Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, November 2, 2017

သင္ MLM ဝင္ မလုပ္သင့္ရျခင္း အေၾကာင္းရင္း ၂၁ ခ်က္

Unicode

သင် MLM ဝင် မလုပ်သင့်ရခြင်း အကြောင်းရင်း ၂၁ ချက်
===========================

MLM / Network Marketing ( ဆင့်ပွါး ၊ ကွန်ရက် စျေးကွက် ထိုးဖောက်ခြင်း ) လုပ်ငန်းကို လေ့လာကာစ လူ တစ်ယောက်ကို
MLM လုပ်ငန်း ကြောင့် နစ်နာမှာစိုးလို့
တားမြစ် အသိပေးချင်ရင် ဒီစာလေးကို ပေးဖတ်လိုက်နိုင်ပါတယ်ဗျာ ....

၁။
MLM ဝင်လုပ်ရင် လူ အထင်သေးခံရဖို့ များတယ် ။
သင်ဟာ MLM ကြောင့် ဂုဏ်မတက်ပဲ သိက္ခာကျဖို့များတယ် ။
ဒါကြောင့် မြန်မာနိုင်ငံက လူသိများပြီး ဩဇာရှိတဲ့ စာရေးဆရာတွေ ၊
အသိပညာရှင် အတတ်ပညာရှင်ကြီးတွေနဲ့
စီးပွါးရေး သမားတွေဟာ MLM ကို ဝင် မလုပ်ပဲ ရှောင်ရှားကြတာ ဖြစ်တယ် ။
( ဆရာဝန်တွေ ၊ အင်ဂျင်နီယာတွေ စတဲ့ ပညာနဲ့ ရပ်တည်သူတွေကို
သူတို့ အချင်းချင်းသာမက အပြင်လူတွေကပါ လေးစားကြပေမယ့်
MLM သမားတွေကိုတော့
MLM လုပ်သူ အချင်းချင်းသာ လေးစားကြတာ များတယ် ။ )

၂။
MLM လုပ်တဲ့လူ တွေထဲမှာ ၁၀% လောက်ပဲ ဝင်ငွေ ကောင်းကြတယ် ။
၂၀%လောက်က သာမန် အရင်းကျေရုံဝင်ငွေလောက်ပဲ ရပြီး
၇၀% လောက်က အရင်းတောင် မကျေပဲ အရှုံးပေါ်ရလေ့ရှိတယ် ။

၃။
MLM မှာ ဖြန့်ချီတဲ့ ပစ္စည်းတွေဟာ
အရည်အသွေး သာမန် လောက် ရှိတာကို
သာမန်ထက် စျေး အလွန်တင်ထားကြတာ များတယ် ။
ဒါကြောင့် ပြန်ရောင်းရတာလည်း အလွန်ခက်ပြီး
ကိုယ်တိုင် သုံးရင်လည်း မတန်တကြေး ပေးပြီး သုံးနေရသလို ဖြစ်တာများတယ် ။

၄။
MLM လုပ်တဲ့ အခါ ကိုယ့်စရိတ်
( ဆက်သွယ်ခ + သွားခလာခတွေ ) ကိုယ်စိုက်ပြီး
Company က ပစ္စည်းတွေကို လိုက်ရောင်းပေးရမှာ ဖြစ်တယ် ။
လိုက်မရောင်းချင်တဲ့ လူတွေက Company က ပစ္စည်းတွေကို
ကိုယ့်ဘာသာပဲ ဝယ်သုံးပြီး ၊
လက်ဆောင်တွေ ပေးပစ်ပြီး အရှုံးခံ လုပ်ကြရတာများတယ် ။
ကိုယ် မရှုံးချင်ရင် ကိုယ့်အောက်မှာ ကိုယ့်လို အရှုံးခံပြီး
Company က ပစ္စည်းတွေကို ဝယ်သုံးပေးမယ့် တခြားလူတွေ ရှိနေအောင် လုပ်ထားရလိမ့်မယ် ။

၅။
MLM မှာ ကိုယ်က ဝင်ငွေကောင်းလာလေ
ကိုယ့်အောက်မှာ အရှုံးပေါ်လာတဲ့ လူ အရေအတွက်
တိုးလာလေ ဖြစ်လေ့ရှိတယ် ။

၆။
MLM လုပ်နေရင်း ကိုယ့်က မရည်ရွယ်ပဲ လူလိမ် ဖြစ်သွားတတ်တယ် ။
( ကိုယ့် အထက်က လူတွေဟာ ကိုယ့်ကို သိသင့်သိထိုက်တာတွေကို သေချာပြည့်စုံအောင် မပြောပြပဲ
သူတို့ အကျိုးစီးပွါးအတွက် ထိမ်ချန် ပြောပြကြလို့ ဖြစ်တယ် ။ )

ဥပမာ - MLM Companies တွေရဲ့ အကျိုး ခံစားခွင့် စီမံကိန်းတွေမှာ မြှုပ်ကွက်ပေါင်းများစွာရှိတယ် ။

- Company က ပစ္စည်းဝယ်ရတဲ့ အခါ တွက်တဲ့ တန်ဖိုးနဲ့
Bonus ပြန်ထုတ်တဲ့ အခါ တွက်တဲ့ တန်ဖိုး အဟ ကို များများခွါထားတာမျိုး

- ရောင်းအားကောင်းနိုင်တဲ့ ပစ္စည်းတွေကို
PV ( Point Value ) or BV ( Bonus Value ) လျှော့ပေးထားလိုက်တာမျိုး

- ကိုယ့်အောက်က လူတွေရဲ့ ရောင်းအားအပေါ်မှာ ရတဲ့ အကျိုးခံစားခွင့်ဟာ
ကိုယ်နဲ့ သူနဲ့ ရာထူးတူသွားတဲ့ အခါ အလွန် နည်းသွားတာမျိုး

- ကိုယ့်ရဲ့ ဘယ်ဘက် အသင်း နဲ့ ညာဘက် အသင်း အချိုးအစားက
Company က သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ အခါ
ရောင်းအားတွေရှိနေပေမယ့် အကျိုးခံစားခွင့် အလွန် နည်းသွားတာမျိုး

- ကိုယ့်အောက်က လူရဲ့ ရောင်းအားအပေါ်မှာ အကျိုးခံစားခွင့်ရဖို့
ကိုယ်ကလည်း သတ်မှတ်ပမာဏ အတိုင်း ရောင်းအားရှိရမှာ ၊ ဝယ်သုံးပေးရမှာဖြစ်ပြီး
တခါတလေမှာ ကိုယ်ရမယ့် ဆုကြေးထက်
ကိုယ် ဝယ်သုံးပေးလိုက်ရတဲ့ ပမာဏ က များနေတာမျိုး

- ကိုယ့်ကို ရာထူးကြီးရင် အကျိုးခံစားခွင့်တွေ ပိုများမယ်လို့
အပေါ်ယံပြောဆို စည်းရုံးပြီး
တကယ်တမ်း ရာထူးကြီးအောင် လုပ်ပြီးချိန်မှာ ကိုယ့်အောက်မှာ
လူအင်အား ၊ အရောင်းအင်အားမရှိရင်
ရာထူးသာကြီးပြီး အကျိုးခံစားခွင့်က အလွန် နည်းပါးသွားတတ်တာမျိုး

၇။
MLM မှာ သင်ပေးတဲ့ အကြောင်း အရာ တစ်ချို့ဟာ ယေဘူယအားဖြင့် ကောင်းတာတွေ ရှိပေမယ့်
တစ်ဝက် တစ်ပြတ် ပဲ မှန်တာမျိုး ၊ လိုရာစွဲပြောတာမျိုးတွေ များတယ် ။
ဒီတော့ အယူအဆတွေလွဲသွားပြီး ကိုယ့် တစ်သက်လုံး လမ်းကြောင်း လွဲသွားနိုင်တယ် ။

