Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, November 2, 2017

Futurenet နဲ႕ ပတ္သက္လို႕


Unicode
👉👉👉
Futurenet နဲ့ ပတ်သက်လို့
=================

Futurenet နဲ့ ပတ်သက်လို့
လူတစ်ယောက်က လာမေးတဲ့အတွက်
လက်လှမ်းမှီသလောက်
လေ့လာပြီး တင်ပေးလိုက်တာပါတယ် ။

၁။ Futurenet ကို Scam လို့
နိုင်ငံတကာ Scam Busters
အတော် များများ ပြောနေပါတယ် ။
( Source: http://ethanvanderbuilt.com/2016/04/25/futurenet-scam-yes-opinion/ )

Futurenet  ရဲ့ Founder & CEO -
Stephan Morgenstern က
လွန်ခဲ့တဲ့ ၂၅ နှစ်လုံး MLM လောကထဲမှာ ကျင်လည်လာခဲ့တဲ့
MLM ဂျိုး တစ်ယောက် ။
နောက်တစ်ယောက် Roman Ziemian ကလည်း
One-Line-Online Marketing Plan ဆိုတာကို ၂၀၁၄ က စ လုပ်ခဲ့တဲ့လူ ။
( အဲ့ဒါလည်း Scam လို့ သတ်မှတ်ထားကြတာ ပဲ ။  )

၂။ ဘာလို့ Scam လို့ ပြောလဲ ရှင်းတယ် ။
တကယ့် ပြင်ပစားသုံးသူ / ဖောက်သည် / ကြော်ငြာရှင်တွေ မရှိသလောက်နည်းပြီး
အသင်းဝင်ကြေး / အသင်းဝင်အဆင့်မြင့်ကြေးတွေနဲ့ လည်ပတ်နေတာများလို့ပါ ။

၃။ Futurenet က အသင်းဝင်ကြေး ဖရီးနဲ့ ဝင်လို့ရတယ် ဆိုပေမယ့်
ထုံးစံအတိုင်း Upgrade လုပ်မှ
အကျိုးခံစားခွင့်ပိုရမှာပါ ။
$10 = $10 Member
$10 + $25 = $35 Basic
$10 + $25 + $50 = $85 Gold
$10 + $25 + $50 + $100 = $185 Exclusive
$10 + $25 + $50 + $100 + $500 = $685 Sapphire
$10 + $25 + $50 + $100 + $500 + $1,000 = $1,685 Royal
ဒီတော့ ဝင်ရင်းနဲ့ > လုပ်မိကြ > ရင်းမိကြ ကျွံမိကြ ဦးမှာပေါ့ ။

၄။ Amazon လို ဝန်ဆောင်မှုမျိုးနဲ့ ရောချလို့ မရပါဘူး ။ Amazon က လုပ်တာ Affiliate Marketing ပါ ။
Futurenet ( Online အခြေပြု Multi-Level Marketing ) က
ရောင်းရငွေ အပေါ်မှာ ဆယ်ဆင့် အထိပေးတာ ။
FutureNet က ထုတ်ကုန် /
ဝန်ဆောင်မှု တစ်ခုကို ရောင်းရရင်
ဒီလိုပေးမယ်လို့ တွေ့ရပါတယ် ။ ( Source : https://download.futurenet.club/MARKETINGPLAN_EN.pdf )
1. Level 5%
2. Level 5%
3. Level 5%
4. Level 5%
5. Level 5%
6. Level 3%
7. Level 3%
8. Level 3%
9. Level 3%
10. Level 3%
အားလုံးပေါင်း ၃၀% ပေါ့ ။
၃၀% က မများပေမယ့် ပြဿနာက
တကယ် ရောင်းပေးလိုက်တဲ့လူက ၅% ပဲ ရပြီး
ကျန်တဲ့ အဆင့်ကလူတွေက ၂၅% တောင် ဝိုင်းယူလိုက်ကြတာက မတရားရာ ကျတယ် ။

Amazon က ပစ္စည်း အမျိုးအစား အလိုက်
၁% ကနေ အမြင့်ဆုံး ၁၀% အထိပဲ ပေးတယ် ။
( Source :
https://affiliate-program.amazon.com/help/operating/policies#Associates%20Program%20Fee%20Statement )
ဒါကြောင့် အပြင်စျေးနဲ့ ယှဉ်နိုင်တာပေါ့ ။
( ပြီးတော့ Amazon က ရောင်းနေတာတွေက နာမည်ကြီး ပစ္စည်း ပေါင်းများစွာနော် )

