Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Saturday, November 4, 2017

ၾကိဳးစားရင္ ဘုရားေတာင္ ျဖစ္ႏိုင္တယ္ ဆိုထားေတာ့



Unicode
ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ် ဆိုထားတော့ MLM (Multi-Level Marketing) နဲ့ တစ်လ သိန်း ရ၀၀ ရတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ မျက်စေ့မှိတ် ငြင်းနေလို့ ဘောင်မဝင်ပါဘူး။

အမှန်တကယ်က သိန်း ရ၀၀ ရတာကို ဝုန်းရမှာ မဟုတ်ဘူး။ လူတွေရှေ့ကို ထွက်လာပြီး သိန်း ရ၀၀ ရပါတယ်လို့ ဝန်ခံပြောဆိုရဲတယ်ဆိုကတည်းက တကယ်ရလို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိလို့၊ အစစ်ဆေးခံနိုင်လို့လည်း ဖြစ်နိုင်တာပဲ မဟုတ်လား။ သူ့ကို သွားဝုန်းနေလည်း ဒီပြဿနာက ရှင်းသွားမှာ မဟုတ်ဘူး။

MLM အလုပ်လုပ်ရင် သိန်း ရ၀၀ အထိ ရနိုင်တယ်ပြောတာဟာ လိမ်တာပါလို့ စွပ်စွဲရင်...

ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်လို့ ဟောခဲ့တဲ့ ဘုရားလည်း လူလိမ် ဖြစ်တော့မှာပေါ့။

အင်း...
ကျုပ်ကိုတော့ MLM လော်ဘီလို့ ထင်ပြီး လာဆဲကြတော့မှာပဲ!
.
.
.
ပြောချင်တာက...

MLM က တရားဥပဒေဘောင်အတွင်း ဝင်နေပြီး နိုင်ငံအားလုံးနီးပါးမှာ တရားဝင် ခွင့်ပြုထားတာတယ်ဆိုတာက လုံလောက်တဲ့ အကြောင်းရှိလို့ပါ။

MLM သမားတစ်ယောက်ရဲ့ ဝင်ငွေဟာ ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု ရောင်းရငွေကနေ ရတာဆိုရင် အဲဒီ marketing plan ဟာ တရားဝင်ပါတယ်။ ပြီးတော့ ကြိုးစားရင် ဘယ်လောက် ငွေပမာဏအထိ ရနိုင်တယ်လို့ ပြောတာက တကယ်ရတဲ့ လူတွေလည်း ရှိနေတာမို့ လိမ်ပြောတယ်လို့ တရားသေ ပြောလို့မရပါဘူး။

ဒါပေမဲ့ လူတိုင်း မရနိုင်တဲ့အရာကို ရနိုင်သလို ပြောပြီး ဆွယ်တရားဟောတယ် ဆိုရင်တော့ ကောင်းတဲ့အပိုင်းလေးတင် ကွက်ပြပြီး ဆိုးရွားတဲ့အပိုင်းတွေကို ဖုံးကွယ်ထိန်ချန်ထားရာကျတာမို့ လိမ်နည်းတစ်မျိုးလို့ မစွပ်စွဲရင်တောင် လက်တစ်လုံးခြားလုပ်ပြီး နားလှည့်ပါးရိုက်တာ ဖြစ်သွားပါပြီ။

ဒါ့အပြင် MLM ဆိုတိုင်း မကောင်းတာ မဟုတ်ပေမဲ့...

MLM သမားတစ်ယောက်ရဲ့ ဝင်ငွေဟာ မန်ဘာတွေ စုစည်းရှာဖွေလာခြင်း (အချဉ်တွေကို ကျုံးသွင်းခြင်း) ကနေ၊ အဲဒီမန်ဘာတွေကို ပစ္စည်းရောင်းခြင်းကနေ ရယူတာဆိုရင် အဲဒါဟာ Pyramid Scheme ဆိုတဲ့ ထိပ်ပိုင်းကောင်းစားဖို့ အောက်ခြေအများစုက စတေးခံနေရတဲ့ ခေါင်းပုံဖြတ်ဗျူဟာ (Exploitative Marketing Strategy) ဖြစ်ပြီး အဲဒီနည်းကို MLM ကုမ္ပဏီ အများစုက သုံးနေကြတာမို့ နိုင်ငံအတော်များများမှာ သူတို့နိုင်ငံသားတွေ ဒုက္ခမရောက်ရအောင် Pyramid Scheme နဲ့ လုပ်စားနေတဲ့ MLM တွေကို ပိတ်ပင်ထားကြတာပါ။

မြန်မာပြည်မှာတော့ MLM တွေကို ဥပဒေအရ ထိထိရောက်ရောက် မထိန်းချုပ်နိုင်သေးခင်မှာ သိန်း ရ၀၀ ရတယ်ဆိုသူကို ဝုန်းခြင်းထက်၊ MLM ကုမ္ပဏီတွေကို ဝုန်းနေခြင်းထက် (ကိုယ်ဝုန်းလည်း သူတို့က ပိတ်သိမ်းသွားမှာ မဟုတ်ပါ) မသိနားမလည်သူတွေကို Pyramid Scheme ရဲ့ ဆိုးကျိုးဖြစ်တဲ့ "တစ်လ သိန်း ရ၀၀ ရတာဟာ ဖြစ်နိုင်ပေမဲ့ အဲဒါကို လူတိုင်း မရနိုင်ဘဲ ဘုရားပွင့်သလောက် ခက်ခဲခြင်း" ကိုသာ မီးမောင်းထိုးပြရမှာပါ။
.
.
.
ကြိုးစားရင် ဘုရားဖြစ်နိုင်တယ် ဆိုတာက ကြိုးစားခြင်း မည်ကာမတ္တနဲ့ ဘုရားဖြစ်နိုင်တာ မဟုတ်ဘဲ ဘုရားဖြစ်လောက်တဲ့ ကြံ့ခိုင်ကြီးမားတဲ့ ပယတ္တ ဝီရိယတော်မျိုးရှိမှ၊ ဘုရားဖြစ်လောက်တဲ့ ပါရမီလည်း ပြည့်ဝမှ ဖြစ်နိုင်တာသာ ဖြစ်တယ်။

ဒီလိုပဲ ကျောင်းသား သိန်းချီပြီး ဖြေတဲ့ တက္ကသိုလ်ဝင်တန်းမှာ တစ်ယောက် ဒါမှမဟုတ် အလွန်ဆုံး အမှတ်တူ နှစ်ယောက်လောက်သာလျှင် မြန်မာတစ်နိုင်ငံလုံး ပထမ ရနိုင်မှာဖြစ်တယ်။ ရာဂဏန်းမျှသော ကျောင်းသားတွေသာ ဘာသာစုံ ဂုဏ်ထူး ဒါမှမဟုတ် ထောင်ဂဏန်းမျှသော ကျောင်းသားတွေသာ ဘာသာစုံအောက် လျော့နည်းတဲ့ ဂုဏ်ထူးရနိုင်မှာ ဖြစ်တယ်။ ကျန်တဲ့ အများစုသော သိန်းချီတဲ့ ကျောင်းသားတွေမှာ ၃၀% ကျော်လောက်က အောင်ရုံအောင်သူတွေနဲ့ ၆၀% လောက်က စာမေးပွဲကျသူတွေပါ။

ဘယ်လောက် ကြိုးစား ကြိုးစား ထိပ်ဆုံးနေရာဆိုတာက ကံရော၊ ဉာဏ်ရော၊ ဝီရိယရော၊ အရည်အချင်းရော ပြည့်စုံတဲ့ လူလက်တစ်ဆုပ်စာ အတွက်ပဲ ဆိုတာကို MLM လုပ်ချင်သူတွေ နားလည်ဖို့ လိုပါတယ်။

ထိပ်ဆုံးကို လူနည်းစုပဲ ရောက်နိုင်တယ်ဆိုတဲ့ သဘောတရားပိုင်းမှာ...

အထက်ဥပမာတွေထဲက ဘုရားဖြစ်ဖို့ ကျင့်ကြံသူ (တရားရဖို့ ကျင့်ကြံသူ)၊ ကျောင်းသားတွေနဲ့ MLM လုပ်နေသူတွေ အတူတူ ဖြစ်ပေမဲ့ ထိပ်ပိုင်းကို မရောက်သူတွေ၊ ကျရှုံးသူတွေနဲ့ ပတ်သက်လာရင်တော့ မတူတော့ပါဘူး။
.
.
.
(ဗုဒ္ဓဘာသာ အလိုအရ) လူသားအားလုံးထဲမှာမှ တစ်ယောက်သာ ဘုရား ဖြစ်နိုင်ပေမဲ့ ဘုရားဖြစ်ဖို့ ကြိုးစားတာ မအောင်မြင်သေးရင်တောင် ကုသိုလ်ပါရမီတွေ ဖြည့်ဆည်းမိလို့ ဒုက္ခရောက်သွားစရာ မရှိသလို၊ ကိုယ့်အတွက် အရှုံးဆိုတာလည်း မရှိပါဘူး။

ဘာလို့လဲဆိုရင် ဘုရား မဖြစ်တောင် ပါရမီအနုအရင့်လိုက်ပြီး ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ ဖြစ်ရင်ဖြစ် ဒါမှမဟုတ် တစ်မဂ်တစ်ဖိုလ် ရသွားနိုင်ပါတယ်။ နောက်ဆုံး ဘာမှ မရရင်တောင် ကျင်လည်ရဦးမယ့် သံသရာအတွက် ကုသိုလ်ပါရမီတွေ ရသွား စုဆောင်းမိသွားနိုင်ပါတယ်။

ဒီလိုပဲ...

