Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Saturday, November 4, 2017

အတိုးေပးတယ္ဆိုလို႔ထည့္ထားတာေငြျပန္မရရင္




Unicode
အတိုးပုံမှန်ရမယ်ဆိုလို့
လုပ်ငန်း တစ်ခု / လူ တစ်ယောက်စီမှာ
ငွေထည့်ထားပြီး
တကယ်တမ်းမှာ ပြောထားသလို
အတိုး ပုံမှန်မရတာ /
အရင်း ပြန်ထုတ်လို့ မရတာတွေ ဖြစ်ခဲ့ရင်
လုပ်သင့်တာတွေက

၁။
သတ်မှတ်ရက်အတိုင်း
ငွေ မရသူတွေ ( အတိုး / အရင်း ) စုပြီး
ချိတ်ဆက်ထားပါ ။

၂။
အဲ့လူတွေ စုပြီး သူရှိမယ့် နေရာကို တပြိုင်တည်းသွားပါ ။
ပြောချင်ရာ အမျိုးမျိုး လျှောက်ပြောနေတဲ့ စကားတွေ /
ထုတ်ချင်သလို ထပ်ထုတ်နေတဲ့
စည်းကမ်းတွေ အတိုင်း မဟုတ်ပဲ
သတ်မှတ်ရက် အတိုင်း
ငွေ ပြန်ထုတ်ပေးဖို့
စုပေါင်းတောင်းဆိုပါ ။
( ဖြစ်နိုင်ရင် သတင်းထောက်/ရှေ့နေ/ရဲ စတာတွေကို သာမန်လူအနေနဲ့ လျိှု့ဝှက်ခေါ်သွားပါ )

၃။
ပြောကြဆိုကြတာတွေကို
တစ်နည်းနည်းနဲ့ မှတ်တမ်းတင်ပါ ။
သက်သေယူပါ ။

၄။
သက်ဆိုင်ရာ မြို့နယ်ရဲ့
လွှတ်တော် အမတ်ကို
အဲ့လူတွေ စုသွားပြီး
သက်သေတွေပြ
အကူအညီ တောင်းပါ ။
တိုင်ပင်ပါ ။

၅။
မီဒီယာ တွေ ဖိတ်ခေါ်ပြီး
ရှင်းလင်းပွဲလုပ်ပါ ။
( မဖိတ်တတ်ရင် ကျွန်တော်တို့
ကူဖိတ်ပေးပါ့မယ် ။
ကုန်ကျစရိတ် မလိုပါ )

၆။
မီဒီယာတွေမှာ သတင်း ပါပြီးရင်
အွန်လိုင်းပေါ်မှာ ပါ
အကြီးအကျယ် ဖွပါ။
Groups တွေမှာ ခိုင်ခိုင်မာမာ ရေးသားပြီး
လိုက်တင်ပါ ။
( ၆၆ဃ ကြောက်တတ်ရင်
စကား မကျွံအောင် သတိထားပါ ။
မရေးခင် ဥပဒေ ကျွမ်းကျင်သူနဲ့
တိုင်ပင်ချင် တိုင်ပင်ပါ ။
စရိတ်ကို ခုနက စုထားတဲ့လူတွေ
မျှခံရင် သက်သာမှာပါ ။ )

၇။
အဆုံးထိ လျှောက်မယ်လို့
ဆုံးဖြတ်ထားရင်
နိုင်တာမနိုင်တာ နောက်ထား ။
ငွေမရသေးသူ
အကုန်စုပေါင်းပြီး
ရဲ စခန်းမှာ အမှု ဖွင့်တိုင်ခဲ့ပါ ။
ခေါ် စစ်ခိုင်းပါ ။

❗️ဒါတွေက လုပ်လို့ရတာတွေကို ပြောတာပါ ။
မလုပ်ခင် အရင် စဉ်းစားဖို့က
ကိုယ့်ငွေပြန်ရဖို့
ချော့တောင်း မှာလား ?
ခြောက်တောင်းမှာလား ? ဆိုတာပါ ။ ❗️

ခြောက်တောင်းမယ် ဆိုရင်
👉
၈။
ငွေ ပြန်မပေးရင်
အဲ့လို ၁ ကနေ ရ အတိုင်း
လုပ်ပစ်မယ်လို့
စုပေါင်း သွားပြောပြီး
အရင် ခြောက်တောင်းကြည့်ပါ ။

ချော့တောင်းမယ် ဆိုရင်
👉
၉။
အဲ့ဒီ အချက်တွေ ဘာမှ မလုပ်ရဲရင်တော့
ဘာမှ မလုပ်ပဲ တစ်နေ့ ပြန်ပေးနိုးနဲ့
ချော့ပြီးသာ ဆက်တောင်းနေပါ ။
ကိုယ့်ငွေနဲ့ ကိုယ် မျက်နှာငယ်ရတော့မှာပေါ့ဗျာ ။

ပိုဆိုးတာက အဲ့လူက အချိန်ဆွဲထားပြီး
နောက်လူသစ်/လူဟောင်းတွေဆီက
ဝင်လာမယ့် ငွေတွေနဲ့
ခင်ဗျားတို့ကို ပြန်ဆပ်ပေးနေမှာဆိုရင်
သူ့ အကုသိုလ်ကို ခင်ဗျားတို့ပါ
ဝိုင်းယူနေရမယ့် သဘောပေါ့ဗျာ ။
သံသရာ ကြွေး ပါမှာ မို့လို့
ပို ကြောက်ဖို့ကောင်းပါတယ်ဗျာ 😪

