Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, November 16, 2017

Zulian သြားတိုက္ေဆး 250g ေစ်းက Why ???



 Unicode


 Fulijaya Malaysia က
ProdentalB သွားတိုက်ဆေးနဲ့
Zhulian သွားတိုက်ဆေးကို ထုတ်ပေးပါတယ်။

Colgate သွားတိုက်ဆေး 175g စျေးက
မလေး 9.65MR
=> မြန်မာမှာ 1500/ ရောင်း

ProdentlB သွားတိုက်ဆေး 225g စျေးက
မလေး 10.60MR
=> မြန်မာဆို1650/ လောက်ပေါ့

Zulian သွားတိုက်ဆေး 250g စျေးက
Why ???
:-D :-D :-D

#Zhulian
Because they are Product-based Pyramid Schemes.
Ko Tun Oo
#kotunoo




 Zawgyi
Fulijaya Malaysia က
ProdentalB သြားတိုက္ေဆးနဲ႔
Zhulian သြားတိုက္ေဆးကို ထုတ္ေပးပါတယ္။
Colgate သြားတိုက္ေဆး 175g ေစ်းက
မေလး 9.65MR
=> ျမန္မာမွာ 1500/ ေရာင္း

ProdentlB သြားတိုက္ေဆး 225g ေစ်းက
မေလး 10.60MR
=> ျမန္မာဆို1650/ ေလာက္ေပါ႔
Zulian သြားတိုက္ေဆး 250g ေစ်းက
Why ???
:-D :-D :-D
#Zhulian
Because they are Product-based Pyramid Schemes.
Ko Tun Oo
#kotunoo

https://www.facebook.com/groups/myanmarmlmtruth/permalink/723403627852792/ 

အရာရာမွာအႏူတ္လကၡဏာျပေနပါတယ္...




Unicode

အရာရာမှာအနူတ်လက္ခဏာပြနေပါတယ်...
သေချာတာကတော့ခင်ဗျားတို့ရဲ့အိပ်မက်အသစ်ဟာစတင်ခြင်းမကောင်းခဲ့ဘူး ...
ဒီလောက်လျှောက်လာပြီးတော့မှဘာတွေကြောက်နေတာလဲလူကလေးမောင်စက်စက်ရယ်...🤔
အုပ်စုလိုက်လာကြတဲ့ရှယ်ယာရှင်တွေ ဪ sorry အကြွေးရှင်တွေကို တစ်ယောက်ချင်းဝင်ပါဆိုလို့တစ်ယောက်ချင်းဝင်ရတယ်
ဟုတ်ပြီလက်ခံနိူင်ပါသေးတယ်
ဒါပေမယ့် ၅နှစ်အရွယ်ခလေးလေးကိုအပြင်မှာထားခဲ့ခိုင်းပြီးအမေတစ်ယောက်ထဲဝင်ခိုင်းတယ်တဲ့🤯🤯🤯
အဲ့မှာကိုယ်အံ့သြရတော့တာပဲ ဘာကြီးလဲပေါ့
အကွက်ကြီးကပထွေးဆန်လွန်းနေတယ်လေ😅😅😅
အကွက်ကျဲကြီးတွေ 🤪 ရှေ့ကသူ့အကွက်တွေကိုဘာများလာမလဲ ဘာတွေရင်ခုန်စရာတွေထပ်လုပ်ပြဦးမလဲဆိုတဲ့မျှော်ကိုးမိတတ်တဲ့စိတ်က အဲ့မှာစဂွမ်းတော့တာပဲ 🤣
အရူးချီးပန်းကြီးပါလားစက်စက်ရယ်
တစ်ခုခုကိုများကြောက်နေကြသလားလို့
ဒီနေ့ရုံးရဲ့အခြေနေကအရင်ရက်တွေနဲ့တောင်မတူသလိုပဲ
ဟော B.O.D မယ်မယ်ကြီးကတောင် သူအမှုပတ်မလားကြိတ်တွေးပူနေရပြီ တစ်ခါတလေ ကြက်ကြီးလည်လိမ်သလိုအဝေးကိုငေးလို့ 😝
တစ်ခုပြောမယ်ဗျာ အဲ့ဒီ့အကြွေးရှင်တွေဟာအရင်းလဲမရ အတိုးလဲမရစပြီးပြဿနာတက်ခဲ့တဲ့အချိန်မှာ ခင်ဗျားတို့လူတွေအများကြီးဝိုင်းထိုင်နေတဲ့ကြားကိုရဲရဲဝံ့ဝံ့တစ်ဦးထဲလာပြီးတောင်းခဲ့ကြတာပါ
တစ်ချို့ဆို မိုင်ပေါင်းများစွာဝေးတဲ့နယ်မြို့တွေကနေ ခင်ဗျားတို့နေတဲ့ ခင်ဗျားတို့ပိုင်နက်ရန်ကုန်မြို့ကရုံးခန်းထဲကိုသတ္တိရှိရှိလာတွေ့ခဲ့ကြတာပါ သူတို့ကကိုယ့်ပိုက်ဆံနဲ့ကိုယ် မှန်ကန်ကြတဲ့သူတွေဆိုတော့ သတ္တိရှိကြတယ်
အခုတော့ရှက်စရာဗျာ လူအများကြီးဝင်ရင်ပြဿနာဖြေရှင်းဖို့အာရုံမစိုက်နိူင်မှာစိုးလို့ တစ်ဦးခြင်းစီရဲ့ပြဿနာတွေကိုသီးခြားဖြေရှင်းပေးတယ်ဆိုတာကတော့ဟုတ်ပါပြီ
၅နှစ်အရွယ်ခလေးလေးနဲ့လာတဲ့သားသည်မိခင်တစ်ယောက်ကို ခလေးကိုထားခဲ့ခိုင်းပြီးအမေပဲခေါ်တွေ့တယ်ဆိုတာကတော့ဆန်းပြားလွန်းပါတယ် လင်မယားနှစ်ယောက်လာလဲ အမျိုးသမီးကိုပဲခေါ်ပြီးအမျိုးသားကိုအပြင်မှာထားခဲ့ခိုင်းဦးမှာလား
အကြွေးရှင်သမီးနဲ့ သူ့ရဲ့အမေလာမယ်ဆိုလဲ အမေကိုနေခဲ့ခိုင်းပြီးသမီးကိုပဲခေါ်တွေ့ဦးမှာပဲလား 🤪🤪🤪
သိချင်မိတယ်စက်စက်ရယ်
အမှန်ဆို ပြဿနာတစ်ခုထဲအတွက်လာတဲ့လူနှစ်ယောက်ကိုအတူဝင်တွေ့ခွင့်ပေးရမှာပါ ယောက်ျားကြီးတန်မဲ့သူရဲဘောမကြောင်စမ်းပါနဲ့စက်စက်ရယ်
အစုစပ်လုပ်ငန်းကြီးကိုမှန်ကန်စွာဖျက်သိမ်းနေပါတယ်ဆိုတဲ့ခင်ဗျားအာမခံခဲ့သလို သတ္တိရှိလိုက်စမ်းပါဗျာ
👎👎👎👎👎👎👎👎👎👎👎👎👎👎👎👎👎

Zawgyi
အရာရာမွာအႏူတ္လကၡဏာျပေနပါတယ္...
ေသခ်ာတာကေတာ့ခင္ဗ်ားတို႔ရဲ႕အိပ္မက္အသစ္ဟာစတင္ျခင္းမေကာင္းခဲ့ဘူး ...
ဒီေလာက္ေလွ်ာက္လာၿပီးေတာ့မွဘာေတြေၾကာက္ေနတာလဲလူကေလးေမာင္စက္စက္ရယ္...🤔
အုပ္စုလိုက္လာၾကတဲ့ရွယ္ယာရွင္ေတြ ဪ sorry အေႂကြးရွင္ေတြကို တစ္ေယာက္ခ်င္းဝင္ပါဆိုလို႔တစ္ေယာက္ခ်င္းဝင္ရတယ္
ဟုတ္ၿပီလက္ခံႏိူင္ပါေသးတယ္
ဒါေပမယ့္ ၅ႏွစ္အရြယ္ခေလးေလးကိုအျပင္မွာထားခဲ့ခိုင္းၿပီးအေမတစ္ေယာက္ထဲဝင္ခိုင္းတယ္တဲ့🤯🤯🤯
အဲ့မွာကိုယ္အံ့ၾသရေတာ့တာပဲ ဘာႀကီးလဲေပါ့
အကြက္ႀကီးကပေထြးဆန္လြန္းေနတယ္ေလ😅😅😅
အကြက္က်ဲႀကီးေတြ 🤪 ေရွ႕ကသူ႔အကြက္ေတြကိုဘာမ်ားလာမလဲ ဘာေတြရင္ခုန္စရာေတြထပ္လုပ္ျပဦးမလဲဆိုတဲ့ေမွ်ာ္ကိုးမိတတ္တဲ့စိတ္က အဲ့မွာစဂြမ္းေတာ့တာပဲ 🤣
အ႐ူးခ်ီးပန္းႀကီးပါလားစက္စက္ရယ္
တစ္ခုခုကိုမ်ားေၾကာက္ေနၾကသလားလို႔
ဒီေန႔ရံုးရဲ႕အေျခေနကအရင္ရက္ေတြနဲ႔ေတာင္မတူသလိုပဲ
ေဟာ B.O.D မယ္မယ္ႀကီးကေတာင္ သူအမႈပတ္မလားႀကိတ္ေတြးပူေနရၿပီ တစ္ခါတေလ ၾကက္ႀကီးလည္လိမ္သလိုအေဝးကိုေငးလို႔ 😝
တစ္ခုေျပာမယ္ဗ်ာ အဲ့ဒီ့အေႂကြးရွင္ေတြဟာအရင္းလဲမရ အတိုးလဲမရစၿပီးျပႆနာတက္ခဲ့တဲ့အခ်ိန္မွာ ခင္ဗ်ားတို႔လူေတြအမ်ားႀကီးဝိုင္းထိုင္ေနတဲ့ၾကားကိုရဲရဲဝံ့ဝံ့တစ္ဦးထဲလာၿပီးေတာင္းခဲ့ၾကတာပါ
တစ္ခ်ိဳ႕ဆို မိုင္ေပါင္းမ်ားစြာေဝးတဲ့နယ္ၿမိဳ႕ေတြကေန ခင္ဗ်ားတို႔ေနတဲ့ ခင္ဗ်ားတို႔ပိုင္နက္ရန္ကုန္ၿမိဳ႕ကရံုးခန္းထဲကိုသတၱိရွိရွိလာေတြ႕ခဲ့ၾကတာပါ သူတို႔ကကိုယ့္ပိုက္ဆံနဲ႔ကိုယ္ မွန္ကန္ၾကတဲ့သူေတြဆိုေတာ့ သတၱိရွိၾကတယ္
အခုေတာ့ရွက္စရာဗ်ာ လူအမ်ားႀကီးဝင္ရင္ျပႆနာေျဖရွင္းဖို႔အာရံုမစိုက္ႏိူင္မွာစိုးလို႔ တစ္ဦးျခင္းစီရဲ႕ျပႆနာေတြကိုသီးျခားေျဖရွင္းေပးတယ္ဆိုတာကေတာ့ဟုတ္ပါၿပီ
၅ႏွစ္အရြယ္ခေလးေလးနဲ႔လာတဲ့သားသည္မိခင္တစ္ေယာက္ကို ခေလးကိုထားခဲ့ခိုင္းၿပီးအေမပဲေခၚေတြ႕တယ္ဆိုတာကေတာ့ဆန္းျပားလြန္းပါတယ္  လင္မယားႏွစ္ေယာက္လာလဲ အမ်ိဳးသမီးကိုပဲေခၚၿပီးအမ်ိဳးသားကိုအျပင္မွာထားခဲ့ခိုင္းဦးမွာလား
အေႂကြးရွင္သမီးနဲ႔ သူ႔ရဲ႕အေမလာမယ္ဆိုလဲ အေမကိုေနခဲ့ခိုင္းၿပီးသမီးကိုပဲေခၚေတြ႕ဦးမွာပဲလား 🤪🤪🤪
သိခ်င္မိတယ္စက္စက္ရယ္
အမွန္ဆို ျပႆနာတစ္ခုထဲအတြက္လာတဲ့လူႏွစ္ေယာက္ကိုအတူဝင္ေတြ႕ခြင့္ေပးရမွာပါ ေယာက္်ားႀကီးတန္မဲ့သူရဲေဘာမေၾကာင္စမ္းပါနဲ႔စက္စက္ရယ္
အစုစပ္လုပ္ငန္းႀကီးကိုမွန္ကန္စြာဖ်က္သိမ္းေနပါတယ္ဆိုတဲ့ခင္ဗ်ားအာမခံခဲ့သလို သတၱိရွိလိုက္စမ္းပါဗ်ာ
👎👎👎👎👎👎👎👎👎👎👎👎👎👎👎👎👎
https://m.facebook.com/groups/521691951357295?view=permalink&id=748124992047322

#ေငြေၾကးအလြဲသုံးစားမႈဆိုင္ရာလုပ္ထုံးအဆင့္မ်ား




Unicode

#ငွေကြေးအလွဲသုံးစားမှုဆိုင်ရာလုပ်ထုံးအဆင့်များ
( မူရင်းရေးသားသူ #KyawMinnHtut )

ပြစ်မှု---> ဇာရီမှု ---> လက်ရောက်ရလိုမှု

လိမ်လည်သူအတော်များများက ထောင်ကျခံရင် ငွေပေးစရာမလိုဟု ထင်ကြသည်။ အလွန်မှားယွင်းသော ထင်မြင်ယူဆချက်ဖြစ်သည်။ မြန်မာလူမျိုးများသည် တရားရင်ဆိုင်ရမည်ကို မလိုလားသဖြင့် ပြစ်မှုအနိုင်ရပြီးလျှင် ဥပဒေအရရပိုင်ခွင့်များကို ဆက်လက်လျှောက်ထားခြင်း မပြု၍လည်းဖြစ်မည်။

ငွေကြေးအလွဲသုံးစားမှုဖြစ်လာလျှင် -

၁။ ယုံကြည်၍အပ်နှင်းထားသောငွေကြေးအား အလွဲသုံးစားပြုမှု ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - 417/114 ဖြင့် ပြစ်မှုထင်ရှားပါက တရားခံနှင့် အပေါင်းအပါများအား ထောင်/ငွေဒဏ် ချမှတ်မည်။

၂။ ကာလစည်းကမ်းသတ်မကျော်လွန်မီ တရားလိုမှ တရားမဇာရီမှုကို စားရိတ်နှင့်တကွ လျှောက်ထားရမည်။ ၎င်းအမှုတွင် တရားခံနှင့် အပေါင်းအပါများမှာ တရားပြိုင်များဖြစ်သွားမည်။ ပြစ်မှုတွင်နိုင်ပြီးဖြစ်၍ တရားလိုပြသက်သေမှာ မူလရုံး၏စီရင်ချက်သက်သေဖြင့်ပင် စားရိတ်နှင့်တကွ အနိုင်ဒီကရီရပြီးဖြစ်သည်။

၃။ စီရင်ချက်ချသည့်ရက်တွင်ပင် ငွေကြေး/ပစ္စည်းလက်ရောက်ပေးအပ်ရန်လျှောက်ထားရမည်။ နောက်ရုံးချိန်းတွင် တလုံးတည်းဖြစ်စေ၊ အရစ်ကျဖြစ်စေ ပေးချေစေအမိန့်ချမည်။

၄။ ပေးချေရန်ထပ်မံပျက်ကွက်ပါက  ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - 417/114 ထပ်ကျူးလွန်ရာရောက်သဖြင့် တရားခံနှင့် အပေါင်းအပါများမှာ -

ပြစ်မှုဖြင့်ထောင်ကျ ---> တရားရင်ဆိုင် ---> ငွေလျော်
မလျော်နိုင် ---> ထောင်ကျ ---> တရားရင်ဆိုင် ---> လျော်
စသည်ဖြင့် တစ်ဘဝလုံးသွားတော့မည်ဖြစ်သည်။

တရားလိုအနေဖြင့် ပထမပြစ်မှုပြီးသည်နှင့် ရှေ့နေနှင့် လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

အလွဲသုံးစားခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

#Law


Zawgyi

#ေငြေၾကးအလြဲသုံးစားမႈဆိုင္ရာလုပ္ထုံးအဆင့္မ်ား
( မူရင္းေရးသားသူ #KyawMinnHtut )

ျပစ္မႈ---> ဇာရီမႈ ---> လက္ေရာက္ရလိုမႈ

လိမ္လည္သူအေတာ္မ်ားမ်ားက ေထာင္က်ခံရင္ ေငြေပးစရာမလိုဟု ထင္ၾကသည္။ အလြန္မွားယြင္းေသာ ထင္ျမင္ယူဆခ်က္ျဖစ္သည္။ ျမန္မာလူမ်ဳိးမ်ားသည္ တရားရင္ဆိုင္ရမည္ကို မလိုလားသျဖင့္ ျပစ္မႈအႏိုင္ရၿပီးလ်ွင္ ဥပေဒအရရပိုင္ခြင့္မ်ားကို ဆက္လက္ေလ်ွာက္ထားျခင္း မျပဳ၍လည္းျဖစ္မည္။

ေငြေၾကးအလြဲသုံးစားမႈျဖစ္လာလ်ွင္ -

၁။ ယုံၾကည္၍အပ္ႏွင္းထားေသာေငြေၾကးအား အလြဲသုံးစားျပဳမႈ ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ - 417/114 ျဖင့္ ျပစ္မႈထင္ရွားပါက တရားခံႏွင့္ အေပါင္းအပါမ်ားအား ေထာင္/ေငြဒဏ္ ခ်မွတ္မည္။

၂။ ကာလစည္းကမ္းသတ္မေက်ာ္လြန္မီ တရားလိုမွ တရားမဇာရီမႈကို စားရိတ္ႏွင့္တကြ ေလ်ွာက္ထားရမည္။ ၎အမႈတြင္ တရားခံႏွင့္ အေပါင္းအပါမ်ားမွာ တရားၿပိဳင္မ်ားျဖစ္သြားမည္။ ျပစ္မႈတြင္ႏိုင္ၿပီးျဖစ္၍ တရားလိုျပသက္ေသမွာ မူလရုံး၏စီရင္ခ်က္သက္ေသျဖင့္ပင္ စားရိတ္ႏွင့္တကြ အႏိုင္ဒီကရီရၿပီးျဖစ္သည္။

၃။ စီရင္ခ်က္ခ်သည့္ရက္တြင္ပင္ ေငြေၾကး/ပစၥည္းလက္ေရာက္ေပးအပ္ရန္ေလ်ွာက္ထားရမည္။ ေနာက္ရုံးခ်ိန္းတြင္ တလုံးတည္းျဖစ္ေစ၊ အရစ္က်ျဖစ္ေစ ေပးေခ်ေစအမိန္႔ခ်မည္။

၄။ ေပးေခ်ရန္ထပ္မံပ်က္ကြက္ပါက ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ - 417/114 ထပ္က်ဴးလြန္ရာေရာက္သျဖင့္ တရားခံႏွင့္ အေပါင္းအပါမ်ားမွာ -

ျပစ္မႈျဖင့္ေထာင္က် ---> တရားရင္ဆိုင္ ---> ေငြေလ်ာ္
မေလ်ာ္ႏိုင္ ---> ေထာင္က် ---> တရားရင္ဆိုင္ ---> ေလ်ာ္
စသည္ျဖင့္ တစ္ဘဝလုံးသြားေတာ့မည္ျဖစ္သည္။

တရားလိုအေနျဖင့္ ပထမျပစ္မႈၿပီးသည္ႏွင့္ ေရွ႕ေနႏွင့္ လႊဲအပ္ေဆာင္ရြက္ေစႏိုင္သည္။

အလြဲသုံးစားျခင္း အခ်င္းခ်င္း ကင္းရွင္းၾကပါေစ။

#Law
https://m.facebook.com/groups/521691951357295?view=permalink&id=748994085293746

တိုင္စာေရးနည္း



Unicode

#တိုင်စာရေးနည်း  ( မူရင်းရေးသားသူ #WaineNuAye   )

သို့ /
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ
ပြည်ထဲရေးဝန်ကြီးဌာန
နေပြည်တော်
သို့ လိပ်မူပြီး Register လုပ် အမြန်ချောပို့ဖြင့် ပို့ပါ
ရုံးစာရေးနည်းအတိုင်းရေးပါ
                                                                  နေ့စွဲ ။ ။ ...

သို့ /
ပထရဝန်ကြီး ....          

အကြောင်းအရာ ။ ။ အစုစပ်ရှယ်ယာဟု Online မှ ခေါ်ယူကာ ငွေများလိမ်လည်ခံရမှု့အပေါ်တိုင်ကြားခြင်း (စသဖြင့် သက်ဆိုင်သော Headingပါ)

မိမိရေးလိုသည်များ အဓိကအချက်များခိုင်လုံစွာရေးပါ
တိုတိုနှင့်
အဖြစ်အပျက်အစအဆုံးရေးပါ

                                                                                   လက်မှတ်
                                                                                   အမည်
                                                                                   လိပ်စာ/ဖုန်း

မိတ္တူ ကို ဆိုပြီး ပူးတွဲပါ (ရုံးစာပုံစံအတိုင်း)

ရဲချုပ်၊
စစစညွန်ချုပ် ၊
ကုမ္မဏီများအခွန်ရုံး၊၊
စီးပွားကူးသန်း /ကုမ္မဏီများဆိုင်ရာရုံးများ၊
နာမည်များ တိုင်စာတွင် ထည့်ပါ ။

ထိုအမည်များ အတိုင်းလည်း
သက်ဆိုင်ရာ ဌာနများသို့ အကုန်ပို့လိုက်လျှင်
ပြည့်စုံမည်ဟုထင်ပါသည် ။

သက်သေများ ပူးတွဲတင်ပြပါ ။

မည်သူကိုမှ မရည်ရွယ်ပါ ၊
တိုက်ဆိုင်မှုရှိလျှင် စိတ်ဆိုးနိုင်ပါသည် ။

#JudeJudeCase
#တိုင်စာရေးနည်း  #Law #ဥပဒေ

Zawgyi

#တိုင္စာေရးနည္း ( မူရင္းေရးသားသူ #WaineNuAye )

သို႔ /
ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ
ျပည္ထဲေရးဝန္ႀကီးဌာန
ေနျပည္ေတာ္
သို႔ လိပ္မူၿပီး Register လုပ္ အျမန္ေခ်ာပို႔ျဖင့္ ပို႔ပါ
ရံုးစာေရးနည္းအတိုင္းေရးပါ
                                                                  ေန႔စြဲ ။ ။ ...

သို႔ /
ပထရဝန္ႀကီး ....          

အေၾကာင္းအရာ ။ ။ အစုစပ္ရွယ္ယာဟု Online မွ ေခၚယူကာ ေငြမ်ားလိမ္လည္ခံရမႈ့အေပၚတိုင္ၾကားျခင္း (စသျဖင့္ သက္ဆိုင္ေသာ Headingပါ)

မိမိေရးလိုသည္မ်ား အဓိကအခ်က္မ်ားခိုင္လံုစြာေရးပါ
တိုတိုႏွင့္
အျဖစ္အပ်က္အစအဆံုးေရးပါ

                                                                                   လက္မွတ္
                                                                                   အမည္
                                                                                   လိပ္စာ/ဖုန္း

မိတၱဴ ကို ဆိုၿပီး ပူးတြဲပါ (ရံုးစာပံုစံအတိုင္း)

ရဲခ်ဳပ္၊
စစစၫြန္ခ်ဳပ္ ၊
ကုမၼဏီမ်ားအခြန္ရံုး၊၊
စီးပြားကူးသန္း /ကုမၼဏီမ်ားဆိုင္ရာရံုးမ်ား၊
နာမည္မ်ား တိုင္စာတြင္ ထည့္ပါ ။

ထိုအမည္မ်ား အတိုင္းလည္း
သက္ဆိုင္ရာ ဌာနမ်ားသို႔ အကုန္ပို႔လိုက္လွ်င္
ျပည့္စံုမည္ဟုထင္ပါသည္ ။

သက္ေသမ်ား ပူးတြဲတင္ျပပါ ။

မည္သူကိုမွ မရည္ရြယ္ပါ ၊
တိုက္ဆိုင္မႈရွိလွ်င္ စိတ္ဆိုးႏိုင္ပါသည္ ။

#JudeJudeCase
#တိုင္စာေရးနည္း #Law #ဥပေဒ


Monday, November 13, 2017

ဘြား​ေတာ္​ၿကီး က ငယ္​ငယ္​ကတည္​းက... လုပ္​ငန္​း႐ွင္​ႀကီး ျဖစ္​ခ်င္​ပံု ရတယ္​...




 Unicode
ဘွား​တော်​ကြီး က ငယ်​ငယ်​ကတည်​းက...
လုပ်​ငန်​းရှင်​ကြီး ဖြစ်​ချင်​ပုံ ရတယ်​...
အိမ်​မက်​​တွေ ရှိခဲ့တဲ့ ပုံပဲ....
ဒါ​ပေမယ်​့..၂၀၁၆ အထိ..... ဗလာနတ္ထိ ဘာမှ မရှိ​သေး​တော့...
အ​တွေး​တွေ​ပေါက်​ပြီး...
​ငွေမြန်​မြန်​ရမယ်​့...နည်​း...​ရွေးသွားပုံ ရတယ်​...။

လူ​တွေ ကလည်​း...​နောက်​​ကြောင်​း​တွေ ဘာ​တွေ သိပ်​စိတ်​ဝင်​စားတာ
မဟုတ်​ဘူး...​ငွေရပြီး​ရော...အလွယ်​လမ်​း လိုက်​ကြတယ်​...

ရုတ်​တရက်​ ​ငွေ​တွေ ထင်​ထားတာထက်​
အများကြီး ဝင်​လာ​တော့....
ဘွား​တော်​ကြီး....​ခြေမကိုင်​မိလက်​မကိုင်​မိ
ဖြစ်​လာတယ်​......
အလုပ်​အ​သေး​လေး....ဘန်​းပြပြီး...
​နောက်​လူဝင်တဲ့​ငွေ...
​ရှေ ့လူ​ပေးတဲ့ ပုံနဲ့ဖမ်​းထိန်​းထားတယ်​...
​​အတိုး က ​အေး​ဆေး ​ပေးလို ့ရတယ်​...
ဘယ်​အချိန်​​တောင်​း​တောင်​း....
ဒါ​ပေမယ်​့....အရင်​း​တော့...
ပြန်​မ​တောင်​းနဲ့...
ပြန်​​ပေးဖို ့အစီ အစဉ်​လည်​း မရှိဘူး...😁😁😁

​နောက်​လူ​တွေ ထပ်​ဝင်​လာ​အောင်​...
အလုပ်​​သေး​သေး​လေး ၂ခု ၃ ခု​လောက်​...
ဘန်​းပြထားတယ်​....

