Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Saturday, November 4, 2017

အမ်ားပိုင္ကုမၸဏီတည္ေထာင္ျခင္းႏွင့္ အမ်ားျပည္သူသို႔ အစုရွယ္ယာကမ္းလွမ္းျခင္း။



Unicode
အများပိုင်ကုမ္ပဏီတည်ထောင်ခြင်းနှင့် အများပြည်သူသို့ အစုရှယ်ယာကမ်းလှမ်းခြင်း။

အများပိုင်ကုမ္ပဏီက အစုရှယ်ယာထည့်ဝင်ဖို့ကမ်းလှမ်းချိန်မှာ ထည့်ဝင်ခြင်းမပြုခင် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ထက် အရေးကြီးတဲ့တောင်းယူကြည့်သင့်သောအချက်ကို နားလည်သလောက်ရှင်းပြပါရစေ၊
(အမှားပါရင်လည်း ခွင့်လွှတ်ပါခင်ဗျ)

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အသုံးအနှုန်းအတိုကောက်များ
DICA = ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
SECM=ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်

တည်ထောင်ခြင်း။
အဆင့်(၁) ကုမ္ပဏီအမည်တူရှိ/မရှိစစ်ဆေးခြင်း၊

အဆင့်(၂) DICAမှ Formပုံစံများရယူပြီး တံဆိပ်ခေါင်းခွန်ပေးဆောင်ခြင်း၊

အဆင့်(၃) လက်မှတ်ထိုးထားသော ကုမ္ပဏီမှတ်ပုံတင်ရန် ပုံစံများကို DICA သို့တင်ပြပြီး မှတ်ပုံတင်ကြေး ၂၅သိန်းပေးဆောင်ခြင်း၊

အဆင့်(၄) DICA မှ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ရရှိခြင်း၊

အများပိုင်ကုမ္ပဏီတည်ထောင်သူတွေဟာ ဒီအဆင့်(၄)အထိကို လွယ်လွယ်ကူကူဖြတ်ကျော်နိုင်တဲ့အတွက် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ကို ရရှိမည်ဖြစ်သည်။ အများပိုင်ကုမ္ပဏီအများစုက ဒီမှာရပ်တန့်နေပါတယ်။
ယင်းအခြေအနေတွင် အများပြည်သူသို့အစုရှယ်ယာကမ်းလှမ်းခွင့်မရှိပါ၊
အများပို်ုင်ကုမ္ပဏီအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ရရှိရုံဖြင့် Facebook တွင် ဖြစ်စေ၊ သတင်းစာတွင်ဖြစ်စေ၊ လက်ကမ်းစာစောင်ဖြင့်ဖြစ်စေ အစုရှယ်ယာထည့်ဝင်ရန်ကမ်းလှမ်းပါက DICAနှင့် SECMသို့ တိုင်ကြားပါ။

အများပိုင်များ၏ အသက်သွေးကြော (သို့မဟုတ်) လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ်
အဆင့်(၅) လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ်လျှောက်ထားခြင်း၊
အသေးစိတ်လိုအပ်ချက်များ
(က)ရုံးခန်းဖွင့်ထားကြောင်းသက်ဆိုင်ရာမှထောက်ခံချက်
(ခ)အများနှင့်သက်ဆိုင်သောကုမ္ပဏီဖွဲ့စည်းသည့်အကြောင်း သတင်းစာမှကြေငြာချက်
(ဂ)SECMမှ အတည်ပြုပြီးသော ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (သို့မဟုတ်) ရှင်းတမ်း
(ဃ)ဘဏ်စာရင်းဖွင့်ပြီး ငွေထည့်ဝင် (အနည်းဆုံးထည့်ဝင်ငွေ+ သိန်း၅၀၀)
(င)ပထမဆုံးအကြိမ်လူထုသို့ ရှယ်ယာများ ရောင်းချခြင်းဆိုင်ရာစာရွက်စာတမ်းများ
*** ဒီအဆင့်က (ဂ) SECMမှအတည်ပြုပြီးသော ကုမ္ပဏီ၏ အလားအလာညွှန်းတမ်းရရှိဖို့ မလွယ်ကူပါ။ ပြင်ဆင်ရသည့်စာရွက်များ၊ စစ်ဆေးမှုအဆင့်များစွာရှိပါသည်။

