Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, November 1, 2017

Mlm လုပ္တဲ့ လူလာဆြယ္ရင္ဘာလုပ္ရမလဲ ????



Unicode
Mlm လုပ်တဲ့ လူလာဆွယ်ရင်ဘာလုပ်ရမလဲ  ????

Mlm လုပ်တဲ့ မိတ်ဆွေ သူငယ်ချင်း မိသားစု ဝင်တစ်ယောက်လာဆွယ်ရင်

 ၁. Video ရိုက်ထားမယ်ဖြစ်ကြောင်းခွင့်တောင်းပါ
Mlm သမားတွေဟာစကားကို ပိုပိုလိုလိုပြောတတ်ကြပါတယ်။ ဥပမာ ပိုက်ဆံတစ်သိန်းထည့်ထည့်ထားရုံနဲ့ ၁၂ လပြည့်ရင် အလိုလို ငွေ သိန်း ၃၀၀ ရတော့မယောင်ယောင်ပြောခြင်း

ထုပ်ကုန်တွေက ကင်ဆာတောင်ကာကွယ်နိုင်စွမ်းရှိသည်ဟု ကင်ဆာပျောက်သည်ဟု ဆီချို ပျောက်သည်ဟုလိမ်လည်ပြောဆိုခြင်း

‌တစ်ကယ်လို့ လုပ်လို့တကယ်မရလျင် ထုပ်ကုန်က တစ်ကယ်မကောင်းလျင်လူကြီးမင်းတို့မှာ တရားစွဲဖို့ခိုင်လုံသောသက်သေရနေအောင်ပါ ဘေးဥပဒ်ဖြစ်လာလို့ ပြန်တရားစွဲဖို့သက်သေမရှိပဲနေရင် ဒုက္ခရောက်ပါမယ် ဥပမာ လူနာအမျိုးသမီး ဆေးသောက်လို့ Side Effect ကြောင်သေ သွားတာ. ဒါသက်သေမရှိရင်တရားစွဲလို့မရပါဘူး.

၂.မိမိစကားမိမိတာဝန်ယူရမည်ဖြစ်ကြောင်းဝန်ခံချက်ရယူပါ
အပေါ်ကလိုအလားတူဖြစ်ရပ်မျိုးဖြစ်လာရင် ပြန်လုပ်ဖို့တွက်ဝန်ခံချက်တောင်းတာပါလက်မှတ်နဲ့ စာချုပ်နဲ့ ထိုးခိုင်းရင်ရူးတယ်ဆိုပေမယ်
သူတို့ဆေးသောက်လို့ လူသေသွားရင်ဘယ်သူမှ ပြန်ရှင်အောင်လုပ်ပေးလို့မရပါဘူး သတိရှိပါ

၃. ရိုက်လို့မရရင်အသံဖမ်းပါ

၄.Company လိုင်စင်ပုံတောင်းပါ
ဒါကလဲလိုအပ်ပါတယ် Company လိုင်စင်ထဲကနာမည်က တစ်မျိုး Company ကတစ်မျိုးဆိုရင်မလုပ်ပါနဲ့

၅.လုပ်ငန်း လိုင်စင်တောင်းပါ
ဒါကလုပ်ငန်းလိုင်စင်က Mlm Company တွေ Trading နဲ့လုပ့တယ်ပြောပါတယ် ဘယ်လိုလုပ်ငန်း အမျိုးစားလဲသိရတာပေါ့ နောက်တရားစွဲရင် လိုင်စင်နံပတ်ဘယ်လောက် ဒီ Company ဒီလူ ပြောခဲ့တယ်လို့ပြောလို့ရတာပေါ့

၆.ထုပ်ကုန်အားလုံးရဲ့ FDA တောင်းပါ
Mlm ထုပ်ကုန်တွေဟာအကုန် FDA မလျောက်ထားတတ်ဘူး တစ်ချို့တစ်လေသာ လျောက်တာပါ သင်ကိုလာကြေညာနေတာ ပါးစပ်ကြေညာ ဆိုတာသတိရပါ သင့်ကို သေစေလောက်တဲ့ဓာတ်လဲပါနိုင်ပါတယ်

