာ ဂျာမဏီနိုင်ငံက ကမ္ဘာကျော်ဘရန်းဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီထက် ဈေးပေါပါတယ်။ စင်္ကာပူဟာ ပိုဈေးကြီးပါတယ်။ အကြောင်းက စင်္ကာပူဟာ လူနေမှု အဆင့်အတန်း ပိုမြင့်ပြီး ၀င်ငွေမြင့်တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီလိုနိုင်ငံက ဈေးနဲ့တောင် မြန်မာပြည်မှာ Successmore က ရောင်းချနေတဲ့ ဈေးတွေဟာ ပိုများနေပါတယ်။
အရည်အသွေးပိုင်းမှာလဲ Nivea ဆိုတာ ၁၉၀၀ ပထမကမ္ဘာစစ် မစခင်ကတည်းက နာမည်ရပြီးသားဖြစ်ပါတယ်။ ဒေါ်လာ မီလျံပေါင်းများစွာ နဲ့ ကိုယ်ပိုင်သုတေသန စမ်းသပ်ခန်းတွေနဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Nivea ရဲ့ The Beiersdorf Research Center သုတေသန စင်တာချည်းတင် Successmore ရဲ့ ရုံးချုပ်ထက် နှစ်ဆ လောက်ပိုကြီးပါတယ်။နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ရောင်းချနေတဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။ ကျနော် Nivea ကို ကြော်ငြာနေတာမဟုတ်ပါ။ ဒါပေမယ့် Nivea နဲ့ယှဉ်ပြီး Successmore က အရည်အသွေးပိုကောင်းတယ်ဆိုရင်တော့ အလွန်ပြောင်မြောက်တဲ့ ဟာသ တစ်ခုပဲဖြစ်ပါလိမ့်မယ်။ ကျိန်းသေတာကတော့ Successmore က Nivea ထက်ပိုကြီးတာဟာ ဈေးပဲဖြစ်ပါတယ်။
ဆေးပညာသည် ကျနော့်ရဲ့ အမြင်အရ ဖြည့်စွက်စာတစ်ဖြစ်လဲ မလိမ့်တပတ် ဆေးတွေကတော့ ဘာရောဂါမှ ကာကွယ်နိုင်ကြောင်း ခိုင်လုံတဲ့ အထောက်အထား မရှိပါ။
Win OO
1. မန်ဘာကြေး ၅၀၀၀/ ပေးပါ။
2. သင်အသုံးဝင်သည်ဖြစ်စေ အသုံးမဝင်သည်ဖြစ်စေ ၁၃၀၀၀၀/ မှ ၅၀၀၀၀၀/ ဘိုး ပစ္စည်းဝယ်ပါ။
3. သင့်ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများကို ဆွယ်ပါ။ သင့်လိုပဲ ၅၀၀၀/ သွင်းခိုင်းပါ။ သင့်လိုပဲ ၁၃၀၀၀၀/ မှ ၅၀၀၀၀၀/ ဘိုး ပစ္စည်းဝယ်ခိုင်းပါ။ သူတို့ထံမှ ၁၃၀၀၀၀/ ရလျှင် သင့်အား ၇၄၂၅/ ပေးမည် ၅၀၀၀၀၀/ ရလျှင် သင့်အား ၂၉၇၀၀/ ပေးမည်။
သင်ပစ္စည်းဝယ်လိုက်သောငွေ ငါးသိန်း ကြေရန် ၁၃၀၀၀၀/ ဘိုးဝယ်သူ ၆၇ ယောက် ရှာပေးရမည်။ ဒါမှသာ ကုမ္မဏီသည် (၉၂၁၀၀၀၀/ - ပစ္စည်းဖိုး = ခန့်မှန်း ၇၂သိန်း) အသားတင်ရမည်ဖြစ်ပြီး သင်သည်လည်း အရင်းကြေ၍ တစ်သိန်းမျှသာတန်ပြီး မရောင်းထွက်သော ပစ္စည်းများမြတ်မည်ဖြစ်သည်။
ကိုယ်ကျိုးစွန့်၍ အခြားသူများကိုလည်း ဒုက္ခရောက်အောင် ကူညီရသောအလုပ်ဖြစ်သဖြင့် သင် လုပ်အားခရမည်မဟုတ်ပါ။
