Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Saturday, November 4, 2017

Jude Jude ကိစေတြးမိေသာအခါ



Unicode
Jude Jude ကိစ္စတွေလိုက်ဖတ်မိရင်း မနေနိုင်ဘဲ အမြင်လေးတွေရေးချင်လာလို့ 😅😅😅
ဖတ်မိရသလောက် Jude Jude က လိမ်မယ်ဆိုတဲ့အစီအစဉ်နဲ့ ဒီရှယ်ယာတွေကိုခေါ်တာတော့မဟုတ်လောက်ဘူး။ မြင်မိသလောက်ကတော့ သူက လုပ်ငန်းရှင်ကြီးဖြစ်ချင်တဲ့ အိပ်မက်ရှိတယ် ဒါပေမယ့် အရင်းအနှီးကမရှိတော့ အခုလို အတိုးကြီးကြီးပေးပြီး ရှယ်ယာခေါ်တယ်ပေါ့။ ဒါပေမယ့် ပြသနာက ဘယ်လုပ်ငန်းလုပ်လုပ် ဒီလောက်မမြတ်နိုင်ဘူးဆိုတာပဲ ဟိုရက်ကဖတ်မိတော့သူက လွန်ခဲ့တဲ့နှစ်နည်းနည်းကသာမန်ဝန်ထမ်းတယောက်ပဲလေ စီးပွားရေး background ကြီးကြီးမားမားရှိတယ်လို့လဲ မထင်ရဘူး။ ဒါဆို သူက ဘာယုံကြည်ချက်နဲ့ ဒီလောက်အတိုးတွေအများကြီးပေးနေလဲဆိုတာ စဉ်းစားမရဘူး။ ဘာလို့လဲဆိုတော့ ကိုယ်တွေအမေက အပေါင်လုပ်ငန်းကိုလုပ်နေတာ ကိုယ်တွေတသက်ရှိပြီ။ ၃ ကျပ်တိုးရပြီး တခါတလေ ကိုယ်ပိုင်ငွေနဲ့ မလောက်တဲ့အခါ သူများဆီက ၂ ကျပ်တိုးနဲ့ယူရတဲ့အခါတွေရှိတယ်။ လက်ထဲမှာရွှေကိုင်ထားပြီး လာမရွေးရင်တောင် မရှုံးဘူးဆိုတာသိသိကြီးနဲ့တောင် သူများပိုက်ဆံကို အတိုးနဲ့ယူထားတဲ့အခါ ပြန်မပေးနိုင်မချင်း စိတ်အရမ်းဖိစီးရတယ်။ ၂ကျပ်တိုးပဲနော် ဒါတောင်မသေချာတဲ့ရင်းနှီးမှုမျိုးမဟုတ်ဘူး။ တခြားစီးပွားရေးလုပ်ကြည့်ချင်လို့ စားသောက်ဆိုင်တဆိုင် မလုပ်ဖူးဘဲနဲ့ ဖွင့်ထားတယ် ၁နှစ်ပြည့်သွားပြီ အခုထိ အမြတ်ငွေမပြောနဲ့ အိတ်ထဲကမစိုက်ရရင်တောင်ကံကောင်း 😭😭 စိတ်ကူးယဉ်ထားတုန်းကတော့အဟုတ်ပဲလေ😂😂 သူလဲ ကိုယ်တွေစားသောက်ဆိုင်ဖွင့်သလိုပဲ မသေချာတဲ့ရင်းနှီးမှုမျိုးတွေကို လုပ်နေပြီး လုပ်ငန်းမစသေးခင် ငွေစထည့်ကတည်းက ၂၀% ၃၀% အတိုးတွေပေးနေတယ်ဆိုကတည်းက စဉ်းစားသာကြည့်လိုက်တော့။ သူက လိမ်ဖို့ရည်ရွယ်ချက်မရှိရင်တောင် ဘယ်လိုမှမရပ်တည်နိုင်တဲ့အတွက် ကြာလာတာနဲ့အမျှ သူတိုင်ပတ်ပြီး မလိမ်ချင်လဲ လိမ်သလိုဖြစ်သွားမှာပဲ။ သူက စိတ်ကူးယဉ်ပြီးဖဲရိုက်၊ လေထဲတိုက်အိမ်ဆောက်နေတာနဲ့တူတယ်။ အိပ်မက်ကကြီးပေမယ့် ဘာစီးပွားရေး အခြေခံမှမရှိဘဲနဲ့ ဒီလိုအကြီးကြီးတွေ လုပ်မရတာ သူသိရင်သိပ်ကောင်းမယ်။ အိပ်မက်ကြီးကြီးမက်တာကောင်းပေမယ့် မနိုင်ဝန်ထမ်းရင်တော့ မကြာခင် သူတိုင်ပတ်မှာ။ သူ့အစားရင်လေးမိလို့ပါ