၇. အဲလူရဲ့ Code နံပတ်တောင်းပါ Website လိပ်စာတောင်းပါ

၈. ကို့ရှေ့မှာ Structureကိုဖွင့်ပြခိုင်းပါ Bonus ကိုဖွင့်ပြခိုင်းပါ။သူပြောတဲ့ဝင်ငွေရမရသိရတာပေါ့ မဟုတ်ဘူးဆိုအဲလူလိမ်နေပြီ။

၁၀.ဘယ်သူက Fonder လဲ ဘယ်သူကမန်နေဂျာလဲမေးပါ
Mlm,သမားတွေဟာကို့ Company ဘယ်သူဦးဆောင်နေမှန်တောင်မသိတာများပါတယ်

 ၁၁. ရွာမှာလူလာဆွယ်ပြီး ငွေယူသွားမယ်လူဆိုရင် ယုံကြည်မှုနဲ့မလွတ်ပါနဲ့ မှတ်ပုံတင်မိတ္တူ နေရပ်လိပ်စာအတိကျတောင်းပါ ကုဒ်နံပတ်တောင်းပါ ဓာတ်ပုံရယူပါ
ငွေလိမ်ပြီး ထွက်ပြေးနိုင်လို့ပါ အမှတ်မထည့်ပေးဘဲလိမ်ပြေးနိုင်လို့ပါ

၁၂. အဲဒီလူရဲ အထက်လိုင်း ဖုန်းနံပတ်လိပ်စာ အတိကျ တောင်းပါ ဓာတ်ပုံပါတောင်းပါ ဒီလူ တပည့် လာလိမ်သွားတယ်လို့ သက်သေရအောင်လို့ပါ

၁၃. Mlm  သမားလာရင် သတိပေးချင်တာက

အလိမ်သမားတွေမို့ သတိကြီးကြီးထားပြီးစောင့်ကြည့်ပါ

အပေါင်းအသင်း သိပ်မလုပ်ပါနဲ့ သင်မိတ်ဆွေတွေနဲ့မမိတ်ဆက်ပေးပါနဲ့ မိတ်ဆက်ပေးလို့ ကိုမိတ်ဆွေကိုဖုန်းဆက်ဆကိသွယ်မန်ဘာသွင်းပြီး လိမ်လည်မှုတွေဖြစ်လို့ မိတ်ဆွေက မင်းမိတ်ဆက်ပေးလို့ ဖြစ်ရတယ်ဆိုပြီစ မိမိကိုအပြစ်ပြောလို့မိတ်ပျက်နိုင်ချေများပါတယ် ဘယ်သူကိုမှမိတ်ဆက်မပေးမိပါစေနဲ့ ဖုန်းနံပတ်လဲမပေးပါနဲ့

    ၁၄. မိမိဖုန်းနံပတ်ကိုမသိသေးလျင်မပေးမိပါစေနှင့် နေ့ရောညာပါ ဖုန်းဆက်ပြီးနှောက်ယှက်ပေးနိုင်လို့ပါ

၁၅ အခုပြောတာရီစရာဖြစ်နေမယ် Mlm သမာရှေ့ကျန်မားအောင်နေပါ နေမကောင်းတောင်နေကောင်းချင်ယောင်ဆောင်ပါ သင်နေမကောင်းတာသိတာနဲ့ သင့်ကို ဓာတ်စာရောင်းပါလိမ့်မည်

၁၆ သင့်မိဘ ဆွေမျိုး နေမကောင်းဖြစ်နေတာမသိပါစေနဲ့ ဆေးတွေအတင်းလိုက်ရောင်းမှာကြောက်လို့ပါ သင့်ကိုအသုံးချပြီး သင်ဆွေမျိုတွေဆေးသောက် Side Effect ဖြစ်လာရင် သင်ခေါင်းပေါ်ကျမှာပါ