တစ်နိုင်ငံလုံး ပထမ မရတောင်၊ ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲ မဝင်ရင်တောင် ကျောင်းသားတစ်ယောက် ကျောင်းစာကြိုးစားတာဟာ သူ့အတွက် ဘာမှ နစ်နာစရာ မရှိပါဘူး။ ထိပ်ဆုံး ဆယ်ယောက် မဖြစ်တောင် ဘာသာစုံဂုဏ်ထူး ရရင်ရ၊ မရလို့ ရိုးရိုးအောင်ရင်တောင် အနာဂတ်အတွက် တစ်နည်းနည်း အသုံးဝင်နိုင်ပါသေးတယ်။

ယုတ်စွအဆုံး စာမေးပွဲကျရင်တောင် ကိုယ့်အချိန်တစ်နှစ်နဲ့ မိဘပိုက်ဆံဖြစ်တဲ့ ကျောင်းစရိတ်တစ်နှစ်စာ ဆုံးရှုံးရတာကလွဲရင် အခြားဘယ်သူ့ကိုမှ မထိခိုက်ပါဘူး။

ဆိုလိုတာက ဘုရားဖြစ်အောင် တရားရအောင် ကျင့်ကြံသူတွေ၊ စာကြိုးစားတဲ့ ကျောင်းသားလေးတွေဟာ ကိုယ်အမြင့်ရောက်အောင် တက်တဲ့လမ်းမှာ...

မှန်းထားသလို ထိပ်ဆုံးရောက်ပြီး အောင်မြင်သည် ဖြစ်စေ

သာမန်လောက်ပဲ ဖြစ်သည် ရသည် ဖြစ်စေ

ကျရှုံးသည် ဖြစ်စေ အခြားဘယ်သူ့ကိုမှ မထိခိုက်စေပါဘူး။

ယူတတ်ရင် ကိုယ့်အတိုင်းအတာနဲ့ကိုယ် လက်ရှိဘဝအတွက်ရော သံသရာအတွက်ပါ အကျိုးတောင် ရှိနိုင်ပါတယ်။

ဒါပေမဲ့ MLM ရဲ့ Pyramid Scheme ကတော့ ဒီလို မဟုတ်ပါဘူး။

သူ့ရဲ့ သဘောတရားကိုက ကိုယ်အမြင့်ကို တက်ရာမှာ ကိုယ့်လောက် ကံ မကောင်းသူ၊ ပါရမီ မပါသူ၊ ဉာဏ် မမီသူ၊ ဝီရိယ မရှိသူ၊ အစွမ်းအစ မရှိသူတွေကို လှေကားထစ်တွေလို ချနင်းသွားမှ ထိပ်ဆုံးပန်းတိုင်ကို ရောက်နိုင်တာပါ။

ကိုယ်က တမင်တကာ ယုတ်မာပြီး ချနင်းတာ မဟုတ်ရင်တောင် အလုပ်ရဲ့ သဘောသဘာဝကိုက Win - Win ဆိုတာ မရှိတဲ့အတွက် နစ်နာသူဆိုတာ ရှိနေမှာပါ။

Win - Win ဆိုတာရှိရင် MLM သမားတိုင်း သိန်း ရ၀၀ ရသူတွေချည်း ဖြစ်နေလိမ့်မယ်။ I Win - You Lose မို့သာ သိန်း ရ၀၀ ရသူက လက်ချိုးရေလို့ရပြီး နစ်နာသူ၊ ဘဝပျက်ရသူတွေက များနေတာပါ။
.
.
.
MLM သမားတွေဘက်က...

"MLM တိုင်း သိန်း ရ၀၀ မရပေမဲ့ မင်းပေးခဲ့တဲ့ ဥပမာတွေအတိုင်းပဲ သူ့အတိုင်းအတာနဲ့သူ ရနေသူတွေလည်း အများကြီးရှိလို့ win - win ပဲ မဟုတ်လား" လို့ ငြင်းချင်ပါလိမ့်မယ်။

ရှုထောင့်တစ်ခုအတွက်တော့ ဟုတ်ပါတယ်။ ဒါကို နားလည်ဖို့ MLM တွေ အလုပ်လုပ်ပုံကို အကြမ်းဖျင်း သိထားသင့်ပါတယ်။ ဒီလိုပါ။

၁)

ဒီအလုပ် စလုပ်သူကိုယ်တိုင် သူ့အတွက် သူ့မိသားစုအတွက် MLM ကုမ္ပဏီက ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု တစ်ခုခု စဝယ်ရပါမယ်။

ဒီလို ဝယ်တာနဲ့ ကော်မရှင် သို့ လျှော့စျေး သို့ ဆုကြေး ရမယ်။ ဥပမာ လစဉ် တစ်သိန်းဖိုး ဝယ်လို့ ၁၅ % စျေးလျှော့ပေးတယ်ဆိုရင် တစ်သောင်းခွဲ သက်သာပါမယ်။ ဒီနောက်ပိုင်းမှာ သူ့အမျိုးတွေအတွက်နဲ့ သူ့အသိမိတ်ဆွေတွေကိုပါ ဝယ်အောင် ဆွယ်ပေးနိုင်မယ်ဆိုရင် လျှော့စျေး ရာခိုင်နှုန်းလည်း (ဥပမာ ၃၀%) တက်လာပါမယ်။ ဒီအပေါ်မှာ သူ့အနေနဲ့ မိတ်ဆွေတွေကို ၁၅ % လျှော့စျေးပဲ ပေးရင် ၁၅ % အကျိုးအမြတ် ရနိုင်ပါတယ်။

၂)

နောက်တစ်ဆင့်မှာ လူစိမ်း လူကျက်မရွေး အခြားသူတွေကို သူ့လို MLM ကုမ္ပဏီက ထုတ်ကုန်ဝယ်သူတွေ ဖြစ်လာအောင် စုဆောင်းရပါတယ်။ ရှင်းသွားအောင် သူ့ကို မန်ဘာ (အဆင့် ၁) လို့ ထားလိုက်ပါမယ်။

သူဆွယ်လိုက်တဲ့ မန်ဘာအသစ် (အဆင့် ၂) တွေက ပစ္စည်း ဝယ်တိုင်း ဝယ်တိုင်း သူ့ဆီက တစ်ဆင့်ပဲ ဝယ်ရပါတယ်။ သူက ကုမ္ပဏီကနေ ၃၀ % လျှော့စျေးနဲ့ ယူပြီး အဆင့် ၂ မန်ဘာတွေကို ၂၀ % လျှော့စျေးနဲ့ ရောင်းပေးရင် သူ့မှာ ၁၀ % ကို ကော်မရှင်သဘောမျိုး ဆက်ကာ ဆက်ကာ ထပ်ထပ်ပြီး ရနေပါမယ်။

မန်ဘာ (အဆင့် ၂) တွေက မန်ဘာအသစ် (အဆင့် ၃) တွေကို ထပ်ဆွယ်နိုင်ရင် ကုမ္ပဏီကနေ သူရတဲ့ လျှော့စျေးရာခိုင်နှုန်း ပိုများလာပြီး...

အဆင့် ၁ က အဆင့် ၂ ကို ကိုယ့်အတွက် ရာခိုင်နှုန်းတစ်ခု ချန်ပြီး ရောင်းပေး
အဆင့် ၂ က အဆင့် ၃ ကို သူတို့အတွက် ရာခိုင်နှုန်းတစ်ခု ချန်ပြီး ရောင်းပေးတဲ့နည်းနဲ့

အဲဒီ မန်ဘာ (အဆင့် ၂) တွေရော သူကိုယ်တိုင် (အဆင့် ၁) ရော ကော်မရှင် ဆက်ရပြန်တာမို့ မန်ဘာ များများဆွယ်နိုင်လေ၊ ပစ္စည်းများများဝယ်အောင် ဆွဲဆောင်နိုင်လေ MLM သမားတွေဟာ အောင်မြင်သူတွေ ဖြစ်လာပြီး ကိုယ့်အတိုင်းအတာနဲ့ကိုယ် အကျိုးအမြတ် ရကြပါမယ်။

၃)