၈။
 မြန်မာနိုင်ငံမှာရော ၊ နိုင်ငံတကာမှာပါ MLM လုပ်ပြီး အောင်မြင်လာတဲ့လူ ၊
လူ အများလေးစားခံရတဲ့လူ မရှိသလောက် နည်းပါးတယ် ။
( MLM လုပ်တဲ့လူကို MLM သမားတွေ အချင်းချင်းသာ
 လေးစားကြတာ များတယ် ။ )

၉။
MLM မှာ Company ရော လူတွေရော ဘယ်လောက်ပဲ ကောင်းကောင်း
MLM စနစ်မှာကိုက အားနည်းချက်တွေရှိနေတယ် ။
ဒါကြောင့် နှစ် ၆၀ လောက်ကြာလာတာတောင် MLM လုပ်ငန်းတွေဟာ အပြင်းအထန် ဝေဖန်ခံရပြီး
လူများစု မနှစ်သက် ၊ အထင်သေး ရှုံ့ချတာကို ခံနေရတာ ဖြစ်တယ် ။

၁၀။
MLM စနစ်နဲ့ ဖြန့်ဖြူးတာသာ ( MLM သမားတွေ ပြောနေသလိုမျိုး )
လူတွေ အတွက် တကယ် အကျိုးရှိစေမယ်ဆိုရင်
တကယ့် ထိပ်တန်း Company ကြီးတွေ
( Apple , Rolex , Armani , Prada စတာတွေ ) ဟာလည်း
MLM စနစ်နဲ့ လိုက်ပြီး ဖြန့်ဖြူးရောင်းချမှာ ဖြစ်တယ် ။
အခုတော့ နှစ် ၆၀ ကျော်လာတာတောင် ဒီစနစ်ကို လိုက်လံ သုံးစွဲတဲ့
သိက္ခာရှိတဲ့ နာမည်ကြီး လုပ်ငန်း မရှိသလောက် နည်းပါးနေတာကို တွေ့ရတယ် ။

၁၁။
MLM လုပ်ငန်း လုပ်ကိုင်သူ အများစုဟာ သင့်ရဲ့ ကိုယ်ပိုင် ဆင်ခြင်ဉာဏ်နဲ့
အခြားလူတွေ ဆီက အမြင်နဲ့ အကြံဉာဏ်တောင်းခံမှုတွေကို
တိုက်ရိုက်သော်လည်းကောင် ၊ သွယ်ဝိုက်သော်လည်းကောင်း တားဆီးတတ်ကြပြီးတော့
သင့်ကို သူတို့ ပြောသမျှကိုသာ ယုံကြည်စေချင်ကြတယ် ။
ဒီ အတွက် စိတ်ကို လှည့်စားတဲ့ နည်းလမ်းတွေကိုတောင်
သုံးကြတာတွေ ရှိတယ် ။

၁၂။
MLM သမားအများစုဟာ သူတို့ ပြောတဲ့ စကားတွေကို
လက်တွေ့ အချက်အလက် ၊ ကိန်းဂဏာန်း တိတိကျကျ နဲ့
သက်သေ ပြနိုင်တာ နည်းပါးပြီးတော့
စိတ်ကူးယဉ် တည်ဆောက်ထားတဲ့ သဘောတရားတွေနဲ့
လူတွေကို စည်းရုံးဆွဲဆောင်နေကြတာများတယ် ။

ဥပမာ - MLM လုပ်ငန်းတွေဟာ စျေးကွက် က တစ်သက်လုံး မပြည့်တော့ပဲ ရေရှည် တိုးတက်နေတော့ မယောင်
တွက်ချက်ပြပြီး လူတွေကို မက်လုံးပေးကြလေ့ရှိတယ် ။
လက်တွေ့မှာတော့ လုပ်ငန်းတိုင်းရဲ့ စျေးကွက်တိုင်းဟာ အကန့်အသတ်ရှိနေတယ် ။

လုပ်ငန်း အများစုဟာ အမွေပေးနိုင်တယ်လို့တောင် တွင်တွင်ပြောနေပေမယ့်
လက်တွေ့မှာ ၅ နှစ်ကျော်အောင်တောင် မခံပဲ ပျက်သွား ၊ ပျောက်သွားတဲ့
MLM Companies အရေအတွက် က ပိုများနေတယ် ။

၁၃။
MLM လုပ်ငန်းတွေမှာ ဖြန့်ချီတဲ့ ဓာတ်စာတွေဟာ
 ရောဂါတွေကို ကာကွယ်နိုင်တယ် ။
ပျောက်ကင်းစေနိုင်တယ်လို့ တရားဝင် ပြောပြီး
 ရောင်းချခွင့် မရှိတဲ့ ဟာတွေ ဖြစ်တယ် ။
ဒါပေမယ့် MLM သမား အများစုကတော့ ဒါကို သိသိကြီးနဲ့ အလွန်အကျူးပြောဆိုပြီး ရောင်းထွက်အောင် လုပ်နေကြရတယ် ။
သင်လည်း MLM လုပ်နေရင်း အဲ့လို လူတစ်ယောက် ဖြစ်သွားနိုင်သလို
သင်က မှန်မှန်ကန်ကန် ပြောရောင်းရင်တောင်မှ အဲ့လို လိမ်ညာချဲ့ကားပြောဆို ရောင်းချသူက အများစု ဖြစ်နေတာကြောင့်
သင်ပါ ရောပြီး သိက္ခာကျရလိမ့်မယ် ။

၁၄။
MLM မှာ သူတို့ ပြောသလို အချိန်လွတ်လပ်မှု ၊ ငွေကြေး လွတ်လပ်မှု ဆိုတာ
လက်တွေ့မှာ ရနေတာ မရှိသလောက် ရှားတယ် ။
ထိပ်တန်း ဝင်ငွေကောင်းပါတယ်ဆိုတဲ့လူတွေတောင် မြို့ အသီးသီးကို ပတ်ပြီး
ပွဲတွေလုပ် ၊ ဟောပြော စည်းရုံးနေကြရတယ် ။
သူတို့ကတော့ ဒါကို လူရှိန်အောင် အပျော်ခရီး ထွက်သယောင်ယောင် ၊
လူတွေကို ကူညီချင်လို့ သွားနေသယောင်ယောင် သတင်းလွှင့်ကြလေ့ရှိတယ် ။
လက်တွေ့မှာတော့ သူတို့ အဲ့လို မသွားတော့ ၊ မဟောပြောတော့ပဲ
၃ လ လောက်နေလိုက်တာနဲ့ ရောင်းအားတွေ စကျလာပြီး
၆ လ ၊ ၁ နှစ်လောက် နေလိုက်ရင်တော့ ရောင်းအားတွေက
 အတော်လေးကို ထိုးကျသွားတာ ဖြစ်တယ် ။
ဒါကို ကြောက်လို့ သူတို့တွေ ဟာ ရာထူးကြီးတွေ ဖြစ်ပေမယ့်
သူတို့ သင့်ကို မက်လုံးပေးနေသလို
အနားရနေတာမျိုး မဟုတ်ပဲ သွားလာ လုပ်ကိုင်နေရတာ ဖြစ်တယ် ။