ဒီ Group ထဲမှာ SuccessMore နဲ့ ပတ်သက်တဲ့
ထောက်ပြ ဝေဖန်ချက်တွေ စုပေးထားပါတယ် >>>
TUN TUN OO
Successmore Company သည် ထိုင်းနိုင်ငံအခြေစိုက် Mlm Company အမျိုးးအစားဖြစ်သည်။
Avon
Behip
စတဲ့ Mlm company တွေရဲ့မန်ဘာဟောင်းတစ်ဦးဖြစ်သူ
ဒေါက်တာဆစ်ထ၀ီကနေပြီး တည်ထောင်ခဲ့တာပါ
Marketing Manager နှင့် Motivator အဖြစ် နော်ဖာကစ်က တာဝန်ယူဆောင်ရွက်ပါတယ်
မြန်မာနိုင်ငံ Line Leader က Mr Birds ဆိုသူပါ။
သူလဲ Mlm သမားဟောင်းတစ်ဦးပါပဲ
Snature က Leader ဟောင်းတစ်ဦးပါ
မြန်မာနိုင်ငံ Leader ကကိုလတ်ခေါ်ကိုစိုင်းမျိုးမင်းလတ်ဖြစ်ပြီး S nature ရဲ့ Leader ဟောင်းတစ်ဦးပါပဲ
သူတို့လေးယောက်ဆုံမိပြီး Successmore company ကိုမြန်မာနိုင်ငံမှာစဖွင့်ဖြစ်တာပါ
2014 လောက်မှာစတင်ဝင်ရောက်လာပြီး အခု ရုံးခွဲ သုံးခုနဲ့ မြန်မာပြည်ထဲ အကြီးကျယ်မွေနေတဲ့ Company ဖြစ်ပါတယ်။
Company ပိုင်းဆိုင်ရာကိုပို့ပို့ဆိုသော ကိုလတ်နဲ့မျိုးမကင်းသူ မြန်မာမန်နေဂျာတစ်ယောက်ကတာဝန်ယူလည်ပတ်ပါတယ်။
အထူးသဖြင့် Successmore Company ကို ကိုလတ်နဲ့သူတစ်ဆွေလုံးတစ်မျိုးလုံး အထက်ကနေမန်ဘာဝင်ပြီး အကြီးအကျယ် လှုပ်ရှားနေတာပါ
Successmore Company ရဲ့ထင်ရှားတဲ့ Leader တွေကတော့
ကိုလတ်
မနန်းမိုင်
မကျော့
မပပ
ဦးမျိုးသန့်
ဝင်းအောင်
စတဲ့ Leader
တွေကတော့ဖြစ်ပါတယ်။
တစ်ခြား ခေါင်းဆောင်တွေလဲအများကြီးကျန်ပါသေးတယ်
အကုန်လုံးနီးပါးကတော့
Mlm သမားဟောင်းတွေဖြစ်ကြပါတယ်
Successmore ဟာ MlM Mutilevel Marketing ဆိုတဲ့နာမည်ကိုမသုံးပဲ
World of Mouth Marketing ဆိုတဲ့ ခေါင်းစဉ်နဲ့သွားပါတယ် တကယ်တော့ မလိမ်တပတ် လုပ်တာဖြစ်ပြီး World of Mouth Maketing သည် Mlm နဲ့အတူတူပါပဲ
Plan အနေဖြင့် Cycle Matching ဟူနာမည်ပေးထားသော Binary Plan နှစ်လိုင်းသွား Plan ကိုအသုံးပြုထားခြင်းဖြစ်ပြီး Cycle Bonus နဲ့ Matching Bonus ကို အဓိကထား ပေးတဲ့ Plan အမျိုးစားလို့ဆိုပါတယ်
Company ရဲ့ Presentation မှာ
City Mart
Tawin Center
Dagon Center တိုကို စော်ကားပုတ်ခတ်ပြီး အဲဒီနေရာမှာဝယ်ရင် ဘာပြန်ရလဲ အခွိ့ပဲပြန်ရမယ် Successmore မှာဝယ်ရင် ငွေပြန်ရမယ်ဟူသောကြွေးကြော်သံနှင့် Ethic မညီစွာ ထောင်တက်လာသော Company ဖြစ်သည်။