အချိန်တစ်ခုရောက်လာလို့ သူ့အောက်မှာ လုပ်နေတဲ့ MLM အဆင့် ၂ တွေရဲ့ network ဟာ ကြီးထွားလာပြီး ကုမ္ပဏီက သူ့ကို ပေးနိုင်တဲ့ အမြင့်ဆုံး discount ပမာဏမျိုးကို ရလာပြီး သူ့ဆီက ဝယ်စရာမလိုဘဲ ကုမ္ပဏီက တိုက်ရိုက်ဝယ်တဲ့ အဆင့် (ဆိုလိုတာက အဆင့် ၂ တွေဟာ အဆင့် ၁ နေရာကိုရောက်လာပြီး သူ့လက်အောက်က ထွက်သွားနိုင်ရင်) ရောက်လာရင် သူကိုယ်တိုင်ဟာ အဲဒီထွက်သွားတဲ့ မန်ဘာအုပ်စုတွေရဲ့ ရောင်းအားအပေါ်မှာ ကုမ္ပဏီက သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းတစ်ခုကို ဘောနပ်စ်အဖြစ် ရပါတော့တယ်။ သူ့လက်အောက်က ထွက်သွားနိုင်တဲ့ အုပ်စုတွေ များလာလေ သူ့ ဝင်ငွေတွေ များလာလေ ဖြစ်ပြီး သန်းကြွယ်သူဌေးအထိ ဖြစ်နိုင်ပါတယ်။

၄)

ကုမ္ပဏီဘက်ကလည်း ကြော်ငြာခလောက် မကုန်ကျဘဲ လူလူချင်း အဆင့်ဆင့် ရောင်းခိုင်းပြီး ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နိုင်တာမို့ အကျိုးအမြတ်ရတယ်။

ဒီအချက်တွေအရ ကုမ္ပဏီလည်း win အစွမ်းအစရှိတဲ့ Pyramid ထိပ်ပိုင်းရောက် MLM သမားတွေလည်း win ဖြစ်လို့ win - win အခြေအနေလို့ မြင်စရာ ဖြစ်ပေမဲ့ လက်တွေ့မှာတော့ အဲဒီ နှစ်စုထဲ မပါတဲ့ ကျန် Pyramid အောက်ခြေက MLM သမား အများစုက အချိန်ကုန် ငွေကုန်ပြီး lose ကုန်ပါတယ်။

ဘာလို့လဲ?
.
.
.
လူတစ်ယောက် ဘုရားဖြစ်ချင်လို့ ကျင့်ကြံပြီး သဗ္ဗညုတဉာဏ်တော် ရရှိသွားတာဟာ အခြားသူတွေရဲ့ ဉာဏ်စဉ်တွေကို ယူပြီး ဖြစ်သွားတာ မဟုတ်ပါဘူး။ အခြားသူတွေရဲ့ ပါရမီတွေ ပဲ့ပါမသွားပါဘူး။

ကျောင်းသားတစ်ယောက် တစ်နိုင်ငံလုံး ပထမရချင်လို့ ကြိုးစားပြီး ပထမရသွားတာဟာ အခြားကျောင်းသားတွေရဲ့ အမှတ်တွေကို ဖဲ့ယူပြီး ရသွားတာ မဟုတ်ပါဘူး။ ကျောင်းသားတိုင်းမှာ ဘာသာရပ်တစ်ခုတိုင်းအတွက် အမှတ် ၁၀၀ အထိ ရယူနိုင်ခွင့် ညီညီမျှမျှ ရှိပါတယ်။ သူတစ်ရာရသွားလို့ ကိုယ်က သုညဖြစ်သွားတာ မဟုတ်ပါဘူး။

သဘောကတော့ တစ်ယောက်စီတိုင်းဟာ ကိုယ့် ကိုယ်ပိုင်လယ်ထဲမှာ ကိုယ်စိုက်နိုင်သလောက် စိုက်ပြီး ကိုယ်ဘာသာ ရသလောက် ရိတ်သိမ်းရတာ ဖြစ်ပါတယ်။

ကိုယ်လယ် အထွက်ကောင်းလည်း အခြားသူရဲ့ စပါးတွေ မလျော့သွားပါဘူး။
ကိုယ်လယ် အထွက်ညံ့လည်း သူများက စပါးတင်းတောင်း ပိုရမသွားပါဘူး။

MLM မှာကျတော့ စလုပ်မယ့်သူတွေ အားကျရလောက်အောင် အောင်မြင်နေတဲ့သူတွေ ရနေတဲ့ ဒိုင်းမွန်း၊ ပလက်တီနမ်စတဲ့ အဆင့်အတန်းတွေ ဝင်ငွေတွေဟာ ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေရဲ့ အကျိုးအမြတ်ဆီက ရလာတာ မဟုတ်ဘဲ အောင်မြင်နေသူတွေလို မစွမ်းဆောင်နိုင်တဲ့ အောက်ခြေက MLM သမားတွေရဲ့ ငွေတွေ အချိန်တွေကို ဖဲ့ယူပြီး ရလာတာ ဖြစ်ပါတယ်။

ဒီတော့ ဘာနဲ့ တူသလဲဆိုရင် ဘုံပိုင်လယ်တစ်ကွက်ကို အားလုံး ဝိုင်းစိုက်နေကြသလို ဖြစ်နေပါတယ်။

ဘုံပိုင်လယ်ကို ဝိုင်းစိုက်ပြီး ကြိုးစားသူ မကြိုးစားသူမခွဲဘဲ အကျိုးအမြတ် အသီးအပွင့်ကို အားလုံး ညီညီမျှမျှ ခွဲယူကြတာဟာ အစွန်းတစ်ဖက်ဆိုရင်...

ဘုံပိုင်လယ်ကို ဝိုင်းစိုက်ရာမှာ ကိုယ်က အပင်ပန်းခံ ထွန်ရေးငင်ထားပေမဲ့ မျိုးစေ့မရှိလို့၊ မျိုးစေ့ရှိလည်း ပျိုးမကြဲတတ်လို့၊ ပျိုးကြဲတတ်လည်း ပိုးမကျအောင် မလုပ်တတ်လို့ စသဖြင့် အဆင့်ဆင့် ပင်ပန်းပြီး ကိုယ့်အတွက် ဘာမှမရပေမဲ့ ကိုယ်ထယ်ထားတဲ့ ကိုယ်ကြဲထားတဲ့ အထဲကို ကျွမ်းကျင်သူ ကံလိုက်သူ ကြိုးစားသူက အရံသင့် ဝင်စိုက် ဝင်ရိတ်သိမ်းပြီး သီးနှံထွက်အောင် စိုက်နိုင်သူက ထွက်သမျှ အကုန်ယူသွားနိုင်တဲ့ MLM သဘောတရားဟာ အခြားအစွန်းတစ်ဖက်ပါ။

ပိုဆိုးတာက လောင်းကစားသမားတွေ ငွေမျော ငွေနဲ့လိုက်သလိုမျိုး အဲဒီ အရှုံးသမား MLM loser တွေကလည်း ဘယ်သူ့ကိုမှ ဝယ်အောင် မဆွယ်နိုင်ရင် လယ်ရောင်း အိမ်ရောင်းပြီးတောင် ကိုယ့်ဘာသာကိုယ် ဝယ်ပြီး ကုမ္ပဏီမှာ အဆင့်တက်လာအောင် ကြံစည်ကြတာမို့ ဘဝတွေပါ ပျက်ကုန်ကြပါတယ်။

ဒီလို အစွန်းရောက်ပြီး ဒုက္ခဖြစ်သူတွေ ရှိနေပေမဲ့ MLM သမားတွေဘက်ကတော့ "ဒီလို ဒီလို လုပ်ပြီး အောင်မြင်ရင် ဒါတွေ ဒါတွေ ရနိုင်တယ်" လို့ လုပ်ငန်းသဘောတရားကို အရှင်းဆုံး ပြောပြထားတာမို့ ကိုယ်ကျေနပ်မှ ကိုယ်လုပ်ရုံပါ။ မရိုးသားတဲ့ မြှုပ်ကွက်တွေ ရှိပေမဲ့ ဘယ်သူမှ အတင်းရိုက်ပြီး သေနတ်နဲ့ ချိန်ပြီး ခိုင်းနေတာ မဟုတ်တဲ့အတွက် ကိုယ့်သဘောနဲ့ ကိုယ်စလုပ်ပြီး ဘဝပျက်မှ ပြဿနာသွားရှာလို့ မရပါဘူး။

"ကိုယ်လုပ်နိုင်သလောက် အစွမ်းအစရှိသလောက် အကျိုးအမြတ်ရမယ်" လို့ ဆွယ်တရား ဟောပြီး မလုပ်နိုင်လို့ ဒုက္ခရောက်တာတွေကို ထည့်မပြောရုံလောက်နဲ့က တိုက်ရိုက်လိမ်လည်တာ မဟုတ်လို့ တရားဥပဒေအရ အရေးယူဖို့ ဘောင်မဝင်ပါဘူး။

MLM ကုမ္ပဏီတွေက "ကျွန်တော်တို့ လုပ်ငန်းမှာ ရှယ်ယာထည့်ပါ၊ အတိုး သို့မဟုတ် အမြတ် ရာခိုင်နှုန်း မြင့်မြင့်ပေးပါမယ်" ဆိုပြီး မက်လုံးပေး ဆွယ်တရားဟောပြီး နောက်ဆုံးမှာ ထည့်ထားတဲ့ ရှယ်ယာငွေတွေ လိမ်ပြေးတာမျိုး မဟုတ်လို့ အရေးယူဖို့ ဒီလောက် မလွယ်ပါဘူး။