အခု Futurenet က ၃၀% ပေးတယ် ဆိုတော့
အပြင်စျေးနဲ့ ဘယ်လိုယှဉ်မလဲ ?
တကယ် နားလည်တဲ့ ဝယ်သူ အများစုက
Futurenet က နေ ဝယ်ပါတော့မလား ?
ဒီလိုနဲ့ပဲ တော်ရုံနဲ့ ရောင်းမထွက်တော့
အပြင်က MLM Companies တွေလို
ထုတ်ကုန်ရောင်းချဖို့ အဓိက မထားတော့ပဲ
လူဆွယ်တဲ့ဘက်ကို
အဓိက လုပ်ဖြစ်သွားကြတော့မှာပဲလေ ။

ဒီတော့ Amazon နဲ့ ရောမချတာ ကောင်းပါမယ် ။

၅။ အခု တစ်ချက်ကတော့ ပိုဆိုးတယ် ။
FutureNet အခေါ်မှာတော့ Friends Bonus ပေါ့ ။
( MLM မှာတော့ အလွယ်ပဲ Team Bonus ပဲ ခေါ်လိုက်ကြပါစို့ ။ )

FutureNet က 3×10 matrix (pyramid) system ကို သုံးထားတယ် ။
ပြီးတော့ Levels အလိုက် ဒီ လိုပေးသွားဦးမယ်တဲ့ ။
1. Level 5%
2. Level 5%
3. Level 5%
4. Level 5%
5. Level 5%
6. Level 5%
7. Level 5%
8. Level 5%
9. Level 5%
10. Level 5%

ဒါနဲ့လည်း မပြီးသေးဘူး ။ Matching Bonus ကလည်း ပေးဦးမယ် ။
ကိုယ်မိတ်ဆက်တဲ့လူရတဲ့ Bonus အပေါ်ကနေ
ကိုယ် ဝယ်ထားတဲ့ အလိုက် Package ဒီလို ထပ်ပေးသွားမယ် တဲ့ ။
Member – 10%
Basic – 20%
Gold – 30%
Exclusive – 50%
Sapphire –  50%
Royal –  50%

ဒါနဲ့လည်း မပြီးသေးဘူး ။
Leadership bonus ကလည်း 1% ကနေ 7% အထိ ထပ်ပေးဦးမယ် တဲ့ ။

ကဲ စဉ်းစားကြည့်ပါ ။ နည်းတာမှ မဟုတ်တာ ။
အဲ့လောက်များတဲ့ အဆင့်ဆင့်ဆုကြေးတွေကို ဘယ်ကနေပေးနေလဲ ။
အောက်လူတွေ ထပ်ထည့်တာတွေ နဲ့ / ပစ္စည်းတွေ ဝန်ဆောင်မှုတွေကို
စျေး စွတ်တင်တာတွေကနေပဲ ရမှာပေါ့ ။

၆။ PTC လိုမျိုး / Social medai platform မှာ
ကြော်ငြာတာမျိုး လုပ်မယ်ဆိုလည်း
facebook / google / linkedin / လို ရှိပြီးသား Platform တွေနဲ့
ယှဉ်လို့မှ မရတာ ။
အပြတ်အသတ်ကြီးကွာ ။
 ဒါကြောင့် ဘယ် လုပ်ငန်းကြီးတွေမှ PTC sites တွေမှာ မကြေငြာကြတာ ။
facebook နဲ့ google / youtube က
ကြော်ငြာ စျေးတွေက
 ပိုသက်သာပြီး ပိုထိရောက်နေတာကိုး ။
ကိုယ်ရည်ရွယ်တဲ့ စျေးကွက်ကို အသေးစိတ် ရွေးချယ်လို့ ရတာတွေ /
တကယ် အလားအလာရှိတဲ့ စားသုံးသူတွေနဲ့ ထိတွေ့နိုင်တာတွေကို ဘယ်လိုလို့ မှီမှာလဲဗျာ ။

ကျွန်တော့် အမြင်တော့ FutureNet ဟာ
Advertising/Online Selling/Social network Program အစစ်မဟုတ်ဘူး ။
Advertising/Online Selling/Social network Program ကို ဘမ်းပြပြီး
အသင်းဝင်ကြေးတွေနဲ့ လည်ပတ်လုပ်စားနေတဲ့ Online-Pyramid Scheme စစ်စစ်ပဲ ။