Product များအနေဖြင့်လဲ ဈေးနှုန်းကြီးမြင့်ပြီး အာနိသင်မရှိကြောင်း ဆရာဝန်ပါရဂူ ဒေါက်တာတင့်ဆွေမှာ ထောက်ပြထားပါသည်။
Binary သဘောတရားရ ဘယ်ညာ လူနှစ်ယောက်မိတ်ဆက်ပြီးအောင်မြင်အောင်လုပ်ပေးယုံမျှဖြင့် ဘ၀ ချမ်းသာကိုရရှိမည်ဖြစ်ကြောင်းပြောဆိုလူဆွယ်သည်။
Successmore Leader များအနေနှင့်လည်း ဈေးရောင်းခြင်း ပစ္စည်းအရည်သွေးသည်ပထမ မဟုတ်ပဲ လူရရှိရေးဦးစားပေးလုပ်ဆောင်နေကြသည်။
Successmore Leader ကိုလတ်ကိုယ်တိုင်က ဈေးရောင်းခြင်းသည် မအောင်မြင်နိုင် Sponsoring မိတ်ဆွေများကိုသတင်းကောင်းပါခြင်း
📌လူဆွယ်ခြင်းကိုလှပအောင်တန်ဆာဆင်သုံးသောစကားလုံး 📌
ဖြစ်သာအောင်မြင်မှုရနိုင်ကြောင်း သရုပ်ပြ ခြင်းများကိုပြုလုပ်သည်။
Product များအနေဖြင့်
အလှကုန်
Make Up
တစ်ကိုယ်ရည်သုံးပစ္စည်းများ
မြေသြဇာ
အမျိုးစားခွဲခြားနိုင်ပြီး
ပြင်ပ Branded ဈေးနှုန်များထက် အချို့ နှစ်ဆ အချို့ဆယ်ဆခန့် ဈေးနှုန်းကြီးမြင့်သည်။
Quality အနေနှင့်လဲ အာမခံမှုအားနည်းပြီး မန်ဘာများ၏ ပါးစပ်ကြော်ညာ ကွန်ညွတ်ချက်တွေပေါ်သာမူတည်ရောင်းကြ၀ယ်ကြသည်။
အလွန်အကျွံ ပြောဆိုရောင်းချနေမှုနဲ့ပက်သက်၍ ပြသနာ မကြာခဏတက်နေပြီး Company အနေဖြင့် မန်ဘာအရေး Customer အရေး အလေးမထားဘဲ ငွေရပြီးရော ၀င်မစွက်ဖက်ပေ သူတို့၏ အကျိုးစီးပွား ထိခိုက်လာမှသာဝင်ရောက်တာဆီးတတ်သောအလေ့ရှိပြီး Company ၏ လုပ်ရပ် ရပ်တည်ချက်ကိုခန့်မှန်နိုင်သည်။
Successmore Company ရုံးဟောင်းသည် အရင်က ယုဇနပလာဇာ နောက်ဖက်ခြမ်းတွင်တည်ရှိပြီး
အခုသာကေတာ ဂုန်ကျော်တံတားအောက်ပြောင်းလဲဖွင့်လှစ်လိုက်ပါပြီ
Successmore နဲ့ပက်သက်ပြီးနယ်ဘက်တွင်နစ်နာသူတွေအများပြားရှိသည်
ရှက်၍တစ်ကြောင်း
ငွေပမာဏနည်းသည်ကတစ်ကြောင်း
Mlm leader များက မှိုင်းသွင်းချင်းကိုခံရ ၍သော်၎င်း မပြောရဲ ၍ Data နည်းနေခြင်းဖြစ်သည်
လုပ်ငန်းစီးဝေးပွဲတက်ပေးရပြီး ထိုစီးဝေးပွဲတွင်စိတ်ဓာတ်တက်ကြွအောင်လှုပ်ဆောပေးခြင်း
လူများကို မလာလာအောင်လှည့်ဖြားခေါ်ယူနည်းများ သင်ပေးတန်ကြသည်။
👉 ဥပမာ သူငယ်ချင်း ငါ Company တစ်ခုမှာရှယ်ယာဝင်ထားတယ်ဟူ၍ ခေါ်တတ်ကြသည် သို့တည်းမဟုတ် အလုပ်ကိုင်အခွင့်လမ်းဟု ဖြားယောင်းခေါ်ဆောင်တတ်ကြသည်