ဒီတော့ ကိုယ့်သဘောနဲ့ ကိုယ်လုပ်ပြီး ဒုက္ခရောက်သွားတဲ့ MLM တစ်ဦးချင်းရဲ့ ကိစ္စတစ်ခုစီကို ဥပဒေနဲ့ အရေးယူဖို့ မလွယ်တာမို့ တရားဝင်လုပ်ကိုင်ခွင့်ရနေတဲ့ ကုမ္ပဏီတွေနဲ့ ငြင်းခုံတိုက်ခိုက်နေတာထက် ကိုယ့်နိုင်ငံသားတွေ မထိစေချင်ရင် ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ MLM ရဲ့ Pyramid Scheme အကြောင်း အသိပညာပေးပြီး တားဆီးတာမျိုး၊ Pyramid Scheme ကို ဥပဒေကြောင်းအရ ပိတ်ပင်နိုင်ဖို့ ကြိုးစားတာမျိုး၊ သူတို့ရဲ့ ထုတ်ကုန် ရောင်းကုန်တွေရဲ့ အပြစ်အနာအဆာတွေကို ရှာပြီး ပိတ်ပင်တာမျိုး လုပ်ဆောင်တာက ပိုထိရောက်နိုင်ပါတယ်။

သားကောင်မရှိရင် မုဆိုးလည်း ငတ်သေသွားမှာပဲလေ။
.
.
.
နိဂုံးချုပ်ရရင်တော့ MLM အလုပ်ကို လုပ်ချင်သူတွေအနေနဲ့...

၁)

သာမန် ဝန်ထမ်းတွေ၊ သာမန် စီးပွါးရေး လုပ်ငန်းငယ်တွေထက် ဝင်ငွေများတဲ့ ထိပ်တန်း MLM သမားအဆင့်ဟာ အလွန်မက်မောစရာ ဖြစ်ပေမဲ့ အဲဒီအဆင့်ကို အလွန့်အလွန် နည်းပါးတဲ့ လက်ချိုးရေလို့ရတဲ့ လူနည်းစုသာ ရောက်နိုင်တာကို သိထားပါ။ ဘုရားပွင့်သလောက် ခက်တယ်လို့ တွက်ထားရင် ပိုကောင်းပါမယ်။

၂)

ဒီအလုပ်ဟာ ပုံမှန်ဝင်ငွေရှိတဲ့ လခစား marketing သမားနဲ့ သဘောသဘာဝ မတူဘဲ သေမြေကြီး ရှင်ရွှေထီး အလုပ်မျိုး ဆိုတာကို သိထားပါ။ Low income သမားအတွက် low risk ပဲ ရှိပေမဲ့ high income လိုချင်ရင် high risk ကို ရင်ဆိုင်နိုင်မလား ဆိုတာကို ခေါင်းထဲထည့် စဉ်းစားထားပါ။

၃)

အထက်က အချက်နှစ်ချက် သိပြီးတာတောင် လုပ်ချင်သေးသပဆိုရင် ကိုယ့်ပင်ကိုယ်ဗီဇစရိုက်နဲ့ ကိုယ်ဆည်းပူးထားတဲ့ အရည်အချင်းတွေက MLM အလုပ်နဲ့ ကိုက်ညီလား၊ ကိုယ့်လို MLM သမားချင်းကို ယှဉ်ပြိုင် အနိုင်ယူနိုင်သလား၊ ငွေရဖို့သက်သက် မဟုတ်ဘဲ ဝါသနာပါလို့ အချိန်ရော ဘဝရော ရင်းနှီးမြှုပ်နှံနိုင်သလား၊ နောက်ကြောင်းရာဇဝင် သေချာမသိရဘဲ မဟားတရား စျေးတင်ထားတဲ့ ပစ္စည်းတွေကို စားသုံးသူ ဝယ်ချင်လာအောင် ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောပြီး ဆွဲဆောင်နိုင်တဲ့ စွမ်းရည်မျိုး ကိုယ့်မှာ ရှိလား၊ စွမ်းရည် ရှိရင်တောင် အဲလို ပစ္စည်းတွေကို ကိုယ့်လောဘအတွက် အပြစ်မဲ့သူတွေကို ရောင်းရက်တဲ့ စိတ်ထားမျိုး ကိုယ့်မှာ ရှိသလားဆိုတာတွေကို သေချာသုံးသပ်ပြီးမှ ဒီလောကထဲ ဝင်ဖို့ မဝင်ဖို့ ဆုံးဖြတ်စေချင်ပါတယ်။

ဒီလိုမှ မဟုတ်ဘဲ MLM အလုပ်သဘောတရားနဲ့ ကိုယ်နဲ့ ကိုက်ညီလား မကိုက်ညီလား မသိဘဲ...

ငါးစာဖြစ်တဲ့ သိန်း ရ၀၀ ကိုသာမြင်ပြီး ဟစိ ဟစိ ဖြစ်ရမယ့် ငါးမျှားချိတ်ကို မမြင်တတ်ဘဲ only the strong survive ဆိုတဲ့ MLM မီးပုံကြီးကို ပိုးဖလံလို ဝင်တိုးမိရင်တော့...

"သူတည်းတစ်ယောက် သိန်း ရ၀၀ ပေါက်ဖို့ ငါတို့တွေမှာ မွဲလင့်ကာသာ မသထာတည်း" ဆိုသလို...

ဘယ်သူမှ အတင်းအကြပ် ခိုင်းလို့မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ကိုယ့်ဘဝသာမက ကိုယ့်ကို မှီခိုနေသူတွေရဲ့ ဘဝတွေ၊ ကိုယ်သိမ်းသွင်းနေသူတွေရဲ့ ဘဝတွေကိုပါ လိုလိုလားလားနဲ့ စတေးနေသူ၊ ဖျက်ဆီးနေသူတွေ ဖြစ်မှန်းမသိ ဖြစ်သွားပါလိမ့်မယ်လို့ စေတနာနဲ့ သတိပေးလိုက်ပါတယ်။
.
.
.
စာကြွင်း။ ။

MLM ရဲ့ ဆိုးကျိုးနဲ့ ဘာကြောင့် ဆိုးသလဲဆိုတဲ့ အသေးစိတ် အချက်အလက်ပိုင်းတွေက ပိုပြီး တတ်သိနားလည်တဲ့ Anti-MLM လုပ်နေသူတွေက ခြေခြေမြစ်မြစ် ပညာပေး ရေးသားထားပြီး ဖြစ်လို့ ထည့်မရေးတော့ပါ။

ဒီစာကို MLM သမားတစ်ယောက် မလုပ်ခင် ကြိုစဉ်းစားသင့်တဲ့ အသိတရားတစ်ခု ရကောင်းစေဆိုတဲ့ သဘောမျိုးပဲ ရေးလိုက်ပါတယ်။ MLM နဲ့ Pyramid scheme အကြောင်း အကောင်းအဆိုး အသေးစိတ် သိလိုသူများ ကို Zin Zae Lwin ကို ဖောလိုးလုပ်ထားပြီး သူ့ပို့စ်များနဲ့ သူညွှန်းထားသူများရဲ့ ပို့စ်များမှာ ခရေစေ့တွင်းကျ ဆက်လက် လေ့လာကြပါကုန်။


Zawgyi
ၾကိဳးစားရင္ ဘုရားေတာင္ ျဖစ္ႏိုင္တယ္ ဆိုထားေတာ့ MLM (Multi-Level Marketing) နဲ႕ တစ္လ သိန္း ၇၀၀ ရတယ္ဆိုတာ မျဖစ္ႏိုင္ဘူးလို႕ မ်က္ေစ့မွိတ္ ျငင္းေနလို႕ ေဘာင္မဝင္ပါဘူး။

အမွန္တကယ္က သိန္း ၇၀၀ ရတာကို ဝုန္းရမွာ မဟုတ္ဘူး။ လူေတြေရွ႕ကို ထြက္လာျပီး သိန္း ၇၀၀ ရပါတယ္လို႕ ဝန္ခံေျပာဆိုရဲတယ္ဆိုကတည္းက တကယ္ရလို႕၊ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္ခ်က္ရွိလို႕၊ အစစ္ေဆးခံႏိုင္လို႕လည္း ျဖစ္ႏိုင္တာပဲ မဟုတ္လား။ သူ႕ကို သြားဝုန္းေနလည္း ဒီျပႆနာက ရွင္းသြားမွာ မဟုတ္ဘူး။

MLM အလုပ္လုပ္ရင္ သိန္း ၇၀၀ အထိ ရႏိုင္တယ္ေျပာတာဟာ လိမ္တာပါလို႕ စြပ္စြဲရင္...

ၾကိဳးစားရင္ ဘုရားေတာင္ ျဖစ္ႏိုင္တယ္လို႕ ေဟာခဲ့တဲ့ ဘုရားလည္း လူလိမ္ ျဖစ္ေတာ့မွာေပါ့။

အင္း...
က်ဳပ္ကိုေတာ့ MLM ေလာ္ဘီလို႕ ထင္ျပီး လာဆဲၾကေတာ့မွာပဲ!
.
.
.
ေျပာခ်င္တာက...

MLM က တရားဥပေဒေဘာင္အတြင္း ဝင္ေနျပီး ႏိုင္ငံအားလုံးနီးပါးမွာ တရားဝင္ ခြင့္ျပဳထားတာတယ္ဆိုတာက လံုေလာက္တဲ့ အေၾကာင္းရွိလို႕ပါ။

MLM သမားတစ္ေယာက္ရဲ႕ ဝင္ေငြဟာ ပစၥည္း သို႕မဟုတ္ ဝန္ေဆာင္မႈ ေရာင္းရေငြကေန ရတာဆိုရင္ အဲဒီ marketing plan ဟာ တရားဝင္ပါတယ္။ ျပီးေတာ့ ၾကိဳးစားရင္ ဘယ္ေလာက္ ေငြပမာဏအထိ ရႏိုင္တယ္လို႕ ေျပာတာက တကယ္ရတဲ့ လူေတြလည္း ရွိေနတာမို႕ လိမ္ေျပာတယ္လို႕ တရားေသ ေျပာလို႕မရပါဘူး။

ဒါေပမဲ့ လူတိုင္း မရႏိုင္တဲ့အရာကို ရႏိုင္သလို ေျပာျပီး ဆြယ္တရားေဟာတယ္ ဆိုရင္ေတာ့ ေကာင္းတဲ့အပိုင္းေလးတင္ ကြက္ျပျပီး ဆိုးရြားတဲ့အပိုင္းေတြကို ဖုံးကြယ္ထိန္ခ်န္ထားရာက်တာမို႕ လိမ္နည္းတစ္မ်ိဳးလို႕ မစြပ္စြဲရင္ေတာင္ လက္တစ္လုံးျခားလုပ္ျပီး နားလွည့္ပါး႐ိုက္တာ ျဖစ္သြားပါျပီ။

ဒါ့အျပင္ MLM ဆိုတိုင္း မေကာင္းတာ မဟုတ္ေပမဲ့...

MLM သမားတစ္ေယာက္ရဲ့ ဝင္ေငြဟာ မန္ဘာေတြ စုစည္းရွာေဖြလာျခင္း (အခ်ဥ္ေတြကို က်ဳံးသြင္းျခင္း) ကေန၊ အဲဒီမန္ဘာေတြကို ပစၥည္းေရာင္းျခင္းကေန ရယူတာဆိုရင္ အဲဒါဟာ Pyramid Scheme ဆိုတဲ့ ထိပ္ပိုင္းေကာင္းစားဖို႕ ေအာက္ေျခအမ်ားစုက စေတးခံေနရတဲ့ ေခါင္းပံုျဖတ္ဗ်ဴဟာ (Exploitative Marketing Strategy) ျဖစ္ျပီး အဲဒီနည္းကို MLM ကုမၸဏီ အမ်ားစုက သုံးေနၾကတာမို႕ ႏိုင္ငံအေတာ္မ်ားမ်ားမွာ သူတို႕ႏိုင္ငံသားေတြ ဒုကၡမေရာက္ရေအာင္ Pyramid Scheme နဲ႕ လုပ္စားေနတဲ့ MLM ေတြကို ပိတ္ပင္ထားၾကတာပါ။

ျမန္မာျပည္မွာေတာ့ MLM ေတြကို ဥပေဒအရ ထိထိေရာက္ေရာက္ မထိန္းခ်ဳပ္ႏိုင္ေသးခင္မွာ သိန္း ၇၀၀ ရတယ္ဆိုသူကို ဝုန္းျခင္းထက္၊ MLM ကုမၸဏီေတြကို ဝုန္းေနျခင္းထက္ (ကိုယ္ဝုန္းလည္း သူတို႕က ပိတ္သိမ္းသြားမွာ မဟုတ္ပါ) မသိနားမလည္သူေတြကို Pyramid Scheme ရဲ့ ဆိုးက်ိဳးျဖစ္တဲ့ "တစ္လ သိန္း ၇၀၀ ရတာဟာ ျဖစ္ႏိုင္ေပမဲ့ အဲဒါကို လူတိုင္း မရႏိုင္ဘဲ ဘုရားပြင့္သေလာက္ ခက္ခဲျခင္း" ကိုသာ မီးေမာင္းထိုးျပရမွာပါ။
.
.
.
ၾကိဳးစားရင္ ဘုရားျဖစ္ႏိုင္တယ္ ဆိုတာက ၾကိဳးစားျခင္း မည္ကာမတၱနဲ႕ ဘုရားျဖစ္ႏိုင္တာ မဟုတ္ဘဲ ဘုရားျဖစ္ေလာက္တဲ့ ၾကံ့ခိုင္ၾကီးမားတဲ့ ပယတၱ ဝီရိယေတာ္မ်ိဳးရွိမွ၊ ဘုရားျဖစ္ေလာက္တဲ့ ပါရမီလည္း ျပည့္ဝမွ ျဖစ္ႏိုင္တာသာ ျဖစ္တယ္။

ဒီလိုပဲ ေက်ာင္းသား သိန္းခ်ီျပီး ေျဖတဲ့ တကၠသိုလ္ဝင္တန္းမွာ တစ္ေယာက္ ဒါမွမဟုတ္ အလြန္ဆုံး အမွတ္တူ ႏွစ္ေယာက္ေလာက္သာလွ်င္ ျမန္မာတစ္ႏိုင္ငံလုံး ပထမ ရႏိုင္မွာျဖစ္တယ္။ ရာဂဏန္းမွ်ေသာ ေက်ာင္းသားေတြသာ ဘာသာစံု ဂုဏ္ထူး ဒါမွမဟုတ္ ေထာင္ဂဏန္းမွ်ေသာ ေက်ာင္းသားေတြသာ ဘာသာစံုေအာက္ ေလ်ာ့နည္းတဲ့ ဂုဏ္ထူးရႏိုင္မွာ ျဖစ္တယ္။ က်န္တဲ့ အမ်ားစုေသာ သိန္းခ်ီတဲ့ ေက်ာင္းသားေတြမွာ ၃၀% ေက်ာ္ေလာက္က ေအာင္႐ံုေအာင္သူေတြနဲ႕ ၆၀% ေလာက္က စာေမးပြဲက်သူေတြပါ။

ဘယ္ေလာက္ ၾကိဳးစား ၾကိဳးစား ထိပ္ဆုံးေနရာဆိုတာက ကံေရာ၊ ဉာဏ္ေရာ၊ ဝီရိယေရာ၊ အရည္အခ်င္းေရာ ျပည့္စုံတဲ့ လူလက္တစ္ဆုပ္စာ အတြက္ပဲ ဆိုတာကို MLM လုပ္ခ်င္သူေတြ နားလည္ဖို႕ လိုပါတယ္။

ထိပ္ဆုံးကို လူနည္းစုပဲ ေရာက္ႏိုင္တယ္ဆိုတဲ့ သေဘာတရားပိုင္းမွာ...

အထက္ဥပမာေတြထဲက ဘုရားျဖစ္ဖို႕ က်င့္ၾကံသူ (တရားရဖို႕ က်င့္ၾကံသူ)၊ ေက်ာင္းသားေတြနဲ႕ MLM လုပ္ေနသူေတြ အတူတူ ျဖစ္ေပမဲ့ ထိပ္ပိုင္းကို မေရာက္သူေတြ၊ က်ရွုံးသူေတြနဲ႕ ပတ္သက္လာရင္ေတာ့ မတူေတာ့ပါဘူး။
.
.
.
(ဗုဒၶဘာသာ အလိုအရ) လူသားအားလုံးထဲမွာမွ တစ္ေယာက္သာ ဘုရား ျဖစ္ႏိုင္ေပမဲ့ ဘုရားျဖစ္ဖို႕ ၾကိဳးစားတာ မေအာင္ျမင္ေသးရင္ေတာင္ ကုသိုလ္ပါရမီေတြ ျဖည့္ဆည္းမိလို႕ ဒုကၡေရာက္သြားစရာ မရွိသလို၊ ကိုယ့္အတြက္ အရွုံးဆိုတာလည္း မရွိပါဘူး။

ဘာလို႕လဲဆိုရင္ ဘုရား မျဖစ္ေတာင္ ပါရမီအႏုအရင့္လိုက္ျပီး ပေစၥကဗုဒၶါ၊ ရဟႏၲာ ျဖစ္ရင္ျဖစ္ ဒါမွမဟုတ္ တစ္မဂ္တစ္ဖိုလ္ ရသြားႏိုင္ပါတယ္။ ေနာက္ဆုံး ဘာမွ မရရင္ေတာင္ က်င္လည္ရဦးမယ့္ သံသရာအတြက္ ကုသိုလ္ပါရမီေတြ ရသြား စုေဆာင္းမိသြားႏိုင္ပါတယ္။

ဒီလိုပဲ...