ဒါဆို အဲ့ ​ငွေ amount အများကြီး...
ဘယ်​​ရောက်​သွားလဲ....
ဘဏ်​မှာ အပ်​ထားတယ်​ဆိုရင်​...
ပြန်​​ပေးလို ့ ရရမှာ​ပေါ့....
ပြန်​ထုတ်​လိူ ့ ရရမယ်​​လေ...
ပြီး​တော့...သူ ့အလုပ်​​လေး​တွေ ကလည်​း...အများကြီး...
ဆုံးရှုံးစရာမှ မရှိတာ....။

သိန်​း​သောင်​းနဲ့ ချီတဲ့...ပမာဏမြုပ်​သွား.
​ပျောက်​သွား၊ပြန်​​ဖော်​လို ့ အလွယ်​တကူ မရတဲ့...
​နေရာ...​ရောက်​သွားလို့သာ...
ခုလို ဟစိဟစိ ဖြစ်​သွားတာ....ဗျ...။

ဘာသွားလုပ်​လဲ...သိလား......
........

ခများတို ့.....အားကိုးတကြီး...
ကိုးကွယ်​​နေတဲ့....
ဘွား​တော်​ကြီးက.....
အိမ်​ခြံ​မြေ​တွေ....လိုက်​ဝယ်​တာဗျ....
စီးပွား​ရေး အတွက်​အချက်​က
အဲ့လို ​ကောင်​းတာ​လေ....😁😁😁

ဒီအချိန်​ အိမ်​ခြံ​မြေ ထဲ
လိုက်​မြုပ်​တာ...
ဉာဏ်​​ကောင်​းချက်​ပဲ....

အိမ်​​တွေ ခြံ​တွေ ပြန်​​ရောင်​းရင်​.....
​ငွေပြန်​ရမှာ​ပေါ့...ဟုတ်​လား.....
အိမ်​​ရောင်​းခြံ​ရောင်​းက
ဟင်​းရွက်​ကန်​စွန်​း​ရောင်​းသလို
သိပ်​မြန်​တာကိုး.....

ဆု​တောင်​း​လေ.....
နဂိုတည်​းက မ​ပေးချင်​လို.့.....

ဝယ်​သမျှ ခြံ​တွေ အကုန်​နီးပါး....
သူ ့အ​ဖေ နာမည်​နဲ့....
အချို ့က ​မောင်​​လေး နာမည်​နဲ့.....

တစ်​ခုခု ဖြစ်​ရင်​ မ​ပြေးဘူး....
အဖမ်​းခံသွားမှာ.....
​ရောှင်​လို ့ရသ​ရွေ ့​ရှောင်​မယ်​...
မရရင်​ ဝင်​မယ်​......

ခများတို ့....သူ ့ အ​ဖေ နာမည်​နဲ့....
ခြံ​တွေကို.....ထုခွဲပီး......ယူလို ့မှ မရတာ....
ဥပ​ဒေ အရလည်​း....အလွတ်​ကြီး.....

ကဲကဲ.....
ဘာကြည်​့​နေတာလဲ....
ဝိုင်​းဆဲ​နေတဲ့ လူ​တွေ...
လိုက်​ဆို​တော့​လေ.....
အားလုံးကြားကြသမျှ.....
အမျှ အမျှ အမျှ.......

ဘွား​တော်​ကြိီး ဖန်​်​​တွေ.....
ခံငြင်​း....မယ်​ဆိုရင်​....
အချိန်​မ​ရွေး......ငြင်​းလို့ရပါတယ်​......
​ရေစက်​ခွက်​​လေး​တော့ကိုင်​လာခဲ့ကြပါ.......

လူရင်​းက......​လေး​ေ်ယာက်​တစ်​ပိုင်​းနဲ့......
ဘွား​​တော်​ကြီး......acc ဘယ်​နှစ်​ခု ရှိတယ်​ဆိုတာပါ....
​ပြောပြကြတာ​ပေါ့............😘😘😘
 zawgyi

ဘြား​ေတာ္​ၿကီး က ငယ္​ငယ္​ကတည္​းက...
လုပ္​ငန္​း႐ွင္​ႀကီး ျဖစ္​ခ်င္​ပံု ရတယ္​...
အိမ္​မက္​​ေတြ ႐ွိခဲ့တဲ့ ပံုပဲ....
ဒါ​ေပမယ္​့..၂၀၁၆ အထိ..... ဗလာနတၳိ ဘာမွ မ႐ွိ​ေသး​ေတာ့...
အ​ေတြး​ေတြ​ေပါက္​ၿပီး...
​ေငြျမန္​ျမန္​ရမယ္​့...နည္​း...​ေရြးသြားပံု ရတယ္​...။

လူ​ေတြ ကလည္​း...​ေနာက္​​ေၾကာင္​း​ေတြ ဘာ​ေတြ သိပ္​စိတ္​ဝင္​စားတာ
မဟုတ္​ဘူး...​ေငြရၿပီး​ေရာ...အလြယ္​လမ္​း လိုက္​ၾကတယ္​...
႐ုတ္​တရက္​ ​ေငြ​ေတြ ထင္​ထားတာထက္​
အမ်ားႀကီး ဝင္​လာ​ေတာ့....
ဘြား​ေတာ္​ႀကီး....​ေျခမကိုင္​မိလက္​မကိုင္​မိ
ျဖစ္​လာတယ္​......
အလုပ္​အ​ေသး​ေလး....ဘန္​းျပၿပီး...
​ေနာက္​လူဝင္တဲ့​ေငြ...
​ေ႐ွ ့လူ​ေပးတဲ့ ပံုနဲ႔ဖမ္​းထိန္​းထားတယ္​...
​​အတိုး က ​ေအး​ေဆး ​ေပးလို ့ရတယ္​...
ဘယ္​အခ်ိန္​​ေတာင္​း​ေတာင္​း....
ဒါ​ေပမယ္​့....အရင္​း​ေတာ့...
ျပန္​မ​ေတာင္​းနဲ႔...
ျပန္​​ေပးဖို ့အစီ အစဥ္​လည္​း မ႐ွိဘူး...😁😁😁
​ေနာက္​လူ​ေတြ ထပ္​ဝင္​လာ​ေအာင္​...
အလုပ္​​ေသး​ေသး​ေလး ၂ခု ၃ ခု​ေလာက္​...
ဘန္​းျပထားတယ္​....
ဒါဆို အဲ့ ​ေငြ amount အမ်ားႀကီး...
ဘယ္​​ေရာက္​သြားလဲ....
ဘဏ္​မွာ အပ္​ထားတယ္​ဆိုရင္​...
ျပန္​​ေပးလို ့ ရရမွာ​ေပါ့....
ျပန္​ထုတ္​လိူ ့ ရရမယ္​​ေလ...
ၿပီး​ေတာ့...သူ ့အလုပ္​​ေလး​ေတြ ကလည္​း...အမ်ားႀကီး...
ဆံုး႐ွံုးစရာမွ မ႐ွိတာ....။
သိန္​း​ေသာင္​းနဲ႔ ခ်ီတဲ့...ပမာဏျမဳပ္​သြား.
​ေပ်ာက္​သြား၊ျပန္​​ေဖာ္​လို ့ အလြယ္​တကူ မရတဲ့...
​ေနရာ...​ေရာက္​သြားလို႔သာ...
ခုလို ဟစိဟစိ ျဖစ္​သြားတာ....ဗ်...။
ဘာသြားလုပ္​လဲ...သိလား......
........
ခမ်ားတို ့.....အားကိုးတျကီး...
ကိုးကြယ္​​ေနတဲ့....
ဘြား​ေတာ္​ႀကီးက.....
အိမ္​ျခံ​ေျမ​ေတြ....လိုက္​ဝယ္​တာဗ်....
စီးပြား​ေရး အတြက္​အခ်က္​က
အဲ့လို ​ေကာင္​းတာ​ေလ....😁😁😁
ဒီအခ်ိန္​ အိမ္​ျခံ​ေျမ ထဲ
လိုက္​ျမဳပ္​တာ...
ဥာဏ္​​ေကာင္​းခ်က္​ပဲ....
အိမ္​​ေတြ ျခံ​ေတြ ျပန္​​ေရာင္​းရင္​.....
​ေငြျပန္​ရမွာ​ေပါ့...ဟုတ္​လား.....
အိမ္​​ေရာင္​းျခံ​ေရာင္​းက
ဟင္​းရြက္​ကန္​စြန္​း​ေရာင္​းသလို
သိပ္​ျမန္​တာကိုး.....
ဆု​ေတာင္​း​ေလ.....
နဂိုတည္​းက မ​ေပးခ်င္​လို.့.....
ဝယ္​သမ်ွ ျခံ​ေတြ အကုန္​နီးပါး....
သူ ့အ​ေဖ နာမည္​နဲ႔....
အခ်ိဳ ့က ​ေမာင္​​ေလး နာမည္​နဲ႔.....
တစ္​ခုခု ျဖစ္​ရင္​ မ​ေျပးဘူး....
အဖမ္​းခံသြားမွာ.....
​ေ႐ာွင္​လို ့ရသ​ေရြ ့​ေ႐ွာင္​မယ္​...
မရရင္​ ဝင္​မယ္​......
ခမ်ားတို ့....သူ ့ အ​ေဖ နာမည္​နဲ႔....
ျခံ​ေတြကို.....ထုခြဲပီး......ယူလို ့မွ မရတာ....
ဥပ​ေဒ အရလည္​း....အလြတ္​ႀကီး.....
ကဲကဲ.....
ဘာၾကည္​့​ေနတာလဲ....
ဝိုင္​းဆဲ​ေနတဲ့ လူ​ေတြ...
လိုက္​ဆို​ေတာ့​ေလ.....
အားလံုးၾကားၾကသမ်ွ.....
အမ်ွ အမွ် အမ်ွ.......
ဘြား​ေတာ္​ႀကိီး ဖန္​္​​ေတြ.....
ခံျငင္​း....မယ္​ဆိုရင္​....
အခ်ိန္​မ​ေရြး......ျငင္​းလို႔ရပါတယ္​......
​ေရစက္​ခြက္​​ေလး​ေတာ့ကိုင္​လာခဲ့ၾကပါ.......
လူရင္​းက......​ေလး​ေ္ယာက္​တစ္​ပိုင္​းနဲ႔......
ဘြား​​ေတာ္​ႀကီး......acc ဘယ္​ႏွစ္​ခု ႐ွိတယ္​ဆိုတာပါ....
​ေျပာျပၾကတာ​ေပါ့............😘😘😘

Wednesday, November 8, 2017

Donald Trump & MLM >>>


Unicode
Donald Trump ကိုယ်တိုင် ဦးဆောင် လုပ်ကိုင်ခဲ့ပြီး
ကျရှုံးသွားခဲ့ဖူးတဲ့ Network Marketing Company ( Trump Network ) အကြောင်းပါ ။
https://www.youtube.com/watch?v=f7nt-ojlF1E

ကျန်းမာရေး နဲ့ အာဟာရ ပညာရှင်ပေါင်းများစွာရဲ့ ဝေဖန်ထောက်ပြမှုတွေလည်း
ခံခဲ့ရတဲ့ Company ပါ ။

TV Host တစ်ယောက် ဖြစ်တဲ့ Trevor Noah ကတော့ ခပ်ရဲရဲပဲ
" Failded Pyramid Scheme " လို့ကို နာမည် တပ်ထားတာပါ ။

MLM သမားတွေ က MLM ကို Donald Trump ထောက်ခံလို့ဆိုပြီး
ပြောလာကြရင် ဒီ ဗီဒီယိုလေး ပြပြီး နားချကြည့်ပေါ့ဗျာ ။
( ပြလို့မှ နားမလည် ၊ လက်မခံလည်း လွှတ်သာထားလိုက်ပါဗျာ ။
အရမ်း မွှန်နေချိန်မှာ ဘာမှ နားထဲ သိပ်မဝင်ဘူးကိုး ။ )
( မူရင်း Youtube Video မှာ စာတန်းထိုး ပြည့်စုံမှန်ကန်စွာ ပါပြီးသားပါ ။
Subtitle မှာ English ရွေးပေးလိုက်ရုံပါပဲ ။ )

တကယ်က Trump Network သူ အစအဆုံး တည်ထောင်တာ မဟုတ်ပါဘူး ။
ဝယ်ပြီး လုပ်တာပါ ။
American စီးပွါးပျက်ကပ် ကို သူ့ Trump Network ဝင်လုပ်ပြီး
ရင်ဆိုင် ကျော်လွှားကြပါဆိုပြီး တောင် ကြေငြာခဲ့တာပါ ။

အဲ့ဒီမတိုင်ခင်မှာကတည်းက Donald Trump ဟာ
ACN ဆိုတဲ့ Network Marketing Company မှာ အခကြေးငွေယူပြီး
Network Marketing ကောင်းကြောင်း ဟောပြောပေးနေခဲ့တာပါ ။

Robert T.Kiyosaki နဲ့ ပေါင်းပြီးတော့
" Why we recommend Network Marketing " ဆိုတဲ့ စာအုပ်ကိုလည်း ရေးခဲ့ပါတယ် ။
( ကျွန်တော့် ကို MLM industry မှာ စွဲစွဲမြဲမြဲ ရူးသွပ်ဖူးစေတဲ့ စာအုပ်ပေါ့ ။
အဲ့ဒီ တုန်းက စီးပွါးရေး ပညာရှင် ဆိုရင် Robert T.Kiyosaki လောက်ပဲ ပြေးမြင်တတ်တဲ့ အဆင့်လေ ။
ဒီတော့ ဒီ ဂုရုကြီး ၂ ယောက်တောင် ထောက်ခံထားတဲ့ စီးပွါးရေးပဲ ။
ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူး ။
ငါတို့ က နိုင်ငံတကာ စံ အတိုင်း မှီအောင် လုပ်မကွ ဆိုပြီး ရူးနေတဲ့ အချိန်ဖြစ်ခဲ့တာပေါ့ ။
နောင် စီးပွါးရေးနဲ့ ပတ်သက်လို့ စာဖတ်အားပိုကောင်းလာတော့မှသာ အဲ့ဒီ အစွဲကျွတ်သွားတာ ။ )

နောက်တော့ ( တော်သေး တယ်ပဲ ပြောရမှာပေါ့ )
Trump Network ကလည်း ကျရှုံးသွားတဲ့ အခါမှာ
Donald Trump က သူနဲ့ Trump Network မပတ်သက်ပါဘူး ဆိုပြီး ဘူးခံ ငြင်းတော့တာပါပဲ ။
( ရွေးကောက်ပွဲကာလ တုန်းက သူ့ကို ဒီကိစ္စ ဝိုင်းထောက်ပြကြသေးတာကိုး ။
Video ကြည့်ရင် တွေ့ပါလိမ့်မယ်ဗျာ ။ )

( Comment မှာ သက်ဆိုင်ရာ နိုင်ငံတကာ က ဆောင်းပါးလင့်တွေလည်း တင်ပေးထားပါမယ် ။  )


Zawgyi
Donald Trump & MLM
>>>
Donald Trump ကိုယ္တိုင္ ဦးေဆာင္ လုပ္ကိုင္ခဲ့ျပီး
က်ရွုံးသြားခဲ့ဖူးတဲ့ Network Marketing Company ( Trump Network )
အေၾကာင္းပါ ။
https://www.youtube.com/watch?v=f7nt-ojlF1E

က်န္းမာေရး နဲ႕ အာဟာရ ပညာရွင္ေပါင္းမ်ားစြာရဲ့
ေဝဖန္ေထာက္ျပမႈေတြလည္း ခံခဲ့ရတဲ့ Company ပါ ။

TV Host တစ္ေယာက္ ျဖစ္တဲ့ Trevor Noah ကေတာ့ ခပ္ရဲရဲပဲ
" Failded Pyramid Scheme " လို႕ကို နာမည္ တပ္ထားတာပါ ။

MLM သမားေတြ က MLM ကို Donald Trump ေထာက္ခံလို႕ဆိုျပီး
ေျပာလာၾကရင္ ဒီ ဗီဒီယိုေလး ျပျပီး နားခ်ၾကည့္ေပါ့ဗ်ာ ။
( ျပလို႕မွ နားမလည္ ၊ လက္မခံလည္း လႊတ္သာထားလိုက္ပါဗ်ာ ။
အရမ္း မႊန္ေနခ်ိန္မွာ ဘာမွ နားထဲ သိပ္မဝင္ဘူးကိုး ။ )
( မူရင္း Youtube Video မွာ စာတန္းထိုး ျပည့္စုံမွန္ကန္စြာ ပါျပီးသားပါ ။
Subtitle မွာ English ေရြးေပးလိုက္ရုံပါပဲ ။ )

တကယ္က Trump Network ကို သူ အစအဆုံး တည္ေထာင္တာ မဟုတ္ပါဘူး ။
ဝယ္ျပီး လုပ္တာပါ ။
American စီးပြါးပ်က္ကပ္ ကို သူ႕ Trump Network ဝင္လုပ္ျပီး
ရင္ဆိုင္ ေက်ာ္လႊားၾကပါဆိုျပီး ေတာင္ ေၾကျငာခဲ့တာပါ ။

အဲ့ဒီမတိုင္ခင္မွာကတည္းက Donald Trump ဟာ
ACN ဆိုတဲ့ Network Marketing Company မွာ အခေၾကးေငြယူျပီး
Network Marketing ေကာင္းေၾကာင္း ေဟာေျပာေပးေနခဲ့တာပါ ။

Robert T.Kiyosaki နဲ႕ ေပါင္းျပီးေတာ့
" Why we recommend Network Marketing " ဆိုတဲ့
စာအုပ္ကိုလည္း ေရးခဲ့ပါတယ္ ။

( ကြၽန္ေတာ့္ ကို MLM industry မွာ စြဲစြဲျမဲျမဲ ႐ူးသြပ္ဖူးေစတဲ့ စာအုပ္ေပါ့ ။
အဲ့ဒီ တုန္းက စီးပြါးေရး ပညာရွင္ ဆိုရင္
Robert T.Kiyosaki ေလာက္ပဲ ေျပးျမင္တတ္တဲ့ အဆင့္ေလ ။
ဒီေတာ့ ဒီ ဂု႐ုၾကီး ၂ ေယာက္ေတာင္ ေထာက္ခံထားတဲ့ စီးပြါးေရးပဲ ။
ဘယ္သူ ဘာေျပာေျပာ ဂ႐ုမစိုက္ဘူး ။
ငါတို႕ က ႏိုင္ငံတကာ စံ အတိုင္း မွီေအာင္ လုပ္မကြ
ဆိုျပီး ႐ူးေနတဲ့ အခ်ိန္ျဖစ္ခဲ့တာေပါ့ ။
ေနာင္ စီးပြါးေရးနဲ႕ ပတ္သက္လို႕ စာဖတ္အားပိုေကာင္းလာေတာ့မွသာ
အဲ့ဒီ အစြဲကြၽတ္သြားတာ ။ )

ေနာက္ေတာ့ ( ေတာ္ေသး တယ္ပဲ ေျပာရမွာေပါ့ )
Trump Network ကလည္း က်ရွုံးသြားတဲ့ အခါမွာ
Donald Trump က သူနဲ႕ Trump Network မပတ္သက္ပါဘူး ဆိုျပီး
ဘူးခံ ျငင္းေတာ့တာပါပဲ ။
( ေရြးေကာက္ပြဲကာလ တုန္းက သူ႕ကို ဒီကိစၥ ဝိုင္းေထာက္ျပၾကေသးတာကိုး ။
Video ၾကည့္ရင္ ေတြ႕ပါလိမ့္မယ္ဗ်ာ ။ )
( Comment မွာ သက္ဆိုင္ရာ ႏိုင္ငံတကာ က ေဆာင္းပါးလင့္ေတြလည္း
တင္ေပးထားပါမယ္ ။ )

Monday, November 6, 2017

Jude Jude lobby


Unicode
အခု Jude Jude တို့ ဘက်က လူတွေက
သပ်သျိှု ဝင်လာပြီး
ကျွန်တော်တို့ AntiMLM Group တစ်ခုလုံးကို
သိမ်းကျုံးပြီး သိက္ခာချနိုင်ဖို့
မကြာခဏ လာ ကြိုးစားနေတာ
သတိထားမိပါတယ် ။
သူတို့ ပြောနေကျ စကားက
တခြား ရှယ်ယာ ခေါ်သူတွေကို မဝေဖန်ပဲ
သူတို့ Jude Jude ကိုပဲ
ဘာလို့ လိုက် ဝေဖန်နေတာလဲပေါ့ ။

အဲ့ကိစ္စကို ရှင်းပြပြီးသားကိုလည်း
မေ့ချင်ယောင် / မသိချင်ယောင် ဆောင်ပြီး
ထပ် ထပ် မေးနေ / ရေးနေတာပါ ။
ကျွန်တော်တို့ ပြန်မရှင်းမိတဲ့ ကွန်းမန့်တွေကို
ဖတ်မိသူတွေ တစ်မျိုးထင်အောင်
တမင် သေချာ လာလာ လုပ်နေတာပါပဲ ။

ဘာလို့ Jude Jude ကို နာမည် တပ်ရသလဲဆိုရင်
၁။ သူ့ဆီ ငွေထည့်ထားသူတွေက
စာချုပ်တွေပါ ဓာတ်ပုံရိုက်ပို့ပြီး အကြံတောင်း ထားလို့
( စာချုပ်တွေ မခိုင်မာတာ
ခု အကူးအပြောင်းက သက်သေပဲ ။
၁၀ ရက် ကြိုပြောရင် ငွေပြန်ထုတ်ပေးမယ်ဆိုတဲ့
စာချုပ်ပါ စည်းမျဉ်းကို
မလှိမ့်တစ်ပတ် လုပ်သွားတာလေ )

၂။ တစ်လ အတိုးနှုန်း ၂၀-၃၀% ပေးနေတာက
၃။ သူ လက်ခံထားတယ်လို့ ခန့်မှန်းခြေ သိရတဲ့
သိန်း သောင်းကျော်ငွေရင်းနဲ့ဆိုရင်
၄။ တစ်လကို အတိုးပေးရမယ့် ငွေ
များလွန်းနေတာ ကြောက်စရာ ကောင်းလွန်းလို့ ။

၅။ သူ့လုပ်ငန်းတွေက အဲ့လောက် ငွေတိုးကို
ပုံမှန် ပေးနေနိုင်လောက်အောင်
အောင်မြင်နေတယ်လို့ ယုံနိုင်စရာ လုံးဝမရှိလို့ ။

၆။ တစ်ခုခုဆို အုပ်စုဖွဲ့ပြီး ဘက်ပေါင်းစုံက
နည်းပေါင်းစုံနဲ့ တိုက်ခိုက်တတ် /
တရားစွဲမယ် ဘာညာ ခြိမ်းခြောက်တတ်လို့

၇။ ကာယကံရှင်က လုပ်ငန်းနဲ့ လည်ပတ်ငွေတွေ
အပေါ်မှာ ပွင့်လင်းမြင်သာမှု အနည်းဆုံးလို့
ငွေထည့်ထားသူတွေ ပြောစကားအရ သိထားလို့ ။

ဒါတွေပဲဗျာ ။ ကျန်တဲ့လူတွေကိုလည်း
အဲ့အချက်တွေနဲ့ ကိုက်နေရင်
ကျွန်တော်တို့ သတိပေးထောက်ပြနေမှာပဲ ။

ကျွန်တော့်အနေနဲ့တော့
ဘယ်သူ့ဆီကမှ / ဘယ် ရှယ်ယာ ခေါ်သူဆီကမှ
ဘာ အကျိုးအမြတ်မှ မယူထားကြောင်း /
လူများစု နစ်နာမှာစိုးလို့ သာ
သတိပေးနေတာ ဖြစ်ကြောင်း
အချိန်မရွေး ရှင်းရဲတယ် ။
သစ္စာဆိုရဲတယ်ဗျ ။

ဝင်ပြောနေသူ အများစုလည်း
ကျွန်တော်တို့လို လူတွေ ပဲ ။

ကျွန်တော်တို့က ရှယ်ယာ ခေါ်သမျှလူတွေကို
လိုက်ဆန့်ကျင်နေတာ မဟုတ်ဘူး ။
အဲ့လိုလည်း မလုပ်သင့်ဘူးလို့
ကျွန်တော့် အနေနဲ့ မြင်တယ် ။
( အဲ့လိုမှ မခေါ်ရင် လက်တွေ့မှာ
လုပ်ငန်း ချေးငွေရဖို့
လုပ်ရ ခက်နေတာတွေ ရှိတယ် ဆိုတာ
ကျွန်တော်တို့ နားလည်တယ် )
ကျွန်တော်တို့ ရထားတဲ့ သတင်း တွေ /
သက်သေတွေ အရ
တစ်ခုခု ဖြစ်နိုင်ချေ ဆုံးရှုံးနိင်ချေ များတဲ့လူတွေကို
သတိပေး ထောက်ပြနေကြတာ ။

အောက်မှာ ကျွန်တော် အရင်ကတည်းက
ရေးတင်ပေးထားတဲ့
👉 ရှယ်ယာ ထည့်လိုသူတွေ အတွက် ရော
👉 ရှယ်ယာ ခေါ်လိုသူတွေ အတွက်ပါ
အကြံပြုချက်တွေ ပါတယ် ။
မဖတ်ရသေးရင် သေချာ ဖတ်စေချင်တယ် ။
နောင် ရှယ်ယာခေါ်တာ ကြုံတိုင်းမှာ
အဲ့အချက်တွေကို ထည့် စဉ်းစားစေချင်ပါတယ် ။

စေတနာဖြင့်
#ကိုဇင်ဇေ
••••••••

❗️ရှယ်ယာ ထည့်လိုသူတွေအတွက် ❗️

ဘယ်သူ့ ဆီ ငွေ ထည့်ထည့် ပါ ။
ဒါတွေ သတိထား ။

၁။
အခု အွန်လိုင်းကနေ အများစု လုပ်နေတာတွေက
ရှယ်ယာခေါ်နေတာ မဟုတ်ဘူး ။
လုပ်ငန်းပြပြီး ယုံကြည်မှုနဲ့
ငွေချေးနေတာပါ ။
ယုံရင် ချေးပေးလိုက် ။
မယုံရင် မချေးနဲ့ ။
( အကြောင်းအမျိူးမျိုးကြောင့် ပြန်မဆပ်ရင် လည်း
အတော် အလုပ်ရှုပ် အချိန်ကုန်ခံပြီး
တရားစွဲရင်တောင် ငွေပြန်ရဖို့ မသေချာဘူးဆိုတာတော့
စိတ်ထဲက ကြိုထည့်ထား )

ပေးတဲ့လူက ငွေရှင် ။
ခိုင်မာတဲ့ အာမခံ တစ်ခုခု တောင်းခွင့်ရှိတယ် ။
မေးမြန်း ပိုင်ခွင့် ရှိတယ် ။

၂။
အစုစပ် လို့ ခေါ်နေတာတွေကလည်း
တကယ် အစုစပ် လုပ်နေတာ မဟုတ်ဘူး ။
ငွေချေးလုပ်တာပဲ ။
မြတ်တူတူ / ရှုံးတူတူ ခံစားကြရမယ်် ဆိုပြီး
ခေါ်နေတာ မဟုတ်ပဲ
နှုန်းသေ အတိုးပေးမယ် လို့
ခေါ်နေတာကို ကြည့်ပေါ့ ။