၇။ Futurenet လို အလုပ်မျိုးက
 ( ဒီလောက် Bonus များများ /
Level များများ ပေးနေရင် )
ရေရှည် ဘယ်လိုလို့ အောင်မြင်မှာလဲ ???
ထုံးစံအတိုင်း မက်လုံးပေးပြီး လူတွေခေါ် ၊
စျေးကွက်က မရိပ်မိခင်လောက်အထိ အယုံသွင်းပြီး လူသစ်တွေ ထပ်ထပ်ထည့် ၊
နောက်ဆုံး တကယ်တမ်း  စျေးကွက်က
အခြေအနေကို ရိပ်စားမိလာပြီး
လူသစ်ဝင်နှုန်းကျလာတာနဲ့
တဖြည်းဖြည်း ဆုတ်ယုတ်လာပြီး
 နောက်ဆုံး လဲ ဦးမှာပေါ့ ။

အဲ့ဒီကျရင် အပေါ်ကနေ စောစော ဝင်လုပ်လိုက်တဲ့ကောင်တွေပဲ ငွေထုတ်ပိုက်ပြီး
နောက်က ဝင်တဲ့လူတွေ ခံပေဦးပေါ့လေ ။
( နောက်လူတွေကလည်း သူတို့ အဲ့လိုခံလိုက်ရတဲ့ငွေကို ပြန်ရဖို့
နောက်ထပ် အဲ့လို ဆိုဒ်မျိုးတွေ ထပ်ရှာပြီး ထပ်လုပ်ရင်းနဲ့ သံသရာတွေ လည်နေကြတာပေါ့လေ ။ )

ဒီတော့ မလုပ်မိရင် အကောင်းဆုံးပဲ ။
လုပ်မိနေရင်လည်း အထူး သတိထားစေချင်ပါတယ်ဗျာ ။

စေတနာဖြင့်
#ကိုဇင်ဇေ
#AntiMLM #AntiPyramidScheme
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ


Zawgyi

👉👉👉
Futurenet နဲ႕ ပတ္သက္လို႕
=================

Futurenet နဲ႕ ပတ္သက္လို႕
လူတစ္ေယာက္က လာေမးတဲ႔အတြက္
လက္လွမ္းမွီသေလာက္
ေလ့လာျပီး တင္ေပးလိုက္တာပါတယ္ ။

၁။ Futurenet ကို Scam လို႕
ႏိုင္ငံတကာ Scam Busters
အေတာ္ မ်ားမ်ား ေျပာေနပါတယ္ ။
( Source: http://ethanvanderbuilt.com/2016/04/25/futurenet-scam-yes-opinion/ )

Futurenet  ရဲ့ Founder & CEO -
Stephan Morgenstern က
လြန္ခဲ့တဲ့ ၂၅ ႏွစ္လုံး MLM ေလာကထဲမွာ က်င္လည္လာခဲ့တဲ့
MLM ဂ်ိဳး တစ္ေယာက္ ။
ေနာက္တစ္ေယာက္ Roman Ziemian ကလည္း
One-Line-Online Marketing Plan ဆိုတာကို ၂၀၁၄ က စ လုပ္ခဲ့တဲ့လူ ။
( အဲ့ဒါလည္း Scam လို႕ သတ္မွတ္ထားၾကတာ ပဲ ။  )

၂။ ဘာလို႕ Scam လို႕ ေျပာလဲ ရွင္းတယ္ ။
တကယ့္ ျပင္ပစားသုံးသူ / ေဖာက္သည္ / ေၾကာ္ျငာရွင္ေတြ မရွိသေလာက္နည္းျပီး
အသင္းဝင္ေၾကး / အသင္းဝင္အဆင့္ျမင့္ေၾကးေတြနဲ႕ လည္ပတ္ေနတာမ်ားလို႕ပါ ။

၃။ Futurenet က အသင္းဝင္ေၾကး ဖရီးနဲ႕ ဝင္လို႕ရတယ္ ဆိုေပမယ့္
ထုံးစံအတိုင္း Upgrade လုပ္မွ
အက်ိဳးခံစားခြင့္ပိုရမွာပါ ။
$10 = $10 Member
$10 + $25 = $35 Basic
$10 + $25 + $50 = $85 Gold
$10 + $25 + $50 + $100 = $185 Exclusive
$10 + $25 + $50 + $100 + $500 = $685 Sapphire
$10 + $25 + $50 + $100 + $500 + $1,000 = $1,685 Royal
ဒီေတာ့ ဝင္ရင္းနဲ႕ > လုပ္မိၾက > ရင္းမိၾက ကြၽံမိၾက ဦးမွာေပါ့ ။