တစ္ႏိုင္ငံလုံး ပထမ မရေတာင္၊ ထိပ္ဆုံး ဆယ္ေယာက္စာရင္းထဲ မဝင္ရင္ေတာင္ ေက်ာင္းသားတစ္ေယာက္ ေက်ာင္းစာၾကိဳးစားတာဟာ သူ႕အတြက္ ဘာမွ နစ္နာစရာ မရွိပါဘူး။ ထိပ္ဆုံး ဆယ္ေယာက္ မျဖစ္ေတာင္ ဘာသာစံုဂုဏ္ထူး ရရင္ရ၊ မရလို႕ ႐ိုး႐ိုးေအာင္ရင္ေတာင္ အနာဂတ္အတြက္ တစ္နည္းနည္း အသုံးဝင္ႏိုင္ပါေသးတယ္။

ယုတ္စြအဆုံး စာေမးပြဲက်ရင္ေတာင္ ကိုယ့္အခ်ိန္တစ္ႏွစ္နဲ႕ မိဘပိုက္ဆံျဖစ္တဲ့ ေက်ာင္းစရိတ္တစ္ႏွစ္စာ ဆုံးရွုံးရတာကလြဲရင္ အျခားဘယ္သူ႕ကိုမွ မထိခိုက္ပါဘူး။

ဆိုလိုတာက ဘုရားျဖစ္ေအာင္ တရားရေအာင္ က်င့္ၾကံသူေတြ၊ စာၾကိဳးစားတဲ့ ေက်ာင္းသားေလးေတြဟာ ကိုယ္အျမင့္ေရာက္ေအာင္ တက္တဲ့လမ္းမွာ...

မွန္းထားသလို ထိပ္ဆုံးေရာက္ျပီး ေအာင္ျမင္သည္ ျဖစ္ေစ

သာမန္ေလာက္ပဲ ျဖစ္သည္ ရသည္ ျဖစ္ေစ

က်ရွုံးသည္ ျဖစ္ေစ အျခားဘယ္သူ႕ကိုမွ မထိခိုက္ေစပါဘူး။

ယူတတ္ရင္ ကိုယ့္အတိုင္းအတာနဲ႕ကိုယ္ လက္ရွိဘဝအတြက္ေရာ သံသရာအတြက္ပါ အက်ိဳးေတာင္ ရွိႏိုင္ပါတယ္။

ဒါေပမဲ့ MLM ရဲ့ Pyramid Scheme ကေတာ့ ဒီလို မဟုတ္ပါဘူး။

သူ႕ရဲ႕ သေဘာတရားကိုက ကိုယ္အျမင့္ကို တက္ရာမွာ ကိုယ့္ေလာက္ ကံ မေကာင္းသူ၊ ပါရမီ မပါသူ၊ ဉာဏ္ မမီသူ၊ ဝီရိယ မရွိသူ၊ အစြမ္းအစ မရွိသူေတြကို ေလွကားထစ္ေတြလို ခ်နင္းသြားမွ ထိပ္ဆုံးပန္းတိုင္ကို ေရာက္ႏိုင္တာပါ။

ကိုယ္က တမင္တကာ ယုတ္မာျပီး ခ်နင္းတာ မဟုတ္ရင္ေတာင္ အလုပ္ရဲ့ သေဘာသဘာဝကိုက Win - Win ဆိုတာ မရွိတဲ့အတြက္ နစ္နာသူဆိုတာ ရွိေနမွာပါ။

Win - Win ဆိုတာရွိရင္ MLM သမားတိုင္း သိန္း ၇၀၀ ရသူေတြခ်ည္း ျဖစ္ေနလိမ့္မယ္။ I Win - You Lose မို႕သာ သိန္း ၇၀၀ ရသူက လက္ခ်ိဳးေရလို႕ရျပီး နစ္နာသူ၊ ဘဝပ်က္ရသူေတြက မ်ားေနတာပါ။
.
.
.
MLM သမားေတြဘက္က...

"MLM တိုင္း သိန္း ၇၀၀ မရေပမဲ့ မင္းေပးခဲ့တဲ့ ဥပမာေတြအတိုင္းပဲ သူ႕အတိုင္းအတာနဲ႕သူ ရေနသူေတြလည္း အမ်ားၾကီးရွိလို႕ win - win ပဲ မဟုတ္လား" လို႕ ျငင္းခ်င္ပါလိမ့္မယ္။

႐ႈေထာင့္တစ္ခုအတြက္ေတာ့ ဟုတ္ပါတယ္။ ဒါကို နားလည္ဖို႕ MLM ေတြ အလုပ္လုပ္ပံုကို အၾကမ္းဖ်င္း သိထားသင့္ပါတယ္။ ဒီလိုပါ။

၁)

ဒီအလုပ္ စလုပ္သူကိုယ္တိုင္ သူ႕အတြက္ သူ႕မိသားစုအတြက္ MLM ကုမၸဏီက ထုတ္ကုန္ သို႕မဟုတ္ ဝန္ေဆာင္မႈ တစ္ခုခု စဝယ္ရပါမယ္။

ဒီလို ဝယ္တာနဲ႕ ေကာ္မရွင္ သို႕ ေလွ်ာ့ေစ်း သို႕ ဆုေၾကး ရမယ္။ ဥပမာ လစဥ္ တစ္သိန္းဖိုး ဝယ္လို႕ ၁၅ % ေစ်းေလွ်ာ့ေပးတယ္ဆိုရင္ တစ္ေသာင္းခြဲ သက္သာပါမယ္။ ဒီေနာက္ပိုင္းမွာ သူ႕အမ်ိဳးေတြအတြက္နဲ႕ သူ႕အသိမိတ္ေဆြေတြကိုပါ ဝယ္ေအာင္ ဆြယ္ေပးႏိုင္မယ္ဆိုရင္ ေလွ်ာ့ေစ်း ရာခိုင္ႏွုန္းလည္း (ဥပမာ ၃၀%) တက္လာပါမယ္။ ဒီအေပၚမွာ သူ႕အေနနဲ႕ မိတ္ေဆြေတြကို ၁၅ % ေလွ်ာ့ေစ်းပဲ ေပးရင္ ၁၅ % အက်ိဳးအျမတ္ ရႏိုင္ပါတယ္။

၂)

ေနာက္တစ္ဆင့္မွာ လူစိမ္း လူက်က္မေရြး အျခားသူေတြကို သူ႕လို MLM ကုမၸဏီက ထုတ္ကုန္ဝယ္သူေတြ ျဖစ္လာေအာင္ စုေဆာင္းရပါတယ္။ ရွင္းသြားေအာင္ သူ႕ကို မန္ဘာ (အဆင့္ ၁) လို႕ ထားလိုက္ပါမယ္။

သူဆြယ္လိုက္တဲ့ မန္ဘာအသစ္ (အဆင့္ ၂) ေတြက ပစၥည္း ဝယ္တိုင္း ဝယ္တိုင္း သူ႕ဆီက တစ္ဆင့္ပဲ ဝယ္ရပါတယ္။ သူက ကုမၸဏီကေန ၃၀ % ေလွ်ာ့ေစ်းနဲ႕ ယူျပီး အဆင့္ ၂ မန္ဘာေတြကို ၂၀ % ေလွ်ာ့ေစ်းနဲ႕ ေရာင္းေပးရင္ သူ႕မွာ ၁၀ % ကို ေကာ္မရွင္သေဘာမ်ိဳး ဆက္ကာ ဆက္ကာ ထပ္ထပ္ျပီး ရေနပါမယ္။

မန္ဘာ (အဆင့္ ၂) ေတြက မန္ဘာအသစ္ (အဆင့္ ၃) ေတြကို ထပ္ဆြယ္ႏိုင္ရင္ ကုမၸဏီကေန သူရတဲ့ ေလွ်ာ့ေစ်းရာခိုင္ႏွုန္း ပိုမ်ားလာျပီး...

အဆင့္ ၁ က အဆင့္ ၂ ကို ကိုယ့္အတြက္ ရာခိုင္ႏွုန္းတစ္ခု ခ်န္ျပီး ေရာင္းေပး
အဆင့္ ၂ က အဆင့္ ၃ ကို သူတို႕အတြက္ ရာခိုင္ႏွုန္းတစ္ခု ခ်န္ျပီး ေရာင္းေပးတဲ့နည္းနဲ႕

အဲဒီ မန္ဘာ (အဆင့္ ၂) ေတြေရာ သူကိုယ္တိုင္ (အဆင့္ ၁) ေရာ ေကာ္မရွင္ ဆက္ရျပန္တာမို႕ မန္ဘာ မ်ားမ်ားဆြယ္ႏိုင္ေလ၊ ပစၥည္းမ်ားမ်ားဝယ္ေအာင္ ဆြဲေဆာင္ႏိုင္ေလ MLM သမားေတြဟာ ေအာင္ျမင္သူေတြ ျဖစ္လာျပီး ကိုယ့္အတိုင္းအတာနဲ႕ကိုယ္ အက်ိဳးအျမတ္ ရၾကပါမယ္။

၃)