၁၅။
MLM မှာ ကိုယ့်အောက်မှာ လူတွေ များလာလေ
( ကိုယ်က စေတနာတကယ်ရှိပြီး ကူညီချင်စိတ်ရှိတယ်ဆိုရင် ) ပိုပြီး အပင်ပန်းခံရလေဖြစ်တယ် ။
ကိုယ့်အောက်က ဝင်လာတဲ့ အောက်ခြေလူတွေက ပစ်မထားပဲ
ဆွဲတင်ဖို့ ကြိုးစားလေ
ကိုယ့် အတွက် အချိန်အားတွေ နည်းလာလေ ဖြစ်တယ် ။
ဒါကြောင့် MLM ခေါင်းဆောင်ကြီး အများစုဟာ
ကိုယ်နဲ့ ကပ်လျက်လူတွေကိုသာ အဓိက ဂရုစိုက်ပြီး
ကိုယ့် အဖွဲ့ရဲ့ ဟိုးအောက်ခြေက လူတွေကို ပါးစပ်ဖျားလေးနဲ့ သာ အားပေးပြီး
သူတို့ တကယ်တမ်း လက်တွေ့ ကြုံနေရတဲ့ အခက်အခဲတွေကို
မသိချင်ယောင်ဆောင် ၊ အရေးမကြီးသယောင် ဆောင်နေကြတာဖြစ်တယ် ။

၁၆။
MLM မှာ သင့် အထက်က လူတွေက သင့်ကို ကူညီနေတယ် ဆိုတာ
တကယ်တမ်း စေတနာနဲ့ ကူညီနေတာ အလွန်နည်းတယ် ။
" ရောင်းစားမယ့် ဝက်ကို အသားတိုးအောင် ကောင်းကောင်း ကျွေးသလိုမျိုး "
သင့်ကို ရေရှည် အသုံးချနိုင်ဖို့ ပြောပြ ကူညီပေးနေတာ ဖြစ်တယ် ။
သင့် အနေနဲ့ စမ်းကြည့်ချင်ရင် သင့် Company မှာပဲ
" A " ဆိုတဲ့ ခေါင်းဆောင်အောက်ကနေ ထွက်ပြီး
" B " ဆိုတဲ့ ခေါင်းဆောင်အောက်ကို ပြောင်းကြည့်သင့်တယ် ။
အဲ့ဒီ အခါမှာ သင့်ကို စေတနာနဲ့ ကူညီပါတယ် ဆိုတဲ့ ခေါင်းဆောင် " A " ဟာ
သင့် အပေါ် ဆက်ပြီး ကူညီ သေးသလား ဆိုတာ စောင့်ကြည့်ပေါ့ ။
( ခေါင်းဆောင် ပြောင်းရုံတင် မကပဲ Company ပါ ပြောင်းကြည့်ရင်တော့ အသိသာဆုံး ဖြစ်မှာ ဖြစ်တယ် ။ )
တကယ်တော့ သူတို့ ဟာ သင့်ကို ကူညီချင်ယောင်ဆောင်ပြီး
သူတို့ အကျိုး အတွက် သာ လုပ်နေကြတာ များပါတယ် ။

၁၇။
သင့် အနေနဲ့ အရောင်းကို အားသန်တယ်ဆိုတိုင်းလည်း
MLM ကို ဝင် မလုပ်သင့်ပါဘူး ။
ဘာကြောင့်လဲ ဆိုတော့ တိုက်ရိုက် ရောင်းချခြင်း ( Direct Selling ) စစ်စစ်မှာ
သင်ဟာ လူ တစ်ယောက်ကို ပစ္စည်း တစ်ခု ရောင်းချရင် အကျိုးအမြတ်ကောင်းကောင်း ရမှာ ဖြစ်တယ် ။

ဥပမာ Company က အရောင်းခံစားခွင့် ၅၀% ပေးထားတယ် ဆိုပါစို့ ။
တိုက်ရိုက် ရောင်းချခြင်း ( Direct Sellling ) စစ်စစ်မှာ
သင်ဟာ လူ တစ်ယောက်ကို ၁၀၀ တန် ပစ္စည်းရောင်းလိုက်ရင်
သင့်ကို Company က အရောင်းခံစားခွင့် ၅၀% အနေနဲ့ ၅၀ ပေးမှာ ဖြစ်တယ် ။

MLM ( Multi level Marketing ) / Network Marketing မှာကတော့
သင်ဟာ သင် ရသင့်တဲ့ အကျိုးခံစားခွင့် ထဲက နေပြီးတော့
အထက် အဆင့်ဆင့်မှာရှိတဲ့လူတွေကို ခွဲဝေပေးရမှာ ဖြစ်တဲ့ အတွက်
သင်က ၂၀% လောက်ပဲ ရပြီး
 အထက် အဆင့်ဆင့်က လူတွေက ၃၀% လောက် ယူကြမှာ ဖြစ်တယ် ။

ဒါကြောင့် သင်ဟာ လူ တစ်ယောက်ကို
၁၀၀ တန် ပစ္စည်းရောင်းရတာခြင်း အတူတူ
Direct Selling စစ်စစ် ( Single level ) မှာ ၅၀ ရမှာ ဖြစ်ပေမယ့်
MLM ( Multi level ) မှာ ၂၀ လောက်ပဲ ရမှာ ဖြစ်တယ် ။

၁၈။
MLM မှာ သင် ဝင်လုပ်ရင် သင့်ကို MLM သမားတွေက
" Business Owner " ( စီးပွါးရေး လုပ်ငန်းရှင် ) ဆိုတဲ့ နာမည် လှလှလေး ပေးပါလိမ့်မယ် ။
တကယ်တော့ ဒါဟာ " မစင်ကို ရွှေချပြီး ရွှေ " ပါလို့ ပြောတဲ့ သဘောပါပဲ ။

သင်ဟာ တကယ့် " Business Owner " လိုမျိုး ကိုယ်ပိုင် ဆုံးဖြတ်ခွင့် မရှိပါဘူး ။
Company ရဲ့ ကိစ္စတွေကို စီမံ ခန့်ခွဲခွင့်လည်း မရှိပါဘူး ။
Company နဲ့ သဘော မတိုက်ဆိုင်တာ တစ်ခုခု ဖြစ်လာရင်
Company က သင့်ကို အချိန်မရွေး ဖြုတ်လိုက်မှာ ဖြစ်တဲ့ အတွက်
သင့်ဟာ ဒီ လုပ်ငန်းကို ပိုင်ဆိုင်သူ " Business Owner " လုံးဝ မဟုတ်ပါဘူး ။

- စျေးကွက် ဗျုဟာ ဆွဲတာ ၊
- ကုန် ပစ္စည်းတွေရဲ့ အရည် သွေးနဲ့ စျေးနှုန်းကို
 စျေးကွက်လိုအပ်ချက်အပေါ်မူတည်ပြီး ညှိနှိုင်းသတ်မှတ်တာ ၊
- လိုက်နာသင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်တာ ၊
- ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းမလိုက်နာသူတွေကို အရေးယူတာ စတဲ့
" Business Owner " တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေ သင့်မှာ ဘာမှ မရှိပါဘူး ။

သင်ဟာ သင် လုပ်ကိုင်နေတဲ့ Company ရဲ့
 " Business Owner " လုံးဝမဟုတ်သလို
အမြတ်များလာရင် များလာသလို အမြတ်ခွဲတမ်း ထိုင်ထုတ်နေခွင့်ရှိတဲ့
" Share Holder " လည်း လုံးဝ မဟုတ်ပါဘူး ။
သင်ဟာ MLM Company တစ်ခု က ချမှတ်ထားတဲ့
 စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာရမယ့်
Company က *လစာမဲ့* ခန့်အပ်ထားတဲ့
" အရောင်း ကိုယ်စားလှယ် " တစ်ယောက်သာ ဖြစ်ပါတယ် ။