၃။
သူ လက်ခံထားတဲ့
ငွေရင်း စုစုပေါင်း
လစဉ် ပေးရမယ့် အတိုး စုစုပေါင်း
သူ လုပ်နေတဲ့ လုပ်ငန်း အမျိုးအစားအရ
သူ့ အရည်အချင်း အရ
ရထားတဲ့ / ရနိုင်တဲ့ စျေးကွက် အင်အား နဲ့
လုပ်ငန်း ခန့်မှန်း အရှုံး/အမြတ်တွေကို မသိရပဲ
ငွေထည့်ချင်သပါ့ဆိုလည်း ထည့်သာထည့် ။
ပြီးရင်တော့ ဘုရားမှာ နာနာသာ ဆုတောင်းနေ ။
( ငွေပြန်မရလည်း အနည်းဆုံး ကုသိုလ်တော့ ရနေမှာပေါ့ )

ကျွန်တော် ဆိုရင်တော့
ဒါတွေ သေချာ မသိရရင် မထည့်ဘူး ။
မထည့်စေချင်ဘူး ။

တကယ် ရေရှည် သိက္ခာရှိရှိ လုပ်တဲ့ အစုစပ်တွေဆိုတာ
အစုစပ် ဝင်တွေက မတောင်းဆိုရင်တောင်
လစဉ် သို့မဟုတ် အနည်းဆုံး ၃ လ တစ်ခါတော့
စာရင်းရှင်းတမ်း သေချာ ထုတ်ပေးရမယ် ။
( အချင်းချင်း တောင်
စာရင်း လိမ်ရင်တော့လည်း
နောင် မပတ်သက်သင့်တဲ့လူဆိုတာ
သတိထားပေါ့ဗျာ )

၄။
စာချုပ် စာတမ်း ချုပ်ဆိုပုံနဲ့
စာချုပ်ပါ စာသားတွေ က
တရား ဥပဒေဘောင်အတွင်း
ဝင်ရဲ့လား ဆိုတာကိုလည်း
ပြင်ပ ရှေ့နေနဲ့
စစ်ဆေးသင့်သေးတယ် ။

၅။
အစုစပ် ဘယ်လို
စနစ်တကျ လုပ်ရမလဲ ?
အရင်ကတည်းက ပရဟိတွေ လုပ်တဲ့ /
အခု မြို့မေတ္တာ စားသောက်ဆိုင်ကို
အစုစပ် လုပ်နေတဲ့
ကို Aung Kyaw Moe တို့
လုပ်တာ ကိုင်တာ ကို
မေးကြည့် ။

သတိထားစေချင်လို့ ပြောတာ ။
ကိုယ့်ဘာသာ ချင့်ချိန်ကြပါဗျာ ။

စေတနာဖြင့်
#ကိုဇင်ဇေ

ခြွင်းချက် ။
တစ်ခါတလေမှာ
- စာချုပ်စာတမ်းတွေ
- ခိုင်မာမှုတွေ
- အချက်အလက် ကိန်းဂဏာန်းတွေထက်
ဦးဆောင်လုပ်တဲ့ လူ နဲ့
သူ့ရဲ့ ခံယူချက် / လမ်းစဉ်ကို ကြိုက်လို့
ငွေထည့်ထားတာမျိုးလည်း ရှိကောင်းရှိမယ် ။
ဒါတော့ ကိုယ့် သဘောပဲ ။

ကျွန်တော်ဆိုလည်း အကို တစ်ယောက်စီ
၃၀ လောက် ထည့်ထားတယ် ။
အတိုး ( အမြတ်ခွဲတာ ) လည်း မရသေးဘူး ။
အရင်းလည်း ပြန်ကို မထုတ်ဘူး ။
သူ လုပ်ငန်း တည်ဆောက်နေချိန်မှာ
သူ အာရုံ မနောက်စေချင်လို့ ။

သူ လုပ်နေတဲ့ လုပ်ငန်းမျိုး
မြန်မာနိုင်ငံမှာ သူလို လူမျိုးအနေနဲ့
လုပ်ပေးသင့်တယ်လို့ ထင်လို့ ။
အချိန် ယူကောင်းယူရမယ် ။
ဒါပေမယ့် သူ အောင်မြင်အောင် လုပ်နိုင်မယ် လို့
ယုံလို့ ထည့်ထားပေးလိုက်တာ ။
ဒီလို လုပ်ငန်းမျိုး ဖြစ်ပေါ်လာဖို့
ငါ တတ်နိုင်သလောက် ပါဝင်ပေးလိုက်နိုင်တယ်ဆိုတဲ့
ခံစားချက်ကို လိုချင်လို့ ထည့်ပေးလိုက်တာ ။
ဒါပေမယ့် အဲ့ဒါမျိုး လုပ်တာက ငွေပိုနေမှ အဆင်ပြေမယ် ။
လူတိုင်း အဲ့လို လိုက်လုပ်ဖို့တော့ အကြံမပေးချင်ဘူး ။

•••••••••••

❗️ရှယ်ယာ ခေါ်လိုသူတွေ အတွက် ❗️

တကယ် မှန်မှန်ကန်ကန် လုပ်ငန်းလုပ်ဖို့
အွန်လိုင်းကနေ
အစုစပ် / ရှယ်ယာခေါ်နေပါတယ် ဆိုသူတွေကို
အကြံပေးချင်တာကတော့

၁။
ရှယ်ယာခေါ်တာ
မဟုတ်တဲ့ အတွက်
အဲ့လို မပြောတာ အကောင်းဆုံးပါပဲ ။
လုပ်ငန်းနဲ့ လူကို
ယုံကြည်သူတွေဆီက
ချေးငွေ တောင်းခံတဲ့
သဘောပဲ ကြေငြာပါ ။
ငွေ ထည့်ဝင်မယ့်သူတွေ ယုံကြည်ရလောက်အောင်လည်း
ကိုယ့် အကြောင်းနဲ့
ကိုယ် လုပ်နေတဲ့ / လုပ်မယ့် လုပ်ငန်းအကြောင်း
သေချာ မိတ်ဆက် ရှင်းပြ
ကြေငြာပေးသင့်ပါတယ် ။

၂။
အစုစပ် ဆိုရင်
လုပ်ငန်းအကြောင်း ကို
ပါဝင်သူတိုင်းကလည်း
သိခွင့်ရှိသလို
လည်ပတ်ငွေတွေလည်း
အချိန်မရွေး စစ်ဆေးခွင့်
သူ့မှာ ရှိပါတယ် ။
အဲ့ စစ်ဆေးခွင့်ကို ပေးရမှာပါ ။
( အစုစပ်ဝင်သူများပြီး
တစ်ယောက်တစ်ပေါက် စစ်နေလို့
အပို အချိန်ကုန်မှာ စိုးရင်
အားလုံးနီးပါး စုံနိုင်မယ့် အချိန်ကိုရွေးပြီး
ပုံမှန် စာရင်းရှင်းတာမျိုးလေးတော့ လုပ်ရမှာပါ )

၃။
ပို အရေးကြီးတာက
ရှယ်ယာဆိုရင် လုပ်ငန်းအမည်ပေါက်မှာ ပါဝင်ခွင့်ရှိပါတယ် ။
လုပ်နေတဲ့ လုပ်ငန်းတွေအရ
Company လိုင်စင်တော့ ရှိထားသင့်ပါတယ် ။
မရှိလည်း ၁၅ သိန်းလောက် အကုန်ခံလိုက်ရင်
၂ ပတ်အတွင်း ရပါတယ် ။
အဲ့ဒီ အမည်စာရင်းမှာပါ
ရှယ်ယာရှင်တွေ နာမည်ပါရမှာပါ ။

၄။
ဒါတွေ မလုပ်နိုင်သေးသ၍တော့
အာမခံ ပစ္စည်းမပါပဲ
လုပ်ငန်းနဲ့ လူကို ယုံကြည်မှု သက်သက်နဲ့
ချေးငွေ တောင်းခံနေတဲ့ သဘောပါပဲ ။
ငွေ ထည့်ဝင်သူဘက်က စိတ်ချရအောင်
" ယုံကြည်မှုဖြင့် အပ်နှံခြင်း " ဆိုတာ မျိုးနဲ့
စာချုပ် ထပ် ချုပ်ပေးမှ အဆင်ပြေမှာပါ ။
( ဥပဒအရက
ငွေတိုးယူပြီး ချေးခွင့် တရားဝင် မရှိပဲ
အတိုးယူပြီး ငွေချေးလို့ မရလို့ပါ )

၅။
စာချုပ် နဲ့ စာချုပ်ပါ စာသားတွေဟာ
ဥပဒေဘောင် ဝင်ဖို့ အရေးအကြီးဆုံးပါပဲ ။
စာချုပ်ထဲမှာ စကားလုံးလှလှတွေ
ခိုင်ခိုင်မာမာ ရေးထားပေမယ့်
အဲ့ဒီ အချက်တွေက
ဥပဒေအရ ခွင့်ပြုထားတာကို ကျော်နေရင်
လက်တွေ့ တရားရုံးရောက်တဲ့ အခါ
ဒီ စာချုပ်က ဘောင်ဝင်မှာ မဟုတ်တော့လို့ပါ ။
၂ ဖက် လုံး ရှေ့နေနဲ့ တိုင်ပင် သင့်ပါတယ် ။

ငွေထည့်သူတွေက သိပ်မတတ်နိုင်လို့
နည်းနည်းပဲ ထည့်မယ့် လူတွေဆိုလည်း
ငွေမထည့်ခင် အဲ့လို လူတွေ အရင် စုပေးပြီး
သူတို့ အားလုံးကို ကိုယ်စားပြုမယ့်
ရှေ့နေ / ဥပဒေ အကြံပေးတစ်ယောက်
ရှိထားသင့်ပါတယ် ။
ရှေ့နေစရိတ်ကို မျှခံလိုက်ရင် သက်သာသွားမှာပါ ။
ပို စိတ်ချရတာပေါ့ဗျာ ။

စေတနာဖြင့်
#ကိုဇင်ဇေ

#Warning #Guideline #Tips
#InvestmentScams
#JudeJudeCase

Zawgyi


Saturday, November 4, 2017

Jude Jude ကိစေတြးမိေသာအခါ



Unicode
Jude Jude ကိစ္စတွေလိုက်ဖတ်မိရင်း မနေနိုင်ဘဲ အမြင်လေးတွေရေးချင်လာလို့ 😅😅😅
ဖတ်မိရသလောက် Jude Jude က လိမ်မယ်ဆိုတဲ့အစီအစဉ်နဲ့ ဒီရှယ်ယာတွေကိုခေါ်တာတော့မဟုတ်လောက်ဘူး။ မြင်မိသလောက်ကတော့ သူက လုပ်ငန်းရှင်ကြီးဖြစ်ချင်တဲ့ အိပ်မက်ရှိတယ် ဒါပေမယ့် အရင်းအနှီးကမရှိတော့ အခုလို အတိုးကြီးကြီးပေးပြီး ရှယ်ယာခေါ်တယ်ပေါ့။ ဒါပေမယ့် ပြသနာက ဘယ်လုပ်ငန်းလုပ်လုပ် ဒီလောက်မမြတ်နိုင်ဘူးဆိုတာပဲ ဟိုရက်ကဖတ်မိတော့သူက လွန်ခဲ့တဲ့နှစ်နည်းနည်းကသာမန်ဝန်ထမ်းတယောက်ပဲလေ စီးပွားရေး background ကြီးကြီးမားမားရှိတယ်လို့လဲ မထင်ရဘူး။ ဒါဆို သူက ဘာယုံကြည်ချက်နဲ့ ဒီလောက်အတိုးတွေအများကြီးပေးနေလဲဆိုတာ စဉ်းစားမရဘူး။ ဘာလို့လဲဆိုတော့ ကိုယ်တွေအမေက အပေါင်လုပ်ငန်းကိုလုပ်နေတာ ကိုယ်တွေတသက်ရှိပြီ။ ၃ ကျပ်တိုးရပြီး တခါတလေ ကိုယ်ပိုင်ငွေနဲ့ မလောက်တဲ့အခါ သူများဆီက ၂ ကျပ်တိုးနဲ့ယူရတဲ့အခါတွေရှိတယ်။ လက်ထဲမှာရွှေကိုင်ထားပြီး လာမရွေးရင်တောင် မရှုံးဘူးဆိုတာသိသိကြီးနဲ့တောင် သူများပိုက်ဆံကို အတိုးနဲ့ယူထားတဲ့အခါ ပြန်မပေးနိုင်မချင်း စိတ်အရမ်းဖိစီးရတယ်။ ၂ကျပ်တိုးပဲနော် ဒါတောင်မသေချာတဲ့ရင်းနှီးမှုမျိုးမဟုတ်ဘူး။ တခြားစီးပွားရေးလုပ်ကြည့်ချင်လို့ စားသောက်ဆိုင်တဆိုင် မလုပ်ဖူးဘဲနဲ့ ဖွင့်ထားတယ် ၁နှစ်ပြည့်သွားပြီ အခုထိ အမြတ်ငွေမပြောနဲ့ အိတ်ထဲကမစိုက်ရရင်တောင်ကံကောင်း 😭😭 စိတ်ကူးယဉ်ထားတုန်းကတော့အဟုတ်ပဲလေ😂😂 သူလဲ ကိုယ်တွေစားသောက်ဆိုင်ဖွင့်သလိုပဲ မသေချာတဲ့ရင်းနှီးမှုမျိုးတွေကို လုပ်နေပြီး လုပ်ငန်းမစသေးခင် ငွေစထည့်ကတည်းက ၂၀% ၃၀% အတိုးတွေပေးနေတယ်ဆိုကတည်းက စဉ်းစားသာကြည့်လိုက်တော့။ သူက လိမ်ဖို့ရည်ရွယ်ချက်မရှိရင်တောင် ဘယ်လိုမှမရပ်တည်နိုင်တဲ့အတွက် ကြာလာတာနဲ့အမျှ သူတိုင်ပတ်ပြီး မလိမ်ချင်လဲ လိမ်သလိုဖြစ်သွားမှာပဲ။ သူက စိတ်ကူးယဉ်ပြီးဖဲရိုက်၊ လေထဲတိုက်အိမ်ဆောက်နေတာနဲ့တူတယ်။ အိပ်မက်ကကြီးပေမယ့် ဘာစီးပွားရေး အခြေခံမှမရှိဘဲနဲ့ ဒီလိုအကြီးကြီးတွေ လုပ်မရတာ သူသိရင်သိပ်ကောင်းမယ်။ အိပ်မက်ကြီးကြီးမက်တာကောင်းပေမယ့် မနိုင်ဝန်ထမ်းရင်တော့ မကြာခင် သူတိုင်ပတ်မှာ။ သူ့အစားရင်လေးမိလို့ပါ

PS မှားတာရှိရင်​ ​တောင်​းပန်​ပါတယ်​လို့
မှားခဲ့ရင်​လဲ ​စေတနာအမှားသာ



Zawgyi

Jude Jude ကိစၥေတြလိုက္ဖတ္မိရင္း မေနႏိုင္ဘဲ အျမင္ေလးေတြေရးခ်င္လာလို႔ 😅😅😅
ဖတ္မိရသေလာက္ Jude Jude က လိမ္မယ္ဆိုတဲ့အစီအစဥ္နဲ႔ ဒီရွယ္ယာေတြကိုေခၚတာေတာ့မဟုတ္ေလာက္ဘူး။ ျမင္မိသေလာက္ကေတာ့ သူက လုပ္ငန္းရွင္ႀကီးျဖစ္ခ်င္တဲ့ အိပ္မက္ရွိတယ္ ဒါေပမယ့္ အရင္းအႏွီးကမရွိေတာ့ အခုလို အတိုးႀကီးႀကီးေပးၿပီး ရွယ္ယာေခၚတယ္ေပါ့။ ဒါေပမယ့္ ျပသနာက ဘယ္လုပ္ငန္းလုပ္လုပ္ ဒီေလာက္မျမတ္ႏိုင္ဘူးဆိုတာပဲ ဟိုရက္ကဖတ္မိေတာ့သူက လြန္ခဲ့တဲ့ႏွစ္နည္းနည္းကသာမန္ဝန္ထမ္းတေယာက္ပဲေလ စီးပြားေရး background ႀကီးႀကီးမားမားရွိတယ္လို႔လဲ မထင္ရဘူး။ ဒါဆို သူက ဘာယံုၾကည္ခ်က္နဲ႔ ဒီေလာက္အတိုးေတြအမ်ားႀကီးေပးေနလဲဆိုတာ စဥ္းစားမရဘူး။ ဘာလို႔လဲဆိုေတာ့ ကိုယ္ေတြအေမက အေပါင္လုပ္ငန္းကိုလုပ္ေနတာ ကိုယ္ေတြတသက္ရွိၿပီ။ ၃ က်ပ္တိုးရၿပီး တခါတေလ ကိုယ္ပိုင္ေငြနဲ႔ မေလာက္တဲ့အခါ သူမ်ားဆီက ၂ က်ပ္တိုးနဲ႔ယူရတဲ့အခါေတြရွိတယ္။ လက္ထဲမွာေရႊကိုင္ထားၿပီး လာမေရြးရင္ေတာင္ မရွံုးဘူးဆိုတာသိသိႀကီးနဲ႔ေတာင္ သူမ်ားပိုက္ဆံကို အတိုးနဲ႔ယူထားတဲ့အခါ ျပန္မေပးႏိုင္မခ်င္း စိတ္အရမ္းဖိစီးရတယ္။ ၂က်ပ္တိုးပဲေနာ္ ဒါေတာင္မေသခ်ာတဲ့ရင္းႏွီးမႈမ်ိဳးမဟုတ္ဘူး။ တျခားစီးပြားေရးလုပ္ၾကည့္ခ်င္လို႔ စားေသာက္ဆိုင္တဆိုင္ မလုပ္ဖူးဘဲနဲ႔ ဖြင့္ထားတယ္ ၁ႏွစ္ျပည့္သြားၿပီ အခုထိ အျမတ္ေငြမေျပာနဲ႔ အိတ္ထဲကမစိုက္ရရင္ေတာင္ကံေကာင္း 😭😭 စိတ္ကူးယဥ္ထားတုန္းကေတာ့အဟုတ္ပဲေလ😂😂 သူလဲ ကိုယ္ေတြစားေသာက္ဆိုင္ဖြင့္သလိုပဲ မေသခ်ာတဲ့ရင္းႏွီးမႈမ်ိဳးေတြကို လုပ္ေနၿပီး လုပ္ငန္းမစေသးခင္ ေငြစထည့္ကတည္းက ၂၀% ၃၀% အတိုးေတြေပးေနတယ္ဆိုကတည္းက စဥ္းစားသာၾကည့္လိုက္ေတာ့။ သူက လိမ္ဖို႔ရည္ရြယ္ခ်က္မရွိရင္ေတာင္ ဘယ္လိုမွမရပ္တည္ႏိုင္တဲ့အတြက္ ၾကာလာတာနဲ႔အမွ် သူတိုင္ပတ္ၿပီး မလိမ္ခ်င္လဲ လိမ္သလိုျဖစ္သြားမွာပဲ။ သူက စိတ္ကူးယဥ္ၿပီးဖဲ႐ိုက္၊ ေလထဲတိုက္အိမ္ေဆာက္ေနတာနဲ႔တူတယ္။ အိပ္မက္ကႀကီးေပမယ့္ ဘာစီးပြားေရး အေျခခံမွမရွိဘဲနဲ႔ ဒီလိုအႀကီးႀကီးေတြ လုပ္မရတာ သူသိရင္သိပ္ေကာင္းမယ္။ အိပ္မက္ႀကီးႀကီးမက္တာေကာင္းေပမယ့္ မႏိုင္ဝန္ထမ္းရင္ေတာ့ မၾကာခင္ သူတိုင္ပတ္မွာ။ သူ႔အစားရင္ေလးမိလို႔ပါ

PS မွားတာရွိရင္​ ​ေတာင္​းပန္​ပါတယ္​လို႔
မွားခဲ့ရင္​လဲ ​ေစတနာအမွားသာ
https://m.facebook.com/groups/521691951357295?view=permalink&id=742856382574183

ၾကိဳးစားရင္ ဘုရားေတာင္ ျဖစ္ႏိုင္တယ္ ဆိုထားေတာ့



Unicode
ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ် ဆိုထားတော့ MLM (Multi-Level Marketing) နဲ့ တစ်လ သိန်း ရ၀၀ ရတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ မျက်စေ့မှိတ် ငြင်းနေလို့ ဘောင်မဝင်ပါဘူး။

အမှန်တကယ်က သိန်း ရ၀၀ ရတာကို ဝုန်းရမှာ မဟုတ်ဘူး။ လူတွေရှေ့ကို ထွက်လာပြီး သိန်း ရ၀၀ ရပါတယ်လို့ ဝန်ခံပြောဆိုရဲတယ်ဆိုကတည်းက တကယ်ရလို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိလို့၊ အစစ်ဆေးခံနိုင်လို့လည်း ဖြစ်နိုင်တာပဲ မဟုတ်လား။ သူ့ကို သွားဝုန်းနေလည်း ဒီပြဿနာက ရှင်းသွားမှာ မဟုတ်ဘူး။

MLM အလုပ်လုပ်ရင် သိန်း ရ၀၀ အထိ ရနိုင်တယ်ပြောတာဟာ လိမ်တာပါလို့ စွပ်စွဲရင်...

ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်လို့ ဟောခဲ့တဲ့ ဘုရားလည်း လူလိမ် ဖြစ်တော့မှာပေါ့။

အင်း...
ကျုပ်ကိုတော့ MLM လော်ဘီလို့ ထင်ပြီး လာဆဲကြတော့မှာပဲ!
.
.
.
ပြောချင်တာက...

MLM က တရားဥပဒေဘောင်အတွင်း ဝင်နေပြီး နိုင်ငံအားလုံးနီးပါးမှာ တရားဝင် ခွင့်ပြုထားတာတယ်ဆိုတာက လုံလောက်တဲ့ အကြောင်းရှိလို့ပါ။

MLM သမားတစ်ယောက်ရဲ့ ဝင်ငွေဟာ ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု ရောင်းရငွေကနေ ရတာဆိုရင် အဲဒီ marketing plan ဟာ တရားဝင်ပါတယ်။ ပြီးတော့ ကြိုးစားရင် ဘယ်လောက် ငွေပမာဏအထိ ရနိုင်တယ်လို့ ပြောတာက တကယ်ရတဲ့ လူတွေလည်း ရှိနေတာမို့ လိမ်ပြောတယ်လို့ တရားသေ ပြောလို့မရပါဘူး။

ဒါပေမဲ့ လူတိုင်း မရနိုင်တဲ့အရာကို ရနိုင်သလို ပြောပြီး ဆွယ်တရားဟောတယ် ဆိုရင်တော့ ကောင်းတဲ့အပိုင်းလေးတင် ကွက်ပြပြီး ဆိုးရွားတဲ့အပိုင်းတွေကို ဖုံးကွယ်ထိန်ချန်ထားရာကျတာမို့ လိမ်နည်းတစ်မျိုးလို့ မစွပ်စွဲရင်တောင် လက်တစ်လုံးခြားလုပ်ပြီး နားလှည့်ပါးရိုက်တာ ဖြစ်သွားပါပြီ။

ဒါ့အပြင် MLM ဆိုတိုင်း မကောင်းတာ မဟုတ်ပေမဲ့...

MLM သမားတစ်ယောက်ရဲ့ ဝင်ငွေဟာ မန်ဘာတွေ စုစည်းရှာဖွေလာခြင်း (အချဉ်တွေကို ကျုံးသွင်းခြင်း) ကနေ၊ အဲဒီမန်ဘာတွေကို ပစ္စည်းရောင်းခြင်းကနေ ရယူတာဆိုရင် အဲဒါဟာ Pyramid Scheme ဆိုတဲ့ ထိပ်ပိုင်းကောင်းစားဖို့ အောက်ခြေအများစုက စတေးခံနေရတဲ့ ခေါင်းပုံဖြတ်ဗျူဟာ (Exploitative Marketing Strategy) ဖြစ်ပြီး အဲဒီနည်းကို MLM ကုမ္ပဏီ အများစုက သုံးနေကြတာမို့ နိုင်ငံအတော်များများမှာ သူတို့နိုင်ငံသားတွေ ဒုက္ခမရောက်ရအောင် Pyramid Scheme နဲ့ လုပ်စားနေတဲ့ MLM တွေကို ပိတ်ပင်ထားကြတာပါ။

မြန်မာပြည်မှာတော့ MLM တွေကို ဥပဒေအရ ထိထိရောက်ရောက် မထိန်းချုပ်နိုင်သေးခင်မှာ သိန်း ရ၀၀ ရတယ်ဆိုသူကို ဝုန်းခြင်းထက်၊ MLM ကုမ္ပဏီတွေကို ဝုန်းနေခြင်းထက် (ကိုယ်ဝုန်းလည်း သူတို့က ပိတ်သိမ်းသွားမှာ မဟုတ်ပါ) မသိနားမလည်သူတွေကို Pyramid Scheme ရဲ့ ဆိုးကျိုးဖြစ်တဲ့ "တစ်လ သိန်း ရ၀၀ ရတာဟာ ဖြစ်နိုင်ပေမဲ့ အဲဒါကို လူတိုင်း မရနိုင်ဘဲ ဘုရားပွင့်သလောက် ခက်ခဲခြင်း" ကိုသာ မီးမောင်းထိုးပြရမှာပါ။
.
.
.
ကြိုးစားရင် ဘုရားဖြစ်နိုင်တယ် ဆိုတာက ကြိုးစားခြင်း မည်ကာမတ္တနဲ့ ဘုရားဖြစ်နိုင်တာ မဟုတ်ဘဲ ဘုရားဖြစ်လောက်တဲ့ ကြံ့ခိုင်ကြီးမားတဲ့ ပယတ္တ ဝီရိယတော်မျိုးရှိမှ၊ ဘုရားဖြစ်လောက်တဲ့ ပါရမီလည်း ပြည့်ဝမှ ဖြစ်နိုင်တာသာ ဖြစ်တယ်။

ဒီလိုပဲ ကျောင်းသား သိန်းချီပြီး ဖြေတဲ့ တက္ကသိုလ်ဝင်တန်းမှာ တစ်ယောက် ဒါမှမဟုတ် အလွန်ဆုံး အမှတ်တူ နှစ်ယောက်လောက်သာလျှင် မြန်မာတစ်နိုင်ငံလုံး ပထမ ရနိုင်မှာဖြစ်တယ်။ ရာဂဏန်းမျှသော ကျောင်းသားတွေသာ ဘာသာစုံ ဂုဏ်ထူး ဒါမှမဟုတ် ထောင်ဂဏန်းမျှသော ကျောင်းသားတွေသာ ဘာသာစုံအောက် လျော့နည်းတဲ့ ဂုဏ်ထူးရနိုင်မှာ ဖြစ်တယ်။ ကျန်တဲ့ အများစုသော သိန်းချီတဲ့ ကျောင်းသားတွေမှာ ၃၀% ကျော်လောက်က အောင်ရုံအောင်သူတွေနဲ့ ၆၀% လောက်က စာမေးပွဲကျသူတွေပါ။

ဘယ်လောက် ကြိုးစား ကြိုးစား ထိပ်ဆုံးနေရာဆိုတာက ကံရော၊ ဉာဏ်ရော၊ ဝီရိယရော၊ အရည်အချင်းရော ပြည့်စုံတဲ့ လူလက်တစ်ဆုပ်စာ အတွက်ပဲ ဆိုတာကို MLM လုပ်ချင်သူတွေ နားလည်ဖို့ လိုပါတယ်။

ထိပ်ဆုံးကို လူနည်းစုပဲ ရောက်နိုင်တယ်ဆိုတဲ့ သဘောတရားပိုင်းမှာ...