အခ်ိန္တစ္ခုေရာက္လာလို႕ သူ႕ေအာက္မွာ လုပ္ေနတဲ့ MLM အဆင့္ ၂ ေတြရဲ့ network ဟာ ၾကီးထြားလာျပီး ကုမၸဏီက သူ႕ကို ေပးႏိုင္တဲ့ အျမင့္ဆုံး discount ပမာဏမ်ိဳးကို ရလာျပီး သူ႕ဆီက ဝယ္စရာမလိုဘဲ ကုမၸဏီက တိုက္႐ိုက္ဝယ္တဲ့ အဆင့္ (ဆိုလိုတာက အဆင့္ ၂ ေတြဟာ အဆင့္ ၁ ေနရာကိုေရာက္လာျပီး သူ႕လက္ေအာက္က ထြက္သြားႏိုင္ရင္) ေရာက္လာရင္ သူကိုယ္တိုင္ဟာ အဲဒီထြက္သြားတဲ့ မန္ဘာအုပ္စုေတြရဲ႕ ေရာင္းအားအေပၚမွာ ကုမၸဏီက သတ္မွတ္ထားတဲ့ ရာခိုင္ႏွုန္းတစ္ခုကို ေဘာနပ္စ္အျဖစ္ ရပါေတာ့တယ္။ သူ႕လက္ေအာက္က ထြက္သြားႏိုင္တဲ့ အုပ္စုေတြ မ်ားလာေလ သူ႕ ဝင္ေငြေတြ မ်ားလာေလ ျဖစ္ျပီး သန္းႂကြယ္သူေဌးအထိ ျဖစ္ႏိုင္ပါတယ္။

၄)

ကုမၸဏီဘက္ကလည္း ေၾကာ္ျငာခေလာက္ မကုန္က်ဘဲ လူလူခ်င္း အဆင့္ဆင့္ ေရာင္းခိုင္းျပီး ငါးၾကင္းဆီနဲ႕ ငါးၾကင္းေၾကာ္ႏိုင္တာမို႕ အက်ိဳးအျမတ္ရတယ္။

ဒီအခ်က္ေတြအရ ကုမၸဏီလည္း win အစြမ္းအစရွိတဲ့ Pyramid ထိပ္ပိုင္းေရာက္ MLM သမားေတြလည္း win ျဖစ္လို႕ win - win အေျခအေနလို႕ ျမင္စရာ ျဖစ္ေပမဲ့ လက္ေတြ႕မွာေတာ့ အဲဒီ ႏွစ္စုထဲ မပါတဲ့ က်န္ Pyramid ေအာက္ေျခက MLM သမား အမ်ားစုက အခ်ိန္ကုန္ ေငြကုန္ျပီး lose ကုန္ပါတယ္။

ဘာလို႕လဲ?
.
.
.
လူတစ္ေယာက္ ဘုရားျဖစ္ခ်င္လို႕ က်င့္ၾကံျပီး သဗၺညဳတဉာဏ္ေတာ္ ရရွိသြားတာဟာ အျခားသူေတြရဲ့ ဉာဏ္စဥ္ေတြကို ယူျပီး ျဖစ္သြားတာ မဟုတ္ပါဘူး။ အျခားသူေတြရဲ့ ပါရမီေတြ ပဲ့ပါမသြားပါဘူး။

ေက်ာင္းသားတစ္ေယာက္ တစ္ႏိုင္ငံလုံး ပထမရခ်င္လို႕ ၾကိဳးစားျပီး ပထမရသြားတာဟာ အျခားေက်ာင္းသားေတြရဲ့ အမွတ္ေတြကို ဖဲ့ယူျပီး ရသြားတာ မဟုတ္ပါဘူး။ ေက်ာင္းသားတိုင္းမွာ ဘာသာရပ္တစ္ခုတိုင္းအတြက္ အမွတ္ ၁၀၀ အထိ ရယူႏိုင္ခြင့္ ညီညီမွ်မွ် ရွိပါတယ္။ သူတစ္ရာရသြားလို႕ ကိုယ္က သုညျဖစ္သြားတာ မဟုတ္ပါဘူး။

သေဘာကေတာ့ တစ္ေယာက္စီတိုင္းဟာ ကိုယ့္ ကိုယ္ပိုင္လယ္ထဲမွာ ကိုယ္စိုက္ႏိုင္သေလာက္ စိုက္ျပီး ကိုယ္ဘာသာ ရသေလာက္ ရိတ္သိမ္းရတာ ျဖစ္ပါတယ္။

ကိုယ္လယ္ အထြက္ေကာင္းလည္း အျခားသူရဲ့ စပါးေတြ မေလ်ာ့သြားပါဘူး။
ကိုယ္လယ္ အထြက္ညံ့လည္း သူမ်ားက စပါးတင္းေတာင္း ပိုရမသြားပါဘူး။

MLM မွာက်ေတာ့ စလုပ္မယ့္သူေတြ အားက်ရေလာက္ေအာင္ ေအာင္ျမင္ေနတဲ့သူေတြ ရေနတဲ့ ဒိုင္းမြန္း၊ ပလက္တီနမ္စတဲ့ အဆင့္အတန္းေတြ ဝင္ေငြေတြဟာ ထုတ္ကုန္ေတြ ဝန္ေဆာင္မႈေတြရဲ့ အက်ိဳးအျမတ္ဆီက ရလာတာ မဟုတ္ဘဲ ေအာင္ျမင္ေနသူေတြလို မစြမ္းေဆာင္ႏိုင္တဲ့ ေအာက္ေျခက MLM သမားေတြရဲ့ ေငြေတြ အခ်ိန္ေတြကို ဖဲ့ယူျပီး ရလာတာ ျဖစ္ပါတယ္။

ဒီေတာ့ ဘာနဲ႕ တူသလဲဆိုရင္ ဘုံပိုင္လယ္တစ္ကြက္ကို အားလုံး ဝိုင္းစိုက္ေနၾကသလို ျဖစ္ေနပါတယ္။

ဘုံပိုင္လယ္ကို ဝိုင္းစိုက္ျပီး ၾကိဳးစားသူ မၾကိဳးစားသူမခြဲဘဲ အက်ိဳးအျမတ္ အသီးအပြင့္ကို အားလုံး ညီညီမွ်မွ် ခြဲယူၾကတာဟာ အစြန္းတစ္ဖက္ဆိုရင္...

ဘုံပိုင္လယ္ကို ဝိုင္းစိုက္ရာမွာ ကိုယ္က အပင္ပန္းခံ ထြန္ေရးငင္ထားေပမဲ့ မ်ိဳးေစ့မရွိလို႕၊ မ်ိဳးေစ့ရွိလည္း ပ်ိဳးမၾကဲတတ္လို႕၊ ပ်ိဳးၾကဲတတ္လည္း ပိုးမက်ေအာင္ မလုပ္တတ္လို႕ စသျဖင့္ အဆင့္ဆင့္ ပင္ပန္းျပီး ကိုယ့္အတြက္ ဘာမွမရေပမဲ့ ကိုယ္ထယ္ထားတဲ့ ကိုယ္ၾကဲထားတဲ့ အထဲကို ကြၽမ္းက်င္သူ ကံလိုက္သူ ၾကိဳးစားသူက အရံသင့္ ဝင္စိုက္ ဝင္ရိတ္သိမ္းျပီး သီးႏွံထြက္ေအာင္ စိုက္ႏိုင္သူက ထြက္သမွ် အကုန္ယူသြားႏိုင္တဲ့ MLM သေဘာတရားဟာ အျခားအစြန္းတစ္ဖက္ပါ။

ပိုဆိုးတာက ေလာင္းကစားသမားေတြ ေငြေမ်ာ ေငြနဲ႕လိုက္သလိုမ်ိဳး အဲဒီ အရွုံးသမား MLM loser ေတြကလည္း ဘယ္သူ႕ကိုမွ ဝယ္ေအာင္ မဆြယ္ႏိုင္ရင္ လယ္ေရာင္း အိမ္ေရာင္းျပီးေတာင္ ကိုယ့္ဘာသာကိုယ္ ဝယ္ျပီး ကုမၸဏီမွာ အဆင့္တက္လာေအာင္ ၾကံစည္ၾကတာမို႕ ဘဝေတြပါ ပ်က္ကုန္ၾကပါတယ္။

ဒီလို အစြန္းေရာက္ျပီး ဒုကၡျဖစ္သူေတြ ရွိေနေပမဲ့ MLM သမားေတြဘက္ကေတာ့ "ဒီလို ဒီလို လုပ္ျပီး ေအာင္ျမင္ရင္ ဒါေတြ ဒါေတြ ရႏိုင္တယ္" လို႕ လုပ္ငန္းသေဘာတရားကို အရွင္းဆုံး ေျပာျပထားတာမို႕ ကိုယ္ေက်နပ္မွ ကိုယ္လုပ္႐ံုပါ။ မ႐ိုးသားတဲ့ ျမႇဳပ္ကြက္ေတြ ရွိေပမဲ့ ဘယ္သူမွ အတင္း႐ိုက္ျပီး ေသနတ္နဲ႕ ခ်ိန္ျပီး ခိုင္းေနတာ မဟုတ္တဲ့အတြက္ ကိုယ့္သေဘာနဲ႕ ကိုယ္စလုပ္ျပီး ဘဝပ်က္မွ ျပႆနာသြားရွာလို႕ မရပါဘူး။

"ကိုယ္လုပ္ႏိုင္သေလာက္ အစြမ္းအစရွိသေလာက္ အက်ိဳးအျမတ္ရမယ္" လို႕ ဆြယ္တရား ေဟာျပီး မလုပ္ႏိုင္လို႕ ဒုကၡေရာက္တာေတြကို ထည့္မေျပာ႐ံုေလာက္နဲ႕က တိုက္႐ိုက္လိမ္လည္တာ မဟုတ္လို႕ တရားဥပေဒအရ အေရးယူဖို႕ ေဘာင္မဝင္ပါဘူး။

