Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, October 26, 2017

အောက်ပါပုံတွေက SuccessMore က ကို စိုင်းမျိုးမင်းလတ်ရဲ့ ဘာသာပြန် စာအုပ် အမှာစာသားတွေပါ ။


No automatic alt text available.No automatic alt text available.
အောက်ပါပုံတွေက
SuccessMore က ကို စိုင်းမျိုးမင်းလတ်ရဲ့
ဘာသာပြန် စာအုပ် အမှာစာသားတွေပါ ။
မေးစရာလေးတွေ ရှိပါတယ် ။
၁။ ဒီစာအုပ်က ရည်ညွှန်းတဲ့
MLM / Network Marketing က
စွန့်ဦးတီထွင်တစ်ယောက် ဖြစ်ဖို့
ဆုံးရှုံးမှု အနည်းဆုံး လမ်း လား ?
၂။ ကိုလတ်က စွန့်ဦးတီထွင်လား ?
အဲ့လိုမျိုး ဘယ် ပညာရှင်
ဘယ် စီးပွားရေးသမားက လက်ခံပေးနိုင်ပါသလဲ ?
၃။ MLM / Network Marketing ရဲ့
ခေတ် အခြေအနေအရ
အကောင်းမွန် ဆုံး လမ်း ဟုတ်ရဲ့လား ?
၎။ ဒီ MLM / Network Marketing ကောင်းကြောင်းတွေ
စုစည်းပြီး ဖော်ပြထားတဲ့ စာအုပ်ဖတ်ပြီး
အတွေးအခေါ်တွေ ပြောင်းသွားရင်
နိုင်ငံကိုပါ ကယ်တင်နိုင်မယ် ဆိုတာ
ဖြစ်နိုင်ပါသလား ?
ကိုလတ် ရေးထားတဲ့ အတိုင်းဆိုရင်တော့
ဒီ ၄ ချက်လုံးရဲ့ အဖြေက YES ပါ ။
ကျွန်တော့်ကိုသာ လာမေးရင်တော့
ဒီ ၄ ချက်လုံးရဲ့ အဖြေက NO ပါ ။
ဒီတော့
SuccessMore ခေါင်းဆောင် ကိုလတ် လိမ်နေတာလား ?
ကျွန်တော် ကိုဇင်ဇေ လိမ်နေတာလား ?
( ဒါမှမဟုတ် )
SuccessMore ခေါင်းဆောင် ကိုလတ် လွဲနေတာလား ?
ကျွန်တော် ကိုဇင်ဇေ လွဲနေတာလား ?
တစ်ယောက်ယောက်ကတော့
လိမ်နေတာ ( ဒါမှမဟုတ် ) လွဲနေတာပါပဲ ။
ဒီ စာဖတ်သူ မိတ်ဆွေရော
ဘယ်လို ကောက်ချက်ဆွဲမလဲ သိချင်မိပါတယ် 🤔🤔🤔
ကျွန်တော်ကတော့
SuccessMore က ကို စိုင်းမျိုးမင်းလတ်
လိမ်နေတာ ( ဒါမှမဟုတ် ) လွဲနေတာလို့ပဲ
ယူဆမိပါတယ် ။
( ကိုယ့်ဘက်ကို ယက်တယ် ပဲ ထားပါတော့လေ )
သူ တမင် လိမ်နေတာလား ???
ရိုးသားစွာပဲ အသိနည်းလို့
အင်္ဂလိပ်လို ပြောထားရေးထားသမျှယုံပြီး
အယူလွဲနေတာလား ဆိုတာတော့
သူ ကိုယ်တိုင်ပဲ သိပါလိမ့်မယ် ။
#ကိုဇင်ဇေ
#mlm #antimlm #successmore #kolatt
#false #half_truth