Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, November 8, 2017

Donald Trump & MLM >>>


Unicode
Donald Trump ကိုယ်တိုင် ဦးဆောင် လုပ်ကိုင်ခဲ့ပြီး
ကျရှုံးသွားခဲ့ဖူးတဲ့ Network Marketing Company ( Trump Network ) အကြောင်းပါ ။
https://www.youtube.com/watch?v=f7nt-ojlF1E

ကျန်းမာရေး နဲ့ အာဟာရ ပညာရှင်ပေါင်းများစွာရဲ့ ဝေဖန်ထောက်ပြမှုတွေလည်း
ခံခဲ့ရတဲ့ Company ပါ ။

TV Host တစ်ယောက် ဖြစ်တဲ့ Trevor Noah ကတော့ ခပ်ရဲရဲပဲ
" Failded Pyramid Scheme " လို့ကို နာမည် တပ်ထားတာပါ ။

MLM သမားတွေ က MLM ကို Donald Trump ထောက်ခံလို့ဆိုပြီး
ပြောလာကြရင် ဒီ ဗီဒီယိုလေး ပြပြီး နားချကြည့်ပေါ့ဗျာ ။
( ပြလို့မှ နားမလည် ၊ လက်မခံလည်း လွှတ်သာထားလိုက်ပါဗျာ ။
အရမ်း မွှန်နေချိန်မှာ ဘာမှ နားထဲ သိပ်မဝင်ဘူးကိုး ။ )
( မူရင်း Youtube Video မှာ စာတန်းထိုး ပြည့်စုံမှန်ကန်စွာ ပါပြီးသားပါ ။
Subtitle မှာ English ရွေးပေးလိုက်ရုံပါပဲ ။ )

တကယ်က Trump Network သူ အစအဆုံး တည်ထောင်တာ မဟုတ်ပါဘူး ။
ဝယ်ပြီး လုပ်တာပါ ။
American စီးပွါးပျက်ကပ် ကို သူ့ Trump Network ဝင်လုပ်ပြီး
ရင်ဆိုင် ကျော်လွှားကြပါဆိုပြီး တောင် ကြေငြာခဲ့တာပါ ။

အဲ့ဒီမတိုင်ခင်မှာကတည်းက Donald Trump ဟာ
ACN ဆိုတဲ့ Network Marketing Company မှာ အခကြေးငွေယူပြီး
Network Marketing ကောင်းကြောင်း ဟောပြောပေးနေခဲ့တာပါ ။

Robert T.Kiyosaki နဲ့ ပေါင်းပြီးတော့
" Why we recommend Network Marketing " ဆိုတဲ့ စာအုပ်ကိုလည်း ရေးခဲ့ပါတယ် ။
( ကျွန်တော့် ကို MLM industry မှာ စွဲစွဲမြဲမြဲ ရူးသွပ်ဖူးစေတဲ့ စာအုပ်ပေါ့ ။
အဲ့ဒီ တုန်းက စီးပွါးရေး ပညာရှင် ဆိုရင် Robert T.Kiyosaki လောက်ပဲ ပြေးမြင်တတ်တဲ့ အဆင့်လေ ။
ဒီတော့ ဒီ ဂုရုကြီး ၂ ယောက်တောင် ထောက်ခံထားတဲ့ စီးပွါးရေးပဲ ။
ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူး ။
ငါတို့ က နိုင်ငံတကာ စံ အတိုင်း မှီအောင် လုပ်မကွ ဆိုပြီး ရူးနေတဲ့ အချိန်ဖြစ်ခဲ့တာပေါ့ ။
နောင် စီးပွါးရေးနဲ့ ပတ်သက်လို့ စာဖတ်အားပိုကောင်းလာတော့မှသာ အဲ့ဒီ အစွဲကျွတ်သွားတာ ။ )

နောက်တော့ ( တော်သေး တယ်ပဲ ပြောရမှာပေါ့ )
Trump Network ကလည်း ကျရှုံးသွားတဲ့ အခါမှာ
Donald Trump က သူနဲ့ Trump Network မပတ်သက်ပါဘူး ဆိုပြီး ဘူးခံ ငြင်းတော့တာပါပဲ ။
( ရွေးကောက်ပွဲကာလ တုန်းက သူ့ကို ဒီကိစ္စ ဝိုင်းထောက်ပြကြသေးတာကိုး ။
Video ကြည့်ရင် တွေ့ပါလိမ့်မယ်ဗျာ ။ )

( Comment မှာ သက်ဆိုင်ရာ နိုင်ငံတကာ က ဆောင်းပါးလင့်တွေလည်း တင်ပေးထားပါမယ် ။  )


