Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, October 12, 2017

successmore ရဲ့ မဟာ အလိမ်အညာ


https://m.facebook.com/groups/521691951357295?view=permalink&id=730440667149088
successmore ရဲ့ မဟာ အလိမ်အညာ mlm ကုမ္ပဏီတွေရဲ့ အကြီးအမားဆုံးပြသနာဟာ ရောင်းကုန်ပစ္စည်းဟာ အဓိက မဟုတ်တာပါပဲ။ အဲ့ဒါကို ဘယ်လို သိသာစေင်သလဲဆိုရင် ရောင်းတဲ့ပစ္စည်းတွေကို လိုသလိုပြောရောင်းနေတာပါပဲ။ မြန်မာပြည်မှာ အများကစွတ်စွဲနေတာကတော့ ၉၆ ပါးပျောက်ဆေးလို့ ပြောရောင်းသတဲ့။ အောက်ကလူတွေ ပြောနေတာကတော့ ငြင်းမယ်ဆိုရင် ငြင်းနိုင်ပါတယ်။ သို့သော် ကျနော်တို့မှာ အထောက်အထား တွေရှိပါတယ်။ အဲ့ဒီလို မဟုတ်တာ ပြောရောင်းနေတာကို ကုမ္ပဏီက အရေးမယူပါ။ တခြားဆေးကုမ္ပဏီ ဖြည့်စွက်စွာကုမ္ပဏီတွေဆိုရင်ဒါကို အေ၇းယူကို ယူရပါတယ်။ အဆိုးဆုံးက ကုမ္ပဏီကိုယ်တိုင်က လိမ်နေတာဖြစ်ပါတယ်လို့ ကျနော့်ကိုယ်ပိုင်အမြင်အရ ပြောပါမယ်။ ကျနော်သက်သေပြပါမယ်။ ကျနော် Successmore website ကနေ မြန်မာလိုရော အင်္ဂလိပ်လိုရော ကူးယူပြီး သက်သေ ပြပါမယ်။ နှိုင်းယှဉ်ကြည့်ပါ။ ဒါ ထုတ်ကုန် ၂ခုပဲ နမူနာ ရေးပြတာ။ ကျန်တာတွေလဲ ဒီအတိုင်းပဲ။ +++Nutriga -မြန်မာလို ညအိပ်ယာမ၀င်မီ တစ်ရက်တစ်လုံး သောက်ပေးရုံဖြင့် ကင်ဆာရောဂါ သွေးတိုးရောဂါ ဆီးချို သွေးချိုရောဂါ နှလုံးသွေးကြောကျဉ်း ရောဂါ နှလုံးရောဂါတို့ကို ကာကွယ်ပေးသည့် အပြင် ပင်ပန်းမှူ ဒါဏ်ကိုခံနိုင်ပြီး စိတ်ဖိစီးမှူဒါဏ်မှ ကင်းဝေးစေပါသည်။ နာကျင်ကိုက်ခဲမှူကို လျော့ကျစေပြီး အသား အရည် ကြည်လင်လှပစေ၍ နုပျိုခြင်းကိုလည်း ပေးစွမ်းနိုင်ပါသည်။ -အင်္ဂလိပ်လို Properties Help to improve body’s immune system. Help to reduce blood sugar and cholesterol level. Help to reduce inflammation and infection better than aspirin. Eliminate mycotoxins Relieve arthralgia and arthritis. reduce side effects caused by chemotherapy. Help to improve energy and balance body. Prevent aging degeneration and slow down wrinkles while keeping youth and radiant skin. =မြန်မာလိုပြန်ပြပါမယ်။ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ရန်ကူညီပေးသည်။ သွေးထဲမှ သကြားဓါတ်နှင့် အဆီဓါတ် ချပေးရန် ကူညီပေးသည်။ အရောင်ကျစေရန် ကူညီပေးသည်။ mycotoxin ဟင်းဟင်းရွက်များတွင် ပါတတ်သော အဆိပ်များကို ဖယ်ရှားသည်။ လေးဖက်နာ သက်သာစေသည်။ ဆေးသွင်းကုသခြင်း ကီမိုသရပီ၏ ဘေးထွက်ဆိုးကျိုးများကို လျော့ချပေးသည်။ ကိုယ်ခန္ဓာ စွမ်းအင်တိုးစေရန်မျှတစေရန်ကူညီပေးသည်။ အသက်အရွယ်ကြောင့် အရေပြားတွန်းခြင်းကို ကာကွယ်ပေးသည်။ ကဲ ကျနော်တို့ မြန်မာလို ကြော်ငြာထားတဲ့အထဲက ဟာတွေနဲ့ ဘယ်လောက် လွဲနေပါသလဲ။ ဘယ်မှာလဲ သွေးတိုးဆီးချို ကာကွယ်ပေးတာ။ နှလုံးသွေးကြောကျဉ်းရောဂါ။ နှလုံးရောဂါ ကာကွယ်ပေးတာ။ ယောင်ယောင်လေးတောင် မပါဘူး။ မပါဘူးလေ။ တခြားနိုင်ငံမှာ ဒါမျိုးသွားကြေငြာရင် ထောင်ထဲ ရောက်သွားမှာပေါ့။ မြန်မာပြည်မှာ ပြောချင်တာ ပြော၊ ရတာကိုး။ သွေးထဲက သကြားဓါတ် ချပေးဖို့ကူညီတာဟာ သွေးချိုကာကွယ်ပေးတာ လို့ ပြောလို့မရဘူးလေနော်။ စကားကို မလှိမ့်တပတ်မလုပ်ပါနဲ့။ Metformin ဆိုတဲ့ ဆေးဟာ သကြားဓါတ်ကျစေတယ်။ ဒါပေမယ့် သွေးချိုကာကွယ်ဆေးလို့ ပြောရောင်းလို့ရလား။ ကြော်ငြာလို့ရလား။ +++Phytovy -မြန်မာလိုကြော်ငြာ ညစဉ်အိပ်ယာမ၀င်မှီ သောက်သုံးပေးခြင်းဖြင့် ၀မ်းမှန်စေခြင်း၊ သွေးထဲမှ အဆီဓာတ်ကို လျှော့ချပေးခြင်း၊ လိပ်ခေါင်းရောဂါကို ကာကွယ်ပေးခြင်း၊ အစာချေစနစ် အားကောင်းစေခြင်း၊ အလေးချိန် လျော့ကျသွယ်လျစေခြင်း၊ သကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ အူမကြီးကင်ဆာကို ကာကွယ်ပေးခြင်း၊ အာဟာရစုပ်ယူမှူ အားကောင်းစေခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး သက်ရှည် ကျန်းမာစေပါသည်။ -အင်္ဂလိပ်လို။ Properties – Help to increase fibers improving excretory system. – Help to excrete waste and fat from intestine. – Help to improve absorption of intestine. – Can be effective in 8-12 hours. – Help to digest and excrete toxics in intestine while helping to reduce cholesterol and blood sugar levels. – Help to reduce the risk of colorectal cancer. =ကျနော်ဘာသာပြန်ပြမယ်။ ကိုယ်ခန္ဓာ အူလမ်းကြောင်းမှ အမျှင် ဓါတ်ကို ကူညီပေးသည်။ အူလမ်းကြောင်းမှ အညစ်အကြေးနှင့် အဆီများ စွန့်ထုတ်စေသည်။ အူလမ်းကြောင်းမှ စုတ်ယူခြင်းများကို ကူညီပေးသည်။ ၈နာရီမှာ ၁၂ နာရီထိ ထိရောက်စေသည်။ ကိုလက်စထရောနှင့် သကြား ဓါတ်ကို လျော့ပေးသည်။ အဆိပ်အထောက်များကို စွန့်ထုတ်စေသည်။ အူမကြိးကင်ဆာ ဖြစ်နိုင်ချေကို လျော့ချပေးရန် ကူညီသည်။ သတိထားကြည့်။ သူတို့ အင်္ဂလိပ်လို ကြော်ငြာတွေ အကုန်လုံး Help တွေချည်း ရေးထားတာ။ ကူညီသည်ပဲ ရေးလို့ရတယ်။ အူမကြီးကင်ဆာ ဖြစ်နိုင်ချေကို လျော့ချပေးသည်လို့ ရေးခွင့် မရှိဘူး။ အဲ့ဒါပဲ။ တခြားနိုင်ငံတွေရဲ့ စားသုံးသူ ဥပဒေ စိုးမိုးမှု ဆိုတာ ဒါပဲ။ ၀င်လာတုန်းကလဲ စစ်တယ်။ ကြော်ငြာတွေမှာလဲ မဟုတ်တာတွေ ရေးလို့မရဘူး။ ဈေးကွက်ထဲ ရောက်သွားလဲ လိုက်စစ်တယ်။ အရောင်းကိုယ်စားလှယ်တွေ ပေါက်ကရပြောရောင်းရင် အရေးယူတယ်။ ဌာနဆိုင်ရာက ကုမ္ပဏီတွေကို တရားစွဲတယ်။အဲ့ဒါတွေ လုပ်နိုင်တော့ အဲ့ဒီနိုင်ငံတွေမှာ mlm ခေါင်းမထောင်ရဲဘူး။ အခုမြန်မာပြည်မှာကတော့ ခေတ် အဆက်ဆက်က နှိမ့်ချထားလို့ ဆိုးရွားနေတဲ့ပညာရေး။ ဆယ်စုနှစ်များစွာ တံခါးပိတ်ထားလို့ မပြည့်ဝတဲ့ ဗဟုသုတ။ ဒါတွေကို ကောင်းကောင်း အသုံးချပြီး ဒီထိုင်းနိုင်ငံက မသာမာတဲ့ စီပွားရေးသမားတွေ မြန်မာပြည်ကို စီးပွားရေး အဓမ္မကျင့်နေကြတာ။ အဲ့ဒါကို ကိုယ့်ပြည်တွင်းကနေ အဓမ္မအကျင့်ခံဖို့ လူတွေကို လိုက်စည်းရုံးနေတဲ့သူတွေက တစ်မျိုး။ အဲ့ဒီလို အဓမ္မအကျင့်နိုင်ဖို့ ကူညီပေးနေတဲ့သူတွေက တစ်မျိုး။ မြန်မာပြည်ဟာ mlm နဲ့တော့ မွဲသည်ထက်မွဲ ဆင်းရဲသည်ထက် ဆင်းရဲဖို့ပဲရှိတယ်။ Win OO