အထက်ဥပမာတွေထဲက ဘုရားဖြစ်ဖို့ ကျင့်ကြံသူ (တရားရဖို့ ကျင့်ကြံသူ)၊ ကျောင်းသားတွေနဲ့ MLM လုပ်နေသူတွေ အတူတူ ဖြစ်ပေမဲ့ ထိပ်ပိုင်းကို မရောက်သူတွေ၊ ကျရှုံးသူတွေနဲ့ ပတ်သက်လာရင်တော့ မတူတော့ပါဘူး။
.
.
.
(ဗုဒ္ဓဘာသာ အလိုအရ) လူသားအားလုံးထဲမှာမှ တစ်ယောက်သာ ဘုရား ဖြစ်နိုင်ပေမဲ့ ဘုရားဖြစ်ဖို့ ကြိုးစားတာ မအောင်မြင်သေးရင်တောင် ကုသိုလ်ပါရမီတွေ ဖြည့်ဆည်းမိလို့ ဒုက္ခရောက်သွားစရာ မရှိသလို၊ ကိုယ့်အတွက် အရှုံးဆိုတာလည်း မရှိပါဘူး။

ဘာလို့လဲဆိုရင် ဘုရား မဖြစ်တောင် ပါရမီအနုအရင့်လိုက်ပြီး ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ ဖြစ်ရင်ဖြစ် ဒါမှမဟုတ် တစ်မဂ်တစ်ဖိုလ် ရသွားနိုင်ပါတယ်။ နောက်ဆုံး ဘာမှ မရရင်တောင် ကျင်လည်ရဦးမယ့် သံသရာအတွက် ကုသိုလ်ပါရမီတွေ ရသွား စုဆောင်းမိသွားနိုင်ပါတယ်။

ဒီလိုပဲ...

တစ်နိုင်ငံလုံး ပထမ မရတောင်၊ ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲ မဝင်ရင်တောင် ကျောင်းသားတစ်ယောက် ကျောင်းစာကြိုးစားတာဟာ သူ့အတွက် ဘာမှ နစ်နာစရာ မရှိပါဘူး။ ထိပ်ဆုံး ဆယ်ယောက် မဖြစ်တောင် ဘာသာစုံဂုဏ်ထူး ရရင်ရ၊ မရလို့ ရိုးရိုးအောင်ရင်တောင် အနာဂတ်အတွက် တစ်နည်းနည်း အသုံးဝင်နိုင်ပါသေးတယ်။

ယုတ်စွအဆုံး စာမေးပွဲကျရင်တောင် ကိုယ့်အချိန်တစ်နှစ်နဲ့ မိဘပိုက်ဆံဖြစ်တဲ့ ကျောင်းစရိတ်တစ်နှစ်စာ ဆုံးရှုံးရတာကလွဲရင် အခြားဘယ်သူ့ကိုမှ မထိခိုက်ပါဘူး။

ဆိုလိုတာက ဘုရားဖြစ်အောင် တရားရအောင် ကျင့်ကြံသူတွေ၊ စာကြိုးစားတဲ့ ကျောင်းသားလေးတွေဟာ ကိုယ်အမြင့်ရောက်အောင် တက်တဲ့လမ်းမှာ...

မှန်းထားသလို ထိပ်ဆုံးရောက်ပြီး အောင်မြင်သည် ဖြစ်စေ

သာမန်လောက်ပဲ ဖြစ်သည် ရသည် ဖြစ်စေ

ကျရှုံးသည် ဖြစ်စေ အခြားဘယ်သူ့ကိုမှ မထိခိုက်စေပါဘူး။

ယူတတ်ရင် ကိုယ့်အတိုင်းအတာနဲ့ကိုယ် လက်ရှိဘဝအတွက်ရော သံသရာအတွက်ပါ အကျိုးတောင် ရှိနိုင်ပါတယ်။

ဒါပေမဲ့ MLM ရဲ့ Pyramid Scheme ကတော့ ဒီလို မဟုတ်ပါဘူး။

သူ့ရဲ့ သဘောတရားကိုက ကိုယ်အမြင့်ကို တက်ရာမှာ ကိုယ့်လောက် ကံ မကောင်းသူ၊ ပါရမီ မပါသူ၊ ဉာဏ် မမီသူ၊ ဝီရိယ မရှိသူ၊ အစွမ်းအစ မရှိသူတွေကို လှေကားထစ်တွေလို ချနင်းသွားမှ ထိပ်ဆုံးပန်းတိုင်ကို ရောက်နိုင်တာပါ။

ကိုယ်က တမင်တကာ ယုတ်မာပြီး ချနင်းတာ မဟုတ်ရင်တောင် အလုပ်ရဲ့ သဘောသဘာဝကိုက Win - Win ဆိုတာ မရှိတဲ့အတွက် နစ်နာသူဆိုတာ ရှိနေမှာပါ။

Win - Win ဆိုတာရှိရင် MLM သမားတိုင်း သိန်း ရ၀၀ ရသူတွေချည်း ဖြစ်နေလိမ့်မယ်။ I Win - You Lose မို့သာ သိန်း ရ၀၀ ရသူက လက်ချိုးရေလို့ရပြီး နစ်နာသူ၊ ဘဝပျက်ရသူတွေက များနေတာပါ။
.
.
.
MLM သမားတွေဘက်က...

"MLM တိုင်း သိန်း ရ၀၀ မရပေမဲ့ မင်းပေးခဲ့တဲ့ ဥပမာတွေအတိုင်းပဲ သူ့အတိုင်းအတာနဲ့သူ ရနေသူတွေလည်း အများကြီးရှိလို့ win - win ပဲ မဟုတ်လား" လို့ ငြင်းချင်ပါလိမ့်မယ်။

ရှုထောင့်တစ်ခုအတွက်တော့ ဟုတ်ပါတယ်။ ဒါကို နားလည်ဖို့ MLM တွေ အလုပ်လုပ်ပုံကို အကြမ်းဖျင်း သိထားသင့်ပါတယ်။ ဒီလိုပါ။

၁)

ဒီအလုပ် စလုပ်သူကိုယ်တိုင် သူ့အတွက် သူ့မိသားစုအတွက် MLM ကုမ္ပဏီက ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု တစ်ခုခု စဝယ်ရပါမယ်။

ဒီလို ဝယ်တာနဲ့ ကော်မရှင် သို့ လျှော့စျေး သို့ ဆုကြေး ရမယ်။ ဥပမာ လစဉ် တစ်သိန်းဖိုး ဝယ်လို့ ၁၅ % စျေးလျှော့ပေးတယ်ဆိုရင် တစ်သောင်းခွဲ သက်သာပါမယ်။ ဒီနောက်ပိုင်းမှာ သူ့အမျိုးတွေအတွက်နဲ့ သူ့အသိမိတ်ဆွေတွေကိုပါ ဝယ်အောင် ဆွယ်ပေးနိုင်မယ်ဆိုရင် လျှော့စျေး ရာခိုင်နှုန်းလည်း (ဥပမာ ၃၀%) တက်လာပါမယ်။ ဒီအပေါ်မှာ သူ့အနေနဲ့ မိတ်ဆွေတွေကို ၁၅ % လျှော့စျေးပဲ ပေးရင် ၁၅ % အကျိုးအမြတ် ရနိုင်ပါတယ်။

၂)

နောက်တစ်ဆင့်မှာ လူစိမ်း လူကျက်မရွေး အခြားသူတွေကို သူ့လို MLM ကုမ္ပဏီက ထုတ်ကုန်ဝယ်သူတွေ ဖြစ်လာအောင် စုဆောင်းရပါတယ်။ ရှင်းသွားအောင် သူ့ကို မန်ဘာ (အဆင့် ၁) လို့ ထားလိုက်ပါမယ်။

သူဆွယ်လိုက်တဲ့ မန်ဘာအသစ် (အဆင့် ၂) တွေက ပစ္စည်း ဝယ်တိုင်း ဝယ်တိုင်း သူ့ဆီက တစ်ဆင့်ပဲ ဝယ်ရပါတယ်။ သူက ကုမ္ပဏီကနေ ၃၀ % လျှော့စျေးနဲ့ ယူပြီး အဆင့် ၂ မန်ဘာတွေကို ၂၀ % လျှော့စျေးနဲ့ ရောင်းပေးရင် သူ့မှာ ၁၀ % ကို ကော်မရှင်သဘောမျိုး ဆက်ကာ ဆက်ကာ ထပ်ထပ်ပြီး ရနေပါမယ်။

မန်ဘာ (အဆင့် ၂) တွေက မန်ဘာအသစ် (အဆင့် ၃) တွေကို ထပ်ဆွယ်နိုင်ရင် ကုမ္ပဏီကနေ သူရတဲ့ လျှော့စျေးရာခိုင်နှုန်း ပိုများလာပြီး...

အဆင့် ၁ က အဆင့် ၂ ကို ကိုယ့်အတွက် ရာခိုင်နှုန်းတစ်ခု ချန်ပြီး ရောင်းပေး
အဆင့် ၂ က အဆင့် ၃ ကို သူတို့အတွက် ရာခိုင်နှုန်းတစ်ခု ချန်ပြီး ရောင်းပေးတဲ့နည်းနဲ့

အဲဒီ မန်ဘာ (အဆင့် ၂) တွေရော သူကိုယ်တိုင် (အဆင့် ၁) ရော ကော်မရှင် ဆက်ရပြန်တာမို့ မန်ဘာ များများဆွယ်နိုင်လေ၊ ပစ္စည်းများများဝယ်အောင် ဆွဲဆောင်နိုင်လေ MLM သမားတွေဟာ အောင်မြင်သူတွေ ဖြစ်လာပြီး ကိုယ့်အတိုင်းအတာနဲ့ကိုယ် အကျိုးအမြတ် ရကြပါမယ်။

၃)

အချိန်တစ်ခုရောက်လာလို့ သူ့အောက်မှာ လုပ်နေတဲ့ MLM အဆင့် ၂ တွေရဲ့ network ဟာ ကြီးထွားလာပြီး ကုမ္ပဏီက သူ့ကို ပေးနိုင်တဲ့ အမြင့်ဆုံး discount ပမာဏမျိုးကို ရလာပြီး သူ့ဆီက ဝယ်စရာမလိုဘဲ ကုမ္ပဏီက တိုက်ရိုက်ဝယ်တဲ့ အဆင့် (ဆိုလိုတာက အဆင့် ၂ တွေဟာ အဆင့် ၁ နေရာကိုရောက်လာပြီး သူ့လက်အောက်က ထွက်သွားနိုင်ရင်) ရောက်လာရင် သူကိုယ်တိုင်ဟာ အဲဒီထွက်သွားတဲ့ မန်ဘာအုပ်စုတွေရဲ့ ရောင်းအားအပေါ်မှာ ကုမ္ပဏီက သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းတစ်ခုကို ဘောနပ်စ်အဖြစ် ရပါတော့တယ်။ သူ့လက်အောက်က ထွက်သွားနိုင်တဲ့ အုပ်စုတွေ များလာလေ သူ့ ဝင်ငွေတွေ များလာလေ ဖြစ်ပြီး သန်းကြွယ်သူဌေးအထိ ဖြစ်နိုင်ပါတယ်။

၄)

ကုမ္ပဏီဘက်ကလည်း ကြော်ငြာခလောက် မကုန်ကျဘဲ လူလူချင်း အဆင့်ဆင့် ရောင်းခိုင်းပြီး ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နိုင်တာမို့ အကျိုးအမြတ်ရတယ်။

ဒီအချက်တွေအရ ကုမ္ပဏီလည်း win အစွမ်းအစရှိတဲ့ Pyramid ထိပ်ပိုင်းရောက် MLM သမားတွေလည်း win ဖြစ်လို့ win - win အခြေအနေလို့ မြင်စရာ ဖြစ်ပေမဲ့ လက်တွေ့မှာတော့ အဲဒီ နှစ်စုထဲ မပါတဲ့ ကျန် Pyramid အောက်ခြေက MLM သမား အများစုက အချိန်ကုန် ငွေကုန်ပြီး lose ကုန်ပါတယ်။

ဘာလို့လဲ?
.
.
.
လူတစ်ယောက် ဘုရားဖြစ်ချင်လို့ ကျင့်ကြံပြီး သဗ္ဗညုတဉာဏ်တော် ရရှိသွားတာဟာ အခြားသူတွေရဲ့ ဉာဏ်စဉ်တွေကို ယူပြီး ဖြစ်သွားတာ မဟုတ်ပါဘူး။ အခြားသူတွေရဲ့ ပါရမီတွေ ပဲ့ပါမသွားပါဘူး။

ကျောင်းသားတစ်ယောက် တစ်နိုင်ငံလုံး ပထမရချင်လို့ ကြိုးစားပြီး ပထမရသွားတာဟာ အခြားကျောင်းသားတွေရဲ့ အမှတ်တွေကို ဖဲ့ယူပြီး ရသွားတာ မဟုတ်ပါဘူး။ ကျောင်းသားတိုင်းမှာ ဘာသာရပ်တစ်ခုတိုင်းအတွက် အမှတ် ၁၀၀ အထိ ရယူနိုင်ခွင့် ညီညီမျှမျှ ရှိပါတယ်။ သူတစ်ရာရသွားလို့ ကိုယ်က သုညဖြစ်သွားတာ မဟုတ်ပါဘူး။

သဘောကတော့ တစ်ယောက်စီတိုင်းဟာ ကိုယ့် ကိုယ်ပိုင်လယ်ထဲမှာ ကိုယ်စိုက်နိုင်သလောက် စိုက်ပြီး ကိုယ်ဘာသာ ရသလောက် ရိတ်သိမ်းရတာ ဖြစ်ပါတယ်။

ကိုယ်လယ် အထွက်ကောင်းလည်း အခြားသူရဲ့ စပါးတွေ မလျော့သွားပါဘူး။
ကိုယ်လယ် အထွက်ညံ့လည်း သူများက စပါးတင်းတောင်း ပိုရမသွားပါဘူး။

MLM မှာကျတော့ စလုပ်မယ့်သူတွေ အားကျရလောက်အောင် အောင်မြင်နေတဲ့သူတွေ ရနေတဲ့ ဒိုင်းမွန်း၊ ပလက်တီနမ်စတဲ့ အဆင့်အတန်းတွေ ဝင်ငွေတွေဟာ ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေရဲ့ အကျိုးအမြတ်ဆီက ရလာတာ မဟုတ်ဘဲ အောင်မြင်နေသူတွေလို မစွမ်းဆောင်နိုင်တဲ့ အောက်ခြေက MLM သမားတွေရဲ့ ငွေတွေ အချိန်တွေကို ဖဲ့ယူပြီး ရလာတာ ဖြစ်ပါတယ်။

ဒီတော့ ဘာနဲ့ တူသလဲဆိုရင် ဘုံပိုင်လယ်တစ်ကွက်ကို အားလုံး ဝိုင်းစိုက်နေကြသလို ဖြစ်နေပါတယ်။

ဘုံပိုင်လယ်ကို ဝိုင်းစိုက်ပြီး ကြိုးစားသူ မကြိုးစားသူမခွဲဘဲ အကျိုးအမြတ် အသီးအပွင့်ကို အားလုံး ညီညီမျှမျှ ခွဲယူကြတာဟာ အစွန်းတစ်ဖက်ဆိုရင်...

ဘုံပိုင်လယ်ကို ဝိုင်းစိုက်ရာမှာ ကိုယ်က အပင်ပန်းခံ ထွန်ရေးငင်ထားပေမဲ့ မျိုးစေ့မရှိလို့၊ မျိုးစေ့ရှိလည်း ပျိုးမကြဲတတ်လို့၊ ပျိုးကြဲတတ်လည်း ပိုးမကျအောင် မလုပ်တတ်လို့ စသဖြင့် အဆင့်ဆင့် ပင်ပန်းပြီး ကိုယ့်အတွက် ဘာမှမရပေမဲ့ ကိုယ်ထယ်ထားတဲ့ ကိုယ်ကြဲထားတဲ့ အထဲကို ကျွမ်းကျင်သူ ကံလိုက်သူ ကြိုးစားသူက အရံသင့် ဝင်စိုက် ဝင်ရိတ်သိမ်းပြီး သီးနှံထွက်အောင် စိုက်နိုင်သူက ထွက်သမျှ အကုန်ယူသွားနိုင်တဲ့ MLM သဘောတရားဟာ အခြားအစွန်းတစ်ဖက်ပါ။

ပိုဆိုးတာက လောင်းကစားသမားတွေ ငွေမျော ငွေနဲ့လိုက်သလိုမျိုး အဲဒီ အရှုံးသမား MLM loser တွေကလည်း ဘယ်သူ့ကိုမှ ဝယ်အောင် မဆွယ်နိုင်ရင် လယ်ရောင်း အိမ်ရောင်းပြီးတောင် ကိုယ့်ဘာသာကိုယ် ဝယ်ပြီး ကုမ္ပဏီမှာ အဆင့်တက်လာအောင် ကြံစည်ကြတာမို့ ဘဝတွေပါ ပျက်ကုန်ကြပါတယ်။

ဒီလို အစွန်းရောက်ပြီး ဒုက္ခဖြစ်သူတွေ ရှိနေပေမဲ့ MLM သမားတွေဘက်ကတော့ "ဒီလို ဒီလို လုပ်ပြီး အောင်မြင်ရင် ဒါတွေ ဒါတွေ ရနိုင်တယ်" လို့ လုပ်ငန်းသဘောတရားကို အရှင်းဆုံး ပြောပြထားတာမို့ ကိုယ်ကျေနပ်မှ ကိုယ်လုပ်ရုံပါ။ မရိုးသားတဲ့ မြှုပ်ကွက်တွေ ရှိပေမဲ့ ဘယ်သူမှ အတင်းရိုက်ပြီး သေနတ်နဲ့ ချိန်ပြီး ခိုင်းနေတာ မဟုတ်တဲ့အတွက် ကိုယ့်သဘောနဲ့ ကိုယ်စလုပ်ပြီး ဘဝပျက်မှ ပြဿနာသွားရှာလို့ မရပါဘူး။

"ကိုယ်လုပ်နိုင်သလောက် အစွမ်းအစရှိသလောက် အကျိုးအမြတ်ရမယ်" လို့ ဆွယ်တရား ဟောပြီး မလုပ်နိုင်လို့ ဒုက္ခရောက်တာတွေကို ထည့်မပြောရုံလောက်နဲ့က တိုက်ရိုက်လိမ်လည်တာ မဟုတ်လို့ တရားဥပဒေအရ အရေးယူဖို့ ဘောင်မဝင်ပါဘူး။

MLM ကုမ္ပဏီတွေက "ကျွန်တော်တို့ လုပ်ငန်းမှာ ရှယ်ယာထည့်ပါ၊ အတိုး သို့မဟုတ် အမြတ် ရာခိုင်နှုန်း မြင့်မြင့်ပေးပါမယ်" ဆိုပြီး မက်လုံးပေး ဆွယ်တရားဟောပြီး နောက်ဆုံးမှာ ထည့်ထားတဲ့ ရှယ်ယာငွေတွေ လိမ်ပြေးတာမျိုး မဟုတ်လို့ အရေးယူဖို့ ဒီလောက် မလွယ်ပါဘူး။

ဒီတော့ ကိုယ့်သဘောနဲ့ ကိုယ်လုပ်ပြီး ဒုက္ခရောက်သွားတဲ့ MLM တစ်ဦးချင်းရဲ့ ကိစ္စတစ်ခုစီကို ဥပဒေနဲ့ အရေးယူဖို့ မလွယ်တာမို့ တရားဝင်လုပ်ကိုင်ခွင့်ရနေတဲ့ ကုမ္ပဏီတွေနဲ့ ငြင်းခုံတိုက်ခိုက်နေတာထက် ကိုယ့်နိုင်ငံသားတွေ မထိစေချင်ရင် ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ MLM ရဲ့ Pyramid Scheme အကြောင်း အသိပညာပေးပြီး တားဆီးတာမျိုး၊ Pyramid Scheme ကို ဥပဒေကြောင်းအရ ပိတ်ပင်နိုင်ဖို့ ကြိုးစားတာမျိုး၊ သူတို့ရဲ့ ထုတ်ကုန် ရောင်းကုန်တွေရဲ့ အပြစ်အနာအဆာတွေကို ရှာပြီး ပိတ်ပင်တာမျိုး လုပ်ဆောင်တာက ပိုထိရောက်နိုင်ပါတယ်။

သားကောင်မရှိရင် မုဆိုးလည်း ငတ်သေသွားမှာပဲလေ။
.
.
.
နိဂုံးချုပ်ရရင်တော့ MLM အလုပ်ကို လုပ်ချင်သူတွေအနေနဲ့...

၁)

သာမန် ဝန်ထမ်းတွေ၊ သာမန် စီးပွါးရေး လုပ်ငန်းငယ်တွေထက် ဝင်ငွေများတဲ့ ထိပ်တန်း MLM သမားအဆင့်ဟာ အလွန်မက်မောစရာ ဖြစ်ပေမဲ့ အဲဒီအဆင့်ကို အလွန့်အလွန် နည်းပါးတဲ့ လက်ချိုးရေလို့ရတဲ့ လူနည်းစုသာ ရောက်နိုင်တာကို သိထားပါ။ ဘုရားပွင့်သလောက် ခက်တယ်လို့ တွက်ထားရင် ပိုကောင်းပါမယ်။

၂)

ဒီအလုပ်ဟာ ပုံမှန်ဝင်ငွေရှိတဲ့ လခစား marketing သမားနဲ့ သဘောသဘာဝ မတူဘဲ သေမြေကြီး ရှင်ရွှေထီး အလုပ်မျိုး ဆိုတာကို သိထားပါ။ Low income သမားအတွက် low risk ပဲ ရှိပေမဲ့ high income လိုချင်ရင် high risk ကို ရင်ဆိုင်နိုင်မလား ဆိုတာကို ခေါင်းထဲထည့် စဉ်းစားထားပါ။

၃)

အထက်က အချက်နှစ်ချက် သိပြီးတာတောင် လုပ်ချင်သေးသပဆိုရင် ကိုယ့်ပင်ကိုယ်ဗီဇစရိုက်နဲ့ ကိုယ်ဆည်းပူးထားတဲ့ အရည်အချင်းတွေက MLM အလုပ်နဲ့ ကိုက်ညီလား၊ ကိုယ့်လို MLM သမားချင်းကို ယှဉ်ပြိုင် အနိုင်ယူနိုင်သလား၊ ငွေရဖို့သက်သက် မဟုတ်ဘဲ ဝါသနာပါလို့ အချိန်ရော ဘဝရော ရင်းနှီးမြှုပ်နှံနိုင်သလား၊ နောက်ကြောင်းရာဇဝင် သေချာမသိရဘဲ မဟားတရား စျေးတင်ထားတဲ့ ပစ္စည်းတွေကို စားသုံးသူ ဝယ်ချင်လာအောင် ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောပြီး ဆွဲဆောင်နိုင်တဲ့ စွမ်းရည်မျိုး ကိုယ့်မှာ ရှိလား၊ စွမ်းရည် ရှိရင်တောင် အဲလို ပစ္စည်းတွေကို ကိုယ့်လောဘအတွက် အပြစ်မဲ့သူတွေကို ရောင်းရက်တဲ့ စိတ်ထားမျိုး ကိုယ့်မှာ ရှိသလားဆိုတာတွေကို သေချာသုံးသပ်ပြီးမှ ဒီလောကထဲ ဝင်ဖို့ မဝင်ဖို့ ဆုံးဖြတ်စေချင်ပါတယ်။

ဒီလိုမှ မဟုတ်ဘဲ MLM အလုပ်သဘောတရားနဲ့ ကိုယ်နဲ့ ကိုက်ညီလား မကိုက်ညီလား မသိဘဲ...

ငါးစာဖြစ်တဲ့ သိန်း ရ၀၀ ကိုသာမြင်ပြီး ဟစိ ဟစိ ဖြစ်ရမယ့် ငါးမျှားချိတ်ကို မမြင်တတ်ဘဲ only the strong survive ဆိုတဲ့ MLM မီးပုံကြီးကို ပိုးဖလံလို ဝင်တိုးမိရင်တော့...

"သူတည်းတစ်ယောက် သိန်း ရ၀၀ ပေါက်ဖို့ ငါတို့တွေမှာ မွဲလင့်ကာသာ မသထာတည်း" ဆိုသလို...

ဘယ်သူမှ အတင်းအကြပ် ခိုင်းလို့မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ကိုယ့်ဘဝသာမက ကိုယ့်ကို မှီခိုနေသူတွေရဲ့ ဘဝတွေ၊ ကိုယ်သိမ်းသွင်းနေသူတွေရဲ့ ဘဝတွေကိုပါ လိုလိုလားလားနဲ့ စတေးနေသူ၊ ဖျက်ဆီးနေသူတွေ ဖြစ်မှန်းမသိ ဖြစ်သွားပါလိမ့်မယ်လို့ စေတနာနဲ့ သတိပေးလိုက်ပါတယ်။
.
.
.
စာကြွင်း။ ။

MLM ရဲ့ ဆိုးကျိုးနဲ့ ဘာကြောင့် ဆိုးသလဲဆိုတဲ့ အသေးစိတ် အချက်အလက်ပိုင်းတွေက ပိုပြီး တတ်သိနားလည်တဲ့ Anti-MLM လုပ်နေသူတွေက ခြေခြေမြစ်မြစ် ပညာပေး ရေးသားထားပြီး ဖြစ်လို့ ထည့်မရေးတော့ပါ။

ဒီစာကို MLM သမားတစ်ယောက် မလုပ်ခင် ကြိုစဉ်းစားသင့်တဲ့ အသိတရားတစ်ခု ရကောင်းစေဆိုတဲ့ သဘောမျိုးပဲ ရေးလိုက်ပါတယ်။ MLM နဲ့ Pyramid scheme အကြောင်း အကောင်းအဆိုး အသေးစိတ် သိလိုသူများ ကို Zin Zae Lwin ကို ဖောလိုးလုပ်ထားပြီး သူ့ပို့စ်များနဲ့ သူညွှန်းထားသူများရဲ့ ပို့စ်များမှာ ခရေစေ့တွင်းကျ ဆက်လက် လေ့လာကြပါကုန်။


Zawgyi
ၾကိဳးစားရင္ ဘုရားေတာင္ ျဖစ္ႏိုင္တယ္ ဆိုထားေတာ့ MLM (Multi-Level Marketing) နဲ႕ တစ္လ သိန္း ၇၀၀ ရတယ္ဆိုတာ မျဖစ္ႏိုင္ဘူးလို႕ မ်က္ေစ့မွိတ္ ျငင္းေနလို႕ ေဘာင္မဝင္ပါဘူး။

အမွန္တကယ္က သိန္း ၇၀၀ ရတာကို ဝုန္းရမွာ မဟုတ္ဘူး။ လူေတြေရွ႕ကို ထြက္လာျပီး သိန္း ၇၀၀ ရပါတယ္လို႕ ဝန္ခံေျပာဆိုရဲတယ္ဆိုကတည္းက တကယ္ရလို႕၊ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္ခ်က္ရွိလို႕၊ အစစ္ေဆးခံႏိုင္လို႕လည္း ျဖစ္ႏိုင္တာပဲ မဟုတ္လား။ သူ႕ကို သြားဝုန္းေနလည္း ဒီျပႆနာက ရွင္းသြားမွာ မဟုတ္ဘူး။

MLM အလုပ္လုပ္ရင္ သိန္း ၇၀၀ အထိ ရႏိုင္တယ္ေျပာတာဟာ လိမ္တာပါလို႕ စြပ္စြဲရင္...