PS မှားတာရှိရင်​ ​တောင်​းပန်​ပါတယ်​လို့
မှားခဲ့ရင်​လဲ ​စေတနာအမှားသာ



Zawgyi

Jude Jude ကိစၥေတြလိုက္ဖတ္မိရင္း မေနႏိုင္ဘဲ အျမင္ေလးေတြေရးခ်င္လာလို႔ 😅😅😅
ဖတ္မိရသေလာက္ Jude Jude က လိမ္မယ္ဆိုတဲ့အစီအစဥ္နဲ႔ ဒီရွယ္ယာေတြကိုေခၚတာေတာ့မဟုတ္ေလာက္ဘူး။ ျမင္မိသေလာက္ကေတာ့ သူက လုပ္ငန္းရွင္ႀကီးျဖစ္ခ်င္တဲ့ အိပ္မက္ရွိတယ္ ဒါေပမယ့္ အရင္းအႏွီးကမရွိေတာ့ အခုလို အတိုးႀကီးႀကီးေပးၿပီး ရွယ္ယာေခၚတယ္ေပါ့။ ဒါေပမယ့္ ျပသနာက ဘယ္လုပ္ငန္းလုပ္လုပ္ ဒီေလာက္မျမတ္ႏိုင္ဘူးဆိုတာပဲ ဟိုရက္ကဖတ္မိေတာ့သူက လြန္ခဲ့တဲ့ႏွစ္နည္းနည္းကသာမန္ဝန္ထမ္းတေယာက္ပဲေလ စီးပြားေရး background ႀကီးႀကီးမားမားရွိတယ္လို႔လဲ မထင္ရဘူး။ ဒါဆို သူက ဘာယံုၾကည္ခ်က္နဲ႔ ဒီေလာက္အတိုးေတြအမ်ားႀကီးေပးေနလဲဆိုတာ စဥ္းစားမရဘူး။ ဘာလို႔လဲဆိုေတာ့ ကိုယ္ေတြအေမက အေပါင္လုပ္ငန္းကိုလုပ္ေနတာ ကိုယ္ေတြတသက္ရွိၿပီ။ ၃ က်ပ္တိုးရၿပီး တခါတေလ ကိုယ္ပိုင္ေငြနဲ႔ မေလာက္တဲ့အခါ သူမ်ားဆီက ၂ က်ပ္တိုးနဲ႔ယူရတဲ့အခါေတြရွိတယ္။ လက္ထဲမွာေရႊကိုင္ထားၿပီး လာမေရြးရင္ေတာင္ မရွံုးဘူးဆိုတာသိသိႀကီးနဲ႔ေတာင္ သူမ်ားပိုက္ဆံကို အတိုးနဲ႔ယူထားတဲ့အခါ ျပန္မေပးႏိုင္မခ်င္း စိတ္အရမ္းဖိစီးရတယ္။ ၂က်ပ္တိုးပဲေနာ္ ဒါေတာင္မေသခ်ာတဲ့ရင္းႏွီးမႈမ်ိဳးမဟုတ္ဘူး။ တျခားစီးပြားေရးလုပ္ၾကည့္ခ်င္လို႔ စားေသာက္ဆိုင္တဆိုင္ မလုပ္ဖူးဘဲနဲ႔ ဖြင့္ထားတယ္ ၁ႏွစ္ျပည့္သြားၿပီ အခုထိ အျမတ္ေငြမေျပာနဲ႔ အိတ္ထဲကမစိုက္ရရင္ေတာင္ကံေကာင္း 😭😭 စိတ္ကူးယဥ္ထားတုန္းကေတာ့အဟုတ္ပဲေလ😂😂 သူလဲ ကိုယ္ေတြစားေသာက္ဆိုင္ဖြင့္သလိုပဲ မေသခ်ာတဲ့ရင္းႏွီးမႈမ်ိဳးေတြကို လုပ္ေနၿပီး လုပ္ငန္းမစေသးခင္ ေငြစထည့္ကတည္းက ၂၀% ၃၀% အတိုးေတြေပးေနတယ္ဆိုကတည္းက စဥ္းစားသာၾကည့္လိုက္ေတာ့။ သူက လိမ္ဖို႔ရည္ရြယ္ခ်က္မရွိရင္ေတာင္ ဘယ္လိုမွမရပ္တည္ႏိုင္တဲ့အတြက္ ၾကာလာတာနဲ႔အမွ် သူတိုင္ပတ္ၿပီး မလိမ္ခ်င္လဲ လိမ္သလိုျဖစ္သြားမွာပဲ။ သူက စိတ္ကူးယဥ္ၿပီးဖဲ႐ိုက္၊ ေလထဲတိုက္အိမ္ေဆာက္ေနတာနဲ႔တူတယ္။ အိပ္မက္ကႀကီးေပမယ့္ ဘာစီးပြားေရး အေျခခံမွမရွိဘဲနဲ႔ ဒီလိုအႀကီးႀကီးေတြ လုပ္မရတာ သူသိရင္သိပ္ေကာင္းမယ္။ အိပ္မက္ႀကီးႀကီးမက္တာေကာင္းေပမယ့္ မႏိုင္ဝန္ထမ္းရင္ေတာ့ မၾကာခင္ သူတိုင္ပတ္မွာ။ သူ႔အစားရင္ေလးမိလို႔ပါ

PS မွားတာရွိရင္​ ​ေတာင္​းပန္​ပါတယ္​လို႔
မွားခဲ့ရင္​လဲ ​ေစတနာအမွားသာ
https://m.facebook.com/groups/521691951357295?view=permalink&id=742856382574183