အဆင့်(၆)လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ်ရရှိရန် စာရွက်စာတမ်းများတင်ပြခြင်း၊
ဖြည့်စွက်လက်မှတ်ထိုးပြီးသော လုပ်ငန်းစတင်မှုစာရွက်စာတမ်းများနှင့် SECMမှခွင့်ပြုချက်စာများကို DICA သို့တင်ပြပါ။

အဆင့်(၇) အထက်ပါအဆင့်များပြီးစီးပါက လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ် ရရှိမည်ဖြစ်ပါသည်။

အနှစ်ချုပ်
ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ရရှိရုံဖြင့် အများပြည်သူသို့ အစုရှယ်ယာကမ်းလှမ်းခွင့် လုံးဝ(လုံးဝ)မရှိပါ။
အဓိကတောင်းယူရမည့်အချက်
(၁)DICA မှထုတ်ပေးသည့် လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ်နှင့် (၂)SECMမှထုတ်ပေးသည့် အများပြည်သူသို့အစုရှယ်ယာကမ်းလှမ်းခွင့်ပြုသည့်စာများသည် အရေးကြီးဆုံးဖြစ်ပြီး အဆိုပါ(၁)နှင့်(၂)ရရှိပြီး SECMမှ ခွင့်ပြုမှသာ အများပြည်သူသို့ အစုရှယ်ယာကမ်းလှမ်းနိုင်မည်ဖြစ်ပါသည်။
Zawgyi
အမ်ားပိုင္ကုမၸဏီတည္ေထာင္ျခင္းႏွင့္ အမ်ားျပည္သူသို႔ အစုရွယ္ယာကမ္းလွမ္းျခင္း။

အမ်ားပိုင္ကုမၸဏီက အစုရွယ္ယာထည့္ဝင္ဖို႔ကမ္းလွမ္းခ်ိန္မွာ ထည့္ဝင္ျခင္းမျပဳခင္ ကုမၸဏီမွတ္ပံုတင္လက္မွတ္ထက္ အေရးႀကီးတဲ့ေတာင္းယူၾကည့္သင့္ေသာအခ်က္ကို နားလည္သေလာက္ရွင္းျပပါ႐ေစ၊
(အမွားပါရင္လည္း ခြင့္လႊတ္ပါခင္ဗ်)

စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနမွ အသံုးအႏႈန္းအတိုေကာက္မ်ား
DICA = ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန
SECM=ေငြေခ်းသက္ေသခံလက္မွတ္လုပ္ငန္းႀကီးၾကပ္ေရးေကာ္မရွင္

တည္ေထာင္ျခင္း။
အဆင့္(၁) ကုမၸဏီအမည္တူရွိ/မရွိစစ္ေဆးျခင္း၊

အဆင့္(၂) DICAမွ Formပံုစံမ်ားရယူၿပီး တံဆိပ္ေခါင္းခြန္ေပးေဆာင္ျခင္း၊

အဆင့္(၃) လက္မွတ္ထိုးထားေသာ ကုမၸဏီမွတ္ပံုတင္ရန္ ပံုစံမ်ားကို DICA သို႔တင္ျပၿပီး မွတ္ပံုတင္ေၾကး ၂၅သိန္းေပးေဆာင္ျခင္း၊

အဆင့္(၄) DICA မွ ကုမၸဏီမွတ္ပံုတင္လက္မွတ္ရရွိျခင္း၊

အမ်ားပိုင္ကုမၸဏီတည္ေထာင္သူေတြဟာ ဒီအဆင့္(၄)အထိကို လြယ္လြယ္ကူကူျဖတ္ေက်ာ္ႏိုင္တဲ့အတြက္ ကုမၸဏီမွတ္ပံုတင္လက္မွတ္ကို ရရွိမည္ျဖစ္သည္။ အမ်ားပိုင္ကုမၸဏီအမ်ားစုက ဒီမွာရပ္တန္႔ေနပါတယ္။
ယင္းအေျခအေနတြင္ အမ်ားျပည္သူသို႔အစုရွယ္ယာကမ္းလွမ္းခြင့္မရွိပါ၊
အမ်ားပို္ုင္ကုမၸဏီအေနျဖင့္ ကုမၸဏီမွတ္ပံုတင္လက္မွတ္ရရွိရံုျဖင့္ Facebook တြင္ ျဖစ္ေစ၊ သတင္းစာတြင္ျဖစ္ေစ၊ လက္ကမ္းစာေစာင္ျဖင့္ျဖစ္ေစ အစုရွယ္ယာထည့္ဝင္ရန္ကမ္းလွမ္းပါက DICAႏွင့္ SECMသို႔ တိုင္ၾကားပါ။