ၾကိဳးစားရင္ ဘုရားေတာင္ ျဖစ္ႏိုင္တယ္လို႕ ေဟာခဲ့တဲ့ ဘုရားလည္း လူလိမ္ ျဖစ္ေတာ့မွာေပါ့။

အင္း...
က်ဳပ္ကိုေတာ့ MLM ေလာ္ဘီလို႕ ထင္ျပီး လာဆဲၾကေတာ့မွာပဲ!
.
.
.
ေျပာခ်င္တာက...

MLM က တရားဥပေဒေဘာင္အတြင္း ဝင္ေနျပီး ႏိုင္ငံအားလုံးနီးပါးမွာ တရားဝင္ ခြင့္ျပဳထားတာတယ္ဆိုတာက လံုေလာက္တဲ့ အေၾကာင္းရွိလို႕ပါ။

MLM သမားတစ္ေယာက္ရဲ႕ ဝင္ေငြဟာ ပစၥည္း သို႕မဟုတ္ ဝန္ေဆာင္မႈ ေရာင္းရေငြကေန ရတာဆိုရင္ အဲဒီ marketing plan ဟာ တရားဝင္ပါတယ္။ ျပီးေတာ့ ၾကိဳးစားရင္ ဘယ္ေလာက္ ေငြပမာဏအထိ ရႏိုင္တယ္လို႕ ေျပာတာက တကယ္ရတဲ့ လူေတြလည္း ရွိေနတာမို႕ လိမ္ေျပာတယ္လို႕ တရားေသ ေျပာလို႕မရပါဘူး။

ဒါေပမဲ့ လူတိုင္း မရႏိုင္တဲ့အရာကို ရႏိုင္သလို ေျပာျပီး ဆြယ္တရားေဟာတယ္ ဆိုရင္ေတာ့ ေကာင္းတဲ့အပိုင္းေလးတင္ ကြက္ျပျပီး ဆိုးရြားတဲ့အပိုင္းေတြကို ဖုံးကြယ္ထိန္ခ်န္ထားရာက်တာမို႕ လိမ္နည္းတစ္မ်ိဳးလို႕ မစြပ္စြဲရင္ေတာင္ လက္တစ္လုံးျခားလုပ္ျပီး နားလွည့္ပါး႐ိုက္တာ ျဖစ္သြားပါျပီ။

ဒါ့အျပင္ MLM ဆိုတိုင္း မေကာင္းတာ မဟုတ္ေပမဲ့...

MLM သမားတစ္ေယာက္ရဲ့ ဝင္ေငြဟာ မန္ဘာေတြ စုစည္းရွာေဖြလာျခင္း (အခ်ဥ္ေတြကို က်ဳံးသြင္းျခင္း) ကေန၊ အဲဒီမန္ဘာေတြကို ပစၥည္းေရာင္းျခင္းကေန ရယူတာဆိုရင္ အဲဒါဟာ Pyramid Scheme ဆိုတဲ့ ထိပ္ပိုင္းေကာင္းစားဖို႕ ေအာက္ေျခအမ်ားစုက စေတးခံေနရတဲ့ ေခါင္းပံုျဖတ္ဗ်ဴဟာ (Exploitative Marketing Strategy) ျဖစ္ျပီး အဲဒီနည္းကို MLM ကုမၸဏီ အမ်ားစုက သုံးေနၾကတာမို႕ ႏိုင္ငံအေတာ္မ်ားမ်ားမွာ သူတို႕ႏိုင္ငံသားေတြ ဒုကၡမေရာက္ရေအာင္ Pyramid Scheme နဲ႕ လုပ္စားေနတဲ့ MLM ေတြကို ပိတ္ပင္ထားၾကတာပါ။

ျမန္မာျပည္မွာေတာ့ MLM ေတြကို ဥပေဒအရ ထိထိေရာက္ေရာက္ မထိန္းခ်ဳပ္ႏိုင္ေသးခင္မွာ သိန္း ၇၀၀ ရတယ္ဆိုသူကို ဝုန္းျခင္းထက္၊ MLM ကုမၸဏီေတြကို ဝုန္းေနျခင္းထက္ (ကိုယ္ဝုန္းလည္း သူတို႕က ပိတ္သိမ္းသြားမွာ မဟုတ္ပါ) မသိနားမလည္သူေတြကို Pyramid Scheme ရဲ့ ဆိုးက်ိဳးျဖစ္တဲ့ "တစ္လ သိန္း ၇၀၀ ရတာဟာ ျဖစ္ႏိုင္ေပမဲ့ အဲဒါကို လူတိုင္း မရႏိုင္ဘဲ ဘုရားပြင့္သေလာက္ ခက္ခဲျခင္း" ကိုသာ မီးေမာင္းထိုးျပရမွာပါ။
.
.
.
ၾကိဳးစားရင္ ဘုရားျဖစ္ႏိုင္တယ္ ဆိုတာက ၾကိဳးစားျခင္း မည္ကာမတၱနဲ႕ ဘုရားျဖစ္ႏိုင္တာ မဟုတ္ဘဲ ဘုရားျဖစ္ေလာက္တဲ့ ၾကံ့ခိုင္ၾကီးမားတဲ့ ပယတၱ ဝီရိယေတာ္မ်ိဳးရွိမွ၊ ဘုရားျဖစ္ေလာက္တဲ့ ပါရမီလည္း ျပည့္ဝမွ ျဖစ္ႏိုင္တာသာ ျဖစ္တယ္။

ဒီလိုပဲ ေက်ာင္းသား သိန္းခ်ီျပီး ေျဖတဲ့ တကၠသိုလ္ဝင္တန္းမွာ တစ္ေယာက္ ဒါမွမဟုတ္ အလြန္ဆုံး အမွတ္တူ ႏွစ္ေယာက္ေလာက္သာလွ်င္ ျမန္မာတစ္ႏိုင္ငံလုံး ပထမ ရႏိုင္မွာျဖစ္တယ္။ ရာဂဏန္းမွ်ေသာ ေက်ာင္းသားေတြသာ ဘာသာစံု ဂုဏ္ထူး ဒါမွမဟုတ္ ေထာင္ဂဏန္းမွ်ေသာ ေက်ာင္းသားေတြသာ ဘာသာစံုေအာက္ ေလ်ာ့နည္းတဲ့ ဂုဏ္ထူးရႏိုင္မွာ ျဖစ္တယ္။ က်န္တဲ့ အမ်ားစုေသာ သိန္းခ်ီတဲ့ ေက်ာင္းသားေတြမွာ ၃၀% ေက်ာ္ေလာက္က ေအာင္႐ံုေအာင္သူေတြနဲ႕ ၆၀% ေလာက္က စာေမးပြဲက်သူေတြပါ။

ဘယ္ေလာက္ ၾကိဳးစား ၾကိဳးစား ထိပ္ဆုံးေနရာဆိုတာက ကံေရာ၊ ဉာဏ္ေရာ၊ ဝီရိယေရာ၊ အရည္အခ်င္းေရာ ျပည့္စုံတဲ့ လူလက္တစ္ဆုပ္စာ အတြက္ပဲ ဆိုတာကို MLM လုပ္ခ်င္သူေတြ နားလည္ဖို႕ လိုပါတယ္။

ထိပ္ဆုံးကို လူနည္းစုပဲ ေရာက္ႏိုင္တယ္ဆိုတဲ့ သေဘာတရားပိုင္းမွာ...

အထက္ဥပမာေတြထဲက ဘုရားျဖစ္ဖို႕ က်င့္ၾကံသူ (တရားရဖို႕ က်င့္ၾကံသူ)၊ ေက်ာင္းသားေတြနဲ႕ MLM လုပ္ေနသူေတြ အတူတူ ျဖစ္ေပမဲ့ ထိပ္ပိုင္းကို မေရာက္သူေတြ၊ က်ရွုံးသူေတြနဲ႕ ပတ္သက္လာရင္ေတာ့ မတူေတာ့ပါဘူး။
.
.
.
(ဗုဒၶဘာသာ အလိုအရ) လူသားအားလုံးထဲမွာမွ တစ္ေယာက္သာ ဘုရား ျဖစ္ႏိုင္ေပမဲ့ ဘုရားျဖစ္ဖို႕ ၾကိဳးစားတာ မေအာင္ျမင္ေသးရင္ေတာင္ ကုသိုလ္ပါရမီေတြ ျဖည့္ဆည္းမိလို႕ ဒုကၡေရာက္သြားစရာ မရွိသလို၊ ကိုယ့္အတြက္ အရွုံးဆိုတာလည္း မရွိပါဘူး။

ဘာလို႕လဲဆိုရင္ ဘုရား မျဖစ္ေတာင္ ပါရမီအႏုအရင့္လိုက္ျပီး ပေစၥကဗုဒၶါ၊ ရဟႏၲာ ျဖစ္ရင္ျဖစ္ ဒါမွမဟုတ္ တစ္မဂ္တစ္ဖိုလ္ ရသြားႏိုင္ပါတယ္။ ေနာက္ဆုံး ဘာမွ မရရင္ေတာင္ က်င္လည္ရဦးမယ့္ သံသရာအတြက္ ကုသိုလ္ပါရမီေတြ ရသြား စုေဆာင္းမိသြားႏိုင္ပါတယ္။

ဒီလိုပဲ...

တစ္ႏိုင္ငံလုံး ပထမ မရေတာင္၊ ထိပ္ဆုံး ဆယ္ေယာက္စာရင္းထဲ မဝင္ရင္ေတာင္ ေက်ာင္းသားတစ္ေယာက္ ေက်ာင္းစာၾကိဳးစားတာဟာ သူ႕အတြက္ ဘာမွ နစ္နာစရာ မရွိပါဘူး။ ထိပ္ဆုံး ဆယ္ေယာက္ မျဖစ္ေတာင္ ဘာသာစံုဂုဏ္ထူး ရရင္ရ၊ မရလို႕ ႐ိုး႐ိုးေအာင္ရင္ေတာင္ အနာဂတ္အတြက္ တစ္နည္းနည္း အသုံးဝင္ႏိုင္ပါေသးတယ္။

ယုတ္စြအဆုံး စာေမးပြဲက်ရင္ေတာင္ ကိုယ့္အခ်ိန္တစ္ႏွစ္နဲ႕ မိဘပိုက္ဆံျဖစ္တဲ့ ေက်ာင္းစရိတ္တစ္ႏွစ္စာ ဆုံးရွုံးရတာကလြဲရင္ အျခားဘယ္သူ႕ကိုမွ မထိခိုက္ပါဘူး။

ဆိုလိုတာက ဘုရားျဖစ္ေအာင္ တရားရေအာင္ က်င့္ၾကံသူေတြ၊ စာၾကိဳးစားတဲ့ ေက်ာင္းသားေလးေတြဟာ ကိုယ္အျမင့္ေရာက္ေအာင္ တက္တဲ့လမ္းမွာ...

မွန္းထားသလို ထိပ္ဆုံးေရာက္ျပီး ေအာင္ျမင္သည္ ျဖစ္ေစ

သာမန္ေလာက္ပဲ ျဖစ္သည္ ရသည္ ျဖစ္ေစ

က်ရွုံးသည္ ျဖစ္ေစ အျခားဘယ္သူ႕ကိုမွ မထိခိုက္ေစပါဘူး။

ယူတတ္ရင္ ကိုယ့္အတိုင္းအတာနဲ႕ကိုယ္ လက္ရွိဘဝအတြက္ေရာ သံသရာအတြက္ပါ အက်ိဳးေတာင္ ရွိႏိုင္ပါတယ္။

ဒါေပမဲ့ MLM ရဲ့ Pyramid Scheme ကေတာ့ ဒီလို မဟုတ္ပါဘူး။

သူ႕ရဲ႕ သေဘာတရားကိုက ကိုယ္အျမင့္ကို တက္ရာမွာ ကိုယ့္ေလာက္ ကံ မေကာင္းသူ၊ ပါရမီ မပါသူ၊ ဉာဏ္ မမီသူ၊ ဝီရိယ မရွိသူ၊ အစြမ္းအစ မရွိသူေတြကို ေလွကားထစ္ေတြလို ခ်နင္းသြားမွ ထိပ္ဆုံးပန္းတိုင္ကို ေရာက္ႏိုင္တာပါ။

ကိုယ္က တမင္တကာ ယုတ္မာျပီး ခ်နင္းတာ မဟုတ္ရင္ေတာင္ အလုပ္ရဲ့ သေဘာသဘာဝကိုက Win - Win ဆိုတာ မရွိတဲ့အတြက္ နစ္နာသူဆိုတာ ရွိေနမွာပါ။

Win - Win ဆိုတာရွိရင္ MLM သမားတိုင္း သိန္း ၇၀၀ ရသူေတြခ်ည္း ျဖစ္ေနလိမ့္မယ္။ I Win - You Lose မို႕သာ သိန္း ၇၀၀ ရသူက လက္ခ်ိဳးေရလို႕ရျပီး နစ္နာသူ၊ ဘဝပ်က္ရသူေတြက မ်ားေနတာပါ။
.
.
.
MLM သမားေတြဘက္က...

"MLM တိုင္း သိန္း ၇၀၀ မရေပမဲ့ မင္းေပးခဲ့တဲ့ ဥပမာေတြအတိုင္းပဲ သူ႕အတိုင္းအတာနဲ႕သူ ရေနသူေတြလည္း အမ်ားၾကီးရွိလို႕ win - win ပဲ မဟုတ္လား" လို႕ ျငင္းခ်င္ပါလိမ့္မယ္။

႐ႈေထာင့္တစ္ခုအတြက္ေတာ့ ဟုတ္ပါတယ္။ ဒါကို နားလည္ဖို႕ MLM ေတြ အလုပ္လုပ္ပံုကို အၾကမ္းဖ်င္း သိထားသင့္ပါတယ္။ ဒီလိုပါ။

၁)

ဒီအလုပ္ စလုပ္သူကိုယ္တိုင္ သူ႕အတြက္ သူ႕မိသားစုအတြက္ MLM ကုမၸဏီက ထုတ္ကုန္ သို႕မဟုတ္ ဝန္ေဆာင္မႈ တစ္ခုခု စဝယ္ရပါမယ္။

ဒီလို ဝယ္တာနဲ႕ ေကာ္မရွင္ သို႕ ေလွ်ာ့ေစ်း သို႕ ဆုေၾကး ရမယ္။ ဥပမာ လစဥ္ တစ္သိန္းဖိုး ဝယ္လို႕ ၁၅ % ေစ်းေလွ်ာ့ေပးတယ္ဆိုရင္ တစ္ေသာင္းခြဲ သက္သာပါမယ္။ ဒီေနာက္ပိုင္းမွာ သူ႕အမ်ိဳးေတြအတြက္နဲ႕ သူ႕အသိမိတ္ေဆြေတြကိုပါ ဝယ္ေအာင္ ဆြယ္ေပးႏိုင္မယ္ဆိုရင္ ေလွ်ာ့ေစ်း ရာခိုင္ႏွုန္းလည္း (ဥပမာ ၃၀%) တက္လာပါမယ္။ ဒီအေပၚမွာ သူ႕အေနနဲ႕ မိတ္ေဆြေတြကို ၁၅ % ေလွ်ာ့ေစ်းပဲ ေပးရင္ ၁၅ % အက်ိဳးအျမတ္ ရႏိုင္ပါတယ္။

၂)

ေနာက္တစ္ဆင့္မွာ လူစိမ္း လူက်က္မေရြး အျခားသူေတြကို သူ႕လို MLM ကုမၸဏီက ထုတ္ကုန္ဝယ္သူေတြ ျဖစ္လာေအာင္ စုေဆာင္းရပါတယ္။ ရွင္းသြားေအာင္ သူ႕ကို မန္ဘာ (အဆင့္ ၁) လို႕ ထားလိုက္ပါမယ္။

သူဆြယ္လိုက္တဲ့ မန္ဘာအသစ္ (အဆင့္ ၂) ေတြက ပစၥည္း ဝယ္တိုင္း ဝယ္တိုင္း သူ႕ဆီက တစ္ဆင့္ပဲ ဝယ္ရပါတယ္။ သူက ကုမၸဏီကေန ၃၀ % ေလွ်ာ့ေစ်းနဲ႕ ယူျပီး အဆင့္ ၂ မန္ဘာေတြကို ၂၀ % ေလွ်ာ့ေစ်းနဲ႕ ေရာင္းေပးရင္ သူ႕မွာ ၁၀ % ကို ေကာ္မရွင္သေဘာမ်ိဳး ဆက္ကာ ဆက္ကာ ထပ္ထပ္ျပီး ရေနပါမယ္။

မန္ဘာ (အဆင့္ ၂) ေတြက မန္ဘာအသစ္ (အဆင့္ ၃) ေတြကို ထပ္ဆြယ္ႏိုင္ရင္ ကုမၸဏီကေန သူရတဲ့ ေလွ်ာ့ေစ်းရာခိုင္ႏွုန္း ပိုမ်ားလာျပီး...

အဆင့္ ၁ က အဆင့္ ၂ ကို ကိုယ့္အတြက္ ရာခိုင္ႏွုန္းတစ္ခု ခ်န္ျပီး ေရာင္းေပး
အဆင့္ ၂ က အဆင့္ ၃ ကို သူတို႕အတြက္ ရာခိုင္ႏွုန္းတစ္ခု ခ်န္ျပီး ေရာင္းေပးတဲ့နည္းနဲ႕

အဲဒီ မန္ဘာ (အဆင့္ ၂) ေတြေရာ သူကိုယ္တိုင္ (အဆင့္ ၁) ေရာ ေကာ္မရွင္ ဆက္ရျပန္တာမို႕ မန္ဘာ မ်ားမ်ားဆြယ္ႏိုင္ေလ၊ ပစၥည္းမ်ားမ်ားဝယ္ေအာင္ ဆြဲေဆာင္ႏိုင္ေလ MLM သမားေတြဟာ ေအာင္ျမင္သူေတြ ျဖစ္လာျပီး ကိုယ့္အတိုင္းအတာနဲ႕ကိုယ္ အက်ိဳးအျမတ္ ရၾကပါမယ္။

၃)

အခ်ိန္တစ္ခုေရာက္လာလို႕ သူ႕ေအာက္မွာ လုပ္ေနတဲ့ MLM အဆင့္ ၂ ေတြရဲ့ network ဟာ ၾကီးထြားလာျပီး ကုမၸဏီက သူ႕ကို ေပးႏိုင္တဲ့ အျမင့္ဆုံး discount ပမာဏမ်ိဳးကို ရလာျပီး သူ႕ဆီက ဝယ္စရာမလိုဘဲ ကုမၸဏီက တိုက္႐ိုက္ဝယ္တဲ့ အဆင့္ (ဆိုလိုတာက အဆင့္ ၂ ေတြဟာ အဆင့္ ၁ ေနရာကိုေရာက္လာျပီး သူ႕လက္ေအာက္က ထြက္သြားႏိုင္ရင္) ေရာက္လာရင္ သူကိုယ္တိုင္ဟာ အဲဒီထြက္သြားတဲ့ မန္ဘာအုပ္စုေတြရဲ႕ ေရာင္းအားအေပၚမွာ ကုမၸဏီက သတ္မွတ္ထားတဲ့ ရာခိုင္ႏွုန္းတစ္ခုကို ေဘာနပ္စ္အျဖစ္ ရပါေတာ့တယ္။ သူ႕လက္ေအာက္က ထြက္သြားႏိုင္တဲ့ အုပ္စုေတြ မ်ားလာေလ သူ႕ ဝင္ေငြေတြ မ်ားလာေလ ျဖစ္ျပီး သန္းႂကြယ္သူေဌးအထိ ျဖစ္ႏိုင္ပါတယ္။

၄)

ကုမၸဏီဘက္ကလည္း ေၾကာ္ျငာခေလာက္ မကုန္က်ဘဲ လူလူခ်င္း အဆင့္ဆင့္ ေရာင္းခိုင္းျပီး ငါးၾကင္းဆီနဲ႕ ငါးၾကင္းေၾကာ္ႏိုင္တာမို႕ အက်ိဳးအျမတ္ရတယ္။

ဒီအခ်က္ေတြအရ ကုမၸဏီလည္း win အစြမ္းအစရွိတဲ့ Pyramid ထိပ္ပိုင္းေရာက္ MLM သမားေတြလည္း win ျဖစ္လို႕ win - win အေျခအေနလို႕ ျမင္စရာ ျဖစ္ေပမဲ့ လက္ေတြ႕မွာေတာ့ အဲဒီ ႏွစ္စုထဲ မပါတဲ့ က်န္ Pyramid ေအာက္ေျခက MLM သမား အမ်ားစုက အခ်ိန္ကုန္ ေငြကုန္ျပီး lose ကုန္ပါတယ္။

ဘာလို႕လဲ?
.
.
.
လူတစ္ေယာက္ ဘုရားျဖစ္ခ်င္လို႕ က်င့္ၾကံျပီး သဗၺညဳတဉာဏ္ေတာ္ ရရွိသြားတာဟာ အျခားသူေတြရဲ့ ဉာဏ္စဥ္ေတြကို ယူျပီး ျဖစ္သြားတာ မဟုတ္ပါဘူး။ အျခားသူေတြရဲ့ ပါရမီေတြ ပဲ့ပါမသြားပါဘူး။

ေက်ာင္းသားတစ္ေယာက္ တစ္ႏိုင္ငံလုံး ပထမရခ်င္လို႕ ၾကိဳးစားျပီး ပထမရသြားတာဟာ အျခားေက်ာင္းသားေတြရဲ့ အမွတ္ေတြကို ဖဲ့ယူျပီး ရသြားတာ မဟုတ္ပါဘူး။ ေက်ာင္းသားတိုင္းမွာ ဘာသာရပ္တစ္ခုတိုင္းအတြက္ အမွတ္ ၁၀၀ အထိ ရယူႏိုင္ခြင့္ ညီညီမွ်မွ် ရွိပါတယ္။ သူတစ္ရာရသြားလို႕ ကိုယ္က သုညျဖစ္သြားတာ မဟုတ္ပါဘူး။

သေဘာကေတာ့ တစ္ေယာက္စီတိုင္းဟာ ကိုယ့္ ကိုယ္ပိုင္လယ္ထဲမွာ ကိုယ္စိုက္ႏိုင္သေလာက္ စိုက္ျပီး ကိုယ္ဘာသာ ရသေလာက္ ရိတ္သိမ္းရတာ ျဖစ္ပါတယ္။

ကိုယ္လယ္ အထြက္ေကာင္းလည္း အျခားသူရဲ့ စပါးေတြ မေလ်ာ့သြားပါဘူး။
ကိုယ္လယ္ အထြက္ညံ့လည္း သူမ်ားက စပါးတင္းေတာင္း ပိုရမသြားပါဘူး။

MLM မွာက်ေတာ့ စလုပ္မယ့္သူေတြ အားက်ရေလာက္ေအာင္ ေအာင္ျမင္ေနတဲ့သူေတြ ရေနတဲ့ ဒိုင္းမြန္း၊ ပလက္တီနမ္စတဲ့ အဆင့္အတန္းေတြ ဝင္ေငြေတြဟာ ထုတ္ကုန္ေတြ ဝန္ေဆာင္မႈေတြရဲ့ အက်ိဳးအျမတ္ဆီက ရလာတာ မဟုတ္ဘဲ ေအာင္ျမင္ေနသူေတြလို မစြမ္းေဆာင္ႏိုင္တဲ့ ေအာက္ေျခက MLM သမားေတြရဲ့ ေငြေတြ အခ်ိန္ေတြကို ဖဲ့ယူျပီး ရလာတာ ျဖစ္ပါတယ္။

ဒီေတာ့ ဘာနဲ႕ တူသလဲဆိုရင္ ဘုံပိုင္လယ္တစ္ကြက္ကို အားလုံး ဝိုင္းစိုက္ေနၾကသလို ျဖစ္ေနပါတယ္။

ဘုံပိုင္လယ္ကို ဝိုင္းစိုက္ျပီး ၾကိဳးစားသူ မၾကိဳးစားသူမခြဲဘဲ အက်ိဳးအျမတ္ အသီးအပြင့္ကို အားလုံး ညီညီမွ်မွ် ခြဲယူၾကတာဟာ အစြန္းတစ္ဖက္ဆိုရင္...