၄။ Amazon လို ဝန္ေဆာင္မႈမ်ိဳးနဲ႕ ေရာခ်လို႕ မရပါဘူး ။ Amazon က လုပ္တာ Affiliate Marketing ပါ ။
Futurenet ( Online အေျချပဳ Multi-Level Marketing ) က
ေရာင္းရေငြ အေပၚမွာ ဆယ္ဆင့္ အထိေပးတာ ။
FutureNet က ထုတ္ကုန္ /
ဝန္ေဆာင္မႈ တစ္ခုကို ေရာင္းရရင္
ဒီလိုေပးမယ္လို႕ ေတြ႕ရပါတယ္ ။ ( Source : https://download.futurenet.club/MARKETINGPLAN_EN.pdf )
1. Level 5%
2. Level 5%
3. Level 5%
4. Level 5%
5. Level 5%
6. Level 3%
7. Level 3%
8. Level 3%
9. Level 3%
10. Level 3%
အားလုံးေပါင္း ၃၀% ေပါ့ ။
၃၀% က မမ်ားေပမယ့္ ျပႆနာက
တကယ္ ေရာင္းေပးလိုက္တဲ့လူက ၅% ပဲ ရျပီး
က်န္တဲ့ အဆင့္ကလူေတြက ၂၅% ေတာင္ ဝိုင္းယူလိုက္ၾကတာက မတရားရာ က်တယ္ ။

Amazon က ပစၥည္း အမ်ိဳးအစား အလိုက္
၁% ကေန အျမင့္ဆုံး ၁၀% အထိပဲ ေပးတယ္ ။
( Source :
https://affiliate-program.amazon.com/help/operating/policies#Associates%20Program%20Fee%20Statement )
ဒါေၾကာင့္ အျပင္ေစ်းနဲ႕ ယွဥ္ႏိုင္တာေပါ့ ။
( ျပီးေတာ့ Amazon က ေရာင္းေနတာေတြက နာမည္ၾကီး ပစၥည္း ေပါင္းမ်ားစြာေနာ္ )

အခု Futurenet က ၃၀% ေပးတယ္ ဆိုေတာ့
အျပင္ေစ်းနဲ႕ ဘယ္လိုယွဥ္မလဲ ?
တကယ္ နားလည္တဲ့ ဝယ္သူ အမ်ားစုက
Futurenet က ေန ဝယ္ပါေတာ့မလား ?
ဒီလိုနဲ႕ပဲ ေတာ္ရုံနဲ႕ ေရာင္းမထြက္ေတာ့
အျပင္က MLM Companies ေတြလို
ထုတ္ကုန္ေရာင္းခ်ဖို႕ အဓိက မထားေတာ့ပဲ
လူဆြယ္တဲ့ဘက္ကို
အဓိက လုပ္ျဖစ္သြားၾကေတာ့မွာပဲေလ ။

ဒီေတာ့ Amazon နဲ႕ ေရာမခ်တာ ေကာင္းပါမယ္ ။

၅။ အခု တစ္ခ်က္ကေတာ့ ပိုဆိုးတယ္ ။
FutureNet အေခၚမွာေတာ့ Friends Bonus ေပါ့ ။
( MLM မွာေတာ့ အလြယ္ပဲ Team Bonus ပဲ ေခၚလိုက္ၾကပါစို႕ ။ )

FutureNet က 3×10 matrix (pyramid) system ကို သုံးထားတယ္ ။
ျပီးေတာ့ Levels အလိုက္ ဒီ လိုေပးသြားဦးမယ္တဲ့ ။
1. Level 5%
2. Level 5%
3. Level 5%
4. Level 5%
5. Level 5%
6. Level 5%
7. Level 5%
8. Level 5%
9. Level 5%
10. Level 5%

ဒါနဲ႕လည္း မျပီးေသးဘူး ။ Matching Bonus ကလည္း ေပးဦးမယ္ ။
ကိုယ္မိတ္ဆက္တဲ့လူရတဲ့ Bonus အေပၚကေန
ကိုယ္ ဝယ္ထားတဲ့ အလိုက္ Package ဒီလို ထပ္ေပးသြားမယ္ တဲ့ ။
Member – 10%
Basic – 20%
Gold – 30%
Exclusive – 50%
Sapphire –  50%
Royal –  50%