အမ်ားပိုင္မ်ား၏ အသက္ေသြးေၾကာ (သို႔မဟုတ္) လုပ္ငန္းစတင္ေဆာင္ရြက္ခြင့္လက္မွတ္
အဆင့္(၅) လုပ္ငန္းစတင္ေဆာင္ရြက္ခြင့္လက္မွတ္ေလွ်ာက္ထားျခင္း၊
အေသးစိတ္လိုအပ္ခ်က္မ်ား
(က)ရံုးခန္းဖြင့္ထားေၾကာင္းသက္ဆိုင္ရာမွေထာက္ခံခ်က္
(ခ)အမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီဖြဲ႕စည္းသည့္အေၾကာင္း သတင္းစာမွေၾကျငာခ်က္
(ဂ)SECMမွ အတည္ျပဳၿပီးေသာ ကုမၸဏီ၏ အလားအလာၫႊန္းတမ္း (သို႔မဟုတ္) ရွင္းတမ္း
(ဃ)ဘဏ္စာရင္းဖြင့္ၿပီး ေငြထည့္ဝင္ (အနည္းဆံုးထည့္ဝင္ေငြ+ သိန္း၅၀၀)
(င)ပထမဆံုးအႀကိမ္လူထုသို႔ ရွယ္ယာမ်ား ေရာင္းခ်ျခင္းဆိုင္ရာစာရြက္စာတမ္းမ်ား
*** ဒီအဆင့္က (ဂ) SECMမွအတည္ျပဳၿပီးေသာ ကုမၸဏီ၏ အလားအလာၫႊန္းတမ္းရရွိဖို႔ မလြယ္ကူပါ။ ျပင္ဆင္ရသည့္စာရြက္မ်ား၊ စစ္ေဆးမႈအဆင့္မ်ားစြာရွိပါသည္။

အဆင့္(၆)လုပ္ငန္းစတင္ေဆာင္ရြက္ခြင့္လက္မွတ္ရရွိရန္ စာရြက္စာတမ္းမ်ားတင္ျပျခင္း၊
ျဖည့္စြက္လက္မွတ္ထိုးၿပီးေသာ လုပ္ငန္းစတင္မႈစာရြက္စာတမ္းမ်ားႏွင့္ SECMမွခြင့္ျပဳခ်က္စာမ်ားကို DICA သို႔တင္ျပပါ။

အဆင့္(၇) အထက္ပါအဆင့္မ်ားၿပီးစီးပါက လုပ္ငန္းစတင္ေဆာင္ရြက္ခြင့္လက္မွတ္ ရရွိမည္ျဖစ္ပါသည္။

အႏွစ္ခ်ဳပ္
ကုမၸဏီမွတ္ပံုတင္လက္မွတ္ရရွိရံုျဖင့္ အမ်ားျပည္သူသို႔ အစုရွယ္ယာကမ္းလွမ္းခြင့္ လံုးဝ(လံုးဝ)မရွိပါ။
အဓိကေတာင္းယူရမည့္အခ်က္
(၁)DICA မွထုတ္ေပးသည့္ လုပ္ငန္းစတင္ေဆာင္ရြက္ခြင့္လက္မွတ္ႏွင့္ (၂)SECMမွထုတ္ေပးသည့္ အမ်ားျပည္သူသို႔အစုရွယ္ယာကမ္းလွမ္းခြင့္ျပဳသည့္စာမ်ားသည္ အေရးႀကီးဆံုးျဖစ္ၿပီး အဆိုပါ(၁)ႏွင့္(၂)ရရွိၿပီး SECMမွ ခြင့္ျပဳမွသာ အမ်ားျပည္သူသို႔ အစုရွယ္ယာကမ္းလွမ္းႏိုင္မည္ျဖစ္ပါသည္။
https://m.facebook.com/groups/521691951357295?view=permalink&id=742698935923261