၁၉။
MLM လုပ်ငန်းကောင်းကြောင်း ကာကွယ်ပြောဆိုနေသူအများစုဟာ
MLM လုပ်ငန်းကနေ တိုက်ရိုက်သော်လည်းကောင်း ၊
သွယ်ဝိုက်ပြီးသော်လည်းကောင်း ဝင်ငွေရနေသူတွေ ဖြစ်ပြီးတော့
MLM လုပ်ငန်း ရဲ့ ဆိုးကျိုးတွေ ကို ထောက်ပြနေသူဟာ ဒီလို ထောက်ပြနေခြင်းကနေ
ဘာ အကျိုးအမြတ်မှ မရပဲ ၊ မမျှော်ကိုးပဲ အချိန်ကုန်ခံ အမုန်းခံပြီး ပြောပြပေးနေကြတာ ဖြစ်တယ် ။
MLM လုပ်ငန်းကြောင့် လူ အများ နစ်နာခဲ့ကြ ၊ နစ်နာနေကြတာကို
မကြည့်ရက် မမြင်ရက်လို့ ပြောနေကြတာ ဖြစ်တယ် ။

၂၀။
ဘာအလုပ်ပဲ လုပ်လုပ် ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲနေတတ်ပေမယ့်
MLM မှာကတော့ ကောင်းကျိုးထက် ဆိုးကျိုး ပိုများနေတာ ကို တွေ့ရတယ် ။
MLM ကြောင့် ကောင်းကျိုးခံစားရတဲ့လူထက်
MLM ကြောင့် ဆိုးကျိုးခံစားရတဲ့လူတွေက ပိုများနေတယ် ။
ဒါကြောင့် မလုပ်ခင် ဒီ ဆိုးကျိုးတွေကိုလည်း သေသေချာချာ သိထားလေ့လာထားဖို့လိုတယ် ။
ဒါမှ လုပ်ဖြစ်ရင်တောင် ဒီ ဆိုးကျိုးတွေကို ရှောင်ရှားနိုင်မယ် ။ သက်သာနိုင်မယ် ။
ဒါကြောင့် MLM သမားတွေ ပြောတာကို တင် ယုံမနေပဲ
အခြားတစ်ဖက်က အမြင်တွေ ၊ အယူအဆတွေကိုပါ
လေ့လာ ပြီးမှ စဉ်းစား ဆုံးဖြတ်သင့်တယ် ။

၂၁။
 မြန်မာနိုင်ငံမှာ MLM လုပ်ငန်းများကြောင့် နစ်နာသူတွေဟာ
 စုပေါင်း ရပ်တည်လာပြီးတော့
တခြားလူတွေကို သူတို့လို မနစ်နာရအောင် အတွေ့အကြုံတွေပြောပြ ၊
အသိပညာမျှဝေပေးနေတာတွေရှိလာပြီ ။

MLM ကို ကိုယ်တိုင် လုပ်ဖူးပြီး ဆုံးရှုံးမှု မရှိခဲ့ ၊ အမြတ်ထွက်ခဲ့ပေမယ့်
ကိုယ့်အောက်လူတွေ နစ်နာနေတာကို မမြင်ရက်တတ်လို့
ရပ်တန့်လိုက်တဲ့လူတွေကလည်း သူတို့ရဲ့ အတွေ့အကြုံတွေပြောပြ ၊
အသိပညာမျှဝေပေးနေတာတွေရှိလာပြီ ။

MLM ကို ကိုယ်တိုင် ဝင်မလုပ်ဖူးပေမယ့်
သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှာ ကျွမ်းကျင်ပညာရှင်တွေ ဖြစ်ပြီးတော့
MLM ဟာ လူများစုအတွက် ဆိုးကျိုးဖြစ်စေတယ်လို့
ယုံကြည်တဲ့ လူတွေကလည်း
တတ်နိုင်သလောက် အသိပညာပေးဆွေးနွေးပေးနေတာတွေလည်း ရှိလာပြီ ။

မီဒီယာ လုပ်ငန်း အသီးသီးကလည်း MLM လုပ်ငန်းတွေကြောင့်
နစ်နာရမှုတွေကို ထောက်ပြ ဝေဖန်လာကြပြီ ဖြစ်တယ် ။

ဒါတွေ အားလုံးကို ဒီ Group
( https://www.facebook.com/groups/myanmarmlmtruth/ ) မှာ
တစ်စုတစည်းထဲ လေ့လာနိုင်နေပါပြီ ။

စေတနာဖြင့်
ကိုဇင်ဇေ
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ

==========

စာကြွင်း ။
သင့် ပတ်ဝန်းကျင် က မိတ်ဆွေ သူငယ်ချင်း ၊ ဆွေမျိုးတွေကို
MLM နွံ မှာ မနစ်စေချင်ရင် ဒီ စာစုလေးကို
လွတ်လွတ်လပ်လပ် ကူးယူမျှဝေပေးနိုင်ပါတယ်ဗျာ ။

" MLM " ( Product-based Pyramid Scheme ) ဆိုတာ ဘာလဲ ?
သေချာမသိသေးသူတွေအနေနဲ့
အမေရိကန်က ပညာရှင်တွေ စီစဉ်ထုတ်ဝေထားတဲ့
ဒီ ရမိနစ်စာ ပညာပေး ဗီဒီယိုလေး ( မြန်မာဘာသာပြန် ) ကိုလည်း ကြည့်ကြည့်စေချင်ပါတယ် ။
<<< https://www.facebook.com/zin.zae/videos/1443382939024252/ >>>

သတင်း မီဒီယာများမှ ထောက်ပြဝေဖန်ထားသော
MLM ( Multi-level Marketing ) OR Network Marketing
( ဆင့်ပွား / ကွန်ရက် စျေးကွက်ထိုးဖောက်ခြင်း လုပ်ငန်းများ ) အကြောင်း စုစည်းမှု
( ဆောင်းပါးတွေ တင်မကပဲ အသံ နဲ့ ဗီဒီယိုဖိုင် တွေ ပါ ပါဝင်ပါတယ် ) တွေကိုလည်း
ဒီ လင့်ကနေ ဖတ်နိုင်ပါတယ်ဗျာ ။
<<< https://www.facebook.com/myanmarmlmwatch/posts/907214709412848:0 >>>သင် MLM ဝင် မလုပ်သင့်ရခြင်း အကြောင်းရင်း ၂၁ ချက်

<<< https://www.facebook.com/myanmarmlmwatch/posts/907214709412848:0 >>>

Zawgyi

သင္ MLM ဝင္ မလုပ္သင့္ရျခင္း အေၾကာင္းရင္း ၂၁ ခ်က္
===========================

MLM / Network Marketing ( ဆင့္ပြါး ၊ ကြန္ရက္ ေစ်းကြက္ ထိုးေဖာက္ျခင္း )  လုပ္ငန္းကို ေလ့လာကာစ လူ တစ္ေယာက္ကို
MLM လုပ္ငန္း ေၾကာင့္ နစ္နာမွာစိုးလို႕
တားျမစ္ အသိေပးခ်င္ရင္ ဒီစာေလးကို ေပးဖတ္လိုက္ႏိုင္ပါတယ္ဗ်ာ ....