ဘုံပိုင္လယ္ကို ဝိုင္းစိုက္ရာမွာ ကိုယ္က အပင္ပန္းခံ ထြန္ေရးငင္ထားေပမဲ့ မ်ိဳးေစ့မရွိလို႕၊ မ်ိဳးေစ့ရွိလည္း ပ်ိဳးမၾကဲတတ္လို႕၊ ပ်ိဳးၾကဲတတ္လည္း ပိုးမက်ေအာင္ မလုပ္တတ္လို႕ စသျဖင့္ အဆင့္ဆင့္ ပင္ပန္းျပီး ကိုယ့္အတြက္ ဘာမွမရေပမဲ့ ကိုယ္ထယ္ထားတဲ့ ကိုယ္ၾကဲထားတဲ့ အထဲကို ကြၽမ္းက်င္သူ ကံလိုက္သူ ၾကိဳးစားသူက အရံသင့္ ဝင္စိုက္ ဝင္ရိတ္သိမ္းျပီး သီးႏွံထြက္ေအာင္ စိုက္ႏိုင္သူက ထြက္သမွ် အကုန္ယူသြားႏိုင္တဲ့ MLM သေဘာတရားဟာ အျခားအစြန္းတစ္ဖက္ပါ။

ပိုဆိုးတာက ေလာင္းကစားသမားေတြ ေငြေမ်ာ ေငြနဲ႕လိုက္သလိုမ်ိဳး အဲဒီ အရွုံးသမား MLM loser ေတြကလည္း ဘယ္သူ႕ကိုမွ ဝယ္ေအာင္ မဆြယ္ႏိုင္ရင္ လယ္ေရာင္း အိမ္ေရာင္းျပီးေတာင္ ကိုယ့္ဘာသာကိုယ္ ဝယ္ျပီး ကုမၸဏီမွာ အဆင့္တက္လာေအာင္ ၾကံစည္ၾကတာမို႕ ဘဝေတြပါ ပ်က္ကုန္ၾကပါတယ္။

ဒီလို အစြန္းေရာက္ျပီး ဒုကၡျဖစ္သူေတြ ရွိေနေပမဲ့ MLM သမားေတြဘက္ကေတာ့ "ဒီလို ဒီလို လုပ္ျပီး ေအာင္ျမင္ရင္ ဒါေတြ ဒါေတြ ရႏိုင္တယ္" လို႕ လုပ္ငန္းသေဘာတရားကို အရွင္းဆုံး ေျပာျပထားတာမို႕ ကိုယ္ေက်နပ္မွ ကိုယ္လုပ္႐ံုပါ။ မ႐ိုးသားတဲ့ ျမႇဳပ္ကြက္ေတြ ရွိေပမဲ့ ဘယ္သူမွ အတင္း႐ိုက္ျပီး ေသနတ္နဲ႕ ခ်ိန္ျပီး ခိုင္းေနတာ မဟုတ္တဲ့အတြက္ ကိုယ့္သေဘာနဲ႕ ကိုယ္စလုပ္ျပီး ဘဝပ်က္မွ ျပႆနာသြားရွာလို႕ မရပါဘူး။

"ကိုယ္လုပ္ႏိုင္သေလာက္ အစြမ္းအစရွိသေလာက္ အက်ိဳးအျမတ္ရမယ္" လို႕ ဆြယ္တရား ေဟာျပီး မလုပ္ႏိုင္လို႕ ဒုကၡေရာက္တာေတြကို ထည့္မေျပာ႐ံုေလာက္နဲ႕က တိုက္႐ိုက္လိမ္လည္တာ မဟုတ္လို႕ တရားဥပေဒအရ အေရးယူဖို႕ ေဘာင္မဝင္ပါဘူး။

MLM ကုမၸဏီေတြက "ကြၽန္ေတာ္တို႕ လုပ္ငန္းမွာ ရွယ္ယာထည့္ပါ၊ အတိုး သို႕မဟုတ္ အျမတ္ ရာခိုင္ႏွုန္း ျမင့္ျမင့္ေပးပါမယ္" ဆိုျပီး မက္လုံးေပး ဆြယ္တရားေဟာျပီး ေနာက္ဆုံးမွာ ထည့္ထားတဲ့ ရွယ္ယာေငြေတြ လိမ္ေျပးတာမ်ိဳး မဟုတ္လို႕ အေရးယူဖို႕ ဒီေလာက္ မလြယ္ပါဘူး။

ဒီေတာ့ ကိုယ့္သေဘာနဲ႕ ကိုယ္လုပ္ျပီး ဒုကၡေရာက္သြားတဲ့ MLM တစ္ဦးခ်င္းရဲ႕ ကိစၥတစ္ခုစီကို ဥပေဒနဲ႕ အေရးယူဖို႕ မလြယ္တာမို႕ တရားဝင္လုပ္ကိုင္ခြင့္ရေနတဲ့ ကုမၸဏီေတြနဲ႕ ျငင္းခုံတိုက္ခိုက္ေနတာထက္ ကိုယ့္ႏိုင္ငံသားေတြ မထိေစခ်င္ရင္ ျပႆနာရဲ့ အရင္းအျမစ္ျဖစ္တဲ့ MLM ရဲ့ Pyramid Scheme အေၾကာင္း အသိပညာေပးျပီး တားဆီးတာမ်ိဳး၊ Pyramid Scheme ကို ဥပေဒေၾကာင္းအရ ပိတ္ပင္ႏိုင္ဖို႕ ၾကိဳးစားတာမ်ိဳး၊ သူတို႕ရဲ့ ထုတ္ကုန္ ေရာင္းကုန္ေတြရဲ႕ အျပစ္အနာအဆာေတြကို ရွာျပီး ပိတ္ပင္တာမ်ိဳး လုပ္ေဆာင္တာက ပိုထိေရာက္ႏိုင္ပါတယ္။

သားေကာင္မရွိရင္ မုဆိုးလည္း ငတ္ေသသြားမွာပဲေလ။
.
.
.
နိဂုံးခ်ဳပ္ရရင္ေတာ့ MLM အလုပ္ကို လုပ္ခ်င္သူေတြအေနနဲ႕...

၁)

သာမန္ ဝန္ထမ္းေတြ၊ သာမန္ စီးပြါးေရး လုပ္ငန္းငယ္ေတြထက္ ဝင္ေငြမ်ားတဲ့ ထိပ္တန္း MLM သမားအဆင့္ဟာ အလြန္မက္ေမာစရာ ျဖစ္ေပမဲ့ အဲဒီအဆင့္ကို အလြန္႕အလြန္ နည္းပါးတဲ့ လက္ခ်ိဳးေရလို႕ရတဲ့ လူနည္းစုသာ ေရာက္ႏိုင္တာကို သိထားပါ။ ဘုရားပြင့္သေလာက္ ခက္တယ္လို႕ တြက္ထားရင္ ပိုေကာင္းပါမယ္။

၂)

ဒီအလုပ္ဟာ ပံုမွန္ဝင္ေငြရွိတဲ့ လခစား marketing သမားနဲ႕ သေဘာသဘာဝ မတူဘဲ ေသေျမၾကီး ရွင္ေရႊထီး အလုပ္မ်ိဳး ဆိုတာကို သိထားပါ။ Low income သမားအတြက္ low risk ပဲ ရွိေပမဲ့ high income လိုခ်င္ရင္ high risk ကို ရင္ဆိုင္ႏိုင္မလား ဆိုတာကို ေခါင္းထဲထည့္ စဥ္းစားထားပါ။

၃)

အထက္က အခ်က္ႏွစ္ခ်က္ သိျပီးတာေတာင္ လုပ္ခ်င္ေသးသပဆိုရင္ ကိုယ့္ပင္ကိုယ္ဗီဇစ႐ိုက္နဲ႕ ကိုယ္ဆည္းပူးထားတဲ့ အရည္အခ်င္းေတြက MLM အလုပ္နဲ႕ ကိုက္ညီလား၊ ကိုယ့္လို MLM သမားခ်င္းကို ယွဥ္ျပိဳင္ အႏိုင္ယူႏိုင္သလား၊ ေငြရဖို႕သက္သက္ မဟုတ္ဘဲ ဝါသနာပါလို႕ အခ်ိန္ေရာ ဘဝေရာ ရင္းႏွီးျမႇဳပ္ႏွံႏိုင္သလား၊ ေနာက္ေၾကာင္းရာဇဝင္ ေသခ်ာမသိရဘဲ မဟားတရား ေစ်းတင္ထားတဲ့ ပစၥည္းေတြကို စားသုံးသူ ဝယ္ခ်င္လာေအာင္ ၾကမ္းပိုးကို လိပ္ျဖစ္ေအာင္ ေျပာျပီး ဆြဲေဆာင္ႏိုင္တဲ့ စြမ္းရည္မ်ိဳး ကိုယ့္မွာ ရွိလား၊ စြမ္းရည္ ရွိရင္ေတာင္ အဲလို ပစၥည္းေတြကို ကိုယ့္ေလာဘအတြက္ အျပစ္မဲ့သူေတြကို ေရာင္းရက္တဲ့ စိတ္ထားမ်ိဳး ကိုယ့္မွာ ရွိသလားဆိုတာေတြကို ေသခ်ာသုံးသပ္ျပီးမွ ဒီေလာကထဲ ဝင္ဖို႕ မဝင္ဖို႕ ဆုံးျဖတ္ေစခ်င္ပါတယ္။

ဒီလိုမွ မဟုတ္ဘဲ MLM အလုပ္သေဘာတရားနဲ႕ ကိုယ္နဲ႕ ကိုက္ညီလား မကိုက္ညီလား မသိဘဲ...

ငါးစာျဖစ္တဲ့ သိန္း ၇၀၀ ကိုသာျမင္ျပီး ဟစိ ဟစိ ျဖစ္ရမယ့္ ငါးမွ်ားခ်ိတ္ကို မျမင္တတ္ဘဲ only the strong survive ဆိုတဲ့ MLM မီးပံုၾကီးကို ပိုးဖလံလို ဝင္တိုးမိရင္ေတာ့...

"သူတည္းတစ္ေယာက္ သိန္း ၇၀၀ ေပါက္ဖို႕ ငါတို႕ေတြမွာ မြဲလင့္ကာသာ မသထာတည္း" ဆိုသလို...

ဘယ္သူမွ အတင္းအၾကပ္ ခိုင္းလို႕မဟုတ္ဘဲ ကိုယ္ကိုယ္တိုင္ ကိုယ့္ဘဝသာမက ကိုယ့္ကို မွီခိုေနသူေတြရဲ့ ဘဝေတြ၊ ကိုယ္သိမ္းသြင္းေနသူေတြရဲ့ ဘဝေတြကိုပါ လိုလိုလားလားနဲ႕ စေတးေနသူ၊ ဖ်က္ဆီးေနသူေတြ ျဖစ္မွန္းမသိ ျဖစ္သြားပါလိမ့္မယ္လို႕ ေစတနာနဲ႕ သတိေပးလိုက္ပါတယ္။
.
.
.
စာႂကြင္း။ ။

MLM ရဲ့ ဆိုးက်ိဳးနဲ႕ ဘာေၾကာင့္ ဆိုးသလဲဆိုတဲ့ အေသးစိတ္ အခ်က္အလက္ပိုင္းေတြက ပိုျပီး တတ္သိနားလည္တဲ့ Anti-MLM လုပ္ေနသူေတြက ေျခေျချမစ္ျမစ္ ပညာေပး ေရးသားထားျပီး ျဖစ္လို႕ ထည့္မေရးေတာ့ပါ။

ဒီစာကို MLM သမားတစ္ေယာက္ မလုပ္ခင္ ၾကိဳစဥ္းစားသင့္တဲ့ အသိတရားတစ္ခု ရေကာင္းေစဆိုတဲ့ သေဘာမ်ိဳးပဲ ေရးလိုက္ပါတယ္။ MLM နဲ႕ Pyramid scheme အေၾကာင္း အေကာင္းအဆိုး အေသးစိတ္ သိလိုသူမ်ား ကို Zin Zae Lwin ကို ေဖာလိုးလုပ္ထားျပီး သူ႕ပို႕စ္မ်ားနဲ႕ သူညႊန္းထားသူမ်ားရဲ့ ပို႕စ္မ်ားမွာ ခေရေစ့တြင္းက် ဆက္လက္ ေေေလ့လာၾကပါကုန္။
https://m.facebook.com/story.php?story_fbid=642322532823196&id=100011363651075

အမ်ားပိုင္ကုမၸဏီတည္ေထာင္ျခင္းႏွင့္ အမ်ားျပည္သူသို႔ အစုရွယ္ယာကမ္းလွမ္းျခင္း။



Unicode
အများပိုင်ကုမ္ပဏီတည်ထောင်ခြင်းနှင့် အများပြည်သူသို့ အစုရှယ်ယာကမ်းလှမ်းခြင်း။

အများပိုင်ကုမ္ပဏီက အစုရှယ်ယာထည့်ဝင်ဖို့ကမ်းလှမ်းချိန်မှာ ထည့်ဝင်ခြင်းမပြုခင် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ထက် အရေးကြီးတဲ့တောင်းယူကြည့်သင့်သောအချက်ကို နားလည်သလောက်ရှင်းပြပါရစေ၊
(အမှားပါရင်လည်း ခွင့်လွှတ်ပါခင်ဗျ)

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အသုံးအနှုန်းအတိုကောက်များ
DICA = ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
SECM=ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်

တည်ထောင်ခြင်း။
အဆင့်(၁) ကုမ္ပဏီအမည်တူရှိ/မရှိစစ်ဆေးခြင်း၊

အဆင့်(၂) DICAမှ Formပုံစံများရယူပြီး တံဆိပ်ခေါင်းခွန်ပေးဆောင်ခြင်း၊

အဆင့်(၃) လက်မှတ်ထိုးထားသော ကုမ္ပဏီမှတ်ပုံတင်ရန် ပုံစံများကို DICA သို့တင်ပြပြီး မှတ်ပုံတင်ကြေး ၂၅သိန်းပေးဆောင်ခြင်း၊

အဆင့်(၄) DICA မှ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ရရှိခြင်း၊

အများပိုင်ကုမ္ပဏီတည်ထောင်သူတွေဟာ ဒီအဆင့်(၄)အထိကို လွယ်လွယ်ကူကူဖြတ်ကျော်နိုင်တဲ့အတွက် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ကို ရရှိမည်ဖြစ်သည်။ အများပိုင်ကုမ္ပဏီအများစုက ဒီမှာရပ်တန့်နေပါတယ်။
ယင်းအခြေအနေတွင် အများပြည်သူသို့အစုရှယ်ယာကမ်းလှမ်းခွင့်မရှိပါ၊
အများပို်ုင်ကုမ္ပဏီအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ရရှိရုံဖြင့် Facebook တွင် ဖြစ်စေ၊ သတင်းစာတွင်ဖြစ်စေ၊ လက်ကမ်းစာစောင်ဖြင့်ဖြစ်စေ အစုရှယ်ယာထည့်ဝင်ရန်ကမ်းလှမ်းပါက DICAနှင့် SECMသို့ တိုင်ကြားပါ။

အများပိုင်များ၏ အသက်သွေးကြော (သို့မဟုတ်) လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ်
အဆင့်(၅) လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ်လျှောက်ထားခြင်း၊
အသေးစိတ်လိုအပ်ချက်များ
(က)ရုံးခန်းဖွင့်ထားကြောင်းသက်ဆိုင်ရာမှထောက်ခံချက်
(ခ)အများနှင့်သက်ဆိုင်သောကုမ္ပဏီဖွဲ့စည်းသည့်အကြောင်း သတင်းစာမှကြေငြာချက်
(ဂ)SECMမှ အတည်ပြုပြီးသော ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (သို့မဟုတ်) ရှင်းတမ်း
(ဃ)ဘဏ်စာရင်းဖွင့်ပြီး ငွေထည့်ဝင် (အနည်းဆုံးထည့်ဝင်ငွေ+ သိန်း၅၀၀)
(င)ပထမဆုံးအကြိမ်လူထုသို့ ရှယ်ယာများ ရောင်းချခြင်းဆိုင်ရာစာရွက်စာတမ်းများ
*** ဒီအဆင့်က (ဂ) SECMမှအတည်ပြုပြီးသော ကုမ္ပဏီ၏ အလားအလာညွှန်းတမ်းရရှိဖို့ မလွယ်ကူပါ။ ပြင်ဆင်ရသည့်စာရွက်များ၊ စစ်ဆေးမှုအဆင့်များစွာရှိပါသည်။

အဆင့်(၆)လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ်ရရှိရန် စာရွက်စာတမ်းများတင်ပြခြင်း၊
ဖြည့်စွက်လက်မှတ်ထိုးပြီးသော လုပ်ငန်းစတင်မှုစာရွက်စာတမ်းများနှင့် SECMမှခွင့်ပြုချက်စာများကို DICA သို့တင်ပြပါ။

အဆင့်(၇) အထက်ပါအဆင့်များပြီးစီးပါက လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ် ရရှိမည်ဖြစ်ပါသည်။

အနှစ်ချုပ်
ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ရရှိရုံဖြင့် အများပြည်သူသို့ အစုရှယ်ယာကမ်းလှမ်းခွင့် လုံးဝ(လုံးဝ)မရှိပါ။
အဓိကတောင်းယူရမည့်အချက်
(၁)DICA မှထုတ်ပေးသည့် လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ်နှင့် (၂)SECMမှထုတ်ပေးသည့် အများပြည်သူသို့အစုရှယ်ယာကမ်းလှမ်းခွင့်ပြုသည့်စာများသည် အရေးကြီးဆုံးဖြစ်ပြီး အဆိုပါ(၁)နှင့်(၂)ရရှိပြီး SECMမှ ခွင့်ပြုမှသာ အများပြည်သူသို့ အစုရှယ်ယာကမ်းလှမ်းနိုင်မည်ဖြစ်ပါသည်။
Zawgyi
အမ်ားပိုင္ကုမၸဏီတည္ေထာင္ျခင္းႏွင့္ အမ်ားျပည္သူသို႔ အစုရွယ္ယာကမ္းလွမ္းျခင္း။

အမ်ားပိုင္ကုမၸဏီက အစုရွယ္ယာထည့္ဝင္ဖို႔ကမ္းလွမ္းခ်ိန္မွာ ထည့္ဝင္ျခင္းမျပဳခင္ ကုမၸဏီမွတ္ပံုတင္လက္မွတ္ထက္ အေရးႀကီးတဲ့ေတာင္းယူၾကည့္သင့္ေသာအခ်က္ကို နားလည္သေလာက္ရွင္းျပပါ႐ေစ၊
(အမွားပါရင္လည္း ခြင့္လႊတ္ပါခင္ဗ်)

စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနမွ အသံုးအႏႈန္းအတိုေကာက္မ်ား
DICA = ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန
SECM=ေငြေခ်းသက္ေသခံလက္မွတ္လုပ္ငန္းႀကီးၾကပ္ေရးေကာ္မရွင္

တည္ေထာင္ျခင္း။
အဆင့္(၁) ကုမၸဏီအမည္တူရွိ/မရွိစစ္ေဆးျခင္း၊

အဆင့္(၂) DICAမွ Formပံုစံမ်ားရယူၿပီး တံဆိပ္ေခါင္းခြန္ေပးေဆာင္ျခင္း၊

အဆင့္(၃) လက္မွတ္ထိုးထားေသာ ကုမၸဏီမွတ္ပံုတင္ရန္ ပံုစံမ်ားကို DICA သို႔တင္ျပၿပီး မွတ္ပံုတင္ေၾကး ၂၅သိန္းေပးေဆာင္ျခင္း၊

အဆင့္(၄) DICA မွ ကုမၸဏီမွတ္ပံုတင္လက္မွတ္ရရွိျခင္း၊

အမ်ားပိုင္ကုမၸဏီတည္ေထာင္သူေတြဟာ ဒီအဆင့္(၄)အထိကို လြယ္လြယ္ကူကူျဖတ္ေက်ာ္ႏိုင္တဲ့အတြက္ ကုမၸဏီမွတ္ပံုတင္လက္မွတ္ကို ရရွိမည္ျဖစ္သည္။ အမ်ားပိုင္ကုမၸဏီအမ်ားစုက ဒီမွာရပ္တန္႔ေနပါတယ္။
ယင္းအေျခအေနတြင္ အမ်ားျပည္သူသို႔အစုရွယ္ယာကမ္းလွမ္းခြင့္မရွိပါ၊
အမ်ားပို္ုင္ကုမၸဏီအေနျဖင့္ ကုမၸဏီမွတ္ပံုတင္လက္မွတ္ရရွိရံုျဖင့္ Facebook တြင္ ျဖစ္ေစ၊ သတင္းစာတြင္ျဖစ္ေစ၊ လက္ကမ္းစာေစာင္ျဖင့္ျဖစ္ေစ အစုရွယ္ယာထည့္ဝင္ရန္ကမ္းလွမ္းပါက DICAႏွင့္ SECMသို႔ တိုင္ၾကားပါ။

အမ်ားပိုင္မ်ား၏ အသက္ေသြးေၾကာ (သို႔မဟုတ္) လုပ္ငန္းစတင္ေဆာင္ရြက္ခြင့္လက္မွတ္
အဆင့္(၅) လုပ္ငန္းစတင္ေဆာင္ရြက္ခြင့္လက္မွတ္ေလွ်ာက္ထားျခင္း၊
အေသးစိတ္လိုအပ္ခ်က္မ်ား
(က)ရံုးခန္းဖြင့္ထားေၾကာင္းသက္ဆိုင္ရာမွေထာက္ခံခ်က္
(ခ)အမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီဖြဲ႕စည္းသည့္အေၾကာင္း သတင္းစာမွေၾကျငာခ်က္
(ဂ)SECMမွ အတည္ျပဳၿပီးေသာ ကုမၸဏီ၏ အလားအလာၫႊန္းတမ္း (သို႔မဟုတ္) ရွင္းတမ္း
(ဃ)ဘဏ္စာရင္းဖြင့္ၿပီး ေငြထည့္ဝင္ (အနည္းဆံုးထည့္ဝင္ေငြ+ သိန္း၅၀၀)
(င)ပထမဆံုးအႀကိမ္လူထုသို႔ ရွယ္ယာမ်ား ေရာင္းခ်ျခင္းဆိုင္ရာစာရြက္စာတမ္းမ်ား
*** ဒီအဆင့္က (ဂ) SECMမွအတည္ျပဳၿပီးေသာ ကုမၸဏီ၏ အလားအလာၫႊန္းတမ္းရရွိဖို႔ မလြယ္ကူပါ။ ျပင္ဆင္ရသည့္စာရြက္မ်ား၊ စစ္ေဆးမႈအဆင့္မ်ားစြာရွိပါသည္။

အဆင့္(၆)လုပ္ငန္းစတင္ေဆာင္ရြက္ခြင့္လက္မွတ္ရရွိရန္ စာရြက္စာတမ္းမ်ားတင္ျပျခင္း၊
ျဖည့္စြက္လက္မွတ္ထိုးၿပီးေသာ လုပ္ငန္းစတင္မႈစာရြက္စာတမ္းမ်ားႏွင့္ SECMမွခြင့္ျပဳခ်က္စာမ်ားကို DICA သို႔တင္ျပပါ။

အဆင့္(၇) အထက္ပါအဆင့္မ်ားၿပီးစီးပါက လုပ္ငန္းစတင္ေဆာင္ရြက္ခြင့္လက္မွတ္ ရရွိမည္ျဖစ္ပါသည္။

အႏွစ္ခ်ဳပ္
ကုမၸဏီမွတ္ပံုတင္လက္မွတ္ရရွိရံုျဖင့္ အမ်ားျပည္သူသို႔ အစုရွယ္ယာကမ္းလွမ္းခြင့္ လံုးဝ(လံုးဝ)မရွိပါ။
အဓိကေတာင္းယူရမည့္အခ်က္
(၁)DICA မွထုတ္ေပးသည့္ လုပ္ငန္းစတင္ေဆာင္ရြက္ခြင့္လက္မွတ္ႏွင့္ (၂)SECMမွထုတ္ေပးသည့္ အမ်ားျပည္သူသို႔အစုရွယ္ယာကမ္းလွမ္းခြင့္ျပဳသည့္စာမ်ားသည္ အေရးႀကီးဆံုးျဖစ္ၿပီး အဆိုပါ(၁)ႏွင့္(၂)ရရွိၿပီး SECMမွ ခြင့္ျပဳမွသာ အမ်ားျပည္သူသို႔ အစုရွယ္ယာကမ္းလွမ္းႏိုင္မည္ျဖစ္ပါသည္။
https://m.facebook.com/groups/521691951357295?view=permalink&id=742698935923261

အတိုးေပးတယ္ဆိုလို႔ထည့္ထားတာေငြျပန္မရရင္




Unicode
အတိုးပုံမှန်ရမယ်ဆိုလို့
လုပ်ငန်း တစ်ခု / လူ တစ်ယောက်စီမှာ
ငွေထည့်ထားပြီး
တကယ်တမ်းမှာ ပြောထားသလို
အတိုး ပုံမှန်မရတာ /
အရင်း ပြန်ထုတ်လို့ မရတာတွေ ဖြစ်ခဲ့ရင်
လုပ်သင့်တာတွေက

၁။
သတ်မှတ်ရက်အတိုင်း
ငွေ မရသူတွေ ( အတိုး / အရင်း ) စုပြီး
ချိတ်ဆက်ထားပါ ။

၂။
အဲ့လူတွေ စုပြီး သူရှိမယ့် နေရာကို တပြိုင်တည်းသွားပါ ။
ပြောချင်ရာ အမျိုးမျိုး လျှောက်ပြောနေတဲ့ စကားတွေ /
ထုတ်ချင်သလို ထပ်ထုတ်နေတဲ့
စည်းကမ်းတွေ အတိုင်း မဟုတ်ပဲ
သတ်မှတ်ရက် အတိုင်း
ငွေ ပြန်ထုတ်ပေးဖို့
စုပေါင်းတောင်းဆိုပါ ။
( ဖြစ်နိုင်ရင် သတင်းထောက်/ရှေ့နေ/ရဲ စတာတွေကို သာမန်လူအနေနဲ့ လျိှု့ဝှက်ခေါ်သွားပါ )

၃။
ပြောကြဆိုကြတာတွေကို
တစ်နည်းနည်းနဲ့ မှတ်တမ်းတင်ပါ ။
သက်သေယူပါ ။

၄။
သက်ဆိုင်ရာ မြို့နယ်ရဲ့
လွှတ်တော် အမတ်ကို
အဲ့လူတွေ စုသွားပြီး
သက်သေတွေပြ
အကူအညီ တောင်းပါ ။
တိုင်ပင်ပါ ။

၅။
မီဒီယာ တွေ ဖိတ်ခေါ်ပြီး
ရှင်းလင်းပွဲလုပ်ပါ ။
( မဖိတ်တတ်ရင် ကျွန်တော်တို့
ကူဖိတ်ပေးပါ့မယ် ။
ကုန်ကျစရိတ် မလိုပါ )

၆။
မီဒီယာတွေမှာ သတင်း ပါပြီးရင်
အွန်လိုင်းပေါ်မှာ ပါ
အကြီးအကျယ် ဖွပါ။
Groups တွေမှာ ခိုင်ခိုင်မာမာ ရေးသားပြီး
လိုက်တင်ပါ ။
( ၆၆ဃ ကြောက်တတ်ရင်
စကား မကျွံအောင် သတိထားပါ ။
မရေးခင် ဥပဒေ ကျွမ်းကျင်သူနဲ့
တိုင်ပင်ချင် တိုင်ပင်ပါ ။
စရိတ်ကို ခုနက စုထားတဲ့လူတွေ
မျှခံရင် သက်သာမှာပါ ။ )

၇။
အဆုံးထိ လျှောက်မယ်လို့
ဆုံးဖြတ်ထားရင်
နိုင်တာမနိုင်တာ နောက်ထား ။
ငွေမရသေးသူ
အကုန်စုပေါင်းပြီး
ရဲ စခန်းမှာ အမှု ဖွင့်တိုင်ခဲ့ပါ ။
ခေါ် စစ်ခိုင်းပါ ။

❗️ဒါတွေက လုပ်လို့ရတာတွေကို ပြောတာပါ ။
မလုပ်ခင် အရင် စဉ်းစားဖို့က
ကိုယ့်ငွေပြန်ရဖို့
ချော့တောင်း မှာလား ?
ခြောက်တောင်းမှာလား ? ဆိုတာပါ ။ ❗️

ခြောက်တောင်းမယ် ဆိုရင်
👉
၈။
ငွေ ပြန်မပေးရင်
အဲ့လို ၁ ကနေ ရ အတိုင်း
လုပ်ပစ်မယ်လို့
စုပေါင်း သွားပြောပြီး
အရင် ခြောက်တောင်းကြည့်ပါ ။

ချော့တောင်းမယ် ဆိုရင်
👉
၉။
အဲ့ဒီ အချက်တွေ ဘာမှ မလုပ်ရဲရင်တော့
ဘာမှ မလုပ်ပဲ တစ်နေ့ ပြန်ပေးနိုးနဲ့
ချော့ပြီးသာ ဆက်တောင်းနေပါ ။
ကိုယ့်ငွေနဲ့ ကိုယ် မျက်နှာငယ်ရတော့မှာပေါ့ဗျာ ။

ပိုဆိုးတာက အဲ့လူက အချိန်ဆွဲထားပြီး
နောက်လူသစ်/လူဟောင်းတွေဆီက
ဝင်လာမယ့် ငွေတွေနဲ့
ခင်ဗျားတို့ကို ပြန်ဆပ်ပေးနေမှာဆိုရင်
သူ့ အကုသိုလ်ကို ခင်ဗျားတို့ပါ
ဝိုင်းယူနေရမယ့် သဘောပေါ့ဗျာ ။
သံသရာ ကြွေး ပါမှာ မို့လို့
ပို ကြောက်ဖို့ကောင်းပါတယ်ဗျာ 😪

