Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Sunday, October 1, 2017

Unicity Green Powder



ကျွန်တော်တို့မြို့မှာ ၂၀၁၂ခုနှစ်လောက်က
unicity ဆိုတဲ့MLMတစ်ခုရောက်လာတယ်
ငယ်သူငယ်ချင်းက unicityဆိုအရူးအမှုးဘဲ့
mlm ထုံးစံအတိုင်း ကျွန်တော့်လာဆွယ်တယ်လေ
ဓာတ်စာတဲ့ အစိမ်းရောင်အမှုန့်တွေ ဗူးဖြူဖြူလေးနဲ့ထည့်ထားတာ
အဲ့ဆေးက ဘယ်လောက်စွမ်းလဲဆို Thaiမှာ
ခြေထောက်ပုတ်P အရိုးပေါ်နေတာ အဲ့ဆေးထည့်လိုက်တာ
၆လနဲ့အသားပြန်ပြည့်တဲ့videoတွေနဲ့(လိမ်ရိုက်ထားလားမသိ)
ပြပြီးတော့ နင်လုပ်ပါလားတဲ့ ဘာမှမပင်ပန်းဘဲ လတိုင်းငွေဝင်မယ်
တဲ့လေ ပြီးတော့သူ့စီနီယာဆိုလား သူကတစ်လ၂သိန်းတောင်ရနေp
တဲ့လေအတင်းဘဲ့ဆွယ်တာ pတော့unicityကဟောပြောပွဲရှိတယ်
လာနားထောင်ကြည့်ဆိုတော့ သွားနားထောင်ကြည့်တာပေါ့
အဲ့မာလေ ဒါရိုက်တာတဲ့ မိန်းမကြီးနှစ်ယောက်နဲ့မိန်းကလေးတစ်
ယောက်yangonကနေလာတာ မိန်းကလေးကတော့မိတ်ဆက်
တယ်သူက ဆရာဝန်တဲ့ အရမ်းကိုကောင်းမွန်တဲ့စီးပွားရေးနဲ့
မိတ်ဆက်ပေးမယ် 100%happy life တဲ့ သူပြောတာက
အစိုးရဝန်ထမ်းတွေ နဲ့ အပြင်စီးပွားရေးလုပ်သူတွေက ဘဝမှာ
100%happy life မရကြဘူးတဲ့ တစ်နေကုန်အလုပ်လုပ်ကြရတာတဲ့ အားလပ်ချိန်သိပ်မရှိဘူးပေါ့ unicityကတော့အချိန်သိပ်မပေး
ရဘဲ တစ်လသိန်းရာချီဝင်ပြီး အားလပ်ချိန်များမယ် အချိန်တွေပိုတော့
happy life ဖြစ်တာပေါ့လေ unicity ရဲ့ပိုင်ရှင်ကနိုင်ငံခြားက
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တဲ့(mlm အားလုံးအတူတူဘဲ့
လားမသိဘူး)တရားဝင်အခွန်ဆောင်ပြီးလုပ်တာ အခုသမ္မတကြီး
ဦးသိန်းစိန်နဲ့ဆွေးနွေးနေတာ မြန်မာပြည်မာရုံးခွဲဖွင့်ဖို့တဲ့လေ
unicity ကဓာတ်စာတွေသောက်ရင် ကင်ဆာ&aidsနဲ့အခြား
ရောဂါတွေကာကွယ်ပေးတယ် ပုံမှန်သောက်ရင်ကျန်းမာရေးကောင်း
မယ်နောင်ဆို ဆေးခန်းတောင်မသွားရတော့လောက်အောင်ကောင်း
တယ်ဘာညာပေါ့ မန်ဘာဝင်ရင်၂၅၀၀၀တဲ့ englishလိုရေးထားတဲ့
ဘာမှန်းမသိတဲ့ formဖြည့်ရမယ်တဲ့ မန်ဘာဝင်မှပစ္စည်းရမာတဲ့
ပစ္စည်းရောင်းပြီးလူဆွယ်မှ အမှတ်များများရပြီး ငွေများများရမယ်ပေါ့လေ
အဲတာနဲ့စဉ်းစားကြည့်တယ်ပေါ့ တစ်ခါမှအဲလိုမှမကြုံဖူးတာ
၁-unicityတဲ့ တစ်ခါမှမကြားဖူးဘူး။ပိုင်ရှင်ကလဲကိုယ့်နိုင်ငံကမဟုတ်
ဘူးပေါ့(တကယ်က ပိုင်ရှင်ကိုဝေ့လည်ကြောင်ပတ်ပြောနေတာ)
၂-ဒီဆေးကတကယ်စွမ်းရင် ဆေးရုံတွေ။ဆေးခန်းတွေမှာ ကြိုတင်
ကာကွယ်တဲ့အနေနဲ့ဒီဆေးသုံးကြပါလို့ မပြောကြတာလဲ
၃-တကယ်ကောင်းရင် ဘာလို့ အပြင်မာမရောင်းဘဲ
ခိုးကြောင်ခိုးဝှက်ရောင်းနေတာလဲ(အံ့သြစရာဘဲ့)
၎-စီးပွားရေးလုပ်တာ အဲ့လောက်လွယ်ရင်ဘာလို့ တစ်ကမ္ဘာလုံး
မလုပ်ကြတာလဲ (ချမ်းသာသွားမာကြောက်လို့လား)
၅-လူဆွယ်ဖို့မပြောနဲ့ ကိုယ်တိုင်ကရောစိတ်ပါလို့လား
၆-နောက်ဆုံး စဉ်းစားမိတာကတော့ သူပြောတာမင်းယုံလားပေါ့
အဲပွဲကနေရလိုက်တာက ငါတော်တော်စဉ်းစားတတ်နေpပေါ့
(သူတို့ပြောတာမှ မယုံတာ) ငွေဆိုတဲ့အရာက
သူများပိုက်ဆံအိတ်ထဲကနေ ကိုယ့်ပိုက်ဆံအိတ်ထဲရောက်ဖို့ဆိုတာ
လွယ်တာမှတ်လို့ (လိမ်စားနေသူတွေတော့မသိဘူးပေါ့)
သူငယ်ချင်းနဲ့တွေ့တော့ ငွေရှာရတာနင်ပြောတလောက်မလွယ်ဘူးလို့
တော့ပြောဖြစ်တယ်(တားမှမရတာ)
နောက်တော့သူ့ကိုမြင်ရင် ရှောင်နေလိုက်တော့တာဘဲ့
မရှောင်ရင်လဲဆွယ်တော့မာလေ
mlmက100%happy life ဘယ်တော့မှမဖြစ်ပါဘူး
အနားမာရှိတဲ့ ကိုယ်ဆွယ်တိုင်းမရတဲ့ မိတ်ဆွေတွေနဲ့ မိတ်ပျက်လို့