၁။
MLM ဝင္လုပ္ရင္ လူ အထင္ေသးခံရဖို႕ မ်ားတယ္ ။
သင္ဟာ MLM ေၾကာင့္ ဂုဏ္မတက္ပဲ သိကၡာက်ဖို႕မ်ားတယ္ ။
ဒါေၾကာင့္  ျမန္မာႏိုင္ငံက လူသိမ်ားျပီး ဩဇာရွိတဲ့ စာေရးဆရာေတြ ၊
အသိပညာရွင္ အတတ္ပညာရွင္ၾကီးေတြနဲ႕
စီးပြါးေရး သမားေတြဟာ MLM ကို ဝင္ မလုပ္ပဲ ေရွာင္ရွားၾကတာ ျဖစ္တယ္ ။
( ဆရာဝန္ေတြ ၊ အင္ဂ်င္နီယာေတြ စတဲ့ ပညာနဲ႕ ရပ္တည္သူေတြကို
သူတို႕ အခ်င္းခ်င္းသာမက အျပင္လူေတြကပါ ေလးစားၾကေပမယ့္
MLM သမားေတြကိုေတာ့
MLM လုပ္သူ အခ်င္းခ်င္းသာ ေလးစားၾကတာ မ်ားတယ္ ။ )

၂။
MLM လုပ္တဲ့လူ ေတြထဲမွာ ၁၀% ေလာက္ပဲ ဝင္ေငြ ေကာင္းၾကတယ္ ။
၂၀%ေလာက္က သာမန္ အရင္းေက်ရုံဝင္ေငြေလာက္ပဲ ရျပီး
၇၀% ေလာက္က အရင္းေတာင္ မေက်ပဲ အရွုံးေပၚရေလ့ရွိတယ္ ။

၃။
MLM မွာ ျဖန္႕ခ်ီတဲ့ ပစၥည္းေတြဟာ
အရည္အေသြး သာမန္ ေလာက္ ရွိတာကို
သာမန္ထက္ ေစ်း အလြန္တင္ထားၾကတာ မ်ားတယ္ ။
ဒါေၾကာင့္ ျပန္ေရာင္းရတာလည္း အလြန္ခက္ျပီး
ကိုယ္တိုင္ သုံးရင္လည္း မတန္တေၾကး ေပးျပီး သုံးေနရသလို ျဖစ္တာမ်ားတယ္ ။

၄။
MLM လုပ္တဲ့ အခါ ကိုယ့္စရိတ္
( ဆက္သြယ္ခ + သြားခလာခေတြ ) ကိုယ္စိုက္ျပီး
Company က ပစၥည္းေတြကို လိုက္ေရာင္းေပးရမွာ ျဖစ္တယ္ ။
လိုက္မေရာင္းခ်င္တဲ့ လူေတြက Company က ပစၥည္းေတြကို
ကိုယ့္ဘာသာပဲ ဝယ္သုံးျပီး ၊
လက္ေဆာင္ေတြ ေပးပစ္ျပီး  အရွုံးခံ လုပ္ၾကရတာမ်ားတယ္ ။
ကိုယ္ မရွုံးခ်င္ရင္ ကိုယ့္ေအာက္မွာ ကိုယ့္လို အရွုံးခံျပီး
Company က ပစၥည္းေတြကို ဝယ္သုံးေပးမယ့္ တျခားလူေတြ ရွိေနေအာင္ လုပ္ထားရလိမ့္မယ္ ။

၅။
MLM မွာ ကိုယ္က ဝင္ေငြေကာင္းလာေလ
ကိုယ့္ေအာက္မွာ အရွုံးေပၚလာတဲ့ လူ အေရအတြက္
တိုးလာေလ ျဖစ္ေလ့ရွိတယ္ ။

၆။
MLM လုပ္ေနရင္း ကိုယ့္က မရည္ရြယ္ပဲ လူလိမ္ ျဖစ္သြားတတ္တယ္ ။
( ကိုယ့္ အထက္က လူေတြဟာ ကိုယ့္ကို သိသင့္သိထိုက္တာေတြကို ေသခ်ာျပည့္စုံေအာင္ မေျပာျပပဲ
သူတို႕ အက်ိဳးစီးပြါးအတြက္ ထိမ္ခ်န္ ေျပာျပၾကလို႕ ျဖစ္တယ္ ။ )

ဥပမာ - MLM Companies ေတြရဲ့ အက်ိဳး ခံစားခြင့္ စီမံကိန္းေတြမွာ ျမႇဳပ္ကြက္ေပါင္းမ်ားစြာရွိတယ္ ။

- Company က ပစၥည္းဝယ္ရတဲ့ အခါ တြက္တဲ့ တန္ဖိုးနဲ႕
Bonus ျပန္ထုတ္တဲ့ အခါ တြက္တဲ့ တန္ဖိုး အဟ ကို မ်ားမ်ားခြါထားတာမ်ိဳး

- ေရာင္းအားေကာင္းႏိုင္တဲ့ ပစၥည္းေတြကို
PV ( Point Value ) or BV ( Bonus Value ) ေလွ်ာ့ေပးထားလိုက္တာမ်ိဳး

- ကိုယ့္ေအာက္က လူေတြရဲ့ ေရာင္းအားအေပၚမွာ ရတဲ့ အက်ိဳးခံစားခြင့္ဟာ
ကိုယ္နဲ႕ သူနဲ႕ ရာထူးတူသြားတဲ့ အခါ အလြန္ နည္းသြားတာမ်ိဳး

- ကိုယ့္ရဲ့ ဘယ္ဘက္ အသင္း နဲ႕ ညာဘက္ အသင္း အခ်ိဳးအစားက
Company က သတ္မွတ္ခ်က္နဲ႕ မကိုက္ညီတဲ့ အခါ
ေရာင္းအားေတြရွိေနေပမယ့္ အက်ိဳးခံစားခြင့္ အလြန္ နည္းသြားတာမ်ိဳး

- ကိုယ့္ေအာက္က လူရဲ့ ေရာင္းအားအေပၚမွာ အက်ိဳးခံစားခြင့္ရဖို႕
ကိုယ္ကလည္း သတ္မွတ္ပမာဏ အတိုင္း ေရာင္းအားရွိရမွာ ၊ ဝယ္သုံးေပးရမွာျဖစ္ျပီး
တခါတေလမွာ ကိုယ္ရမယ့္ ဆုေၾကးထက္
ကိုယ္ ဝယ္သုံးေပးလိုက္ရတဲ့ ပမာဏ က မ်ားေနတာမ်ိဳး

- ကိုယ့္ကို ရာထူးၾကီးရင္ အက်ိဳးခံစားခြင့္ေတြ ပိုမ်ားမယ္လို႕
အေပၚယံေျပာဆို စည္းရုံးျပီး
တကယ္တမ္း ရာထူးၾကီးေအာင္ လုပ္ျပီးခ်ိန္မွာ ကိုယ့္ေအာက္မွာ
လူအင္အား ၊ အေရာင္းအင္အားမရွိရင္
ရာထူးသာၾကီးျပီး အက်ိဳးခံစားခြင့္က အလြန္ နည္းပါးသြားတတ္တာမ်ိဳး

၇။
MLM မွာ သင္ေပးတဲ့ အေၾကာင္း အရာ တစ္ခ်ိဳ႕ဟာ ေယဘူယအားျဖင့္ ေကာင္းတာေတြ ရွိေပမယ့္
တစ္ဝက္ တစ္ျပတ္ ပဲ မွန္တာမ်ိဳး ၊ လိုရာစြဲေျပာတာမ်ိဳးေတြ မ်ားတယ္ ။
ဒီေတာ့ အယူအဆေတြလြဲသြားျပီး ကိုယ့္ တစ္သက္လုံး လမ္းေၾကာင္း လြဲသြားႏိုင္တယ္ ။

၈။
 ျမန္မာႏိုင္ငံမွာေရာ ၊ ႏိုင္ငံတကာမွာပါ MLM လုပ္ျပီး ေအာင္ျမင္လာတဲ့လူ ၊
လူ အမ်ားေလးစားခံရတဲ့လူ မရွိသေလာက္ နည္းပါးတယ္ ။
( MLM လုပ္တဲ့လူကို MLM သမားေတြ အခ်င္းခ်င္းသာ
 ေလးစားၾကတာ မ်ားတယ္ ။ )