#ကိုဇင်ဇေ

Zawgyi
အတိုးပံုမွန္ရမယ္ဆိုလို႔
လုပ္ငန္း တစ္ခု / လူ တစ္ေယာက္စီမွာ
ေငြထည့္ထားျပီး
တကယ္တမ္းမွာ ေျပာထားသလို
အတိုး ပံုမွန္မရတာ /
အရင္း ျပန္ထုတ္လို႔ မရတာေတြ ျဖစ္ခဲ့ရင္
လုပ္သင့္တာေတြက

၁။
သတ္မွတ္ရက္အတိုင္း
ေငြ မရသူေတြ ( အတိုး / အရင္း ) စုျပီး
ခ်ိတ္ဆက္ထားပါ ။

၂။
အဲ့လူေတြ စုျပီး သူရွိမယ့္ ေနရာကို တျပိဳင္တည္းသြားပါ ။
ေျပာခ်င္ရာ အမ်ိဳးမ်ိဳး ေလ်ွာက္ေျပာေနတဲ႕ စကားေတြ /
ထုတ္ခ်င္သလို ထပ္ထုတ္ေနတဲ႕
စည္းကမ္းေတြ အတိုင္း မဟုတ္ပဲ
သတ္မွတ္ရက္ အတိုင္း
ေငြ ျပန္ထုတ္ေပးဖို႕
စုေပါင္းေတာင္းဆိုပါ ။
( ျဖစ္နိုင္ရင္ သတင္းေထာက္/ေရွ႕ေန/ရဲ စတာေတြကို သာမန္လူအေနနဲ႕ လ်ိွဳ႕ဝွက္ေခၚသြားပါ )

၃။
ေျပာၾကဆိုၾကတာေတြကို
တစ္နည္းနည္းနဲ႕ မွတ္တမ္းတင္ပါ ။
သက္ေသယူပါ ။

၄။
သက္ဆိုင္ရာ ျမိဳ႕နယ္ရဲ႕
လႊတ္ေတာ္ အမတ္ကို
အဲ့လူေတြ စုသြားျပီး
သက္ေသေတြျပ
အကူအညီ ေတာင္းပါ ။
တိုင္ပင္ပါ ။

၅။
မီဒီယာ ေတြ ဖိတ္ေခၚျပီး
ရွင္းလင္းပြဲလုပ္ပါ ။
( မဖိတ္တတ္ရင္ က်ြန္ေတာ္တို႕
ကူဖိတ္ေပးပါ့မယ္ ။
ကုန္က်စရိတ္ မလိုပါ )

၆။
မီဒီယာေတြမွာ သတင္း ပါျပီးရင္
အြန္လိုင္းေပၚမွာ ပါ
အၾကီးအက်ယ္ ဖြပါ။
Groups ေတြမွာ ခိုင္ခိုင္မာမာ ေရးသားျပီး
လိုက္တင္ပါ ။
( ၆၆ဃ ေၾကာက္တတ္ရင္
စကား မက်ြံေအာင္ သတိထားပါ ။
မေရးခင္ ဥပေဒ က်ြမ္းက်င္သူနဲ႕
တိုင္ပင္ခ်င္ တိုင္ပင္ပါ ။
စရိတ္ကို ခုနက စုထားတဲ့လူေတြ
မ်ွခံရင္ သက္သာမွာပါ ။ )

၇။
အဆံုးထိ ေလ်ွာက္မယ္လို႕
ဆံုးျဖတ္ထားရင္
နိုင္တာမနိုင္တာ ေနာက္ထား ။
ေငြမရေသးသူ
အကုန္စုေပါင္းျပီး
ရဲ စခန္းမွာ အမႈ ဖြင့္တိုင္ခဲ့ပါ ။
ေခၚ စစ္ခိုင္းပါ ။

❗️ဒါေတြက လုပ္လို႕ရတာေတြကို ေျပာတာပါ ။
မလုပ္ခင္ အရင္ စဥ္းစားဖို႕က
ကိုယ့္ေငြျပန္ရဖို႕
ေခ်ာ့ေတာင္း မွာလား ?
ေျခာက္ေတာင္းမွာလား ? ဆိုတာပါ ။ ❗️

ေျခာက္ေတာင္းမယ္ ဆိုရင္
👉
၈။
ေငြ ျပန္မေပးရင္
အဲ့လို ၁ ကေန ၇ အတိုင္း
လုပ္ပစ္မယ္လို႕
စုေပါင္း သြားေျပာျပီး
အရင္ ေျခာက္ေတာင္းၾကည့္ပါ ။

ေခ်ာ့ေတာင္းမယ္ ဆိုရင္
👉
၉။
အဲ့ဒီ အခ်က္ေတြ ဘာမွ မလုပ္ရဲရင္ေတာ့
ဘာမွ မလုပ္ပဲ တစ္ေန႕ ျပန္ေပးနိုးနဲ႕
ေခ်ာ့ျပီးသာ ဆက္ေတာင္းေနပါ ။
ကိုယ့္ေငြနဲ႕ ကိုယ္ မ်က္နွာငယ္ရေတာ့မွာေပါ့ဗ်ာ ။

ပိုဆိုးတာက အဲ့လူက အခ်ိန္ဆြဲထားျပီး
ေနာက္လူသစ္/လူေဟာင္းေတြဆီက
ဝင္လာမယ့္ ေငြေတြနဲ႔
ခင္ဗ်ားတို႕ကို ျပန္ဆပ္ေပးေနမွာဆိုရင္
သူ႕ အကုသိုလ္ကို ခင္ဗ်ားတို႕ပါ
ဝိုင္းယူေနရမယ့္ သေဘာေပါ့ဗ်ာ ။
သံသရာ ေၾကြး ပါမွာ မို႕လို႔
ပို ေၾကာက္ဖို႔ေကာင္းပါတယ္ဗ်ာ 😪

#ကိုဇင္ေဇhttps://m.facebook.com/groups/521691951357295?view=permalink&id=742597382600083

Thursday, November 2, 2017

Futurenet နဲ႕ ပတ္သက္လို႕


Unicode
👉👉👉
Futurenet နဲ့ ပတ်သက်လို့
=================

Futurenet နဲ့ ပတ်သက်လို့
လူတစ်ယောက်က လာမေးတဲ့အတွက်
လက်လှမ်းမှီသလောက်
လေ့လာပြီး တင်ပေးလိုက်တာပါတယ် ။

၁။ Futurenet ကို Scam လို့
နိုင်ငံတကာ Scam Busters
အတော် များများ ပြောနေပါတယ် ။
( Source: http://ethanvanderbuilt.com/2016/04/25/futurenet-scam-yes-opinion/ )

Futurenet  ရဲ့ Founder & CEO -
Stephan Morgenstern က
လွန်ခဲ့တဲ့ ၂၅ နှစ်လုံး MLM လောကထဲမှာ ကျင်လည်လာခဲ့တဲ့
MLM ဂျိုး တစ်ယောက် ။
နောက်တစ်ယောက် Roman Ziemian ကလည်း
One-Line-Online Marketing Plan ဆိုတာကို ၂၀၁၄ က စ လုပ်ခဲ့တဲ့လူ ။
( အဲ့ဒါလည်း Scam လို့ သတ်မှတ်ထားကြတာ ပဲ ။  )

၂။ ဘာလို့ Scam လို့ ပြောလဲ ရှင်းတယ် ။
တကယ့် ပြင်ပစားသုံးသူ / ဖောက်သည် / ကြော်ငြာရှင်တွေ မရှိသလောက်နည်းပြီး
အသင်းဝင်ကြေး / အသင်းဝင်အဆင့်မြင့်ကြေးတွေနဲ့ လည်ပတ်နေတာများလို့ပါ ။

၃။ Futurenet က အသင်းဝင်ကြေး ဖရီးနဲ့ ဝင်လို့ရတယ် ဆိုပေမယ့်
ထုံးစံအတိုင်း Upgrade လုပ်မှ
အကျိုးခံစားခွင့်ပိုရမှာပါ ။
$10 = $10 Member
$10 + $25 = $35 Basic
$10 + $25 + $50 = $85 Gold
$10 + $25 + $50 + $100 = $185 Exclusive
$10 + $25 + $50 + $100 + $500 = $685 Sapphire
$10 + $25 + $50 + $100 + $500 + $1,000 = $1,685 Royal
ဒီတော့ ဝင်ရင်းနဲ့ > လုပ်မိကြ > ရင်းမိကြ ကျွံမိကြ ဦးမှာပေါ့ ။

၄။ Amazon လို ဝန်ဆောင်မှုမျိုးနဲ့ ရောချလို့ မရပါဘူး ။ Amazon က လုပ်တာ Affiliate Marketing ပါ ။
Futurenet ( Online အခြေပြု Multi-Level Marketing ) က
ရောင်းရငွေ အပေါ်မှာ ဆယ်ဆင့် အထိပေးတာ ။
FutureNet က ထုတ်ကုန် /
ဝန်ဆောင်မှု တစ်ခုကို ရောင်းရရင်
ဒီလိုပေးမယ်လို့ တွေ့ရပါတယ် ။ ( Source : https://download.futurenet.club/MARKETINGPLAN_EN.pdf )
1. Level 5%
2. Level 5%
3. Level 5%
4. Level 5%
5. Level 5%
6. Level 3%
7. Level 3%
8. Level 3%
9. Level 3%
10. Level 3%
အားလုံးပေါင်း ၃၀% ပေါ့ ။
၃၀% က မများပေမယ့် ပြဿနာက
တကယ် ရောင်းပေးလိုက်တဲ့လူက ၅% ပဲ ရပြီး
ကျန်တဲ့ အဆင့်ကလူတွေက ၂၅% တောင် ဝိုင်းယူလိုက်ကြတာက မတရားရာ ကျတယ် ။

Amazon က ပစ္စည်း အမျိုးအစား အလိုက်
၁% ကနေ အမြင့်ဆုံး ၁၀% အထိပဲ ပေးတယ် ။
( Source :
https://affiliate-program.amazon.com/help/operating/policies#Associates%20Program%20Fee%20Statement )
ဒါကြောင့် အပြင်စျေးနဲ့ ယှဉ်နိုင်တာပေါ့ ။
( ပြီးတော့ Amazon က ရောင်းနေတာတွေက နာမည်ကြီး ပစ္စည်း ပေါင်းများစွာနော် )

အခု Futurenet က ၃၀% ပေးတယ် ဆိုတော့
အပြင်စျေးနဲ့ ဘယ်လိုယှဉ်မလဲ ?
တကယ် နားလည်တဲ့ ဝယ်သူ အများစုက
Futurenet က နေ ဝယ်ပါတော့မလား ?
ဒီလိုနဲ့ပဲ တော်ရုံနဲ့ ရောင်းမထွက်တော့
အပြင်က MLM Companies တွေလို
ထုတ်ကုန်ရောင်းချဖို့ အဓိက မထားတော့ပဲ
လူဆွယ်တဲ့ဘက်ကို
အဓိက လုပ်ဖြစ်သွားကြတော့မှာပဲလေ ။

ဒီတော့ Amazon နဲ့ ရောမချတာ ကောင်းပါမယ် ။

၅။ အခု တစ်ချက်ကတော့ ပိုဆိုးတယ် ။
FutureNet အခေါ်မှာတော့ Friends Bonus ပေါ့ ။
( MLM မှာတော့ အလွယ်ပဲ Team Bonus ပဲ ခေါ်လိုက်ကြပါစို့ ။ )

FutureNet က 3×10 matrix (pyramid) system ကို သုံးထားတယ် ။
ပြီးတော့ Levels အလိုက် ဒီ လိုပေးသွားဦးမယ်တဲ့ ။
1. Level 5%
2. Level 5%
3. Level 5%
4. Level 5%
5. Level 5%
6. Level 5%
7. Level 5%
8. Level 5%
9. Level 5%
10. Level 5%

ဒါနဲ့လည်း မပြီးသေးဘူး ။ Matching Bonus ကလည်း ပေးဦးမယ် ။
ကိုယ်မိတ်ဆက်တဲ့လူရတဲ့ Bonus အပေါ်ကနေ
ကိုယ် ဝယ်ထားတဲ့ အလိုက် Package ဒီလို ထပ်ပေးသွားမယ် တဲ့ ။
Member – 10%
Basic – 20%
Gold – 30%
Exclusive – 50%
Sapphire –  50%
Royal –  50%

ဒါနဲ့လည်း မပြီးသေးဘူး ။
Leadership bonus ကလည်း 1% ကနေ 7% အထိ ထပ်ပေးဦးမယ် တဲ့ ။

ကဲ စဉ်းစားကြည့်ပါ ။ နည်းတာမှ မဟုတ်တာ ။
အဲ့လောက်များတဲ့ အဆင့်ဆင့်ဆုကြေးတွေကို ဘယ်ကနေပေးနေလဲ ။
အောက်လူတွေ ထပ်ထည့်တာတွေ နဲ့ / ပစ္စည်းတွေ ဝန်ဆောင်မှုတွေကို
စျေး စွတ်တင်တာတွေကနေပဲ ရမှာပေါ့ ။

၆။ PTC လိုမျိုး / Social medai platform မှာ
ကြော်ငြာတာမျိုး လုပ်မယ်ဆိုလည်း
facebook / google / linkedin / လို ရှိပြီးသား Platform တွေနဲ့
ယှဉ်လို့မှ မရတာ ။
အပြတ်အသတ်ကြီးကွာ ။
 ဒါကြောင့် ဘယ် လုပ်ငန်းကြီးတွေမှ PTC sites တွေမှာ မကြေငြာကြတာ ။
facebook နဲ့ google / youtube က
ကြော်ငြာ စျေးတွေက
 ပိုသက်သာပြီး ပိုထိရောက်နေတာကိုး ။
ကိုယ်ရည်ရွယ်တဲ့ စျေးကွက်ကို အသေးစိတ် ရွေးချယ်လို့ ရတာတွေ /
တကယ် အလားအလာရှိတဲ့ စားသုံးသူတွေနဲ့ ထိတွေ့နိုင်တာတွေကို ဘယ်လိုလို့ မှီမှာလဲဗျာ ။

ကျွန်တော့် အမြင်တော့ FutureNet ဟာ
Advertising/Online Selling/Social network Program အစစ်မဟုတ်ဘူး ။
Advertising/Online Selling/Social network Program ကို ဘမ်းပြပြီး
အသင်းဝင်ကြေးတွေနဲ့ လည်ပတ်လုပ်စားနေတဲ့ Online-Pyramid Scheme စစ်စစ်ပဲ ။

၇။ Futurenet လို အလုပ်မျိုးက
 ( ဒီလောက် Bonus များများ /
Level များများ ပေးနေရင် )
ရေရှည် ဘယ်လိုလို့ အောင်မြင်မှာလဲ ???
ထုံးစံအတိုင်း မက်လုံးပေးပြီး လူတွေခေါ် ၊
စျေးကွက်က မရိပ်မိခင်လောက်အထိ အယုံသွင်းပြီး လူသစ်တွေ ထပ်ထပ်ထည့် ၊
နောက်ဆုံး တကယ်တမ်း  စျေးကွက်က
အခြေအနေကို ရိပ်စားမိလာပြီး
လူသစ်ဝင်နှုန်းကျလာတာနဲ့
တဖြည်းဖြည်း ဆုတ်ယုတ်လာပြီး
 နောက်ဆုံး လဲ ဦးမှာပေါ့ ။

အဲ့ဒီကျရင် အပေါ်ကနေ စောစော ဝင်လုပ်လိုက်တဲ့ကောင်တွေပဲ ငွေထုတ်ပိုက်ပြီး
နောက်က ဝင်တဲ့လူတွေ ခံပေဦးပေါ့လေ ။
( နောက်လူတွေကလည်း သူတို့ အဲ့လိုခံလိုက်ရတဲ့ငွေကို ပြန်ရဖို့
နောက်ထပ် အဲ့လို ဆိုဒ်မျိုးတွေ ထပ်ရှာပြီး ထပ်လုပ်ရင်းနဲ့ သံသရာတွေ လည်နေကြတာပေါ့လေ ။ )

ဒီတော့ မလုပ်မိရင် အကောင်းဆုံးပဲ ။
လုပ်မိနေရင်လည်း အထူး သတိထားစေချင်ပါတယ်ဗျာ ။

စေတနာဖြင့်
#ကိုဇင်ဇေ
#AntiMLM #AntiPyramidScheme
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ


Zawgyi

👉👉👉
Futurenet နဲ႕ ပတ္သက္လို႕
=================

Futurenet နဲ႕ ပတ္သက္လို႕
လူတစ္ေယာက္က လာေမးတဲ႔အတြက္
လက္လွမ္းမွီသေလာက္
ေလ့လာျပီး တင္ေပးလိုက္တာပါတယ္ ။

၁။ Futurenet ကို Scam လို႕
ႏိုင္ငံတကာ Scam Busters
အေတာ္ မ်ားမ်ား ေျပာေနပါတယ္ ။
( Source: http://ethanvanderbuilt.com/2016/04/25/futurenet-scam-yes-opinion/ )

Futurenet  ရဲ့ Founder & CEO -
Stephan Morgenstern က
လြန္ခဲ့တဲ့ ၂၅ ႏွစ္လုံး MLM ေလာကထဲမွာ က်င္လည္လာခဲ့တဲ့
MLM ဂ်ိဳး တစ္ေယာက္ ။
ေနာက္တစ္ေယာက္ Roman Ziemian ကလည္း
One-Line-Online Marketing Plan ဆိုတာကို ၂၀၁၄ က စ လုပ္ခဲ့တဲ့လူ ။
( အဲ့ဒါလည္း Scam လို႕ သတ္မွတ္ထားၾကတာ ပဲ ။  )

၂။ ဘာလို႕ Scam လို႕ ေျပာလဲ ရွင္းတယ္ ။
တကယ့္ ျပင္ပစားသုံးသူ / ေဖာက္သည္ / ေၾကာ္ျငာရွင္ေတြ မရွိသေလာက္နည္းျပီး
အသင္းဝင္ေၾကး / အသင္းဝင္အဆင့္ျမင့္ေၾကးေတြနဲ႕ လည္ပတ္ေနတာမ်ားလို႕ပါ ။

၃။ Futurenet က အသင္းဝင္ေၾကး ဖရီးနဲ႕ ဝင္လို႕ရတယ္ ဆိုေပမယ့္
ထုံးစံအတိုင္း Upgrade လုပ္မွ
အက်ိဳးခံစားခြင့္ပိုရမွာပါ ။
$10 = $10 Member
$10 + $25 = $35 Basic
$10 + $25 + $50 = $85 Gold
$10 + $25 + $50 + $100 = $185 Exclusive
$10 + $25 + $50 + $100 + $500 = $685 Sapphire
$10 + $25 + $50 + $100 + $500 + $1,000 = $1,685 Royal
ဒီေတာ့ ဝင္ရင္းနဲ႕ > လုပ္မိၾက > ရင္းမိၾက ကြၽံမိၾက ဦးမွာေပါ့ ။

၄။ Amazon လို ဝန္ေဆာင္မႈမ်ိဳးနဲ႕ ေရာခ်လို႕ မရပါဘူး ။ Amazon က လုပ္တာ Affiliate Marketing ပါ ။
Futurenet ( Online အေျချပဳ Multi-Level Marketing ) က
ေရာင္းရေငြ အေပၚမွာ ဆယ္ဆင့္ အထိေပးတာ ။
FutureNet က ထုတ္ကုန္ /
ဝန္ေဆာင္မႈ တစ္ခုကို ေရာင္းရရင္
ဒီလိုေပးမယ္လို႕ ေတြ႕ရပါတယ္ ။ ( Source : https://download.futurenet.club/MARKETINGPLAN_EN.pdf )
1. Level 5%
2. Level 5%
3. Level 5%
4. Level 5%
5. Level 5%
6. Level 3%
7. Level 3%
8. Level 3%
9. Level 3%
10. Level 3%
အားလုံးေပါင္း ၃၀% ေပါ့ ။
၃၀% က မမ်ားေပမယ့္ ျပႆနာက
တကယ္ ေရာင္းေပးလိုက္တဲ့လူက ၅% ပဲ ရျပီး
က်န္တဲ့ အဆင့္ကလူေတြက ၂၅% ေတာင္ ဝိုင္းယူလိုက္ၾကတာက မတရားရာ က်တယ္ ။

Amazon က ပစၥည္း အမ်ိဳးအစား အလိုက္
၁% ကေန အျမင့္ဆုံး ၁၀% အထိပဲ ေပးတယ္ ။
( Source :
https://affiliate-program.amazon.com/help/operating/policies#Associates%20Program%20Fee%20Statement )
ဒါေၾကာင့္ အျပင္ေစ်းနဲ႕ ယွဥ္ႏိုင္တာေပါ့ ။
( ျပီးေတာ့ Amazon က ေရာင္းေနတာေတြက နာမည္ၾကီး ပစၥည္း ေပါင္းမ်ားစြာေနာ္ )

အခု Futurenet က ၃၀% ေပးတယ္ ဆိုေတာ့
အျပင္ေစ်းနဲ႕ ဘယ္လိုယွဥ္မလဲ ?
တကယ္ နားလည္တဲ့ ဝယ္သူ အမ်ားစုက
Futurenet က ေန ဝယ္ပါေတာ့မလား ?
ဒီလိုနဲ႕ပဲ ေတာ္ရုံနဲ႕ ေရာင္းမထြက္ေတာ့
အျပင္က MLM Companies ေတြလို
ထုတ္ကုန္ေရာင္းခ်ဖို႕ အဓိက မထားေတာ့ပဲ
လူဆြယ္တဲ့ဘက္ကို
အဓိက လုပ္ျဖစ္သြားၾကေတာ့မွာပဲေလ ။

ဒီေတာ့ Amazon နဲ႕ ေရာမခ်တာ ေကာင္းပါမယ္ ။

၅။ အခု တစ္ခ်က္ကေတာ့ ပိုဆိုးတယ္ ။
FutureNet အေခၚမွာေတာ့ Friends Bonus ေပါ့ ။
( MLM မွာေတာ့ အလြယ္ပဲ Team Bonus ပဲ ေခၚလိုက္ၾကပါစို႕ ။ )

FutureNet က 3×10 matrix (pyramid) system ကို သုံးထားတယ္ ။
ျပီးေတာ့ Levels အလိုက္ ဒီ လိုေပးသြားဦးမယ္တဲ့ ။
1. Level 5%
2. Level 5%
3. Level 5%
4. Level 5%
5. Level 5%
6. Level 5%
7. Level 5%
8. Level 5%
9. Level 5%
10. Level 5%

ဒါနဲ႕လည္း မျပီးေသးဘူး ။ Matching Bonus ကလည္း ေပးဦးမယ္ ။
ကိုယ္မိတ္ဆက္တဲ့လူရတဲ့ Bonus အေပၚကေန
ကိုယ္ ဝယ္ထားတဲ့ အလိုက္ Package ဒီလို ထပ္ေပးသြားမယ္ တဲ့ ။
Member – 10%
Basic – 20%
Gold – 30%
Exclusive – 50%
Sapphire –  50%
Royal –  50%

ဒါနဲ႕လည္း မျပီးေသးဘူး ။
Leadership bonus ကလည္း 1% ကေန 7% အထိ ထပ္ေပးဦးမယ္ တဲ့ ။

ကဲ စဥ္းစားၾကည့္ပါ ။ နည္းတာမွ မဟုတ္တာ ။
အဲ့ေလာက္မ်ားတဲ့ အဆင့္ဆင့္ဆုေၾကးေတြကို ဘယ္ကေနေပးေနလဲ ။
ေအာက္လူေတြ ထပ္ထည့္တာေတြ နဲ႕ / ပစၥည္းေတြ ဝန္ေဆာင္မႈေတြကို
ေစ်း စြတ္တင္တာေတြကေနပဲ ရမွာေပါ့ ။

၆။ PTC လိုမ်ိဳး / Social medai platform မွာ
ေၾကာ္ျငာတာမ်ိဳး လုပ္မယ္ဆိုလည္း
facebook / google / linkedin / လို ရွိျပီးသား Platform ေတြနဲ႕
ယွဥ္လို႕မွ မရတာ ။
အျပတ္အသတ္ၾကီးကြာ ။
 ဒါေၾကာင့္ ဘယ္ လုပ္ငန္းၾကီးေတြမွ PTC sites ေတြမွာ မေၾကျငာၾကတာ ။
facebook နဲ႕ google / youtube က
ေၾကာ္ျငာ ေစ်းေတြက
 ပိုသက္သာျပီး ပိုထိေရာက္ေနတာကိုး ။
ကိုယ္ရည္ရြယ္တဲ့ ေစ်းကြက္ကို အေသးစိတ္ ေရြးခ်ယ္လို႕ ရတာေတြ /
တကယ္ အလားအလာရွိတဲ့ စားသုံးသူေတြနဲ႕ ထိေတြ႕ႏိုင္တာေတြကို ဘယ္လိုလို႕ မွီမွာလဲဗ်ာ ။

က်ြန္ေတာ့္ အျမင္ေတာ့ FutureNet ဟာ
Advertising/Online Selling/Social network Program အစစ္မဟုတ္ဘူး ။
Advertising/Online Selling/Social network Program ကို ဘမ္းျပျပီး
အသင္းဝင္ေၾကးေတြနဲ႕ လည္ပတ္လုပ္စားေနတဲ့ Online-Pyramid Scheme စစ္စစ္ပဲ ။

၇။ Futurenet လို အလုပ္မ်ိဳးက
 ( ဒီေလာက္ Bonus မ်ားမ်ား /
Level မ်ားမ်ား ေပးေနရင္ )
ေရရွည္ ဘယ္လိုလို႕ ေအာင္ျမင္မွာလဲ ???
ထုံးစံအတိုင္း မက္လုံးေပးျပီး လူေတြေခၚ ၊
ေစ်းကြက္က မရိပ္မိခင္ေလာက္အထိ အယုံသြင္းျပီး လူသစ္ေတြ ထပ္ထပ္ထည့္ ၊
ေနာက္ဆုံး တကယ္တမ္း  ေစ်းကြက္က
အေျခအေနကို ရိပ္စားမိလာျပီး
လူသစ္ဝင္ႏွုန္းက်လာတာနဲ႕
တျဖည္းျဖည္း ဆုတ္ယုတ္လာျပီး
 ေနာက္ဆုံး လဲ ဦးမွာေပါ့ ။

အဲ့ဒီက်ရင္ အေပၚကေန ေစာေစာ ဝင္လုပ္လိုက္တဲ့ေကာင္ေတြပဲ ေငြထုတ္ပိုက္ျပီး
ေနာက္က ဝင္တဲ့လူေတြ ခံေပဦးေပါ့ေလ ။
( ေနာက္လူေတြကလည္း သူတို႕ အဲ့လိုခံလိုက္ရတဲ့ေငြကို ျပန္ရဖို႕
ေနာက္ထပ္ အဲ့လို ဆိုဒ္မ်ိဳးေတြ ထပ္ရွာျပီး ထပ္လုပ္ရင္းနဲ႕ သံသရာေတြ လည္ေနၾကတာေပါ့ေလ ။ )

