Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, October 2, 2017

ဘူမသိဘမသိဂျင်း



အခင်ဆုံးသူသယ်ချင်းက ခေါ်လို့ ဘုမသိဘမသိနဲ့ စမ်းချောင်းက Unicity မှာမိတ်ဆက်ခံပြီး ယောင်တောင်ပေါင်တောင်နဲ့ Member ဝင်ဖြစ်ရော အဲအချိန် MLM ဆိုတာ မကောင်းမှန်းသိပေမယ့် Member ဝင်ရုံနဲ့ တော့မထိခိုက်လောက်ဘူးပေါ့ ရှင်းတဲ့ကောင်လေးကလဲ ဆရာဝန် ဆိုတော့ ယုံကြည်ရတယ်ပေါ့နော် အဲနေ့ဘဲ ကိုယ့်ကို ဝနေတာ ဝိတ်ချလိုက် ဒီကဆေးတွေသောက်ရင် အရမ်းမိုက်သွားမှာဆိုပြီး ဆရာ့ဆရာကြီး Upline ကပြောပြီး ဆေးတွေတောင် ထုတ်ပေးလိုက်သေး အဲဆေးဈေးမေးတော့လဲမဖြေနဲ့ ကိုယ်ကလဲ ဒီသူငယ်ချင်းကိုယုံတော့ ယူလိုက်ရော သောက်ပြီးမှ ပိုက်ဆံရှင်းမယ်လဲဆိုရော Weight Loss set က လေးသိန်းကျော်တယ်တဲ့ နှမြောလိုက်တာဆိုတာ ဘဝမှာ ဆေးကို တစ်သောင်းဖိုးတောင် မဝယ်သာက်ဖူးဘူး အဲဒါနဲ့ဒီအလုပ်လုပ်ရင် VIP ဖောက်ပေါ့ အခုဆေးဖိုးနဲ့ဆို ဘာမှ မလိုတော့ဘူးဆိုပြီး VIP ပါရော ဖောက်လိုက်တာ ကိုးသိန်းကျော် ပလုံသွားတယ်
Ok အဲဒါနဲ့ သင်တန်းဆိုပြီးရှင်းပြတာကလဲ ESBI နောက်တယောက်ကလဲ ESBI ကိုယ်လဲ နှစ်ပါတ်လောက်ကြာမှ ဒါဆို ငွေဘယ်လိုရှာရမလဲဆိုတော့ လူရှာ VIP ဖောက်ခိုင်းတဲ့ အဲကမှ ငွေရမယ့်သဘောလဲ ဖြစ်လာရော ကိုယ်တောင်မှ ဘာမှမသေချာတဲ့ ယောင်လည်လည်ဘဝမှာ သူတပါးကိုပါ အာမခံပြီး ဆွဲမသွင်းချင် ပြီးတော့ ဒီ ဆယ်သိန်းဆိုတဲ့ပိုက်ဆံဆိုတာ နည်းတာမဟုတ်ဖူး သူတို့ ပိုက်ဆံထည့်မှ ကိုယ်ရမယ့် ဘဝကို လုံးဝကို မလိုချင်တာနဲ့ စွန့်ခွာခဲ့တယ်
ပြောတဲ့စကားတွေကတော့ လွယ်တယ်
ထိုင်းကို သင်တန်းသွားတက် မသိရင် မြို့ထဲ သင်တန်းလွှတ်တာကျနေတာဘဲ
ပွဲရှိလို့လူခေါ် လက်မှတ်တစ်စောင် ငါးထောင် ဟင်အလကားမဟုတ်ဖူးလားဆိုတော့ သူတို့ကို ချမ်းသာနည်းပေးတာ အလကား ပေးစရာလားတဲ့
အဲအချိန်မှ Unicity က Company လဲမဖြစ်သေးဘူး ဆေးတွေကလဲ FDA မရသေးဘူး အပြောကတော့ကောင်းတယ် ဒီက FDA လောက်ကအေးဆေး US ကပါ ရထားတာတဲ့
ကိုယ်က အဲအချိန် ACCA part1 စတက်နေချိန် အတင်းဘဲ အတန်းဖျက်ပြီး သူတို့ခေါ်ရာလိုက်ခိုင်းတယ် ဒါတွေမလိုဘူးပေါ့နော် သူတို့ပြောသလိုလုပ်ရင် lamborghini ကားကြီးကို စီးပြီး တသက်လုံးကို ပိုက်ဆံကြိုက်သလောက်သုံးပေါ့
ကိုယ်တွေ စီးပွားရေးတက္ကသိုလ်ကဆင်းခဲ့တယ်ဂACCA တွေလဲတက်နေတယ် အလုပ်တွေလုပ်ဖူးတာတောင် တခဏတာလေး လောဘတက်မိတာနဲ့ ငွေလဲဆုံးရှုံး သွားတယ် ဝမ်းသာမိတာက ကိုယ့်ပရောဂကြောင့် ဘယ်သူမှ ဒုက္ခမရောက်ခဲ့ဘူး
MLM မှာဒုက္ခပေးတာက
အခင်ဆုံးသူငယ်ချင်း
ပြီးတော့ ဆရာဝန်တို့လို ပညာတတ်တွေ
ချမ်းသာတယ်ဆိုတဲ့ upline တွေနဲ့မျှားထားတာ ကိုယ်တွေတောင်အသိမြန်လို့ ခေါ်တဲ့သူငယ်ချင်းဆို အကြွေးတောင်တင်တယ်
ဒါက Unicity experience
Successmore က လူတွေနဲ့လဲ စိတ်ပျက်စရာဆက်ရန်ရှိသေးတယ်
https://m.facebook.com/groups/521691951357295?view=permalink&id=721477661378722