၉။
MLM မွာ Company ေရာ လူေတြေရာ ဘယ္ေလာက္ပဲ ေကာင္းေကာင္း
MLM စနစ္မွာကိုက အားနည္းခ်က္ေတြရွိေနတယ္ ။
ဒါေၾကာင့္ ႏွစ္ ၆၀ ေလာက္ၾကာလာတာေတာင္ MLM လုပ္ငန္းေတြဟာ အျပင္းအထန္ ေဝဖန္ခံရျပီး
လူမ်ားစု မႏွစ္သက္ ၊ အထင္ေသး ႐ံႈ႕ခ်တာကို ခံေနရတာ ျဖစ္တယ္ ။

၁၀။
MLM စနစ္နဲ႕ ျဖန္႕ျဖဴးတာသာ ( MLM သမားေတြ ေျပာေနသလိုမ်ိဳး )
လူေတြ အတြက္ တကယ္ အက်ိဳးရွိေစမယ္ဆိုရင္
တကယ့္ ထိပ္တန္း Company ၾကီးေတြ
( Apple , Rolex , Armani , Prada စတာေတြ ) ဟာလည္း
MLM စနစ္နဲ႕ လိုက္ျပီး ျဖန္႕ျဖဴးေရာင္းခ်မွာ ျဖစ္တယ္ ။
အခုေတာ့ ႏွစ္ ၆၀ ေက်ာ္လာတာေတာင္ ဒီစနစ္ကို လိုက္လံ သုံးစြဲတဲ့
သိကၡာရွိတဲ့ နာမည္ၾကီး လုပ္ငန္း မရွိသေလာက္ နည္းပါးေနတာကို ေတြ႕ရတယ္ ။

၁၁။
MLM လုပ္ငန္း လုပ္ကိုင္သူ အမ်ားစုဟာ သင့္ရဲ့ ကိုယ္ပိုင္ ဆင္ျခင္ဉာဏ္နဲ႕
အျခားလူေတြ ဆီက အျမင္နဲ႕ အၾကံဉာဏ္ေတာင္းခံမႈေတြကို
တိုက္႐ိုက္ေသာ္လည္းေကာင္ ၊ သြယ္ဝိုက္ေသာ္လည္းေကာင္း တားဆီးတတ္ၾကျပီးေတာ့
သင့္ကို သူတို႕ ေျပာသမွ်ကိုသာ ယုံၾကည္ေစခ်င္ၾကတယ္ ။
ဒီ အတြက္ စိတ္ကို လွည့္စားတဲ့ နည္းလမ္းေတြကိုေတာင္
သုံးၾကတာေတြ ရွိတယ္ ။

၁၂။
MLM သမားအမ်ားစုဟာ သူတို႕ ေျပာတဲ့ စကားေတြကို
လက္ေတြ႕ အခ်က္အလက္ ၊ ကိန္းဂဏာန္း တိတိက်က်  နဲ႕
သက္ေသ ျပႏိုင္တာ နည္းပါးျပီးေတာ့
စိတ္ကူးယဥ္ တည္ေဆာက္ထားတဲ့ သေဘာတရားေတြနဲ႕
လူေတြကို စည္းရုံးဆြဲေဆာင္ေနၾကတာမ်ားတယ္ ။

ဥပမာ - MLM လုပ္ငန္းေတြဟာ ေစ်းကြက္ က တစ္သက္လုံး မျပည့္ေတာ့ပဲ ေရရွည္ တိုးတက္ေနေတာ့ မေယာင္
တြက္ခ်က္ျပျပီး လူေတြကို မက္လုံးေပးၾကေလ့ရွိတယ္ ။
လက္ေတြ႕မွာေတာ့ လုပ္ငန္းတိုင္းရဲ့ ေစ်းကြက္တိုင္းဟာ အကန္႕အသတ္ရွိေနတယ္ ။

လုပ္ငန္း အမ်ားစုဟာ အေမြေပးႏိုင္တယ္လို႕ေတာင္ တြင္တြင္ေျပာေနေပမယ့္
လက္ေတြ႕မွာ ၅ ႏွစ္ေက်ာ္ေအာင္ေတာင္ မခံပဲ ပ်က္သြား ၊ ေပ်ာက္သြားတဲ့
MLM Companies အေရအတြက္ က ပိုမ်ားေနတယ္ ။

၁၃။
MLM လုပ္ငန္းေတြမွာ ျဖန္႕ခ်ီတဲ့ ဓာတ္စာေတြဟာ
 ေရာဂါေတြကို ကာကြယ္ႏိုင္တယ္ ။
ေပ်ာက္ကင္းေစႏိုင္တယ္လို႕ တရားဝင္ ေျပာျပီး
 ေရာင္းခ်ခြင့္ မရွိတဲ့ ဟာေတြ ျဖစ္တယ္ ။
ဒါေပမယ့္ MLM သမား အမ်ားစုကေတာ့ ဒါကို သိသိၾကီးနဲ႕ အလြန္အက်ဴးေျပာဆိုျပီး ေရာင္းထြက္ေအာင္ လုပ္ေနၾကရတယ္ ။
သင္လည္း MLM လုပ္ေနရင္း အဲ့လို လူတစ္ေယာက္ ျဖစ္သြားႏိုင္သလို
သင္က မွန္မွန္ကန္ကန္ ေျပာေရာင္းရင္ေတာင္မွ အဲ့လို လိမ္ညာခ်ဲ႕ကားေျပာဆို ေရာင္းခ်သူက အမ်ားစု ျဖစ္ေနတာေၾကာင့္
သင္ပါ ေရာျပီး သိကၡာက်ရလိမ့္မယ္ ။

၁၄။
MLM မွာ သူတို႕ ေျပာသလို အခ်ိန္လြတ္လပ္မႈ ၊ ေငြေၾကး လြတ္လပ္မႈ ဆိုတာ
လက္ေတြ႕မွာ ရေနတာ မရွိသေလာက္ ရွားတယ္ ။
ထိပ္တန္း ဝင္ေငြေကာင္းပါတယ္ဆိုတဲ့လူေတြေတာင္ ျမိဳ႕ အသီးသီးကို ပတ္ျပီး
ပြဲေတြလုပ္ ၊ ေဟာေျပာ စည္းရုံးေနၾကရတယ္ ။
သူတို႕ကေတာ့ ဒါကို လူရွိန္ေအာင္ အေပ်ာ္ခရီး ထြက္သေယာင္ေယာင္ ၊
လူေတြကို ကူညီခ်င္လို႕ သြားေနသေယာင္ေယာင္ သတင္းလႊင့္ၾကေလ့ရွိတယ္ ။
လက္ေတြ႕မွာေတာ့ သူတို႕ အဲ့လို မသြားေတာ့ ၊ မေဟာေျပာေတာ့ပဲ
၃ လ ေလာက္ေနလိုက္တာနဲ႕ ေရာင္းအားေတြ စက်လာျပီး
၆ လ ၊ ၁ ႏွစ္ေလာက္ ေနလိုက္ရင္ေတာ့ ေရာင္းအားေတြက
 အေတာ္ေလးကို ထိုးက်သြားတာ ျဖစ္တယ္ ။
ဒါကို ေၾကာက္လို႕ သူတို႕ေတြ ဟာ ရာထူးၾကီးေတြ ျဖစ္ေပမယ့္
သူတို႕ သင့္ကို မက္လုံးေပးေနသလို
အနားရေနတာမ်ိဳး မဟုတ္ပဲ သြားလာ လုပ္ကိုင္ေနရတာ ျဖစ္တယ္ ။