ဒီေတာ့ မလုပ္မိရင္ အေကာင္းဆံုးပဲ ။
လုပ္မိေနရင္လည္း အထူး သတိထားေစခ်င္ပါတယ္ဗ်ာ ။

ေစတနာျဖင့္
#ကိုဇင္ေဇ
#AntiMLM #AntiPyramidScheme
Admin @ MLM Companies မ်ားေၾကာင့္ နစ္နာခဲ့သူမ်ား ႏွင့္ MLM စနစ္ကို ဆန္႕က်င္သူမ်ား

Coin နဲ႔ Mlm ျပႆ နာ



Unicode

Coin နဲ့ Mlm ပြဿ နာ

Coin ဆိုတာ Digital Currency တစ်မျိုးဖြစ်ပြီး အွန်လိုင်း
Online Payment System မှာ အသုံးပြုလို်ရပါတယ်
Popular ဖြစ်တဲ့ Coin တွေက Bit Coin နဲ့ အီသီရမ် Coin တွေပဲဖြစ်ပါတယ်။
Coin တွေကို အဓိကအသုံးပြုတာက Black Market နဲ့ တစ်ကယ့်အရေးအကြီး အရောင်းဝယ်တွေ
Online လောင်းကစားတွေ
Online Investment တွေ
စတဲ့ လုပ်ငန်းတွေမှာသုံးတာများပါတယ်။
သူရဲ့ရည်ရွယ်ချက်က လူတိုင်းငွေကြေးစနစ် တစ်ခု Digital Currency ကို လွယ်ကူချောမွေ့စွာအသုံးပြုနိုင်ဖို့ပါ
တစ်ဖက်မှာ သူတို့က Free သမားတွေဆိုတော့ တစ်စုံတစ်ခုရဲ့လက်အောက်ခံဖြစ် Coin ကိုမထားချင်ဘူး
ဒါကြောင်နာမည်ဝှက်ပြီး ဖော်ဆောင်ခဲ့တာပါ
ဒီလိုဖြစ်လို့ Bit Coin ဟာ တရားမဝင်ဘူး
ဒါပေမယ့် User တွေရှိနေတာကြောင့် အများလက်ခံထားတာရယ် ဘယ်လိုခြေရာခံလို့မလို့
Bit Coin ကိုဖျောက်ဖျက်လို့မရပါဘူး
Bit Coin နဲ့ပက်သက်လို့ ကမ္ဘာနိုင်ငံရေးသမားတွေတောင်မကင်းကြတာလဲပါတာပေါ့
Coin ဆိုတာ Online Payment တစ်ခုအနေနဲ့ လူတစ်ကာ
လက်ခံအသုံးပြုနေတဲ့ ခရစ်တိုကာရင်စီပါ
Bitcoin တစ်ခုကိုအခုဆိုရင် မေရိကန်ဒေါ်လာ ရ၀၀၀ ထိပေါက်စျေးရှိနေပါပြီး ဘာကြောင့်လဲ စျေးကွက်မှာ ဝယ်လိုအား အရမ်းကောင်းလို့လူတစ်ကာ လက်ခံအသုံးပြု နေတာပါပဲ
Bit Coin ကိုဘယ်လောက်ထိလက်ခံ အသုံးပြုကြတာလဲဆိုတော့ Donal Trump တို့လို ဘီဂိလ်လို ဘီလျံနေးတွေတောင် Bit Coin ကိုလက်ဝယ်ထားပြီး စျေးကစားနေခဲ့တာပါ။
Coin ပေါင်း ၁ထောင် ကျော်ရှိပါတယ်။ Bit Coin လောက်ကျန်တဲ့ Coin တွေ သိပ်လူလက်မခံဘူးလို့ဆိုရပါမယ်

Bit Coin ဆိုတာ သချာင်္ပုဒ်စာတစ်ခုလိုဖြစ်ပြီး အဲအဖြေစကားဝှက်ကိုဖော်နိုင်တဲ့လူကို Bit Coin ထုတ်ပေးပါတယ် ဘာနဲ့တူသလိုဆိုတော့ အပြင်မှာရွေတူးသလိုပဲ အဲဒါကို Bit Coin Mining လို့ခေါ်ပါတယ် သူတို့ရဲ့ စကားဝှက်တွေကိုဖော်ရတာ မလွယ်လှပါဘူး အဆင်မြင့် ကွန်ပျူတာ Hardware Software အကောင်းစားတွေနဲ့မှရတာပါ ဘယ်လောက်ထိအရေးကြီးလဲဆိုတော့ မီးအား ဘယ်လောက်မှာ အငြိမ်ထားရမယ်ဆိုတာမျိုးရှိပါတယ်
Bit Coin Mining ကို နိုင်ငံတကာမှာလဲ လုပ်ငန်းပုံစံနဲ့လုပ်နေသလို မြန်မာပြည်မှာလဲ ငွေရင်းနှီးမြှုပ်နှံပီး Bit Coin ကိုအကြီးကျယ်တူးနေတဲ့လူတွေလဲရှိပါတယ်။
ငွေရင်းနှီးက သိန်း ၅၀ ကနေ သိန်း ထောင်ချီထိရှိကြပါတယ်။ အဲတာက Coin Mining နဲ့ပက်သက်တာပါ။
လွယ်လွယ်တော့မရဘူးလို့ပြောပါရစေ
Bit Coin ကိုတူးရာမှာ လွယ်တကူရတဲ့ Computer Graphic ပြားတွေနဲ့ တူးကြသလို မိုင်ဒါဗိုး လို့ခေါ်တဲ့ Hardware တွေနဲ့ တူးပါတယ် မြန်မာပြည်မှာ Graphic နဲ့တူတာများပြီး
မိုင်ဒါဗိုးက တရားဝင် သွင်းလို့မရသေးပါဘူး တစ်ချို့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့
တိတ်တိတ်လေး Mining တူးနေကြပါတယ်တဲ့။😁
Bit Coin ကိုထည့်သိမ်းဖို့ Internet App နှစ်ခုရှိပါတယ်
Block Chain ရယ် Coin Base ရယ်ပါကျန်တာ Popular မဖြစ်ပါဘူး
ရောင်းဝယ်စျေးကစားချင်ရင်အဲပေါ်ကကစားလို့ရတယ်
ဗမာပြည်တော့ လက်ခံထားချင်မရှိပါဘူး
အဲဒါကို Internet Wallet အင်တာနက်ပိုက်ဆံအိပ် လို့ခေါ်တယ်။ Bit Coin Wallet လို့လဲခေါ်တယ် Bit Coin ပိုက်ဆံအိပ်လို့်ခေါ်တယ်။
Bit Coin ရဲ့ ထူးခြားချက်က

လွပ်လပ်တယ်
ဘယ်အစိုးရလက်ထဲမှာမှမရှိဘူး
ဗဟိုချုပ်ကိုင်မှုမရှိဘူး
ဘယ်နိုင်ငံသုံးသုံးပြောင်းလဲချင်းမရှိဘူး
မိမိ Personal Profile လုံခြုံတယ်
ငွေစျေးကစားလို့ကောင်းတယ်
အိမ်ကနေ ငွေကိုအသုံးချလို့ရတယ်
ဥပမာအပြင်ငွေပမာဏဆိုရင် ဘဏ်သွားရ ဘဏ်အကောင်ဖွင့်ရ အတော်လုပ်ရှုပ်တယ်
Bit Coin မှာဒါမျိုးမရှိဘူး
Bit Coin လက်ခဲတဲ့နေရာဘယ်နေရာမဆိုသုံးလို့ရတယ်
သူက ခြေရာခံလို့လဲမရဘူး
Security မြင့်တယ်
အခွန်အခကင်းတယ်
Charge Fee နည်းတယ်
Online ကလုပ်လို့ရတယ်
Bit Coin Exchanger တွေက ကမ္ဘာနှံရှိတယ် အလွယ်တကူဝယ်ရင်းထားလို့ရပြီး
အမြတ်တက်ရင်ပြန်ရောင်းလို့ရတယ်
ဒေါ်လာရောင်းဝယ်လုပ်သလိုပေါ့
သာမန်ငွေးကြေးက ဒါမျိုးရောင်းဝယ်လုပ်ရင်တော့ Profit နည်းတယ်ဆိုရမယ် Bit Coin က စက္ကန်နဲ့အမျှ တက်ကျရှိတယ်။ ဒါက အများသုံးလက်ခံ စျေးကွက်လက်ခံပြီးသား Bit Coin ပါ
ဒါပေမယ် Risk အရမ်းများတယ်
အခု Bit Coin စျေး ဒေါ်လာ ရထောင် ရှိနေပေမယ့်
လာမယ် တစ်ရက်တွင်း ဒေါ်လာ ၁ထောင် လောက် ပြုတ်ကျသွားနိုင်ပါတယ်။

Risk များတယ် အရမ်းများတယ်။

 Bit Coin စဖွင့်တော့ မန်ဘာဝင်ရမယ် ကော်မရှင်ဘယ်လောက်ပေးမယ် လို့ ဘယ်သောအခါမှမပြောခဲ့ပါဘူး

ကော်မရှင်ဘယ်လောက်ပြန်ရမလို့မဆွယ်ခဲ့ပါဘူး

အခု Coin Space 1 Coin တွေဆိုတာဟာ အများသုံး ငွေကြေးစနစ်ကို ထူထောင်ဖို့မဟုတ်ပါဘူး
သူတို့ ရည်ရွယ်ချက်အစစ်မှန်က Coin ကိုအကြောင်းပြပြီ
ငွေတွေကိုသူတို့လက်ထဲကို တစ်ဖက်လှည့်နဲ့ထည့်ချင်လို့ပါ
ပြောရရင် ဂျင်းထည့်ချင်လို့ပါ

သူတို့ရဲ့ Coin ဟာ ဗဟိုချုပ်ကိုင်မှုရှိတဲ့ တိုကင်အဆင့်သာရှိပြီး ဘယ်အစိုးရမှလက်ခံမထားဘူး
ပီတော့ Bit Coin တူသလိုတူးလို့မရဘူး
သူတို့ရဲ့ ရည်ရွယ်ချက်တိုကင်များများရောင်းစားပီးငွေရဖို့ပါ
ဒီတော့ သူတို့ Marketing စနစ်မှာ အရမ်းပြန့်တာမြန်တဲ့
Marketing စနစ်ကိုအသုံးချပါတယ်ဒါမှသာများများရောင်းရပြီး ငွေတွေ လှိမ့်ဝင်လာမှာမဟုတ်ပါလား
Mlm စနစ်ဆိုတာ နိုင်ငံတကာ နာမည်ဆိုးနေတဲ့စနစ်ကို ဒီ Coin တွေကို ဒီစနစ်နဲ့ဖြန်ဖို့စဉ်းစားကတည်းက ဒီ Coin ရဲ့ ရည်ရွယ်ချက်ကိုသိသာစေပါတယ်။ ဒီကွိင်တွေကို ကျွန်တော်က Scam Coin လို့ပဲခေါ်ပါတယ် ဘယ်တော့မှစျေးကွက်ဖွင့်လာမယ်ကွိင်တွေမဟုတ်သလို အောက်ပိုက်ဆံ အထက်ပေးနဲ့ လစ်ပြေးမယ် Coin တွေပါ။

ဒီတော့ ကျွန်တော်တို့နားလည်ထားရမှာက အဲ Coin က စျေးကွက်ဖွင့်ပီးပီလား ဒါကိုသတိထားရပါမယ်
မဖွင့်ရင် ဝယ်ကိုမဝယ်ပါနဲ့
နောက်တစ်ခု Mining စက်တွေနဲ့တူးလို့ရလား
တူးလို့ရမှသာကစားစေချင်ပါတယ်။
နောက်တစ်ခုက ဘာစနစ်ကိုသုံးတာလဲ လူဆွယ် ကော်မရှင်ပေးပြီဆို အဲကွိင်လှည့်ကိုမကြည့်ပါနဲ့
Scam Coin ပါ ကွိင်အတု လိမ်ကွိင် ဂျင်းကွိင် တွေပါ
Bit Coin ဟာ In the Future မှာအလားလားအများကြီးရှိတဲ့ ကွိင်တွေဖြစ်ပြီ
Trader Exchanger အကြိုက် အများလက်ခံထားတဲ့ကွိင်ပါ
ဒါပေမယ် Coin လောကမှာ အလိမ်အညာ Scam အရမ်းပေါတာမို့လို့ မိမိမသိတဲ့ Coin တွေကို
နည်းပညာမသိပဲ
မလုပ်မိပါစေနဲ့လို့

Bit Coin ကြောင့်စျေးထိုးကျသွားလို့
မွဲသွားတဲ့ငွေကြေးကစားတဲ့လူတွေရှိသလို
ချက်ချင်ထီပေါက်သလိုချမ်းသာသွားတဲ့လူတွေလဲရှိပါတယ်

ခေါတ်မီနည်ူပညာတွေနားမလည်တဲ့သူတွေဆိုရင်
ကွိင်ကိစ ခေါင်းထဲ မထည့်တာကောင်းပါတယ်။

မနက်ဖြန်ကျရင် Invester and Scam ဆိုတဲ့ခေါင်စဉ်နဲ့
ခရစ်တိုကာရင်စီအကြောင်းထပ်တင်ပေးပါမယ်
ကျေးဇူးပါ
Anti Mlm
Aye Chan Aung


Zawgyi

Coin နဲ႔ Mlm ျပႆ နာ

Coin ဆိုတာ Digital Currency တစ္မ်ိဳးျဖစ္ၿပီး အြန္လိုင္း
Online Payment System မွာ အသံုးျပဳလို္ရပါတယ္
Popular ျဖစ္တဲ့ Coin ေတြက Bit Coin နဲ႔ အီသီရမ္ Coin ေတြပဲျဖစ္ပါတယ္။
Coin ေတြကို အဓိကအသံုးျပဳတာက Black Market နဲ႔ တစ္ကယ့္အေရးအႀကီး အေရာင္းဝယ္ေတြ
Online ေလာင္းကစားေတြ
Online Investment ေတြ
စတဲ့ လုပ္ငန္းေတြမွာသံုးတာမ်ားပါတယ္။
သူရဲ႕ရည္ရြယ္ခ်က္က လူတိုင္းေငြေၾကးစနစ္ တစ္ခု Digital Currency ကို လြယ္ကူေခ်ာေမြ႔စြာအသံုးျပဳႏိုင္ဖို႔ပါ
တစ္ဖက္မွာ သူတို႔က Free သမားေတြဆိုေတာ့ တစ္စံုတစ္ခုရဲ႕လက္ေအာက္ခံျဖစ္ Coin ကိုမထားခ်င္ဘူး
ဒါေၾကာင္နာမည္ဝွက္ၿပီး ေဖာ္ေဆာင္ခဲ့တာပါ
ဒီလိုျဖစ္လို႔ Bit Coin ဟာ တရားမဝင္ဘူး
ဒါေပမယ့္ User ေတြ႐ွိေနတာေၾကာင့္ အမ်ားလက္ခံထားတာရယ္ ဘယ္လိုေျခရာခံလို႔မလို႔
Bit Coin ကိုေဖ်ာက္ဖ်က္လို႔မရပါဘူး
Bit Coin နဲ႔ပက္သက္လို႔ ကမၻာႏိုင္ငံေရးသမားေတြေတာင္မကင္းၾကတာလဲပါတာေပါ့
Coin ဆိုတာ Online Payment တစ္ခုအေနနဲ႔ လူတစ္ကာ
လက္ခံအသံုးျပဳေနတဲ့ ခရစ္တိုကာရင္စီပါ
Bitcoin တစ္ခုကိုအခုဆိုရင္ ေမရိကန္ေဒၚလာ ၇၀၀၀ ထိေပါက္ေစ်း႐ွိေနပါၿပီး ဘာေၾကာင့္လဲ ေစ်းကြက္မွာ ဝယ္လိုအား အရမ္းေကာင္းလို႔လူတစ္ကာ လက္ခံအသံုးျပဳ ေနတာပါပဲ
Bit Coin ကိုဘယ္ေလာက္ထိလက္ခံ အသံုးျပဳၾကတာလဲဆိုေတာ့ Donal Trump တို႔လို ဘီဂိလ္လို ဘီလ်ံေနးေတြေတာင္ Bit Coin ကိုလက္ဝယ္ထားၿပီး ေစ်းကစားေနခဲ့တာပါ။
Coin ေပါင္း ၁ေထာင္ ေက်ာ္႐ွိပါတယ္။ Bit Coin ေလာက္က်န္တဲ့ Coin ေတြ သိပ္လူလက္မခံဘူးလို႔ဆိုရပါမယ္

Bit Coin ဆိုတာ သခ်ာၤပုဒ္စာတစ္ခုလိုျဖစ္ၿပီး အဲအေျဖစကားဝွက္ကိုေဖာ္ႏိုင္တဲ့လူကို Bit Coin ထုတ္ေပးပါတယ္ ဘာနဲ႔တူသလိုဆိုေတာ့ အျပင္မွာေရြတူးသလိုပဲ အဲဒါကို Bit Coin Mining လို႔ေခၚပါတယ္ သူတို႔ရဲ႕ စကားဝွက္ေတြကိုေဖာ္ရတာ မလြယ္လွပါဘူး အဆင္ျမင့္ ကြန္ပ်ဴတာ Hardware Software အေကာင္းစားေတြနဲ႔မွရတာပါ ဘယ္ေလာက္ထိအေရးႀကီးလဲဆိုေတာ့ မီးအား ဘယ္ေလာက္မွာ အၿငိမ္ထားရမယ္ဆိုတာမ်ိဳး႐ွိပါတယ္
Bit Coin Mining ကို ႏိုင္ငံတကာမွာလဲ လုပ္ငန္းပံုစံနဲ႔လုပ္ေနသလို ျမန္မာျပည္မွာလဲ ေငြရင္းႏွီးျမႇဳပ္ႏွံပီး Bit Coin ကိုအႀကီးက်ယ္တူးေနတဲ့လူေတြလဲ႐ွိပါတယ္။
ေငြရင္းႏွီးက သိန္း ၅၀ ကေန သိန္း ေထာင္ခ်ီထိ႐ွိၾကပါတယ္။ အဲတာက Coin Mining နဲ႔ပက္သက္တာပါ။
လြယ္လြယ္ေတာ့မရဘူးလို႔ေျပာပါရေစ
Bit Coin ကိုတူးရာမွာ လြယ္တကူရတဲ့ Computer Graphic ျပားေတြနဲ႔ တူးၾကသလို မိုင္ဒါဗိုး လို႔ေခၚတဲ့ Hardware ေတြနဲ႔ တူးပါတယ္ ျမန္မာျပည္မွာ Graphic နဲ႔တူတာမ်ားၿပီး
မိုင္ဒါဗိုးက တရားဝင္ သြင္းလို႔မရေသးပါဘူး တစ္ခ်ိဳ႕ စီးပြားေရးလုပ္ငန္း႐ွင္ေတြကေတာ့
တိတ္တိတ္ေလး Mining တူးေနၾကပါတယ္တဲ့။😁
Bit Coin ကိုထည့္သိမ္းဖို႔ Internet App ႏွစ္ခု႐ွိပါတယ္
Block Chain ရယ္ Coin Base ရယ္ပါက်န္တာ Popular မျဖစ္ပါဘူး
ေရာင္းဝယ္ေစ်းကစားခ်င္ရင္အဲေပၚကကစားလို႔ရတယ္
ဗမာျပည္ေတာ့ လက္ခံထားခ်င္မ႐ွိပါဘူး
အဲဒါကို Internet Wallet အင္တာနက္ပိုက္ဆံအိပ္ လို႔ေခၚတယ္။ Bit Coin Wallet လို႔လဲေခၚတယ္ Bit Coin ပိုက္ဆံအိပ္လို္႔ေခၚတယ္။
Bit Coin ရဲ႕ ထူးျခားခ်က္က

လြပ္လပ္တယ္
ဘယ္အစိုးရလက္ထဲမွာမွမ႐ွိဘူး
ဗဟိုခ်ဳပ္ကိုင္မႈမ႐ွိဘူး
ဘယ္ႏိုင္ငံသံုးသံုးေျပာင္းလဲခ်င္းမ႐ွိဘူး
မိမိ Personal Profile လံုျခံဳတယ္
ေငြေစ်းကစားလို႔ေကာင္းတယ္
အိမ္ကေန ေငြကိုအသံုးခ်လို႔ရတယ္
ဥပမာအျပင္ေငြပမာဏဆိုရင္ ဘဏ္သြားရ ဘဏ္အေကာင္ဖြင့္ရ အေတာ္လုပ္႐ႈပ္တယ္
Bit Coin မွာဒါမ်ိဳးမ႐ွိဘူး
Bit Coin လက္ခဲတဲ့ေနရာဘယ္ေနရာမဆိုသံုးလို႔ရတယ္
သူက ေျခရာခံလို႔လဲမရဘူး
Security ျမင့္တယ္
အခြန္အခကင္းတယ္
Charge Fee နည္းတယ္
Online ကလုပ္လို႔ရတယ္
Bit Coin Exchanger ေတြက ကမၻာႏွံ႐ွိတယ္ အလြယ္တကူဝယ္ရင္းထားလို႔ရၿပီး
အျမတ္တက္ရင္ျပန္ေရာင္းလို႔ရတယ္
ေဒၚလာေရာင္းဝယ္လုပ္သလိုေပါ့
သာမန္ေငြးေၾကးက ဒါမ်ိဳးေရာင္းဝယ္လုပ္ရင္ေတာ့ Profit နည္းတယ္ဆိုရမယ္ Bit Coin က စကၠန္နဲ႔အမ်ွ တက္က်႐ွိတယ္။ ဒါက အမ်ားသံုးလက္ခံ ေစ်းကြက္လက္ခံၿပီးသား Bit Coin ပါ
ဒါေပမယ္ Risk အရမ္းမ်ားတယ္
အခု Bit Coin ေစ်း ေဒၚလာ ၇ေထာင္ ႐ွိေနေပမယ့္
လာမယ္ တစ္ရက္တြင္း ေဒၚလာ ၁ေထာင္ ေလာက္ ျပဳတ္က်သြားႏိုင္ပါတယ္။

Risk မ်ားတယ္ အရမ္းမ်ားတယ္။

 Bit Coin စဖြင့္ေတာ့ မန္ဘာဝင္ရမယ္ ေကာ္မ႐ွင္ဘယ္ေလာက္ေပးမယ္ လို႔ ဘယ္ေသာအခါမွမေျပာခဲ့ပါဘူး

ေကာ္မ႐ွင္ဘယ္ေလာက္ျပန္ရမလို႔မဆြယ္ခဲ့ပါဘူး

အခု Coin Space 1 Coin ေတြဆိုတာဟာ အမ်ားသံုး ေငြေၾကးစနစ္ကို ထူေထာင္ဖို႔မဟုတ္ပါဘူး
သူတို႔ ရည္ရြယ္ခ်က္အစစ္မွန္က Coin ကိုအေၾကာင္းျပၿပီ
ေငြေတြကိုသူတို႔လက္ထဲကို တစ္ဖက္လွည့္နဲ႔ထည့္ခ်င္လို႔ပါ
ေျပာရရင္ ဂ်င္းထည့္ခ်င္လို႔ပါ

သူတို႔ရဲ႕ Coin ဟာ ဗဟိုခ်ဳပ္ကိုင္မႈ႐ွိတဲ့ တိုကင္အဆင့္သာ႐ွိၿပီး ဘယ္အစိုးရမွလက္ခံမထားဘူး
ပီေတာ့ Bit Coin တူသလိုတူးလို႔မရဘူး
သူတို႔ရဲ႕ ရည္ရြယ္ခ်က္တိုကင္မ်ားမ်ားေရာင္းစားပီးေငြရဖို႔ပါ
ဒီေတာ့ သူတို႔ Marketing စနစ္မွာ အရမ္းျပန္႔တာျမန္တဲ့
Marketing စနစ္ကိုအသံုးခ်ပါတယ္ဒါမွသာမ်ားမ်ားေရာင္းရၿပီး ေငြေတြ လွိမ့္ဝင္လာမွာမဟုတ္ပါလား
Mlm စနစ္ဆိုတာ ႏိုင္ငံတကာ နာမည္ဆိုးေနတဲ့စနစ္ကို ဒီ Coin ေတြကို ဒီစနစ္နဲ႔ျဖန္ဖို႔စဥ္းစားကတည္းက ဒီ Coin ရဲ႕ ရည္ရြယ္ခ်က္ကိုသိသာေစပါတယ္။ ဒီကိြင္ေတြကို ကြၽန္ေတာ္က Scam Coin လို႔ပဲေခၚပါတယ္ ဘယ္ေတာ့မွေစ်းကြက္ဖြင့္လာမယ္ကိြင္ေတြမဟုတ္သလို ေအာက္ပိုက္ဆံ အထက္ေပးနဲ႔ လစ္ေျပးမယ္ Coin ေတြပါ။

ဒီေတာ့ ကြၽန္ေတာ္တို႔နားလည္ထားရမွာက အဲ Coin က ေစ်းကြက္ဖြင့္ပီးပီလား ဒါကိုသတိထားရပါမယ္
မဖြင့္ရင္ ဝယ္ကိုမဝယ္ပါနဲ႔
ေနာက္တစ္ခု Mining စက္ေတြနဲ႔တူးလို႔ရလား
တူးလို႔ရမွသာကစားေစခ်င္ပါတယ္။
ေနာက္တစ္ခုက ဘာစနစ္ကိုသံုးတာလဲ လူဆြယ္ ေကာ္မ႐ွင္ေပးၿပီဆို အဲကိြင္လွည့္ကိုမၾကည့္ပါနဲ႔
Scam Coin ပါ ကိြင္အတု လိမ္ကိြင္ ဂ်င္းကိြင္ ေတြပါ
Bit Coin ဟာ In the Future မွာအလားလားအမ်ားႀကီး႐ွိတဲ့ ကိြင္ေတြျဖစ္ၿပီ
Trader Exchanger အႀကိဳက္ အမ်ားလက္ခံထားတဲ့ကိြင္ပါ
ဒါေပမယ္ Coin ေလာကမွာ အလိမ္အညာ Scam အရမ္းေပါတာမို႔လို႔ မိမိမသိတဲ့ Coin ေတြကို
နည္းပညာမသိပဲ
မလုပ္မိပါေစနဲ႔လို႔

Bit Coin ေၾကာင့္ေစ်းထိုးက်သြားလို႔
မဲြသြားတဲ့ေငြေၾကးကစားတဲ့လူေတြ႐ွိသလို
ခ်က္ခ်င္ထီေပါက္သလိုခ်မ္းသာသြားတဲ့လူေတြလဲ႐ွိပါတယ္

ေခါတ္မီနည္ူပညာေတြနားမလည္တဲ့သူေတြဆိုရင္
ကိြင္ကိစ ေခါင္းထဲ မထည့္တာေကာင္းပါတယ္။

မနက္ျဖန္က်ရင္ Invester and Scam ဆိုတဲ့ေခါင္စဥ္နဲ႔
ခရစ္တိုကာရင္စီအေၾကာင္းထပ္တင္ေပးပါမယ္
ေက်းဇူးပါ
Anti Mlm
Aye Chan Aung