၁၇. သူတို့နဲ့ပြိုင်မငြင်းနဲ့ဖောရှောနေလိုက်ပါ မဟုတ်ရင်သင့်ကိုသူတို့က ခဏ ခဏတရားချနေပါလိမ့်မယ် နောက်ပိတ်ဆုံးမှ ကျွန်မစိတ်မဝင်စားဘူး လို့ပြောပါ အားမနာပါနဲ့ Mlm သမားနွေဟာ အားနာတာ ရင်နှီးတာကိုအသုံချတဲ့ လူလည်တွေပါ ပညာသားပါပါပြောမရရင် ခပ်ပြတ်ပြတ်ပြောနှင်လွတ်ပါ  Mlm သမားရှိနေချင်ဟာ သင်ပတ်ဝန်းကျင့်တစ်ခုလုံးညစ်နွမ်းစေပါတယ်

၁၈. Mlm သမားမှာ သိက္ခာမရှိပါ Mlm သမားဖြစ်ရင်ပထမဆုံးရင်လိုက်ရတာ မာနနဲ့သိက္ခာပါ Mlm သမားတွေဟာ ဘယ်လိုဖြစ်ဖြစ်အတူတွဲသွားရင်တောင် အတူတူထင်ပြီး သိက္ခာကျနိုင်ပါတယ်။

၁၉. Product တွေကိုအားနာလို့ကိုမဝယ်လိုက်ပါနဲ့. အဲဒီ Product တွေဟာ စိတ်မချရတဲ့ Product တွေမဟုတ်တဲ့အတွက်ပါ အိမ်မှာထားလို့ အပိုပါပဲ မသိတဲ့သူသောက်မိရင် Danger ပါပဲ Mlm

20 Mlm Product တွေဟာ သဘာဝအတိုင်းထုပ်လုပ်ထားတဲ့ Product တွေမဟုတ်ပါ ဓာတုပစ္စည်းပါပါတယ် ဓာတုပစည်းမပါဘဲ ဘယ်ထုပ်ကုန်မှ တာရှည်ထားမခံပါ လုံးဝ ဓာတုကင်စင်တယ်ဆိုတာ လိမ်တာသက်သက်ပါဆိုတာသိပါ

၂၁ Mlm ဆေးသောက်လို့သေရတဲ့ လူမသိသူမသိတွေအများကြီးပါ Company ထည့်မပြောနော့ပါ Mlm ဆေးသောက်ပြီး အမြှုပ်တစီစီထွက်လာလို့ သေမလိုဖြစ်ခဲ့ရတာ   အသည်းသုံးစားမရလိုသေ သွားတဲ့လူနာတွေရှိပါတယ် ဒီလောက်အနရယ်များတာကိုသိပါ

၂၂.ဖြည့်စွက်အဟာရတွေဘာတွေ ဘယ်လောက်လိုလို့ဘယ်လောက်ဖြည့်မှန်းမသိ စွပ်သောက်နေရင် Side Effect ဖြစ်လာမယ် နောက်ရောဂါပါဖြစ်လာမယ်ဆိုတာသိပါ။

နောက်ဆုံးပြောချင်တာက အဲအပေါ်က အချက်လက်တွေအားလုံး ကိုလက်ခံတဲ့ Mlm သမားကိုမှ လက်ခံစကားပြောပါ အားမနာပါနဲ့ ခပ်ပြတ်ပြတ်သာနှင်ထုပ်လိုက်ပါလို့

Zawgyi

Mlm လုပ္တဲ့ လူလာဆြယ္ရင္ဘာလုပ္ရမလဲ ????







၎.Company လိုင်စင်ပုံတောင်းပါ





















https://m.facebook.com/groups/521691951357295?view=permalink&id=741326342727187