၁၅။
MLM မွာ ကိုယ့္ေအာက္မွာ လူေတြ မ်ားလာေလ
( ကိုယ္က ေစတနာတကယ္ရွိျပီး ကူညီခ်င္စိတ္ရွိတယ္ဆိုရင္ ) ပိုျပီး အပင္ပန္းခံရေလျဖစ္တယ္ ။
ကိုယ့္ေအာက္က ဝင္လာတဲ့ ေအာက္ေျခလူေတြက ပစ္မထားပဲ
ဆြဲတင္ဖို႕ ၾကိဳးစားေလ
ကိုယ့္ အတြက္ အခ်ိန္အားေတြ နည္းလာေလ ျဖစ္တယ္ ။
ဒါေၾကာင့္ MLM ေခါင္းေဆာင္ၾကီး အမ်ားစုဟာ
ကိုယ္နဲ႕ ကပ္လ်က္လူေတြကိုသာ အဓိက ဂ႐ုစိုက္ျပီး
ကိုယ့္ အဖြဲ႕ရဲ့ ဟိုးေအာက္ေျခက လူေတြကို ပါးစပ္ဖ်ားေလးနဲ႕ သာ အားေပးျပီး
သူတို႕ တကယ္တမ္း လက္ေတြ႕ ၾကဳံေနရတဲ့ အခက္အခဲေတြကို
မသိခ်င္ေယာင္ေဆာင္ ၊ အေရးမၾကီးသေယာင္ ေဆာင္ေနၾကတာျဖစ္တယ္ ။

၁၆။
MLM မွာ သင့္ အထက္က လူေတြက သင့္ကို ကူညီေနတယ္ ဆိုတာ
တကယ္တမ္း ေစတနာနဲ႕ ကူညီေနတာ အလြန္နည္းတယ္ ။
" ေရာင္းစားမယ့္ ဝက္ကို အသားတိုးေအာင္ ေကာင္းေကာင္း ေကြၽးသလိုမ်ိဳး "
သင့္ကို ေရရွည္ အသုံးခ်ႏိုင္ဖို႕ ေျပာျပ ကူညီေပးေနတာ ျဖစ္တယ္ ။
သင့္ အေနနဲ႕ စမ္းၾကည့္ခ်င္ရင္ သင့္ Company မွာပဲ
" A " ဆိုတဲ့ ေခါင္းေဆာင္ေအာက္ကေန ထြက္ျပီး
" B " ဆိုတဲ့ ေခါင္းေဆာင္ေအာက္ကို ေျပာင္းၾကည့္သင့္တယ္ ။
အဲ့ဒီ အခါမွာ သင့္ကို ေစတနာနဲ႕ ကူညီပါတယ္ ဆိုတဲ့ ေခါင္းေဆာင္ " A " ဟာ
သင့္ အေပၚ ဆက္ျပီး ကူညီ ေသးသလား ဆိုတာ ေစာင့္ၾကည့္ေပါ့ ။
( ေခါင္းေဆာင္ ေျပာင္းရုံတင္ မကပဲ Company ပါ ေျပာင္းၾကည့္ရင္ေတာ့ အသိသာဆုံး ျဖစ္မွာ ျဖစ္တယ္ ။ )
တကယ္ေတာ့ သူတို႕ ဟာ သင့္ကို ကူညီခ်င္ေယာင္ေဆာင္ျပီး
သူတို႕ အက်ိဳး အတြက္ သာ လုပ္ေနၾကတာ မ်ားပါတယ္ ။

၁၇။
သင့္ အေနနဲ႕ အေရာင္းကို အားသန္တယ္ဆိုတိုင္းလည္း
MLM ကို ဝင္ မလုပ္သင့္ပါဘူး ။
ဘာေၾကာင့္လဲ ဆိုေတာ့ တိုက္႐ိုက္ ေရာင္းခ်ျခင္း ( Direct Selling ) စစ္စစ္မွာ
သင္ဟာ လူ တစ္ေယာက္ကို ပစၥည္း တစ္ခု ေရာင္းခ်ရင္ အက်ိဳးအျမတ္ေကာင္းေကာင္း ရမွာ ျဖစ္တယ္ ။

ဥပမာ Company က အေရာင္းခံစားခြင့္ ၅၀% ေပးထားတယ္ ဆိုပါစို႕ ။
တိုက္႐ိုက္ ေရာင္းခ်ျခင္း ( Direct Sellling ) စစ္စစ္မွာ
သင္ဟာ လူ တစ္ေယာက္ကို ၁၀၀ တန္ ပစၥည္းေရာင္းလိုက္ရင္
သင့္ကို Company က အေရာင္းခံစားခြင့္ ၅၀% အေနနဲ႕ ၅၀ ေပးမွာ ျဖစ္တယ္ ။

MLM ( Multi level Marketing ) / Network Marketing မွာကေတာ့
သင္ဟာ သင္ ရသင့္တဲ့ အက်ိဳးခံစားခြင့္ ထဲက ေနျပီးေတာ့
အထက္ အဆင့္ဆင့္မွာရွိတဲ့လူေတြကို ခြဲေဝေပးရမွာ ျဖစ္တဲ့ အတြက္
သင္က ၂၀% ေလာက္ပဲ ရျပီး
 အထက္ အဆင့္ဆင့္က လူေတြက ၃၀% ေလာက္ ယူၾကမွာ ျဖစ္တယ္ ။

ဒါေၾကာင့္ သင္ဟာ လူ တစ္ေယာက္ကို
၁၀၀ တန္ ပစၥည္းေရာင္းရတာျခင္း အတူတူ
Direct Selling စစ္စစ္ ( Single level ) မွာ  ၅၀ ရမွာ ျဖစ္ေပမယ့္
MLM ( Multi level ) မွာ ၂၀ ေလာက္ပဲ ရမွာ ျဖစ္တယ္ ။

၁၈။
MLM မွာ သင္ ဝင္လုပ္ရင္ သင့္ကို MLM သမားေတြက
" Business Owner " ( စီးပြါးေရး လုပ္ငန္းရွင္ ) ဆိုတဲ့ နာမည္ လွလွေလး ေပးပါလိမ့္မယ္ ။
တကယ္ေတာ့ ဒါဟာ " မစင္ကို ေရႊခ်ျပီး ေရႊ " ပါလို႕ ေျပာတဲ့ သေဘာပါပဲ ။

သင္ဟာ တကယ့္ " Business Owner " လိုမ်ိဳး ကိုယ္ပိုင္ ဆုံးျဖတ္ခြင့္ မရွိပါဘူး ။
Company ရဲ့ ကိစၥေတြကို စီမံ ခန္႕ခြဲခြင့္လည္း မရွိပါဘူး ။
Company နဲ႕ သေဘာ မတိုက္ဆိုင္တာ တစ္ခုခု  ျဖစ္လာရင္
Company က သင့္ကို အခ်ိန္မေရြး ျဖဳတ္လိုက္မွာ ျဖစ္တဲ့ အတြက္
သင့္ဟာ ဒီ လုပ္ငန္းကို ပိုင္ဆိုင္သူ " Business Owner " လုံးဝ မဟုတ္ပါဘူး ။

- ေစ်းကြက္ ဗ်ဳဟာ ဆြဲတာ ၊
- ကုန္ ပစၥည္းေတြရဲ့ အရည္ ေသြးနဲ႕ ေစ်းႏွုန္းကို
 ေစ်းကြက္လိုအပ္ခ်က္အေပၚမူတည္ျပီး ညွိႏိႈင္းသတ္မွတ္တာ ၊
- လိုက္နာသင့္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြ ခ်မွတ္တာ ၊
- ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းမလိုက္နာသူေတြကို အေရးယူတာ စတဲ့
" Business Owner " တစ္ေယာက္ရဲ့ လုပ္ပိုင္ခြင့္ေတြ သင့္မွာ ဘာမွ မရွိပါဘူး ။