Successmore တွင် ၀င်ရောက်လုပ်ကိုင်သူ ၅သိန်း ကျော်ရှိပြီး အမှန်တကယ်အောက်မြက်သူ အယောက် ၅၀ လောက်သာရှိပြီး အရင်ကြေသူနဲ့ အရှုံးပေါ်သူ 4 သိန်းကျော်ခန့်ရှိမည်။
လူတစ် တစ်ယောက်အောင်မြင်ဖို့ခဲယျဉ်သောလုပ်ငန်းအတုယောင် အမျိုးစာဖြစ်သည်။ မိမိတို့ကိုယ်တိုင် ကိုယ်ပိုင်လုပ်ငန်းပိုင်ရှင်ယောင်ယောင် ပုံသွင်းတတ်ပြီး Music Video Activity မျာဖြင့် အစွန်းရောက်ဝါဒလိုမျိုး လှုပ်ရှားဆောင်ရွက်နေကြသည်။
ထိုသို့ လုပ်ဆောင်ခြင်းကို Brain Wash ဟုခေါ်ပြီး Brain Wash အလုပ်ခံရသူ၏ အတွေးတွင် Successmore ကိုအကောင်းသာမြင်နေတော့သည်
လုပ်ငန်းတိုင်သည်အကောင်းအဆိုး ဒွန်တွဲနေသော်လည်း Successmore ကာ အဆိုးပိုသည်ဟုဆိုရပေမည်။ဘယ်ကြောင့်ဆိုသော် နစ်နာတဲ့နေရာမှာမိမိတစ်ယောက်ထဲနစ်နာသည်မဟုတ်ပဲပတ်ဝန်းကျင် မိမိနဲ့ အသိ ဆိုင်ရာဆိုင်ရာ အားလုံးနစ်နာပြီး
ဘ၀ပျက်အချိန်ကုန်သည်အထိ တိုက်စားသွားနိုင်သည့်
Successmore Mlm Company ကိုဝေးဝေးရှောင်ကြပါလို့တိုက်တွန်းလိုက်ရပါသည်။
မူရင်း - Waltham Min
https://www.facebook.com/groups/successmore.victims/
=====
Success more ( MLM ကုမ္ပဏီ ) က
ထုတ်ကုန်တွေရဲ့ အရည်အသွေး နဲ့ ဈေးနှုန်း အပေါ် သုံးသပ်ချက်
https://www.facebook.com/groups/myanmarmlmtruth/permalink/606288982897591/
=====
Successmore က ထုတ်တဲ့ Fillymor ဆေးအကြောင်း
ဆရာဝန် / စာရေးဆရာ ဒေါက်တာ တင့်ဆွေ က သတိပေး ထောက်ပြထားခြင်း
https://www.facebook.com/drtintswe/photos/a.490060611088428.1073741828.490031307758025/1129115143849635/?type=3&theater
=====
Successmore ( MLM Company ) ၏ အသင်းဝင် စနစ်နှင့် အကျိုးခံစားခွင့် ပုံစံ အပေါ် ထောက်ပြဝေဖန်ချက်များ
Successmore အ​ကြောင်း​လေး​ပြောပါရ​စေ ( ၁ )
https://www.facebook.com/groups/myanmarmlmtruth/permalink/550059621853861/
Successmore အ​ကြောင်း​ပြောပါရ​စေ (၂)
https://www.facebook.com/groups/myanmarmlmtruth/permalink/552895461570277/
==========
Success more ( MLM ကုမ္ပဏီ ) က အသင်းဝင် တစ်ချို့ရဲ့ စကားကိုချဲ့ကားပြောဆိုပြီး
( ရံဖန်ရံခါတွင် လူသိများ ထင်ရှားသော အနုပညာရှင်များကိုအသုံးချပြီး )
ဈေးကွက်ထိုးဖောက်ပုံ သက်သေ များ
( ထို လုပ်ရပ်များ အပေါ်တွင် Company နှင့် ခေါင်းဆောင်ပိုင်းမှ
