Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, November 16, 2017

#ေငြေၾကးအလြဲသုံးစားမႈဆိုင္ရာလုပ္ထုံးအဆင့္မ်ား




Unicode

#ငွေကြေးအလွဲသုံးစားမှုဆိုင်ရာလုပ်ထုံးအဆင့်များ
( မူရင်းရေးသားသူ #KyawMinnHtut )

ပြစ်မှု---> ဇာရီမှု ---> လက်ရောက်ရလိုမှု

လိမ်လည်သူအတော်များများက ထောင်ကျခံရင် ငွေပေးစရာမလိုဟု ထင်ကြသည်။ အလွန်မှားယွင်းသော ထင်မြင်ယူဆချက်ဖြစ်သည်။ မြန်မာလူမျိုးများသည် တရားရင်ဆိုင်ရမည်ကို မလိုလားသဖြင့် ပြစ်မှုအနိုင်ရပြီးလျှင် ဥပဒေအရရပိုင်ခွင့်များကို ဆက်လက်လျှောက်ထားခြင်း မပြု၍လည်းဖြစ်မည်။

ငွေကြေးအလွဲသုံးစားမှုဖြစ်လာလျှင် -

၁။ ယုံကြည်၍အပ်နှင်းထားသောငွေကြေးအား အလွဲသုံးစားပြုမှု ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - 417/114 ဖြင့် ပြစ်မှုထင်ရှားပါက တရားခံနှင့် အပေါင်းအပါများအား ထောင်/ငွေဒဏ် ချမှတ်မည်။

၂။ ကာလစည်းကမ်းသတ်မကျော်လွန်မီ တရားလိုမှ တရားမဇာရီမှုကို စားရိတ်နှင့်တကွ လျှောက်ထားရမည်။ ၎င်းအမှုတွင် တရားခံနှင့် အပေါင်းအပါများမှာ တရားပြိုင်များဖြစ်သွားမည်။ ပြစ်မှုတွင်နိုင်ပြီးဖြစ်၍ တရားလိုပြသက်သေမှာ မူလရုံး၏စီရင်ချက်သက်သေဖြင့်ပင် စားရိတ်နှင့်တကွ အနိုင်ဒီကရီရပြီးဖြစ်သည်။

၃။ စီရင်ချက်ချသည့်ရက်တွင်ပင် ငွေကြေး/ပစ္စည်းလက်ရောက်ပေးအပ်ရန်လျှောက်ထားရမည်။ နောက်ရုံးချိန်းတွင် တလုံးတည်းဖြစ်စေ၊ အရစ်ကျဖြစ်စေ ပေးချေစေအမိန့်ချမည်။

၄။ ပေးချေရန်ထပ်မံပျက်ကွက်ပါက  ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - 417/114 ထပ်ကျူးလွန်ရာရောက်သဖြင့် တရားခံနှင့် အပေါင်းအပါများမှာ -

ပြစ်မှုဖြင့်ထောင်ကျ ---> တရားရင်ဆိုင် ---> ငွေလျော်
မလျော်နိုင် ---> ထောင်ကျ ---> တရားရင်ဆိုင် ---> လျော်
စသည်ဖြင့် တစ်ဘဝလုံးသွားတော့မည်ဖြစ်သည်။

တရားလိုအနေဖြင့် ပထမပြစ်မှုပြီးသည်နှင့် ရှေ့နေနှင့် လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

အလွဲသုံးစားခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

#Law


Zawgyi

#ေငြေၾကးအလြဲသုံးစားမႈဆိုင္ရာလုပ္ထုံးအဆင့္မ်ား
( မူရင္းေရးသားသူ #KyawMinnHtut )

ျပစ္မႈ---> ဇာရီမႈ ---> လက္ေရာက္ရလိုမႈ

လိမ္လည္သူအေတာ္မ်ားမ်ားက ေထာင္က်ခံရင္ ေငြေပးစရာမလိုဟု ထင္ၾကသည္။ အလြန္မွားယြင္းေသာ ထင္ျမင္ယူဆခ်က္ျဖစ္သည္။ ျမန္မာလူမ်ဳိးမ်ားသည္ တရားရင္ဆိုင္ရမည္ကို မလိုလားသျဖင့္ ျပစ္မႈအႏိုင္ရၿပီးလ်ွင္ ဥပေဒအရရပိုင္ခြင့္မ်ားကို ဆက္လက္ေလ်ွာက္ထားျခင္း မျပဳ၍လည္းျဖစ္မည္။

ေငြေၾကးအလြဲသုံးစားမႈျဖစ္လာလ်ွင္ -

၁။ ယုံၾကည္၍အပ္ႏွင္းထားေသာေငြေၾကးအား အလြဲသုံးစားျပဳမႈ ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ - 417/114 ျဖင့္ ျပစ္မႈထင္ရွားပါက တရားခံႏွင့္ အေပါင္းအပါမ်ားအား ေထာင္/ေငြဒဏ္ ခ်မွတ္မည္။

၂။ ကာလစည္းကမ္းသတ္မေက်ာ္လြန္မီ တရားလိုမွ တရားမဇာရီမႈကို စားရိတ္ႏွင့္တကြ ေလ်ွာက္ထားရမည္။ ၎အမႈတြင္ တရားခံႏွင့္ အေပါင္းအပါမ်ားမွာ တရားၿပိဳင္မ်ားျဖစ္သြားမည္။ ျပစ္မႈတြင္ႏိုင္ၿပီးျဖစ္၍ တရားလိုျပသက္ေသမွာ မူလရုံး၏စီရင္ခ်က္သက္ေသျဖင့္ပင္ စားရိတ္ႏွင့္တကြ အႏိုင္ဒီကရီရၿပီးျဖစ္သည္။

၃။ စီရင္ခ်က္ခ်သည့္ရက္တြင္ပင္ ေငြေၾကး/ပစၥည္းလက္ေရာက္ေပးအပ္ရန္ေလ်ွာက္ထားရမည္။ ေနာက္ရုံးခ်ိန္းတြင္ တလုံးတည္းျဖစ္ေစ၊ အရစ္က်ျဖစ္ေစ ေပးေခ်ေစအမိန္႔ခ်မည္။

၄။ ေပးေခ်ရန္ထပ္မံပ်က္ကြက္ပါက ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ - 417/114 ထပ္က်ဴးလြန္ရာေရာက္သျဖင့္ တရားခံႏွင့္ အေပါင္းအပါမ်ားမွာ -

ျပစ္မႈျဖင့္ေထာင္က် ---> တရားရင္ဆိုင္ ---> ေငြေလ်ာ္
မေလ်ာ္ႏိုင္ ---> ေထာင္က် ---> တရားရင္ဆိုင္ ---> ေလ်ာ္
စသည္ျဖင့္ တစ္ဘဝလုံးသြားေတာ့မည္ျဖစ္သည္။

တရားလိုအေနျဖင့္ ပထမျပစ္မႈၿပီးသည္ႏွင့္ ေရွ႕ေနႏွင့္ လႊဲအပ္ေဆာင္ရြက္ေစႏိုင္သည္။

အလြဲသုံးစားျခင္း အခ်င္းခ်င္း ကင္းရွင္းၾကပါေစ။

#Law
https://m.facebook.com/groups/521691951357295?view=permalink&id=748994085293746