သင္ဟာ သင္ လုပ္ကိုင္ေနတဲ့ Company  ရဲ့
 " Business Owner " လုံးဝမဟုတ္သလို
အျမတ္မ်ားလာရင္ မ်ားလာသလို အျမတ္ခြဲတမ္း ထိုင္ထုတ္ေနခြင့္ရွိတဲ့
" Share Holder " လည္း လုံးဝ မဟုတ္ပါဘူး ။
သင္ဟာ MLM Company တစ္ခု က ခ်မွတ္ထားတဲ့
 စည္းမ်ဥ္း စည္းကမ္းေတြကို လိုက္နာရမယ့္
Company က *လစာမဲ့* ခန္႕အပ္ထားတဲ့
" အေရာင္း ကိုယ္စားလွယ္ " တစ္ေယာက္သာ ျဖစ္ပါတယ္ ။

၁၉။
MLM လုပ္ငန္းေကာင္းေၾကာင္း ကာကြယ္ေျပာဆိုေနသူအမ်ားစုဟာ
MLM လုပ္ငန္းကေန တိုက္႐ိုက္ေသာ္လည္းေကာင္း ၊
သြယ္ဝိုက္ျပီးေသာ္လည္းေကာင္း ဝင္ေငြရေနသူေတြ ျဖစ္ျပီးေတာ့
MLM လုပ္ငန္း ရဲ့ ဆိုးက်ိဳးေတြ ကို ေထာက္ျပေနသူဟာ ဒီလို ေထာက္ျပေနျခင္းကေန
ဘာ အက်ိဳးအျမတ္မွ မရပဲ ၊ မေမွ်ာ္ကိုးပဲ အခ်ိန္ကုန္ခံ အမုန္းခံျပီး ေျပာျပေပးေနၾကတာ ျဖစ္တယ္ ။
MLM လုပ္ငန္းေၾကာင့္ လူ အမ်ား နစ္နာခဲ့ၾက ၊ နစ္နာေနၾကတာကို
မၾကည့္ရက္ မျမင္ရက္လို႕ ေျပာေနၾကတာ ျဖစ္တယ္ ။

၂၀။
ဘာအလုပ္ပဲ လုပ္လုပ္ ေကာင္းက်ိဳး ဆိုးက်ိဳး ဒြန္တြဲေနတတ္ေပမယ့္
MLM မွာကေတာ့ ေကာင္းက်ိဳးထက္ ဆိုးက်ိဳး ပိုမ်ားေနတာ ကို ေတြ႕ရတယ္ ။
MLM ေၾကာင့္ ေကာင္းက်ိဳးခံစားရတဲ့လူထက္
MLM ေၾကာင့္ ဆိုးက်ိဳးခံစားရတဲ့လူေတြက ပိုမ်ားေနတယ္ ။
ဒါေၾကာင့္ မလုပ္ခင္ ဒီ ဆိုးက်ိဳးေတြကိုလည္း ေသေသခ်ာခ်ာ သိထားေလ့လာထားဖို႕လိုတယ္ ။
ဒါမွ လုပ္ျဖစ္ရင္ေတာင္ ဒီ ဆိုးက်ိဳးေတြကို ေရွာင္ရွားႏိုင္မယ္ ။ သက္သာႏိုင္မယ္ ။
ဒါေၾကာင့္ MLM သမားေတြ ေျပာတာကို တင္ ယုံမေနပဲ
အျခားတစ္ဖက္က အျမင္ေတြ ၊ အယူအဆေတြကိုပါ
ေလ့လာ ျပီးမွ စဥ္းစား ဆုံးျဖတ္သင့္တယ္ ။

၂၁။
 ျမန္မာႏိုင္ငံမွာ MLM လုပ္ငန္းမ်ားေၾကာင့္ နစ္နာသူေတြဟာ
 စုေပါင္း ရပ္တည္လာျပီးေတာ့
တျခားလူေတြကို သူတို႕လို မနစ္နာရေအာင္ အေတြ႕အၾကဳံေတြေျပာျပ ၊
အသိပညာမွ်ေဝေပးေနတာေတြရွိလာျပီ ။

MLM ကို ကိုယ္တိုင္ လုပ္ဖူးျပီး ဆုံးရွုံးမႈ မရွိခဲ့ ၊ အျမတ္ထြက္ခဲ့ေပမယ့္
ကိုယ့္ေအာက္လူေတြ နစ္နာေနတာကို မျမင္ရက္တတ္လို႕
ရပ္တန္႕လိုက္တဲ့လူေတြကလည္း သူတို႕ရဲ့ အေတြ႕အၾကဳံေတြေျပာျပ ၊
အသိပညာမွ်ေဝေပးေနတာေတြရွိလာျပီ ။

MLM ကို ကိုယ္တိုင္ ဝင္မလုပ္ဖူးေပမယ့္
သက္ဆိုင္ရာ နယ္ပယ္ အသီးသီးမွာ ကြၽမ္းက်င္ပညာရွင္ေတြ ျဖစ္ျပီးေတာ့
MLM ဟာ လူမ်ားစုအတြက္ ဆိုးက်ိဳးျဖစ္ေစတယ္လို႕
ယုံၾကည္တဲ့ လူေတြကလည္း
တတ္ႏိုင္သေလာက္ အသိပညာေပးေဆြးေႏြးေပးေနတာေတြလည္း ရွိလာျပီ ။

မီဒီယာ လုပ္ငန္း အသီးသီးကလည္း MLM လုပ္ငန္းေတြေၾကာင့္
နစ္နာရမႈေတြကို ေထာက္ျပ ေဝဖန္လာၾကျပီ ျဖစ္တယ္ ။

ဒါေတြ အားလုံးကို ဒီ Group
( https://www.facebook.com/groups/myanmarmlmtruth/ ) မွာ
တစ္စုတစည္းထဲ ေလ့လာႏိုင္ေနပါျပီ ။

ေစတနာျဖင့္
ကိုဇင္ေဇ
Admin @ MLM Companies မ်ားေၾကာင့္ နစ္နာခဲ့သူမ်ား ႏွင့္ MLM စနစ္ကို ဆန္႕က်င္သူမ်ား

==========

စာႂကြင္း ။
သင့္ ပတ္ဝန္းက်င္ က မိတ္ေဆြ သူငယ္ခ်င္း ၊ ေဆြမ်ိဳးေတြကို
MLM ႏြံ မွာ မနစ္ေစခ်င္ရင္ ဒီ စာစုေလးကို
လြတ္လြတ္လပ္လပ္ ကူးယူမွ်ေဝေပးႏိုင္ပါတယ္ဗ်ာ ။

" MLM " ( Product-based Pyramid Scheme ) ဆိုတာ ဘာလဲ ?
ေသခ်ာမသိေသးသူေတြအေနနဲ႕
အေမရိကန္က ပညာရွင္ေတြ စီစဥ္ထုတ္ေဝထားတဲ့
ဒီ ၇မိနစ္စာ ပညာေပး ဗီဒီယိုေလး ( ျမန္မာဘာသာျပန္ ) ကိုလည္း ၾကည့္ၾကည့္ေစခ်င္ပါတယ္ ။
<<< https://www.facebook.com/zin.zae/videos/1443382939024252/ >>>

သတင္း မီဒီယာမ်ားမွ ေထာက္ျပေဝဖန္ထားေသာ
MLM ( Multi-level Marketing ) OR Network Marketing
( ဆင့္ပြား / ကြန္ရက္ ေစ်းကြက္ထိုးေဖာက္ျခင္း လုပ္ငန္းမ်ား ) အေၾကာင္း စုစည္းမႈ
( ေဆာင္းပါးေတြ တင္မကပဲ အသံ နဲ႕ ဗီဒီယိုဖိုင္ ေတြ ပါ ပါဝင္ပါတယ္ ) ေတြကိုလည္း
ဒီ လင့္ကေန ဖတ္ႏိုင္ပါတယ္ဗ်ာ ။
<<< https://www.facebook.com/myanmarmlmwatch/posts/907214709412848:0 >>>