တာဝန်ယူ ၊ အရေးယူခြင်း ရှိမရှိ )
>>> https://www.facebook.com/groups/myanmarmlmtruth/permalink/605641526295670/
=====
( တခြား အလုပ်တွေထက် သူတို့ SuccessMore လုပ်ငန်းကသာ ပိုကောင်းပါတယ် လို့
အလွန်အကျူး ပြောဆို ဈေးကွက်ဖောက်ခြင်း )
SuccessMore က ခေါင်းဆောင်ပိုင်း တစ်ယောက်
သဘောင်္ သားတွေနဲ့ သဘောင်္ သား ကတော်တွေ ကို နှိမ်ချ ပြီး
SuccessMore ( MLM ) လုပ်ချင်အောင် ဆွဲဆောင်တဲ့ Post ကို ရေးတင်တဲ့ သက်သေ
https://www.facebook.com/groups/myanmarmlmtruth/permalink/602546009938555
=====
၁။ လစဉ်​ ၂ သိန်းကျပ်​မှ ၁၀ သိန်းကျပ်​အထိ ရရှိနိုင်​သည်
၂။ ပုံမှန်​​လေး လုပ်​သွားရုံဖြင့်​ တစ်​နှစ်​အတွင်း ၄၈၅ သိန်း​ကျော်​ ရရှိနိုင်​ပါတယ်​လို့
Successmore ကုမ္ပဏီမှ ကိုယ်စားလှယ်များက ​ကြော်​ငြာပြီး လူ လိုက်ဆွယ်လေ့ရှိပါတယ် ။
လက်တွေ့မှာ SuccessMore ( MLM Company ) ကို
ဝင်ရောက်လုပ်ကိုင်သူ ဘယ် နှရာခိုင်နှုန်းလောက်က
အဲ့လို အဲ့လောက် ထိ ရနေပါသလဲ ? ဆိုတာ
သင့်ကို လာဆွယ်သော ကိုယ်စားလှယ်ကို မေးခွန်းထုတ်စေချင်ပါသည် ။
https://www.facebook.com/groups/myanmarmlmtruth/permalink/602443599948796
===========
SuccessMore ( MLM Company ) ကိုယ်စားလှယ်တွေရဲ့ ချဲ့ကားကြော်ငြာ စည်းရုံးမှုတွေကို
တွေ့မိတဲ့ MLM ဆန့်ကျင်သူများက ချက်ကျလက်ကျ ထောက်ပြလေ့ရှိပါတယ် ။
အဲ့လို ထောက်ပြလို့ မူရင်း တင်တဲ့ Post ကို ပြန်ဖျက်လိုက်ရတာ ။
Friend Only လုပ်ပြီး Public ကို မပြရဲတော့တာတွေ ဖြစ်လေ့ရှိပါတယ် ။
28.2.2017 မှာတော့ SuccessMore မှ ခေါင်းဆောင် ကိုလတ်က
SuccessMore ကိုယ်စားလှယ်တွေကို မိမိ စိတ်ကြိုက်လွတ်လပ်စွာ စာတင်နိုင်ဖို့
MLM ဆန့်ကျင်သူများ ကို Block ထားဖို့ ကြေငြာ တိုက်တွန်းပါတယ် ။
( သင်သွားတဲ့ လမ်းမှာ ဆူးညှောင့် ခလုတ် ရှိနေရင်
အဲ့ဒီ ဆူးညှောင့် ခလုတ်ကို တစ်ခါတည်း ရှင်းခဲ့ပါ << လို့လည်း ဆိုပါတယ် )
https://www.facebook.com/groups/myanmarmlmtruth/permalink/605152433011246/
==========
#AntiMLM #AntiPyramidSchems #SuccessMore #Myanmar #MLM #NetworkMarketing
https://www.facebook.com/photo.php?fbid=2008726686031067&set=gm.685675768308709&type=3&permPage=1