#ကိုဇင်ဇေ

Zawgyi
အတိုးပံုမွန္ရမယ္ဆိုလို႔
လုပ္ငန္း တစ္ခု / လူ တစ္ေယာက္စီမွာ
ေငြထည့္ထားျပီး
တကယ္တမ္းမွာ ေျပာထားသလို
အတိုး ပံုမွန္မရတာ /
အရင္း ျပန္ထုတ္လို႔ မရတာေတြ ျဖစ္ခဲ့ရင္
လုပ္သင့္တာေတြက

၁။
သတ္မွတ္ရက္အတိုင္း
ေငြ မရသူေတြ ( အတိုး / အရင္း ) စုျပီး
ခ်ိတ္ဆက္ထားပါ ။

၂။
အဲ့လူေတြ စုျပီး သူရွိမယ့္ ေနရာကို တျပိဳင္တည္းသြားပါ ။
ေျပာခ်င္ရာ အမ်ိဳးမ်ိဳး ေလ်ွာက္ေျပာေနတဲ႕ စကားေတြ /
ထုတ္ခ်င္သလို ထပ္ထုတ္ေနတဲ႕
စည္းကမ္းေတြ အတိုင္း မဟုတ္ပဲ
သတ္မွတ္ရက္ အတိုင္း
ေငြ ျပန္ထုတ္ေပးဖို႕
စုေပါင္းေတာင္းဆိုပါ ။
( ျဖစ္နိုင္ရင္ သတင္းေထာက္/ေရွ႕ေန/ရဲ စတာေတြကို သာမန္လူအေနနဲ႕ လ်ိွဳ႕ဝွက္ေခၚသြားပါ )

၃။
ေျပာၾကဆိုၾကတာေတြကို
တစ္နည္းနည္းနဲ႕ မွတ္တမ္းတင္ပါ ။
သက္ေသယူပါ ။

၄။
သက္ဆိုင္ရာ ျမိဳ႕နယ္ရဲ႕
လႊတ္ေတာ္ အမတ္ကို
အဲ့လူေတြ စုသြားျပီး
သက္ေသေတြျပ
အကူအညီ ေတာင္းပါ ။
တိုင္ပင္ပါ ။

၅။
မီဒီယာ ေတြ ဖိတ္ေခၚျပီး
ရွင္းလင္းပြဲလုပ္ပါ ။
( မဖိတ္တတ္ရင္ က်ြန္ေတာ္တို႕
ကူဖိတ္ေပးပါ့မယ္ ။
ကုန္က်စရိတ္ မလိုပါ )

၆။
မီဒီယာေတြမွာ သတင္း ပါျပီးရင္
အြန္လိုင္းေပၚမွာ ပါ
အၾကီးအက်ယ္ ဖြပါ။
Groups ေတြမွာ ခိုင္ခိုင္မာမာ ေရးသားျပီး
လိုက္တင္ပါ ။
( ၆၆ဃ ေၾကာက္တတ္ရင္
စကား မက်ြံေအာင္ သတိထားပါ ။
မေရးခင္ ဥပေဒ က်ြမ္းက်င္သူနဲ႕
တိုင္ပင္ခ်င္ တိုင္ပင္ပါ ။
စရိတ္ကို ခုနက စုထားတဲ့လူေတြ
မ်ွခံရင္ သက္သာမွာပါ ။ )

၇။
အဆံုးထိ ေလ်ွာက္မယ္လို႕
ဆံုးျဖတ္ထားရင္
နိုင္တာမနိုင္တာ ေနာက္ထား ။
ေငြမရေသးသူ
အကုန္စုေပါင္းျပီး
ရဲ စခန္းမွာ အမႈ ဖြင့္တိုင္ခဲ့ပါ ။
ေခၚ စစ္ခိုင္းပါ ။

❗️ဒါေတြက လုပ္လို႕ရတာေတြကို ေျပာတာပါ ။
မလုပ္ခင္ အရင္ စဥ္းစားဖို႕က
ကိုယ့္ေငြျပန္ရဖို႕
ေခ်ာ့ေတာင္း မွာလား ?
ေျခာက္ေတာင္းမွာလား ? ဆိုတာပါ ။ ❗️

ေျခာက္ေတာင္းမယ္ ဆိုရင္
👉
၈။
ေငြ ျပန္မေပးရင္
အဲ့လို ၁ ကေန ၇ အတိုင္း
လုပ္ပစ္မယ္လို႕
စုေပါင္း သြားေျပာျပီး
အရင္ ေျခာက္ေတာင္းၾကည့္ပါ ။

ေခ်ာ့ေတာင္းမယ္ ဆိုရင္
👉
၉။
အဲ့ဒီ အခ်က္ေတြ ဘာမွ မလုပ္ရဲရင္ေတာ့
ဘာမွ မလုပ္ပဲ တစ္ေန႕ ျပန္ေပးနိုးနဲ႕
ေခ်ာ့ျပီးသာ ဆက္ေတာင္းေနပါ ။
ကိုယ့္ေငြနဲ႕ ကိုယ္ မ်က္နွာငယ္ရေတာ့မွာေပါ့ဗ်ာ ။

ပိုဆိုးတာက အဲ့လူက အခ်ိန္ဆြဲထားျပီး
ေနာက္လူသစ္/လူေဟာင္းေတြဆီက
ဝင္လာမယ့္ ေငြေတြနဲ႔
ခင္ဗ်ားတို႕ကို ျပန္ဆပ္ေပးေနမွာဆိုရင္
သူ႕ အကုသိုလ္ကို ခင္ဗ်ားတို႕ပါ
ဝိုင္းယူေနရမယ့္ သေဘာေပါ့ဗ်ာ ။
သံသရာ ေၾကြး ပါမွာ မို႕လို႔
ပို ေၾကာက္ဖို႔ေကာင္းပါတယ္ဗ်ာ 😪

#ကိုဇင္ေဇhttps://m.facebook.com/groups/521691951357295?view=permalink&id=742597382600083