Zawgyi
Donald Trump & MLM
>>>
Donald Trump ကိုယ္တိုင္ ဦးေဆာင္ လုပ္ကိုင္ခဲ့ျပီး
က်ရွုံးသြားခဲ့ဖူးတဲ့ Network Marketing Company ( Trump Network )
အေၾကာင္းပါ ။
https://www.youtube.com/watch?v=f7nt-ojlF1E

က်န္းမာေရး နဲ႕ အာဟာရ ပညာရွင္ေပါင္းမ်ားစြာရဲ့
ေဝဖန္ေထာက္ျပမႈေတြလည္း ခံခဲ့ရတဲ့ Company ပါ ။

TV Host တစ္ေယာက္ ျဖစ္တဲ့ Trevor Noah ကေတာ့ ခပ္ရဲရဲပဲ
" Failded Pyramid Scheme " လို႕ကို နာမည္ တပ္ထားတာပါ ။

MLM သမားေတြ က MLM ကို Donald Trump ေထာက္ခံလို႕ဆိုျပီး
ေျပာလာၾကရင္ ဒီ ဗီဒီယိုေလး ျပျပီး နားခ်ၾကည့္ေပါ့ဗ်ာ ။
( ျပလို႕မွ နားမလည္ ၊ လက္မခံလည္း လႊတ္သာထားလိုက္ပါဗ်ာ ။
အရမ္း မႊန္ေနခ်ိန္မွာ ဘာမွ နားထဲ သိပ္မဝင္ဘူးကိုး ။ )
( မူရင္း Youtube Video မွာ စာတန္းထိုး ျပည့္စုံမွန္ကန္စြာ ပါျပီးသားပါ ။
Subtitle မွာ English ေရြးေပးလိုက္ရုံပါပဲ ။ )

တကယ္က Trump Network ကို သူ အစအဆုံး တည္ေထာင္တာ မဟုတ္ပါဘူး ။
ဝယ္ျပီး လုပ္တာပါ ။
American စီးပြါးပ်က္ကပ္ ကို သူ႕ Trump Network ဝင္လုပ္ျပီး
ရင္ဆိုင္ ေက်ာ္လႊားၾကပါဆိုျပီး ေတာင္ ေၾကျငာခဲ့တာပါ ။

အဲ့ဒီမတိုင္ခင္မွာကတည္းက Donald Trump ဟာ
ACN ဆိုတဲ့ Network Marketing Company မွာ အခေၾကးေငြယူျပီး
Network Marketing ေကာင္းေၾကာင္း ေဟာေျပာေပးေနခဲ့တာပါ ။

Robert T.Kiyosaki နဲ႕ ေပါင္းျပီးေတာ့
" Why we recommend Network Marketing " ဆိုတဲ့
စာအုပ္ကိုလည္း ေရးခဲ့ပါတယ္ ။

( ကြၽန္ေတာ့္ ကို MLM industry မွာ စြဲစြဲျမဲျမဲ ႐ူးသြပ္ဖူးေစတဲ့ စာအုပ္ေပါ့ ။
အဲ့ဒီ တုန္းက စီးပြါးေရး ပညာရွင္ ဆိုရင္
Robert T.Kiyosaki ေလာက္ပဲ ေျပးျမင္တတ္တဲ့ အဆင့္ေလ ။
ဒီေတာ့ ဒီ ဂု႐ုၾကီး ၂ ေယာက္ေတာင္ ေထာက္ခံထားတဲ့ စီးပြါးေရးပဲ ။
ဘယ္သူ ဘာေျပာေျပာ ဂ႐ုမစိုက္ဘူး ။
ငါတို႕ က ႏိုင္ငံတကာ စံ အတိုင္း မွီေအာင္ လုပ္မကြ
ဆိုျပီး ႐ူးေနတဲ့ အခ်ိန္ျဖစ္ခဲ့တာေပါ့ ။
ေနာင္ စီးပြါးေရးနဲ႕ ပတ္သက္လို႕ စာဖတ္အားပိုေကာင္းလာေတာ့မွသာ
အဲ့ဒီ အစြဲကြၽတ္သြားတာ ။ )

ေနာက္ေတာ့ ( ေတာ္ေသး တယ္ပဲ ေျပာရမွာေပါ့ )
Trump Network ကလည္း က်ရွုံးသြားတဲ့ အခါမွာ
Donald Trump က သူနဲ႕ Trump Network မပတ္သက္ပါဘူး ဆိုျပီး
ဘူးခံ ျငင္းေတာ့တာပါပဲ ။
( ေရြးေကာက္ပြဲကာလ တုန္းက သူ႕ကို ဒီကိစၥ ဝိုင္းေထာက္ျပၾကေသးတာကိုး ။
Video ၾကည့္ရင္ ေတြ႕ပါလိမ့္မယ္ဗ်ာ ။ )
( Comment မွာ သက္ဆိုင္ရာ ႏိုင္ငံတကာ က ေဆာင္းပါးလင့္ေတြလည္း
တင္ေပးထားပါမယ္ ။ )