ဒါနဲ႕လည္း မျပီးေသးဘူး ။
Leadership bonus ကလည္း 1% ကေန 7% အထိ ထပ္ေပးဦးမယ္ တဲ့ ။

ကဲ စဥ္းစားၾကည့္ပါ ။ နည္းတာမွ မဟုတ္တာ ။
အဲ့ေလာက္မ်ားတဲ့ အဆင့္ဆင့္ဆုေၾကးေတြကို ဘယ္ကေနေပးေနလဲ ။
ေအာက္လူေတြ ထပ္ထည့္တာေတြ နဲ႕ / ပစၥည္းေတြ ဝန္ေဆာင္မႈေတြကို
ေစ်း စြတ္တင္တာေတြကေနပဲ ရမွာေပါ့ ။

၆။ PTC လိုမ်ိဳး / Social medai platform မွာ
ေၾကာ္ျငာတာမ်ိဳး လုပ္မယ္ဆိုလည္း
facebook / google / linkedin / လို ရွိျပီးသား Platform ေတြနဲ႕
ယွဥ္လို႕မွ မရတာ ။
အျပတ္အသတ္ၾကီးကြာ ။
 ဒါေၾကာင့္ ဘယ္ လုပ္ငန္းၾကီးေတြမွ PTC sites ေတြမွာ မေၾကျငာၾကတာ ။
facebook နဲ႕ google / youtube က
ေၾကာ္ျငာ ေစ်းေတြက
 ပိုသက္သာျပီး ပိုထိေရာက္ေနတာကိုး ။
ကိုယ္ရည္ရြယ္တဲ့ ေစ်းကြက္ကို အေသးစိတ္ ေရြးခ်ယ္လို႕ ရတာေတြ /
တကယ္ အလားအလာရွိတဲ့ စားသုံးသူေတြနဲ႕ ထိေတြ႕ႏိုင္တာေတြကို ဘယ္လိုလို႕ မွီမွာလဲဗ်ာ ။

က်ြန္ေတာ့္ အျမင္ေတာ့ FutureNet ဟာ
Advertising/Online Selling/Social network Program အစစ္မဟုတ္ဘူး ။
Advertising/Online Selling/Social network Program ကို ဘမ္းျပျပီး
အသင္းဝင္ေၾကးေတြနဲ႕ လည္ပတ္လုပ္စားေနတဲ့ Online-Pyramid Scheme စစ္စစ္ပဲ ။

၇။ Futurenet လို အလုပ္မ်ိဳးက
 ( ဒီေလာက္ Bonus မ်ားမ်ား /
Level မ်ားမ်ား ေပးေနရင္ )
ေရရွည္ ဘယ္လိုလို႕ ေအာင္ျမင္မွာလဲ ???
ထုံးစံအတိုင္း မက္လုံးေပးျပီး လူေတြေခၚ ၊
ေစ်းကြက္က မရိပ္မိခင္ေလာက္အထိ အယုံသြင္းျပီး လူသစ္ေတြ ထပ္ထပ္ထည့္ ၊
ေနာက္ဆုံး တကယ္တမ္း  ေစ်းကြက္က
အေျခအေနကို ရိပ္စားမိလာျပီး
လူသစ္ဝင္ႏွုန္းက်လာတာနဲ႕
တျဖည္းျဖည္း ဆုတ္ယုတ္လာျပီး
 ေနာက္ဆုံး လဲ ဦးမွာေပါ့ ။

အဲ့ဒီက်ရင္ အေပၚကေန ေစာေစာ ဝင္လုပ္လိုက္တဲ့ေကာင္ေတြပဲ ေငြထုတ္ပိုက္ျပီး
ေနာက္က ဝင္တဲ့လူေတြ ခံေပဦးေပါ့ေလ ။
( ေနာက္လူေတြကလည္း သူတို႕ အဲ့လိုခံလိုက္ရတဲ့ေငြကို ျပန္ရဖို႕
ေနာက္ထပ္ အဲ့လို ဆိုဒ္မ်ိဳးေတြ ထပ္ရွာျပီး ထပ္လုပ္ရင္းနဲ႕ သံသရာေတြ လည္ေနၾကတာေပါ့ေလ ။ )

ဒီေတာ့ မလုပ္မိရင္ အေကာင္းဆံုးပဲ ။
လုပ္မိေနရင္လည္း အထူး သတိထားေစခ်င္ပါတယ္ဗ်ာ ။

ေစတနာျဖင့္
#ကိုဇင္ေဇ
#AntiMLM #AntiPyramidScheme
Admin @ MLM Companies မ်ားေၾကာင့္ နစ္နာခဲ့သူမ်ား ႏွင့္ MLM စနစ္ကို ဆန္႕က်င္သူမ်ား