MLM ကုမၸဏီေတြက "ကြၽန္ေတာ္တို႕ လုပ္ငန္းမွာ ရွယ္ယာထည့္ပါ၊ အတိုး သို႕မဟုတ္ အျမတ္ ရာခိုင္ႏွုန္း ျမင့္ျမင့္ေပးပါမယ္" ဆိုျပီး မက္လုံးေပး ဆြယ္တရားေဟာျပီး ေနာက္ဆုံးမွာ ထည့္ထားတဲ့ ရွယ္ယာေငြေတြ လိမ္ေျပးတာမ်ိဳး မဟုတ္လို႕ အေရးယူဖို႕ ဒီေလာက္ မလြယ္ပါဘူး။

ဒီေတာ့ ကိုယ့္သေဘာနဲ႕ ကိုယ္လုပ္ျပီး ဒုကၡေရာက္သြားတဲ့ MLM တစ္ဦးခ်င္းရဲ႕ ကိစၥတစ္ခုစီကို ဥပေဒနဲ႕ အေရးယူဖို႕ မလြယ္တာမို႕ တရားဝင္လုပ္ကိုင္ခြင့္ရေနတဲ့ ကုမၸဏီေတြနဲ႕ ျငင္းခုံတိုက္ခိုက္ေနတာထက္ ကိုယ့္ႏိုင္ငံသားေတြ မထိေစခ်င္ရင္ ျပႆနာရဲ့ အရင္းအျမစ္ျဖစ္တဲ့ MLM ရဲ့ Pyramid Scheme အေၾကာင္း အသိပညာေပးျပီး တားဆီးတာမ်ိဳး၊ Pyramid Scheme ကို ဥပေဒေၾကာင္းအရ ပိတ္ပင္ႏိုင္ဖို႕ ၾကိဳးစားတာမ်ိဳး၊ သူတို႕ရဲ့ ထုတ္ကုန္ ေရာင္းကုန္ေတြရဲ႕ အျပစ္အနာအဆာေတြကို ရွာျပီး ပိတ္ပင္တာမ်ိဳး လုပ္ေဆာင္တာက ပိုထိေရာက္ႏိုင္ပါတယ္။

သားေကာင္မရွိရင္ မုဆိုးလည္း ငတ္ေသသြားမွာပဲေလ။
.
.
.
နိဂုံးခ်ဳပ္ရရင္ေတာ့ MLM အလုပ္ကို လုပ္ခ်င္သူေတြအေနနဲ႕...

၁)

သာမန္ ဝန္ထမ္းေတြ၊ သာမန္ စီးပြါးေရး လုပ္ငန္းငယ္ေတြထက္ ဝင္ေငြမ်ားတဲ့ ထိပ္တန္း MLM သမားအဆင့္ဟာ အလြန္မက္ေမာစရာ ျဖစ္ေပမဲ့ အဲဒီအဆင့္ကို အလြန္႕အလြန္ နည္းပါးတဲ့ လက္ခ်ိဳးေရလို႕ရတဲ့ လူနည္းစုသာ ေရာက္ႏိုင္တာကို သိထားပါ။ ဘုရားပြင့္သေလာက္ ခက္တယ္လို႕ တြက္ထားရင္ ပိုေကာင္းပါမယ္။

၂)

ဒီအလုပ္ဟာ ပံုမွန္ဝင္ေငြရွိတဲ့ လခစား marketing သမားနဲ႕ သေဘာသဘာဝ မတူဘဲ ေသေျမၾကီး ရွင္ေရႊထီး အလုပ္မ်ိဳး ဆိုတာကို သိထားပါ။ Low income သမားအတြက္ low risk ပဲ ရွိေပမဲ့ high income လိုခ်င္ရင္ high risk ကို ရင္ဆိုင္ႏိုင္မလား ဆိုတာကို ေခါင္းထဲထည့္ စဥ္းစားထားပါ။

၃)

အထက္က အခ်က္ႏွစ္ခ်က္ သိျပီးတာေတာင္ လုပ္ခ်င္ေသးသပဆိုရင္ ကိုယ့္ပင္ကိုယ္ဗီဇစ႐ိုက္နဲ႕ ကိုယ္ဆည္းပူးထားတဲ့ အရည္အခ်င္းေတြက MLM အလုပ္နဲ႕ ကိုက္ညီလား၊ ကိုယ့္လို MLM သမားခ်င္းကို ယွဥ္ျပိဳင္ အႏိုင္ယူႏိုင္သလား၊ ေငြရဖို႕သက္သက္ မဟုတ္ဘဲ ဝါသနာပါလို႕ အခ်ိန္ေရာ ဘဝေရာ ရင္းႏွီးျမႇဳပ္ႏွံႏိုင္သလား၊ ေနာက္ေၾကာင္းရာဇဝင္ ေသခ်ာမသိရဘဲ မဟားတရား ေစ်းတင္ထားတဲ့ ပစၥည္းေတြကို စားသုံးသူ ဝယ္ခ်င္လာေအာင္ ၾကမ္းပိုးကို လိပ္ျဖစ္ေအာင္ ေျပာျပီး ဆြဲေဆာင္ႏိုင္တဲ့ စြမ္းရည္မ်ိဳး ကိုယ့္မွာ ရွိလား၊ စြမ္းရည္ ရွိရင္ေတာင္ အဲလို ပစၥည္းေတြကို ကိုယ့္ေလာဘအတြက္ အျပစ္မဲ့သူေတြကို ေရာင္းရက္တဲ့ စိတ္ထားမ်ိဳး ကိုယ့္မွာ ရွိသလားဆိုတာေတြကို ေသခ်ာသုံးသပ္ျပီးမွ ဒီေလာကထဲ ဝင္ဖို႕ မဝင္ဖို႕ ဆုံးျဖတ္ေစခ်င္ပါတယ္။

ဒီလိုမွ မဟုတ္ဘဲ MLM အလုပ္သေဘာတရားနဲ႕ ကိုယ္နဲ႕ ကိုက္ညီလား မကိုက္ညီလား မသိဘဲ...

ငါးစာျဖစ္တဲ့ သိန္း ၇၀၀ ကိုသာျမင္ျပီး ဟစိ ဟစိ ျဖစ္ရမယ့္ ငါးမွ်ားခ်ိတ္ကို မျမင္တတ္ဘဲ only the strong survive ဆိုတဲ့ MLM မီးပံုၾကီးကို ပိုးဖလံလို ဝင္တိုးမိရင္ေတာ့...

"သူတည္းတစ္ေယာက္ သိန္း ၇၀၀ ေပါက္ဖို႕ ငါတို႕ေတြမွာ မြဲလင့္ကာသာ မသထာတည္း" ဆိုသလို...

ဘယ္သူမွ အတင္းအၾကပ္ ခိုင္းလို႕မဟုတ္ဘဲ ကိုယ္ကိုယ္တိုင္ ကိုယ့္ဘဝသာမက ကိုယ့္ကို မွီခိုေနသူေတြရဲ့ ဘဝေတြ၊ ကိုယ္သိမ္းသြင္းေနသူေတြရဲ့ ဘဝေတြကိုပါ လိုလိုလားလားနဲ႕ စေတးေနသူ၊ ဖ်က္ဆီးေနသူေတြ ျဖစ္မွန္းမသိ ျဖစ္သြားပါလိမ့္မယ္လို႕ ေစတနာနဲ႕ သတိေပးလိုက္ပါတယ္။
.
.
.
စာႂကြင္း။ ။

MLM ရဲ့ ဆိုးက်ိဳးနဲ႕ ဘာေၾကာင့္ ဆိုးသလဲဆိုတဲ့ အေသးစိတ္ အခ်က္အလက္ပိုင္းေတြက ပိုျပီး တတ္သိနားလည္တဲ့ Anti-MLM လုပ္ေနသူေတြက ေျခေျချမစ္ျမစ္ ပညာေပး ေရးသားထားျပီး ျဖစ္လို႕ ထည့္မေရးေတာ့ပါ။

ဒီစာကို MLM သမားတစ္ေယာက္ မလုပ္ခင္ ၾကိဳစဥ္းစားသင့္တဲ့ အသိတရားတစ္ခု ရေကာင္းေစဆိုတဲ့ သေဘာမ်ိဳးပဲ ေရးလိုက္ပါတယ္။ MLM နဲ႕ Pyramid scheme အေၾကာင္း အေကာင္းအဆိုး အေသးစိတ္ သိလိုသူမ်ား ကို Zin Zae Lwin ကို ေဖာလိုးလုပ္ထားျပီး သူ႕ပို႕စ္မ်ားနဲ႕ သူညႊန္းထားသူမ်ားရဲ့ ပို႕စ္မ်ားမွာ ခေရေစ့တြင္းက် ဆက္လက္ ေေေလ့လာၾကပါကုန္။
https://m.facebook.com/story.php?story_fbid=642322532823196&id=100011363651075